သတင်းများ

လက်နက်ကိုင်အကြမ်းဖက်သမားများက ရပ်ကွက်အတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးရာတွင် အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုများကြောင့် အချို့သော စက်ရုံများမှာ စွမ်းအားပြည့် မလည်ပတ်နိုင်

လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးရာတွင် အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုများကြောင့် အချို့သော စက်ရုံများမှာ စွမ်းအားပြည့်ဝစွာလည်ပတ်နိုင်ခြင်း မရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ဘိုင်ဒင်၏ ရုရှားအပေါ်ပိတ်ဆို့မှုများအား ထရမ့် က ဖျက်သိမ်းမည်ကို EU စိုးရိမ်နေ

ဂျိုးဘိုင်ဒင်၏ သမ္မတသက်တမ်းအတွင်း ရုရှားနိုင်ငံအပေါ်ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအချို့ကို ဒေါ်နယ်ထရမ့်က ဖျက်သိမ်းမည်ကို EU တာဝန်ရှိ သူများက စိုးရိမ်နေကြောင်း Financial Times က ဇန်နဝါရီ ၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ရုရှားနိုင်ငံသည် ၂၀၂၂ ခုနှစ် မှစတင်၍ အနောက်ဥရောပနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု ၄၀,၀၀၀ အထိ ချမှတ်ထားခံခဲ့ ရသည်။

နေတန်ယာဟုက ထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်မည် မဟုတ်ဟုဆို

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက လာမည့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်မည့် အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်နိုင်မည်မဟုတ်ကြောင်း ဝန်ကြီးချုပ်၏ အကြီးတန်းအရာရှိတစ်ဦး၏ အဆိုကိုကိုးကားပြီး The Times of Israel သတင်းဌာနက ဇန်နဝါရီ ၉ ရက်နေ့ တွင် ဖော်ပြခဲ့ပါသည်။

အောင်ပန်း-ပင်းတယသွား ကားလမ်းမပေါ် သဲတင်ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာ ဆိုင်ကယ် မီးလောင်ပျက်စီးခဲ့ပြီး ဆိုင်ကယ် မောင်းနှင်သူ ထိခိုက်ဒဏ်ရာများရ

ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်း-ပင်းတယသွား ကားလမ်းမပေါ် သဲတင်ကားနှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားရာ ဆိုင်ကယ်မှာ မီးလောင်ပျက်စီးခဲ့ရပြီး ဆိုင်ကယ်မောင်းနှင်သူ ထိခိုက်ဒဏ်ရာများရခဲ့ရာ အောင်ပန်းဆေးရုံအရေးပေါ်ဌာနသို့ ပို့ဆောင်ပေးလိုက်ရကြောင်း နာရေးကူညီမှုအသင်း (အောင်ပန်း)မှ သိရသည်။

ယမန်နေ့ ဇန်နဝါရီ (၁၀)ရက်၊ ည (၇)နာရီအချိန်ခန့်က အောင်ပန်း-ပင်းတယသွား ကားလမ်းပေါ် ကားနှင့် ဆိုင်ကယ်တိုက်မိမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းအရ နာရေးကူညီမှုအသင်း (အောင်ပန်း)မှ ကူညီရန် သွားရောက်ခဲ့ကြောင်း သိရသည်။

 ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုနှစ်လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေ ၁၁၀၀ နီးပါးရှိလာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုနှစ်လက်ရှိအချိန်အထိ  သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေ ၁၁၀၀ နီးပါးရှိလာသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့က ယမန်နေ့က သွေးလွန်တုပ်ကွေးရောဂါဖြင့် ၁၀ ဦး ထပ်မံသေဆုံးကြောင်း အတည်ပြုခဲ့ရာ ဇန်နဝါရီလနောက်ပိုင်း ယင်းရောဂါဖြင့် သေဆုံးသူ ၁၀၉၆ ဦးရှိလာသည်ဟု သိရသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ဇူလိုင်လက ၂၀၄ ဦး၊ ဩဂုတ်လက ၃၄၂ ဦး၊ စက်တင်ဘာလက ၃၉၆ ဦး နှင့် အောက်တိုဘာလက ၁၀၇ ဦးတို့သေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဌာနက ဖော်ပြထားသည်။

 အင်ဒိုနီးရှားနိုင်ငံ မီရာပီမီးတောင် ချော်ရည်ပူများပန်းထွက်မှုကြောင့် မီးတောင်သတိပေးချက်ထုတ်ပြန်

အင်ဒိုနီးရှားနိုင်ငံ ရိုဂျာကာတာပြည်နယ်အထူးဒေသ၊ လူဦးရေထူထပ်သောမြို့တော်အနီးတွင်တည်ရှိသော မီရာပီမီးတောင်သည် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ချော်ရည်ပူများပန်းထွက်မှုဖြစ်ပေါခဲ့သည်။

အဆိုပါမီးတောင်ပေါက်ကွဲမှုဖြစ်ပွားသည်မှာ ငါးကြိမ်ရှိပြီဖြစ်ပြီး ချော်ရည်ပူများပန်းထွက်မှု မီတာ ၁၉၀၀ အထက်သို့ ရောက်ရှိခဲ့သည်။ အနီးနားရှိဒေသခံများ ဘေးကင်းစေရန် မီးတောင်နှင့် ဘူမိဗေဒ ဘေးအန္တရာယ်လျော့ပါးရေးစင်တာက မီးတောင်သတိပေးချက်ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

 အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ ဆောင်းရာသီမုန်တိုင်းကြောင့် လေကြောင်းခရီးစဉ် ၁၆၅၀ ထက်မနည်း ဖျက်သိမ်းရ

အမေရိကန်နိုင်ငံ၏ဒုတိယအကြီးဆုံးပြည်နယ်ဖြစ်သော တက္ကဆက်ပြည်နယ်တွင် ဆောင်းရာသီမုန်တိုင်းတိုက်ခတ်မှုကြောင့် ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက တက္ကဆက်ပြည်နယ်လေဆိပ်များရှိ လေကြောင်းခရီးစဉ် ၁၆၅၀ ထက်မနည်း ဖျက်သိမ်းခဲ့ကြောင်း FlightAware နည်းပညာကုမ္ပဏီက ပြောကြားသည်။

အဆိုပါနှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဇန်နဝါရီ ၉ ရက်မနက်ပိုင်းအထိ ထိုပြည်နယ်၏အဓိကလေဆိပ်များတွင် လေကြောင်းခရီးစဉ်ပေါင်း ၁၃၀၀၀ ကျော် နှောင့်နှေးမှုဖြစ်ပေါ်ခဲ့ကြောင်း FlightAware နည်းပညာကုမ္ပဏီက အချက်အလက်ဖော်ပြထားသည်။

LA တောမီးနဲ့ ပတ်သက်ပြီး ပထမဆုံးလိုင်းပေါ်တင်ခဲ့တာက ပရီယန်ကာချော်ပရာတဲ့

ပြီးခဲ့တဲ့အင်္ဂါနေ့က အမေရိကန်နိုင်ငံမြို့တော် လော့စ်အိန်ဂျလိစ် (LA) နားမှာ တောမီးအကြီးအကျယ် လောင်သွားတယ်။ ဆုံးရှုံးမှုကတော့ LAသမိုင်းမှာ အကြီးမားဆုံးပါပဲ။ ဟောလီဝုဒ်စတားတွေနဲ့ နိုင်ငံတကာက ဆယ်လီတွေ နေတဲ့ နေရာ၊ ကမ္ဘာ့ဇိမ်ခံ ပစ္စည်းတွေကို ဝယ်သုံးတဲ့နေရာဆိုတော့ မီးထဲပါသွားတဲ့ ပစ္စည်းပစ္စယတွေရဲ့ တန်ဖိုးက မနည်းမနောပဲပေါ့။