သတင်းများ

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် အကြမ်းဖက်သောင်းကျန်းသူ ကင်းစင်ရေး လုံခြုံရေး တိုးမြှင့်

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်သို့ တက်၍ PDF အကြမ်းဖက်သမားများက ခရီးသွားပြည်သူများ အထိတ်တလန့်ဖြစ်စေရန် လုပ်ဆောင်နေခြင်းကြောင့် အကြမ်းဖက်သောင်းကျန်းသူများ ကင်းစင်ရေးအတွက် အမြန်လမ်းမကြီးပေါ်တွင် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ထားကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်၏ ရန်သူတော်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားနေသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်

မကြာမီ ရာထူးမှအနားယူတော့မည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ၎င်းရာထူးမှ အနားမယူမီ ဒေါ်နယ်ထရမ့်၏ ပစ်မှတ်ထားခြင်းခံရဖွယ်ရှိနေသူများ ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားနေကြောင်း သိရှိရပါသည်။

ဂျိုးဘိုင်ဒန်က ဒေါ်နယ်ထရမ့်သည် ၎င်းသမ္မတ ဖြစ်လာချိန်တွင် ပြိုင်ဘက်နိုင်ငံရေးသမားများကို ဖိနှိပ်ခြင်းများ ပိုမိုလုပ်ဆောင်လာဖွယ်ရှိနေကြောင်းနှင့် လွတ်ငြိမ်း ချမ်းသာခွင့်ပေးရေးကိစ္စအား စဉ်းစားနေဆဲဖြစ်ပြီးအပြီးသတ်ဆုံးဖြတ်ချက် မချရသေးကြောင်း၊ ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်များအပေါ်တွင် မူတည် နေကြောင်းပြောပါသည်။

NATO အထွေထွေအတွင်းရေးမှူးက အဖွဲ့ဝင်များအား ရုရှားစကား စတင်လေ့လာရန် သတိပေး

နေတိုးအဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ ကာကွယ်ရေးအသုံးစရိတ်ကို သိသိသာသာတိုးမြှင့်ရန်လိုအပ်ကြောင်းနှင့် ထိုသို့မဟုတ်ပါက ရုရှားစကားကို စတင်လေ့လာရန်လိုအပ်ကြောင်း NATO အဖွဲ့၏ အထွေထွေအတွင်းရေးမှူး Mark Rutte က ပြောကြားခဲ့သည်။

ဥရောပပါလီမန်၏ နိုင်ငံခြားရေးရာကော်မတီ (AFET) နှင့် လုံခြုံရေးနှင့်ကာကွယ်ရေးဆပ်ကော်မတီ (SEDE) တို့ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ပြုလုပ်သည့် ပူးတွဲ အစည်းအဝေးအပြီး Rutte က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

နှစ်နိုင်ငံကြားအပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုတိုးမြှင့်ရန်အတွက် ဂျပန်နိုင်ငံသို့ တရုတ်ကိုယ်စားလှယ်အဖွဲ့ သွားရောက်မည်

တရုတ်ပြည်သူ့   လွတ်မြောက်ရေးတပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည်   နှစ်နိုင်ငံကြား  အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုတိုးမြှင့်ရန်အတွက် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်သည်။

Samsung ကုမ္ပဏီက Galaxy Easy Compensation အစီအစဉ်ကို စတင်မည်

ကမ္ဘာကျော် တောင်ကိုရီးယားနည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Samsung ကုမ္ပဏီသည် ၎င်းတို့ ထုတ်လုပ်ထားသည့် Galaxy စမတ်ဖုန်းအဟောင်းများကို ပြန်လည်လက်ခံ ဝယ်ယူပေးမည့် အစီအစဉ် တစ်ရပ်ကို ဇန်နဝါရီလ ၁၄ ရက်တွင် တရားဝင်  ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

Galaxy Easy Compensation ဟုအမည်ပေးထားသည့် အဆိုပါအစီအစဉ်သည် အီလက်ထရွန်နစ်ပစ္စည်း အပျက်အစီးများ လျှော့ချရေးနှင့် ပြန်လည်ပြုပြင် အသုံးပြုရေးတို့ကို မြှင့်တင်ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

အမေရိကန်တွင် ထရမ့်တက်ရောက်လာပြီးနောက် ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲမည်ဆိုပါက ကနေဒါက တုံ့ပြန်မည်ဟု ထရူးဒိုးပြော

အမေရိကန်တွင်   သမ္မတအဖြစ်ဒေါ်နယ်ထရမ့်ပြန်လည် တက်ရောက်လာပြီးနောက် နိုင်ငံအပေါ် ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲမည်ဆိုပါက ကနေဒါနိုင်ငံက တန်ပြန်အခွန် တိုးမြှင့်ကောက်ခံမှုများနှင့် အသင့်ပြင်ဆင်ထားကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက ပြောကြားခဲ့ကြောင်းသိရသည်။

Apple ၏ iPhone 17 Air သည် ၂၀၂၆ ခုနှစ် သို့မဟုတ် ၂၀၂၇ ခုနှစ်တွင် ထွက်ရှိနိုင်မည်ဟုဆို

Apple ကုမ္ပဏီမှ ထုတ်လုပ်မည့် အလွယ်တကူခေါက်နိုင်သည့် iPhone 17 Air သည် ယခု ၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် ထွက်ရှိမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း ၂၀၂၆ ခုနှစ် သို့မဟုတ် ၂၀၂၇ ခုနှစ်ခန့်မှသာ ထွက်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

နည်းပညာဈေးကွက်အတွင်းမှ သတင်းများအရ iPhone 17 Air သည် သာမန်စမတ်ဖုန်းများထက် ပိုမိုပါးလွှာပြီး ဖုန်း၏ အပါးလွှာဆုံးအပိုင်းမှာ ၅.၅ မီလီမီတာသာ ရှိသည်ဟုဆိုသည်။

ဘန်ကောက်တွင် ကမ္ဘောဒီးယားအမတ်ဟောင်းတစ်ဦး အသတ်ခံရ

ကမ္ဘောဒီးယားအတိုက်အခံအမတ်ဟောင်းတစ်ဦးသည် အင်္ဂါနေ့ညနေပိုင်းက ဘန်ကောက်မြို့တော် Phra Nakhon ခရိုင်တွင် မော်တော်ဆိုင်ကယ်သမားတစ်ဦး၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်း သိရသည်။

လင်မ်ကင်ယာ(၇၃ နှစ်) သည် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး လုပ်ကြံသတ်ဖြတ်သူကို မြို့တော်ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေလျက်ရှိသည်။

အခင်းဖြစ်နေရာမှ ထောက်လှမ်းရေးကင်မရာဗီဒီယိုမှတ်တမ်းအရ Honda Wave 100 မော်တော်ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။

အထက်မင်းလှမြို့နယ်၌ ကီလိုမာလကာသီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရ

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်ရှိ ကျေးရွာများ၌ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး မြေအမျိုးအစားမရွေး ဖြစ်ထွန်းအောင်မြင်ပြီး စိုက်ပျိုးရန်လွယ်ကူသော နှစ်ရှည်ပင်သီးနှံ တစ်မျိုးဖြစ်သည့် ကီလိုမာလကာသီးနှံကို ပန်းတော်ပြင်ကျေးရွာတွင် ဥယျာဉ်ခြံမြေများနှင့် ယာမြေများ၌ စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ၌ ကြက်မွေးမြူရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံရင်းနှီးမြှုပ်နှံ

ကဘူးလ်   ဇန်နဝါရီ ၁၃

အာဖဂန်နစ္စတန်နိုင်ငံ၌ အသားနှင့် ဥများထုတ်လုပ်ရာတွင် ဖူလုံမှုရှိစေရေးအတွက် အကူအညီပေးရန် ကြက်မွေးမြူရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာတစ်ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း စိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် မွေးမြူရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။