သတင်းများ

ခြင် အရွယ်အစားရှိ ဒရုန်းကို တရုတ်သိပ္ပံပညာရှင်များ တီထွင်

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်ရှိ National University of Defense Technology (NUDT) တွင် ရှိသော စက်ရုပ်ဓာတ်ခွဲခန်းမှ သိပ္ပံပညာရှင်များသည် ထောက်လှမ်းရေးနှင့် ကင်းထောက်မစ်ရှင်များအတွက် သင့်လျော်သော အင်းဆက်ကဲ့သို့ သေးငယ်သည့်ဒရုန်းကို မကြာသေးမီက ထုတ်ပြန် ပြသခဲ့ကြောင်း သိရသည်။ 
CCTV 7 တွင် ထုတ်ပြန်ပြသခဲ့သည့် အဆိုပါသေးငယ်သော ဒရုန်းတွင် အတောင်ပံများ နှင့် သေးငယ်သောခြေတံများ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့၏ သေးငယ်သော အရွယ်အစားကြောင့် အမျိုးမျိုးသောစက်မှုလုပ်ငန်းများနှင့် အပ်ပ်များကို တော်လှန်သွားမည့်အလားအလာများရှိနေကြောင်းလည်း သိရသည်။ အဆိုပါသေးငယ်သော ဒရုန်းများသည် နေရာတိုင်းနီးပါးသို့ ဝင်ရောက်နိုင်ပြီး ရှာဖွေတွေ့ရှိခြင်းမရှိသော ပတ်ဝန်းကျင်အမျိုးမျိုးသို့ ဝင်ရောက်နိုင်စွမ်းရှိမည်ဖြစ်ကြောင်းလည်း သိရသည်။ 
ယင်းဒရုန်းများကို စစ်တပ်ကင်းထောက်မစ်ရှင်များအတွက် ပြီးပြည့်စုံသောအရာတစ်ခုအဖြစ် ဈေးကွက်တွင် ရောင်းချခဲ့သော်လည်း ၎င်းတို့ကို တရုတ်အစိုးရက ထောက်လှမ်းရေးရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်ကြောင်း လူအများအပြားက ယုံကြည်နေကြသည်။ 
အဆိုပါဒရုန်းသည် (၁ ဒသမ ၃) စင်တီမီတာသာရှိပြီး စမတ်ဖုန်းများဖြင့် အလွယ်တကူထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် ယင်းဒရုန်းများသည် ဘေးအန္တရာယ်များကြုံရသည့်အချိန်တွင် လက်လှမ်းမမီသော နေရာများသို့ ဝင်ရောက်နိုင်ခြင်းအပြင် အာရုံခံကိရိယာများဖြင့် လေထုအရည်အသွေးကို စောင့်ကြည့်ခြင်းအထိ လုပ်ဆောင်ချက်များစွာကို လုပ်ဆောင်နိုင်ကြောင်း ၎င်းတို့၏ ဖန်တီးသူများက ပြောကြားခဲ့သည်။

NP News

ချီလီနိုင်ငံ အက်တာကာမာသဲကန္တာရ၌ နှင်းများကျဆင်းနေမှုကြောင့် အယ်လ်မာရေဒီယိုတယ်လီစကုပ် စူးစမ်းလေ့လာရေးလုပ်ငန်းများ ရပ်ဆိုင်းထားရ

စန်တီယာဂို ဇူလိုင် ၇ 
ကမ္ဘာ့အခြောက်သွေ့ဆုံးဒေသ ဖြစ်သော ချီလီနိုင်ငံ အက်တာကာမာ သဲကန္တာရ၌ နှင်းများကျဆင်း နေမှုကြောင့် အယ်လ်မာရေဒီယို တယ်လီစကုပ်မှာ စူးစမ်းလေ့လာ ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရ ကြောင်းဇူလိုင်၆ရက်သတင်းများ အရ သိရသည်။

အက်တာကာမာ သဲကန္တာရ သည် တစ်နှစ်လျှင် မိုးရေချိန် တစ်လက်အောက်သာ ရရှိတတ် သော်လည်း လက်ရှိအချိန်တွင် အယ်လ်မာ ရေဒီယိုတယ်လီစကုပ် တည်ရှိရာနေရာ၌နှင်းများကျဆင်း နေကြောင်း သိရသည်။

သို့ဖြစ်ရာ လက်ရှိအချိန်တွင် နှင်းကျမှုပြဿနာကြောင့် အယ်လ် မာ ရေဒီယိုတယ်လီစကုပ်စခန်း အနေဖြင့် စကြဝဠာစူးစမ်းလေ့လာ ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်း အမေရိကန်သိပ္ပံပညာရှင် များက ပြောကြားသည်။ 

အယ်လ်မာ ရေဒီယိုတယ်လီ စကုပ်သည် ချီလီနိုင်ငံ စန်တီယာ ဂိုမြို့တော် မြောက်ဘက် မိုင် ၁ဝဝဝ ကျော်အကွာတွင် တည်ရှိကြောင်း သိရသည်။

အယ်လ်မာ ရေဒီယိုတယ်လီစကုပ်သည် ကမ္ဘာပေါ်တွင် စွမ်းဆောင်ရည်အမြင့်ဆုံး ရေဒီယိုတယ်လီ စကုပ်စနစ်တစ်ခုဖြစ်ပြီး စကြဝဠာ စူးစမ်းရေးလုပ်ငန်းများကို များစွာအထောက်အကူပြုခဲ့ကြောင်း သိရသည်။

အဆိုပါရေဒီယိုတယ်လီစကုပ် ကို ဥရောပ၊ အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံတို့ပူးပေါင်း၍ ၂၀၁၃ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Ref: Russia Today

Trs: KKO

YDNB Newspaper

New Horizon အာကာသယာဉ်က ကြယ်တာရာဗဟိုပြု အာကာသဟင်းလင်းပြင် တည်နေရာပြစနစ်ကို ကမ္ဘာ့ပထမဆုံးအကြိမ် အောင်မြင်စွာစမ်းသပ်နိုင်ခဲ့

ဝါရှင်တန် ဇူလိုင် ၇ 
အမေရိကန်အစိုးရအမျိုးသား လေကြောင်းနှင့် အာဏာသစီမံ ခန့်ခွဲရေးအေဂျင်စီ(နာဆာ) ၏ New Horizon အာကာသယာဉ် သည် ကြယ်တာရာ ဗဟိုပြု အာကာသဟင်းလင်းပြင် တည်နေရာပြစနစ်ကို ကမ္ဘာ့ပထမဆုံး အကြိမ်အဖြစ် အောင်မြင်စွာစမ်း သပ်နိုင်ခဲ့ကြောင်း ဇူလိုင် ၆ ရက် သတင်းများအရ သိရသည်။

ကမ္ဘာဂြိုဟ်နှင့်အလင်းနှစ် ၅ ဒသမ ၅ ဘီလီယံအကွာရှိ ကွီပါ ခါးပတ်ကွင်းနယ်မြေကို ဖြတ်ကျော်ပျံသန်းနေချိန်တွင် နာဆာ သိပ္ပံပညာရှင်များက ကြယ်တာရာ ဗဟိုပြု တည်နေရာပြစနစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နေအဖွဲ့အစည်းနှင့် အနီးဆုံး ကြယ်နှစ်စင်းဖြစ်သည့် ပရိုစီးမား စင်တော်ရီနှင့် ဝုဖ် ၃၅၉ အမည်ရှိ ကြယ်များကို ဓာတ်ပုံရိုက်ကူးနိုင် သည့်နေရာသို့ New Horizon အာကာသယာဉ် ရောက်ရှိနေချိန် တွင် သိပ္ပံပညာရှင်များက အာကာသယာဉ် တည်နေရာကို တွက်ချက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပရိုစီးမား စင်တော်ရီကြယ်သည် ကမ္ဘာမြေနှင့်အလင်းနှစ် ၄ ဒသမ ၂ နှစ်အကွာတွင်တည်ရှိပြီး ဝုဖ် ၃၅၉ ကြယ်မှာ ကမ္ဘာဂြိုဟ်နှင့် အလင်းနှစ် ၇ ဒသမ ၈၆ နှစ် အကွာတွင်တည်ရှိသည်။

New Horizon အာကာသယာဉ်သည် နေအဖွဲ့အစည်းမှ ထွက်ခွာ၍ ကြယ်တာရာဟင်းလင်း ပြင်အတွင်းသို့ တစ်ချိန်ချိန်တွင် ဝင်ရောက်မည့် ပဉ္စမမြောက် အာကာသယာဉ် ဖြစ်ကြောင်း သိရသည်။

Ref: Sputnik News

Trs: KKO

YDNB Newspaper

Photo - NASA

လျှပ်စစ်နဲ့အလင်းတုကို အသုံးပြုပြီး အမိုးနီးယား ထုတ်လုပ်မည့် နည်းလမ်း

ဆစ်ဒနီတက္ကသိုလ်မှ သုတေသနပညာရှင်များက လျှပ်စစ်နဲ့အလင်းတုကိုအသုံးပြုပြီး အမိုးနီးယား ထုတ်လုပ်နိုင်မယ့် နည်းလမ်းတစ်ခုကို တီထွင်ဖန်တီးလိုက်နိုင်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ အမိုးနီးယား ထုတ်လုပ်မှုလုပ်ငန်းစဉ်များက ကာဗွန်ဓာတ်ငွေ့ထွက်ရှိမှုအပေါ် အားပေးနေတာကြောင့် ပညာရှင်များကနည်းလမ်းအသစ်ကိုရှာဖွေကြံဆလာတာပါ။

အခုပညာရှင်များ တီထွင်လိုက်တဲ့ နည်းလမ်းက လေထုထဲမှာရှိတဲ့ နိုက်ထရိုဂျင်နဲ့ အောက်ဆီဂျင်ကို   နှိုးဆော်ဖို့အတွက် ပလာစမာကို အသုံးပြုထားတာဖြစ်ပါတယ်။ ပြီးတဲ့အခါ အဲဒီမော်လီကျူးတွေကို အလွှာပါး အခြေခံဓာတ်ခွဲ ပစ္စည်းကနေ ဖြတ်သန်း ခြင်းဖြင့် အမိုးနီးယားဓာတ်ငွေ့အဖြစ်ကို ပြောင်းလဲပေးခြင်းဖြစ်တယ်လို့ ပညာရှင်များက ပြောပါတယ်။     

MWD Web Portal

နျူကလီးယား ကွပ်ကဲမှုဂြိုဟ်တုများကို တည်ဆောက်သွားမယ့် အမေရိကန် အာကာသတပ်ဖွဲ့

အမေရိကန်အာကာသတပ်ဖွဲ့က သူတို့ရဲ့တိုက်ခိုက်ရေးနဲ့  ကာကွယ်ရေးစွမ်းရည်များကို တိုးမြှင့်နိုင်စေဖို့နဲ့  အာကာသပတ်လမ်းအတွင်း ရန်သူများရဲ့ လှုပ်ရှားမှုများကို   ရှာဖွေထောက်လှမ်းနိုင်စွမ်း ပိုမိုခိုင်မာစေဖို့အတွက် နျူကလီးယား ကွပ်ကဲမှုဂြိုဟ်တုများကို တည်ဆောက်သွားနိုင်ရေး ပြင်ဆင်နေပါတယ်။

တည်ဆောက်သွားမယ့်    ဂြိုဟ်တုကနှစ်လုံးဖြစ်ပြီး ဒီလိုတည်ဆောက်ဖို့အတွက် အမေရိကန်အာကာသတပ်ဖွဲ့က ဘိုးအင်းကုမ္ပဏီကို ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံတန်ဖိုးရှိတဲ့ ကန်ထရိုက်စာချုပ် အပ်နှင်းလိုက်တာဖြစ်ပါတယ်။

ဒီဂြိုဟ်တုများရဲ့အဓိကလုပ်ဆောင်မှုက မဟာဗျူဟာမြောက် စစ်ဆင်ရေးများမှာ လုံခြုံစိတ်ချရတဲ့ ဆက်သွယ်ရေးစနစ်များကို ထောက်ပံ့ပေးနိုင်ဖို့ဖြစ်ပါတယ်။ ဒီအတွက် သူတို့ရဲ့အစီအစဉ်ကို Evolved Strategic Satellite Communications အစီအစဉ်လို့ အမည်ပေးထားပြီး ယနေ့ Advanced Extremely High Frequency စနစ်ကနေ ထောက်ပံ့ပေးနေတဲ့ နျူကလီးယားကွပ်ကဲ၊ ထိန်းချုပ်၊ ဆက်သွယ်ရေးစနစ်ကို အစား ထိုးသွားမှာ ဖြစ်ပါတယ်။    

EV ကားကို မိုင် ၁၈၀၀ အထိသွားနိုင်စေမယ့် ဘက်ထရီ

လျှပ်စစ်စွမ်းအင်သုံးယာဉ်ဖြစ်တဲ့ EV ကားများကို တစ်ကြိမ်အားသွင်းလိုက်ရုံနဲ့ မိုင်ပေါင်း၁၈၀၀ သွားနိုင်စေမယ့် ဘက်ထရီ နည်းပညာအသစ်ကို  တရုတ်ကုမ္ပဏီဖြစ်တဲ့ ဟွားဝေကုမ္ပဏီက မူပိုင်ခွင့်တင်လာပါတယ်။ သူတို့ရဲ့မူပိုင်ခွင့်ထဲမှာ ဖော်ပြထားချက်အရ ဘက်ထရီရဲ့ စွမ်းအင်သိပ်သည်းဆက တစ်ပေါင်ကို ၁၈၀ မှ ၂၂၅ ဝပ်နာရီ အထိရှိမယ်လို့ဆိုပါတယ်။ ဒါဟာလက်ရှိ အသုံးပြုနေတဲ့ EV ဘက်ထရီများရဲ့ စွမ်းဆောင်ရည်ထက် နှစ်ဆမှ သုံးဆသာလွန်နေတာပါ။

ဟွားဝေကုမ္ပဏီအနေနဲ့ အသုံးပြုထားတဲ့ နည်းပညာက ဆာလဖိုက်လျှပ်လိုက်ရည်ကို နိုက်ထရိုဂျင်နဲ့စုပ်ယူခြင်းအားဖြင့် လီသီယံရဲ့ အပြန်အလှန် လုပ်ဆောင်မှုမှ ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဓာတ်ပြုမှုကို လျော့ပါးစေမယ့် နည်းလမ်း အသုံးပြုထားတာ ဖြစ်ပါတယ်။     

၁၁၁၈ မိုင်အကွာအဝေး ထိန်းချုပ်မှုအောက်မှာ အကင်ကင်ပေးနိုင်တဲ့ တရုတ်လူတူစက်ရုပ် Atom

တရုတ်နိုင်ငံရဲ့ စက်ရုပ်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Dobot Robotics က သူတို့ရဲ့လူတူစက်ရုပ် Atom ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ စက်ရုပ်နဲ့အတူ စက်ရုပ်ရဲ့ စွမ်းဆောင်ရည်ကိုပါ ထုတ်ဖော်ပြသလိုက်တာပါ။   စက်ရုပ်ရဲ့စွမ်းဆောင်ရည်က တကယ်ကိုပင် အထင်ကြီးစရာ ကောင်းလှပါတယ်။

ဒီစွမ်းဆောင်ရည်က ၁၁၁၈ မိုင်အကွာကနေ လူသားတစ်ဦးက Virtual Reality(VR)ကို အသုံးပြုပြီး စက်ရုပ်ကို အကင်ကင်ဖို့အတွက် စေခိုင်းနိုင်တာဖြစ်ပါတယ်။စက်ရုပ်ကလည်း အကင်ကိုကောင်းစွာ ကင်ပေးနိုင်တာ တွေ့ရပါတယ်။

ကွမ်တုံပြည်နယ်မှာရှိတဲ့ အင်ဂျင်နီယာတစ်ဦးက VR ကို အသုံးပြုပြီး လက်ဟန်ခြေဟန်နဲ့ အကင်ကင်တဲ့ ပုံစံလုပ်ပြတာပါ။ တစ်ချိန်တည်းမှာပဲ ရှန်းတုံပြည်နယ်မှာရှိတဲ့လူတူစက်ရုပ်က    အင်ဂျင်နီယာရဲ့ လှုပ်ရှားမှုအတိုင်း ချောမွေ့စွာ လုပ်ဆောင်နိုင်တာတွေ့ရပါတယ်။

စက်ရုပ် Atom ဟာ အကင်ကိုမှောက် ချည်လှန်ချည်လုပ်နိုင်တဲ့အပြင် သူ့ရဲ့လက်ချောင်းတွေကို အသုံးပြုပြီး ဆားဖြူးခြင်းကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ ဒါဟာ တကယ့်ကို လူသားတစ်ဦးရဲ့လုပ်ဆောင် မှုနဲ့ထပ်တူပါပဲ။   သူ့ရဲ့တိကျမှုက သုည ဒသမ ၀၅ မီလီမီတာအထိ   ရှိတယ်လို့ ဆိုထားပါတယ်။     

ဂြိုဟ်တုများ၏ ဘေးကင်းမှုကို ဆန်းသစ်ပေးမယ့် ဖြန့်နိုင်၊ ခေါက်နိုင်သော ဆိုလာပြားများ

ကမ္ဘာပတ်လမ်းအနိမ့်ဆိုတာ မိမိတို့ရဲ့ နေစကြဝဠာ အဖွဲ့အစည်းအတွင်း ဂြိုဟ်တုများ အများဆုံး လှည့်ပတ်သွားလာနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ လှည့်ပတ်သွား လာနေတဲ့ ဂြိုဟ်တုထောင်ပေါင်းများစွာဟာ အလွန်မြန်ဆန်လှတဲ့ အရှိန်နဲ့သွားလာနေတာကြောင့် တစ်ချိန်ချိန်မှာဂြိုဟ် တုတွေတိုက်မိမှု ဖြစ်လာစေနိုင်ပါတယ်။

ဘယ်လောက်ထိအောင်လဲဆိုရင် အလွန်သေးငယ်လှတဲ့ ဂြိုဟ်တုရဲ့ အပျက်အစီးတစ်ခုက  တစ်နာရီကို ကီလိုမီတာ ၂၈၀၀၀ အမြန်နှုန်းနဲ့သွားနေတာကြောင့် တိုက်မိပြီဆိုရင် တကယ့်ကိုပျက်စီး ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သွားစေနိုင်ပါတယ်။ ဒီအတွက်ကြောင့် သိပ္ပံပညာရှင်များက ဂြိုဟ်တုတွေကို ဘေးကင်းမှုရှိအောင် ဖန်တီးဖို့လုပ်ဆောင်လာကြပါတယ်။

အဲဒီလုပ်ဆောင်မှုတွေထဲမှာ ဂြိုဟ်တုရဲ့ အသက်လို့ပြောရလောက်တဲ့ ဆိုလာပြားများကို အလွယ်တကူထိခိုက်မှုမရှိစေဖို့ ဆောင်ရွက်မှုပါပါတယ်။ ဒီဆောင်ရွက်မှုကတော့ ဆိုလာပြားများကို ဖြန့်နိုင်၊ ခေါက်နိုင်အောင် လုပ်ဆောင်တာဖြစ်ပါတယ်။ ဒီနည်းပညာကို ဂျော်ဂျီယာပြည်နယ်အခြေစိုက် Atomic-6 ကုမ္ပဏီက ဖန်တီးလိုက်တာဖြစ်ပြီး "Light Wing" လို့အမည်ပေးထားပါတယ်။

ဒီနည်းပညာရဲ့လုပ်ဆောင်မှုက ဂြိုဟ်တုအနေနဲ့ အန္တရာယ်များလှတဲ့ နေရာကို ရောက်သွားရင် ဆိုလာပြားများကို ခေါက်သိမ်းလိုက်မှာဖြစ်ပြီး ဘေးကင်းတဲ့ နေရာကိုရောက်ရင်တော့ ဆိုလာပြားဟာ ပုံမှန်အတိုင်းဖြစ်သွားမှာပါ။

လူပါ-လူမဲ့ပေါင်းစပ်ပျံသန်းနိုင်စွမ်းကိုသက်သေပြလိုက်တဲ့ အမေရိကန်

အမေရိကန်လေတပ်က အနာဂတ်စစ်မြေပြင်အတွက် လူပါ-လူမဲ့ပေါင်းစပ်တဲ့ ပျံသန်းနိုင်စွမ်းကို သက်သေပြလိုက်နိုင်ပါ တယ်။ အဲဒီသက်သေပြမှုမှာ F-16C Fig-hting Falcon နဲ့ F-15E Strike Eagle ဆိုတဲ့တိုက်လေယာဉ်များကိုမောင်းနှင်နေတဲ့ လေယာဉ်မှူးများက တစ်ချိန်တည်းမှာ XQ-58A Valkyrie  ဒရုန်းနှစ်စင်းစီကို ထိန်းချုပ်နိုင်မှုပါဝင်ပါတယ်။

ဒီလိုလေ့ကျင့်မှုဟာ   အမေရိကန်လေတပ်ရဲ့ အလိုအလျောက် တိုက်ခိုက်ရေးစနစ် ကိုလက်ရှိအသုံးပြုနေတဲ့ တိုက်ခိုက်ရေး အင်အားစုထဲကို ပေါင်းစပ်ထည့်သွင်းခြင်းအားဖြင့်ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ စစ်မြေပြင်မှာ လေကြောင်းအရေးသာမှုကို ထိန်းသိမ်းထားနိုင်စေဖို့      ရည်ညွှန်းလုပ်ဆောင်တာ ဖြစ်တယ်လို့ တာဝန်ရှိသူများကပြောထားပါတယ်။

မကြာသေးမီကပေါက်ကြားလာတဲ့ S26 Ultra ရဲ့ ကင်မရာနဲ့ဘက်ထရီအချက်အလက်များ

Samsung Galaxy  S26 Ultra   ကို လာမယ့်နှစ်မတိုင်မီအထိ တွေ့ရဖို့ကိုမျှော်လင့်လို့မရသေးပါဘူး။ ဒါပေမဲ့လည်း သူနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက် တချို့တော့ထွက်ပေါ်လာပါတယ်။ ဒီတစ်ခေါက် ထွက်ပေါ်လာတဲ့    အချက်အလက်တွေထဲမှာ အဓိကဖော်ပြထားတာက သူ့ရဲ့ဘက်ထရီ ပမာဏနဲ့   ကင်မရာ အချက်အလက်တွေဖြစ်ပါတယ်။

သူ့အရင်ထုတ်ထားတဲ့ Galaxy S25 Ultra ရဲ့ ဘက်ထရီပမာဏက 5000 mAh ရှိပါတယ်။ S26 Ultra မှာတော့ ဘက်ထရီ စွမ်းအင်ပမာဏကို ပြောင်းလဲထားခြင်းမရှိ ပေမယ့်   စွမ်းအင်သိပ်သည်းဆကိုတော့ ပြောင်းလဲထားတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက S26 Ultra ဟာ စွမ်းအင်သိပ်သည်း ဆပိုများတဲ့အတွက် ဘက်ထရီအရွယ်က လည်းပိုသေးပြီး အားသွင်းတဲ့အခါမှာ ပိုမြန်စေမှာဖြစ်ပါတယ်။

ကင်မရာပိုင်းနဲ့ပတ်သက်ရင်တော့ S26 Ultra ရဲ့ကင်မရာစွမ်းဆောင်ရည်က S25 Ultra လိုမျိုးပဲ 200MP အထိပါဝင်လာမှာ ဖြစ်တယ်လို့ Galaxy Club ရဲ့ထုတ်ပြန် ချက်ထဲမှာဖော်ပြထားပါတယ်။ ဒါပေမဲ့ ဆင်ဆာတွေကို အသစ်သုံးလာမလားဆို တာကိုတော့ မသိရသေးပါဘူး။ Galaxy S26 ဖုန်းတွေက ဒီနှစ်ကုန်တဲ့အထိမထွက် လာနိုင်သေးပေမယ့် နောက်ထပ်သတင်း တွေတော့ထွက်လာနိုင်ပါတယ်။