သမ္မတ ဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားအတွင်း အီလွန်မတ်စ်သည် ဖက်ဆစ်ပုံစံ အလေးပြုခြင်းအမူအရာပြုလုပ်ခဲ့သည်ဟုဆိုကာ ဝေဖန်မှုများမြင့်တက်နေလျှက်ရှိသည်။
“သမ္မတအဖြစ်ကို ဖြစ်မြောက်အောင်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ပဲ ပြောချင်ပါတယ်” ဟု ကမ္ဘာပေါ်ရှိ အချမ်းသာဆုံးပုဂ္ဂိုလ်လည်းဖြစ်ပြီး၊ SpaceX ကုမ္ပဏီ၊ X လူမှုကွန်ရက် နှင့် Tesla ကားကုမ္ပဏီတို့၏ပိုင်ရှင်လည်းဖြစ်ကာ၊ ထရမ့်မဲဆွယ်ကာလ အဓိကအလှူရှင်နှင့် လက်ရှိတွင်လည်း ထရမ့်အကြံပေးပုဂ္ဂိုလ်ဖြစ်သူ အီလွန်မတ်စ် ဝါရှင်တန်ရှိ Capital One Arena တွင် ပြောကြားခဲ့သည်။