ဆရာအလုပ်သွားတုန်းမိုးမိပြီးတကိုယ်လုံးရွှဲစိုနေတာ
မဖျားအောင် ဆေးကြိုသောက်လို့ရလားဆရာ
ခုတော့မဖျားသေးဘူး
Prophylaxis
ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏ “Prevention is better than Cure “ ဆိုတာ တော်တော် အသုံးဝင်ပြီး လက်တွေ့ကျတဲ့ စကားရပ်ဖြစ်ပါတယ်
ဒါပေမယ့်
မဖျားရအောင် ဆေးကြိုသောက်ကြတယ် ဆိုတာကြီးကတော့ လုံးဝ မှားပါတယ်
❌ တချို့က Paracetamol ကြိုသောက်ကြတယ်
❌ တချို့ ဆရာ့ဆရာကြီးတွေက ပိုးသတ်ဆေး (Antibiotic) ကြိုသောက်ကြပါတယ်
တလွဲကြီးပါ
မိုးမိပြီး မဖျားရအောင် မဖြစ်ခင်က ကာကွယ်တယ်ဆိုတာ မိုးမမိရအောင် နေထိုင်တာကို ပြောတာပါ
မိုးမိပြီး စိုနေပြီ ဆိုရင် ခန္ဓာကိုယ်အပူချိန်ကျပြီး အအေးလာနိုင်လို့ ခန္ဓာကိုယ်ကို ခြောက်အောင်လုပ်တာ ကိုယ်အပူချိိန်ကို ပုံမှန်ပြန်ဖြစ်ရအောင် ထိန်းပေးတာကမှ နည်းမှန်လမ်းမှန်ဖြစ်ပါတယ်
မိုးတွင်း မှာ မိုးမိပြီး စိုကြတာ မဆန်းပါဘူး ဒါပေမယ့် တချို့ဖျားကြရတာက ဒီရက်ပိုင်း
- ရာသီဖျား Rhino virus
- တုပ်ကွေး Influenza virus
-ကိုဗစ် စတာတွေ ထကြွနေပြီး ကိုယ်ခံအားကျတာနဲ့ ဝင်တီးဖို့ချောင်းနေကြတာပါ
မိုးမိပြီး ရေစိုတာကို ခြောက်အောင်မသုတ်ရင် ဘာလို့ ကိုယ်ခံအားကျရတာလဲ ❓
ရေစိုနေတဲ့အခါ ကိုယ်အပူချိန်ကျတဲ့အတွက် ခန္ဓာကိုယ်အပူချိန်ထိန်းဖို့ရာ အပူစွမ်းအင်ထုတ်ရပါတယ်
ရေစိုတဲ့အချိန်ကြာလေလေ အပူစွမ်းအင်အများကြီးထုတ်ရလေပါ
(ဖြစ်ဖူးကြလားတော့ မသိဘူး စိုနေတဲ့အဝတ်တွေ မလဲဖြစ်လည်း အချိန်တခုကြာရင် ရေတွေခြောက်သွားတာလေ)
အဲ့တော့
1. စွမ်းအင်ကို အပူထုတ်တဲ့နေရာမှာ အများကြီးထုတ်လိုက်ရလို့ ကိုယ်ခံအားနည်းသွားတယ်
2. အကြာကြီးရေစိုထဲနေလို့ ဦးနှောက်က အပူချိန်ထိန်းတဲ့နေရာ ကမောက်ကမဖြစ်သွားရင်
ဖျားပါပြီ (အအေးပတ် တယ် လို့သုံးကြပါတယ်)
ဒီဖြစ်စဉ်ကို သေချာနားလည်ရင် မိုးမိတိုင်း ဆေးတွေကြိုသောက်စရာမလိုဘူးဆိုတာ သိကြပြီထင်ပါတယ်
မိုးမိပြီး မဖျားချင်ရင်
✅ စိုနေတဲ့ အဝတ်တွေ အမြန်ဆုံးလဲပါ
✅ တကိုယ်လုံး ခြောက်နေအောင် အမြန်သုတ်ပါ
✅ ကိုယ်အပူချိန် အမြန်တက်ရအောင် ရေနွေးနွေးသောက်ပေးတာ ၊ ရေဓာတ်ပြည့်ဝနေအောင် ရေများများသောက်တာ၊ စွပ်ပြုတ်ပူပူသောက်တာ စတာတွေ လုပ်ရမှာပါ။
တချို့က နေမကောင်းချင်ပြီ ဆိုရင် Vitamin C သောက်တတ်ကြပါတယ် (ကျွန်တော်တို့လည်း ဆေးခန်းမှာပေးတတ်ပါတယ်)
Vitamin C က အထိုက်အလျောက်အကျိုးရှိနိုင်ပေမယ့် ကိုယ်ခံအားကြီးက ဆေးသောက်လိုက်တာနဲ့ ဝုန်းခနဲ တက်သွားတာ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ် 😊
ခြုံပြောရရင် ဘာဆေးမှကြိုမသောက်ပါနှင့်
(Photo credit; Quora)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
မှတ်ချက် ။ Dr ဘုန်းစည်သူလွင် ၏ Facebook Page မှတစ်ဆင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
ဒေါသထွက်လိုက်တာမှ_အသားတောင်တဆတ်ဆတ်တုန်တယ်
အော်ပစ်လိုက်ချင်ပေမယ့်_ထောက်ထားစရာတွေရှိနေတယ်လေ
Anger_Management
စိတ်ဆိုးတယ် စိတ်တိုတယ် ဒေါသထွက်တယ် ဆိုတာ စိတ်ခံစားမှု နဲ့ မကင်းနိုင်တဲ့ ကျွန်တော်တို့အတွက်ကတော့ နေ့တိုင်းတွေ့ကြုံခံစားနေရတာပါပဲ
ဒေါသထွက်လာရင်
- ရင်တွေတုန်လာတယ်
- အသံတွေတုန်လာတယ်
- အသံတွေကျယ်လာတယ်
- ဆင်ခြင်ဥာဏ်တွေကင်းလာတယ်
- သူတပါး/မိမိကိုယ်ကို ထိခိုက်နာကျင် စေချင်လာပါတယ်
ခန္ဓာကိုယ်ကလည်း
- နှလုံးခုန်တွေမြန်
- သွေးပေါင်တွေတက်
- ခေါင်းတွေကိုက်ပြီး (လေဖြတ်နိုင်ဆုံးအခြေအနေပေါ့)
အဲ့လောက် ပင်ပန်းတဲ့ဟာကြီး ၊ ဖြစ်ပြီးရင် နောင်တတွေ တပွေ့တပိုက် ခံစားရတဲ့ အရာကြီးကို ဘယ်သူမှတော့ မခံစားလို မဖြစ်လိုကြပါဘူး။
ဒါပေမယ့် လူ ဆိုတော့ကား
အာရုံတွေ နဲ့တွေ့တဲ့အခါ
* သဘောကျရင် လိုချင်တပ်မက်စိတ် လောဘဖြစ်လာပြီး
* အလိုမကျတဲ့ အခါမှာတော့ ဒေါသက ဖြစ်လာရပါတယ်။
ဒေါသ ဘာလို့ဖြစ်တာလဲ ဆိုရင် စိတ်အလိုမကျလို့ပါ (Disappointed)
👉 ငါက ပြုံးပြတာကို ငါ့ကို အဖက်တောင် လုပ်မသွားဘူး
👉 ငါ သူ့အပေါ် ဒီလောက်ကောင်းတာကို ငါ့ကို ဒီလိုဆက်ဆံတယ်
👉 အသံတွေကဘာတွေလဲ ဆူညံနေတာပဲ
👉 အနံ့တွေကလည်း နံဆော်နေတာပဲ
👉 ဘယ်လိုလုပ်ပြီး ဒီအရသာနဲ့ ဆိုင်ဖွင့်ထားရတာလဲ
👉 ခေါင်းလာလျှော်တာကို အရေခွံဆွဲဆုတ်နေတာလား
စတဲ့ အာရုံ (၅) ပါး နဲ့ ခံစားရသမျှမှာ စိတ်ထဲမတွေ့ရင် အလိုမကျမှုဖြစ်လာတာပါပဲ
အဲ့ဒီအလိုမကျမှုကနေ
- မကျေနပ်တာ
- ဒေါသထွက်လာတာ
- ပေါက်ကွဲတာဆိုပြီး အဆင့်တွေ ကွဲပြားပြီး တုန့်ပြန်ကြပါတယ်။
1. Mildly irritated- ကိုယ့်စိတ်နဲ့သဘောမတွေ့တာပေါ့ (ကလိ ကလိ ဖြစ်လာတယ် ပြောရမှာပေါ့)
အဲ့လူကြည့်မရတော့ဘူး ၊ ဒါပေမယ့် ထားလိုက်ပါ သူ့အကြောင်း နဲ့သူ ငါ့အကြောင်းနဲ့ ငါဆိုပြီး ထိန်းထားနိုင်တယ်ပေါ့
2. Frustrated- စိတ်အလိုမကျမကျေမနပ်ဖြစ်ပြီ
ငါ့ ကို ဘာလို့ ဒီလိုလုပ်ရတာလဲ စိတ်ထဲ တနုံနုံနဲ့ ခံစားနေရပြီး စိတ်ထဲကနေလုံးဝထုတ်မရသလို ဘယ်သူနဲ့တွေ့တွေ့ ဒီကိစ္စကို လုံးဝမကျေလည်ကြောင်း ထုတ်ပြောမိနေတာပေါ့
3. Anger - ဒေါသဖြစ်ပြီပေါ့
အသက်ရှုတွေမြန် ရင်တွေတုန် အသံတွေကျယ်လာပြီး အချိန်မရွေး နောင်တရစရာ အခြေအနေတစ်ခုကို ဖန်တီးတော့မယ့် level ပေါ့
ကောင်းကောင်းမထိန်းချုပ်နိုင်ရင် ၊ ထိန်းချုပ်ပေးမယ့် မိတ်ကောင်းဆွေကောင်းမရှိရင် ပေါက်ကွဲထွက်သွားမယ့် အခြေအနေပေါ့ဗျာ
4. Explosion- ပေါက်ကွဲထွက်သွားပြီပေါ့
ပစ္စည်းတွေ ပစ်ပေါက်ဖျက်ဆီးတာ ၊ အော်ဟစ်ဆဲဆိုတာ သူတပါးကိုနာကျင်အောင်လုပ်တာ
လုပ်စရာလူမရှိရင် နံရံဖြစ်ဖြစ် မှန်ဖြစ်ဖြစ် အနားမှာရှိတာ ဆွဲထိုးလိုက်တာပေါ့
အဲ့လို ဒေါသပြင်းအား(level) တွေ ရှိသလို
တစ်ယောက်နဲ့တစ်ယောက် နောက်ခံအကြောင်းအရာခြင်းမတူလို့ ပေါက်ကွဲပုံလည်းကွာတတ်ပါတယ်
- စိတ်ဖိစီးမှုများနေရင်
- မိသားစုရေးရာပြဿနာရှိရင်
- ငွေရေးကြေးရေး/အလုပ်အကိုင် ပြဿနာရှိရင်
- စိတ်ဓာတ်ကျနေရင်
- အရက်သေစာအလွန်အကျွံသုံးစွဲလျှင်
- မူးယစ်ဆေးသုံးစွဲလျှင် ပေါက်ကွဲလွယ်ကြပါတယ်။
ဒေါသထွက်တဲ့အဆင့်တွေက
1. စိတ်အလိုမကျစရာရှိလာတယ် (Trigger)
2. တဖြည်းဖြည်း တွေးလေတွေးလေ ဒေါသတွေ တိုးပွါးလေဖြစ်လာတယ် (escalation)
3. မထိန်းနိုင်တဲ့အချိန်ပေါက်ကွဲတယ်
4. ပေါက်ကွဲပြီးပြီးခြင်း ကျေနပ်သလိုဖြစ်သွားတယ်
5. ပြီးတာနဲ့ နောင်တတွေ တပွေ့တပိုက်နဲ့ စိတ်ဓာတ်ကျပြီး ပြဿနာပတ်ရှင်းရပါရောလေ
ဘယ်လိုထိန်းချုပ်ကြမလဲ ❓
- အာရုံတွေကြောင့် စိတ်ခံစားမှု ဖြစ်ပေါ်လာတော့ အာရုံတွေပေါ် စိတ်ဝင်စားမှုလျှော့နိုင်လေလေ စိတ်ခံစားမှုလျော့လေလေပေါ့
- မျှော်လင့်တာလေးလျှော့ရပါမယ် (ငါက ဒီလောက်လုပ်ပေးထားတယ်လေ ငါ့ကျတော့ ဒီလိုပြန်ဆက်ဆံရလား)
- ငါ့ကို လုပ်ရက်လေခြင်းဆိုတဲ့ (ငါ့ကို ငါ့ကို ဆိုပြီး ငါ ငါ တွေ များလာရင် escalation ဒေါသတွေ တိုးတိုးလာပါတယ် - ငါစွဲလျှော့ပေါ့
- ဒေါသရဲ့ ဆိုးကျိုးတွေ သိပြီး ပေါက်ကွဲလိုက်ရင် နောင်တ နဲ့ပဲ အဆုံးသတ်ရမှာဆိုတော့ ဒေါသရဲ့နိဂုံးကို ထပ်ခါထပ်ခါ နက်နက်နဲနဲ ပြန်တွေးနေရပါမယ် (သတိကပ်ရမယ်ပေါ့)
- ဒေါသရဲ့ အဆင့်တွေသိပြီးတော့ အင်းအခုငါတော့ irritated ဖြစ်နေပြီ ထပ်ထပ်တွေးနေရင် frustrated ကနေ Anger ဖြစ်တော့မယ် လို့သာ တွေးလိုက်နိုင်ရင် (အာရုံလွှဲလိုက်တာပေါ့ ) ဒေါသက အထိုက်အလျောက်လျော့ကျသွားပါတယ်
- အဲ့လိုတွေ လျော့ဖို့ လွယ်လားဆိုတော့ မလွယ်ပါဘူး
ဘယ်လိုလုပ်ရမလဲ 👉 ထပ်ခါထပ်ခါ သတိလေးကပ်ပြီး #လေ့ကျင့်ရင်တော့ တဖြည်းဖြည်းနဲ့ စိတ်တိုတာကိုထိန်းချုပ်လာနိုင်ပါလိမ့်မယ်။
ခု ခေတ်စားနေတဲ့ Mindfulness ပေါ့
(original post; Jan, 2023 👉 https://www.facebook.com/100070317703804/posts/228621086158480/?mibextid=cr9u03)
စိတ်၏အေးချမ်းခြင်းမှသည်ကိုယ်၏ကျန်းမာခြင်းဆီသို့
မှတ်ချက် ။ Dr ဘုန်းစည်သူလွင် ၏ Facebook Page မှတစ်ဆင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
Photo - Depression and Relationship
သွေးပျစ်တယ်ပြောတယ်
သွေးတစ်အိတ်_ဖောက်ထုတ်ရတယ်
ဆေးလိပ်ဖြတ်ခိုင်းတယ်
Polycythemia သွေးနီဥများသောရောဂါ (သို့မဟုတ်) သွေးပျစ်ခြင်း
👉👉👉
သွေးမှာ
၁။ Cells components နဲ့
၂။ Plasma (သွေးရည်ကြည်) နဲ့ဆိုပြီး ရှိပါတယ်။
၁။ Cells components ထဲမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားဆိုပြီး (၃) မျိုးရှိတာမှာ
- သွေးနီဥ (Red Blood Cell) က O2 နဲ့ အာဟာရသယ်ပေးတယ်
- သွေးဖြူဥ (White Blood Cell )က ရောဂါကာကွယ်တယ်
- သွေးဥမွှား (Platelets) က သွေးခဲစေတယ်
၂။ Plasma (သွေးရည်ကြည်)
သွေးရဲ့ အရည် Potion ပါ။ ဘာတွေပါလဲ ဆိုတော့
- ရေ နဲ့
- Plasma protein ဘာတွေလုပ်လဲဆိုတော့
1.သွေးထဲကရေတွေ သွေးကြောအပြင်ထွက်မသွားအောင် ထိန်းသိမ်းတယ်။
2.Hormone, Chemicals, Vitamins, နဲ့ ဆေးတွေ ကိုတစ်နေရာကနေ တစ်နေရာပို့ပေးတယ်
3.သွေးထွက်တဲ့နေရာကို ပိတ်ဖို့ Platelets နဲ့ တူတူ သွေးခဲတာဝန်ကို ထမ်းဆောင်ကြတဲ့အပြင်
4.ကိုယ်ခံအားစနစ်မှာလည်း ပါဝင်ကြပါတယ်
- Electrolytes (Sodium, Potassium အစရှိတဲ့ ဓာတ်ဆားဓာတ်တွေ)ပါပါတယ်
👉👉👉
(သွေးနီဥ Red Blood Cell) တွေက သွေးရဲ့ ၄၅ ရာခိုင်နှုန်းလောက်ရှိတာမို့လို့ သွေးကနီနေတာပါ။
#Polycythemia က သွေးနီဥတွေများတာ ဆိုတော့ အလွယ် သွေးပျစ်တယ်လို့ပြောကြတာပါ။
သွေးနီဥတွေက Oxygen နဲ့ အဟာရတွေ Cells တွေဆီပို့ပေးပြီး ၊ Carbon Dioxide နဲ့ အညစ်အကြေးတွေကို Cells တွေဆီကနေရှင်းပေးပါတယ်။
အဲ့တော့ သွေးနီဥ များတာ ကောင်းတယ် မဟုတ်ဘူးလားဆိုတော့ မကောင်းပါဘူး။
ဘာလို့လဲ ⁉️
Cells တွေဆီကို အစာအဟာရပို့ပေးတဲ့ သွေးကြောကို Capillary = ဆံချည်မျှင်သွေးကြောလို့ခေါ်ပါတယ်
သွေးထဲမှာ သွေးနီဥ အပြင်တခြားဟာတွေလည်းရှိသေးလို့ သွေးနီဥတွေသာ တရားလွန်များလာရင် အဲ့ဒီ ဆံချည်မျှင်သွေးကြောတွေထဲမှာ သွေးနီဥတွေ ပြွတ်သိပ်ပြီး ပိတ်ပါလိမ့်မယ်။
သွေးကြောပိတ်သွားတော့ အဲ့ဒီသွေးကြောက ထောက်ပံ့တဲ့ Cells တွေသေပါတယ်။
အဲ့ဒီသွေးကြောဟာ ဦးနှောက်ထဲက သွေးကြောဖြစ်ရင် လေဖြတ်တတ်ပါတယ်။ နှလုံးသွေးကြောဖြစ်ရင် Heart attack ရပါတယ်။ ခြေ/လက် ကသွေးကြောဖြစ်ရင် ခြေ/လက် ပုတ်ပါတယ်။
အဲ့ဒါကြောင့် သွေးနီဥနည်း တဲ့ သွေးအားနည်းရောဂါ (Anaemia) ကလည်း အန္တရာယ်ရှိသလို သွေးနီဥများတဲ့ သွေးပျစ်တဲ့ရောဂါ (Polycythemia) ကလည်း အန္တရာယ်ရှိပါတယ်။
👉
ဘာလို့ဖြစ်တာလဲ ⁉️
- Polycythemia Rubra Vera
ရိုးတွင်းချဉ်ဆီကိုက သွေးနီဥတွေကို တရားလွန်ထုတ်နေတဲ့ ရောဂါပါ။
- Secondary Polycythemia
ရောဂါအခံတစ်ခုခုကြောင့် သွေးနီဥတွေ များလာတာပါ။
ဥပမာ။ ။ ဆေးလိပ်သောက်တာ၊ အဆုတ်ပွတာ နဲ့ OSA 👉 အဲ့ဒီလူတွေမှာ Cells တွေက Oxygen လုံလုံလောက်လောက်မရတော့ ခန္ဓာကိုယ်ကနေ Oxygen သယ်ပေးတဲ့ သွေးနီဥတွေကို များများထုတ်ခိုင်းလိုက်ပါတယ်။
သယ်ပေးတဲ့ သွေးနီဥတွေများလာပေမယ့်
ဆေးလိပ်ဆက်သောက်နေသမျှတော့ သွေးထဲ Carbon dioxide တွေများနေတော့ Cells တွေက Oxygen မရတော့ ခန္ဓာကိုယ်ကသွေးနီဥတွေကို ထပ်ခါထပ်ခါ ထုတ်ခိုင်းရင်း သွေးနီဥတွေများ သထက်များလာရတာပါ။
အဆုတ်ပွတာမှာရော၊ OSA မှာရော ထိုနည်းအတိုင်းပါပဲ။
👉👉👉
ဘယ်လိုလုပ်ကြမလဲ ⁉️
သွေးပျစ်လွန်းရင် သွေးကြောထဲဆို့ပြီး လေဖြတ်တာ၊ နှလုံးသွေးကြောပိတ်တာ၊ ခြေပုတ်၊ လက်ပုတ်ဖြစ်မှာ စိုးတော့
အမြန်ဆုံးဖြေရှင်းနည်းကတော့ 👉 သွေးနီဥတွေဖောက်ထုတ်ပစ်တာပါပဲ။
အဲ့မှာပြောစရာရှိတာက သွေးအားနည်းရင် သွေးလှူလို့မရဘူးဆိုတော့ သွေးတွေသူတို့မှာပိုနေတာ ဒီတိုင်းဖောက်ပစ်မယ့်အစားလှူလိုက်ရင် အကျိုးမရှိဘူးလားဆိုတော့ မရပါဘူး သူတို့ရဲ့သွေးနီဥတွေက တက်သုတ်ရိုက်ထုတ်ထားတာဖြစိလို့ Quality မကောင်းပါဘူး၊ အလုပ်ကောင်းကောင်းလုပ်မယ့် ဟာတွေမဟုတ်ပါဘူး အဲ့ဒါကြောင့် သူတို့လည်း သွေးလှူလို့မရပါဘူး။
(Edited ကိုယ့်ဟာကိုယ်ဖတ်ရင်းနဲ့ သွေးဖောက်ထုတ်ပစ်လိုက်တယ်ဆိုတာကို လန့်လာလို့ပါ 😁)
သွေးလှူသလိုပါပဲ သွေးတစ်အိတ် ထုတ်တာပါ (500 ml) ရေသန့်ဘူးတစ်ဝက်စာပေါ့ သွေးချည်းထုတ်ရုံထုတ်တာမဟုတ်ပါဘူး ၊ Normal Saline/Dextrose water (500 ml) ပြန်သွင်းပေးပါတယ်
👉 ခန္ဓာကိုယ်ထဲက 500 ml ထုတ်ပြီး 500 ml ပြန်ထည့်ပေးပါတယ် ကြောက်စရာ Procedure မဟုတ်ပါဘူး)
Secondary_Polycythemia လူနာတွေမှာကတော့ ရောဂါအခံကို ကုလိုက်တာ၊ ဆေးလိပ်ဖြတ်လိုက်တာက တကယ့်ကုသမှုအမှန်ဖြစ်ပါတယ်။
ဒါပေမယ့် Polycythemia Rubra Vera ဆိုတဲ့ရောဂါမှာတော့ ရိုးတွင်းချဉ်ဆီကိုက ထုတ်တာများနေတဲ့အတွက် သူကို အလုပ်သိပ်မလုပ်အောင် တားတဲ့ဆေး ပေးရပါတယ်။
ပြစ်နေတာဖြစ်တဲ့အတွက် အလွယ်ပြောရရင် ရေရောရပါတယ်
👉 ရေများများသောက်ရပါတယ်
👉 ရေဓာတ်ခမ်းခြောက်မယ့်ရောဂါတွေ (ပျို့တာ၊ အန်တာ၊ ချွေးထွက်တာ၊ ဝမ်းလျှောတာ) ဖြစ်ရင် ချက်ချင်းကုရပါတယ်
👉 ဆေးလိပ်ဖြတ်ရပါမယ် (အပေါ်မှာပြောပြီးပေမယ့် အရေးကြီးလို့ထပ်ပြောတာပါ)
👉 အရက်ဖြတ်ရပါမယ်
👉 Red Meat (အမဲသား၊ ဆိတ်သား၊ ဝက်သား) ၊ ဝမ်းတွင်းသား၊ ကလီစာ မစားတာကောင်းပါတယ်
👉👉👉
အဲ့တော့ သွေးပျစ်တယ်ဆိုတာဘာလဲ ?
ဘာလို့ဖြစ်တာလဲ ?
ဘာလို့ သွေးနီဥများနေတာကို သွေးလှူလို့ မရတာလဲ ?
ဘယ်လို ကုရမလဲ ?
ဘာတွေ ရှောင်ရမလဲ သိကြပြီထင်ပါတယ်။
👉👉👉
ရောဂါရှင်အနေနဲ့ ဘာတွေခံစားရမလဲ ⁉️
- ခေါင်းကိုက်တယ်၊ ခေါင်းအုံတယ်၊ ခေါင်းမကြည်ဘူး
- လန်းလန်းဆန်းဆန်းမရှိဘူး
- ရင်ပတ်အောင့်တတ်တယ်
- ခြေနာ၊ လက်နာဖြစ်တတ်တယ်
- အသည်းတို့ ဘေလုံးတို့ ကြီးတတ်တဲ့အတွက် ဗိုက်တင်းပြီး မအီမသာဖြစ်တယ်။
ဘယ်လိုသိမလဲ ⁉️
- သွေးစစ်တာနဲ့ သိပါတယ်
- Ultrasound ရိုက်မယ်
- Polycythemia Rubra Vera အတွက်ကတော့ JAK2 Gene Mutation ဆိုတဲ့ မျိုးရိုးဗီဇ စစ်ရပါတယ်။
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ။
Ref : Yangon City Win Hospital
ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ရောဂါက ကျန်းမာရေးအပါအဝင် လူနေမှုစနစ်များအပေါ် အပြင်းအထန် သက်ရောက်မှုတွေဖြစ်စေခဲ့ပါ တယ်။ ယခင် ကမ္ဘာ့သမိုင်းတစ်လျှောက် ဖြစ်ပွားခဲ့ဖူးတဲ့ ကပ်ရောဂါ တွေနဲ့မတူဘဲ တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ကူးလူးဆက်ဆံမှု များတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့ တာကြောင့် ကူးစက်မှုနှုန်းအထူးမြန်ဆန်ခဲ့သလို ရောဂါပိုးရဲ့ အာနိသင် ကလည်းမျိုးဗီဇပြောင်းလဲဖြစ်ပွားမှုကြောင့် ထိန်းချုပ်ကာကွယ်ဖို့ အလွန်ခက်ခဲခဲ့တာ ကိုလည်း မြင်တွေ့ခဲ့ကြရပါတယ်။ ခေတ်သစ်ဆေး သိပ္ပံဖွံ့ဖြိုးတိုးတက်မှုကိုအားကောင်းမောင်း သန်စိန်ခေါ်ခဲ့တဲ့ ကပ်ရောဂါလည်းဖြစ်ခဲ့ပါတယ်။ ကျန်းမာရေးလုပ်သားမလုံလောက်မှုတွေ၊ ဆေးနဲ့ဆေး ပစ္စည်းမလုံလောက်မှုတွေနဲ့အတူ သမိုင်းတစ်လျှောက် အပြင်း ထန်ဆုံးသော ကပ်ရောဂါကြီးအဖြစ် တွေ့ကြုံခဲ့ကြရတာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါကို ကြံ့ကြံ့ခံခြင်း
ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်နိုင်မှုတွေက ကိုဗစ်-၁၉ ရောဂါ ရဲ့သက်ရောက်မှုကို အတိုင်းအတာ တစ်ခုအထိ လျော့ပါးသက်သာစေခဲ့ပြီဖြစ်ပါတယ်။ သို့တိုင်အောင်ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာတွေအပေါ် ကပ်ရောဂါရဲ့ ကာလရှည်သက်ရောက်မှု တွေက လေးလေး နက်နက်ရှိ နေဆဲဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကာလ ရဲ့ ဆိုးကျိုးသက်ရောက်မှုကနေ ပြန်လည်ထူထောင်နိုင်စေဖို့ တစ်ဦးချင်း အနေနဲ့လည်းကောင်း၊ အဖွဲ့အစည်းတွေနဲ့နိုင်ငံတွေအနေနဲ့လည်းကောင်း လိုက်လျောညီ ထွေမှုရှိရှိနဲ့ ပြည့်ပြည့်ဝဝ ထိထိရောက်ရောက်ဆောင်ရွက် နိုင်ဖို့လိုပါတယ်။ကြံ့ကြံ့ခံနိုင်ဖို့ဆိုရင်ကျန်းမာရေးစနစ်အားကောင်းမောင်းသန်ဖြစ်ဖို့၊ လူမှုရေးနဲ့စီးပွားရေးစနစ်တွေ တည်ငြိမ်မှုရှိဖို့နဲ့ ပြဿနာတွေကို အလိုက်သင့် အလျားသင့်ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိဖို့လိုမှာဖြစ်ပါတယ်။
အဆိုးထဲမှအကောင်းများ
ကိုဗစ်-၁၉ ရောဂါအလွန်ကာလမှာ စီးပွားရေးနဲ့အလုပ်အကိုင်တွေမှာလည်း အရွေ့တွေရှိလာခဲ့ပါတယ်။ အလုပ်နေရာတွေပြောင်းလဲလာ ခြင်း၊ အွန်လိုင်းကနေ အလုပ်လုပ်ကိုင်နိုင်ခြင်း (Work from Home) တို့ကြောင့် လုပ်သားအင်အားတွေကို စွမ်းအားပြည့်အသုံးချလာနိုင်ခြင်း၊ အွန်လိုင်းဈေးရောင်းခြင်း ကဲ့သို့သောအင်တာနက်ကနေတစ်ဆင့် ရောင်းဝယ်ဖောက်ကားမှုတွေ ထွန်းကားလာခြင်း၊ လက်လီ ရောင်းဝယ် ဖောက်ကားမှုစနစ်တွေ ပုံစံပြောင်းလဲလာခြင်း စတာတွေကြောင့် ငွေကြေးလည်ပတ်စီးဆင်းမှုတွေ အရှိန်အဟုန်မြင့်လာပြီး စီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူဖြစ်စေခဲ့ပါတယ်။
လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာပြောင်းလဲမှုတွေအနေနဲ့ ပညာသင်ကြားမှုအပိုင်းမှာ အွန်လိုင်းသင်ကြားရေးပုံစံတွေက အခြေခံပညာသာမက အဆင့်မြင့်ပညာသင်ကြားရေးမှာပါ သင်ကြားမှုစံနှုန်းတစ်ခု အနေနဲ့ဖြစ်လာပါတယ်။ ဒါ့ပြင် လူနေထိုင်မှုပုံစံတွေပါ ပြောင်းလဲလာပါတယ်။ အာဟာရပြည့်ဝအောင် စားသုံးတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ရောဂါကာကွယ်ရေးကိစ္စတွေမှာ အာရုံစူးစိုက်လာတာစတဲ့ ကျန်းမာရေးဆိုင်ရာ သတိပြုနေထိုင်မှုတွေ တိုးပွားလာစေပါတယ်။
အစိုးရပိုင်းဆိုင်ရာနဲ့မူဝါဒပိုင်းဆိုင်ရာတွေနဲ့ပတ်သက်လို့ တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ပူးပေါင်းပြီး အနာဂတ်ကူးစက်ရောဂါတုံ့ပြန်မှုအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကပ်ရောဂါဆိုင်ရာသဘောတူညီချက်ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာမူဘောင်များကို ချမှတ်လုပ်ဆောင်လာကြပါတယ်။ အကျပ်အတည်း စီမံခန့်ခွဲမှုမူဝါဒတွေနဲ့ပတ်သက်လို့လည်း အစိုးရ အသီးသီးက အနာဂတ်ကာလမှာ တွေ့ကြုံလာနိုင်တဲ့ အရေးပေါ်အခြေအနေတွေအတွက် အရင်းအမြစ်တွေကို ထိထိရောက်ရောက်အသုံးချပြီး လျင်မြန်စွာ ဆောင်ရွက်နိုင်ဖို့ ဥပဒေရေးဆွဲနေကြပြီဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ယုံကြည်မှုတည် ဆောက်ခြင်းကဲ့သို့သော စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ကြရပါတယ်။ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျန်းမာရေးအဖွဲ့အစည်းတွေအပေါ် လူထုရဲ့ယုံကြည်အားကိုးမှုကို အစမ်းသပ်ခံခဲ့ရတဲ့အတွက် ပွင့်လင်းမြင်သာတဲ့ ကျန်းမာရေးဆိုင်ရာစီမံ ခန့်ခွဲအုပ်ချုပ်မှုရှိဖို့ အရေးကြီးပါတယ်။
ကိုဗစ်-၁၉ ရောဂါကာလအတွင်း အထင်ရှားဆုံးသဘာဝပတ်ဝန်းကျင် ဆိုင်ရာတိုးတက်မှုအနေနဲ့ လေထုညစ်ညမ်းမှုကို လျော့ကျစေခဲ့ကြောင်း စစ်တမ်းများအရ သိရပါတယ်။ ကပ်ရောဂါကာလအတွင်း ကမ္ဘာအနှံ့ Lockdown နဲ့ Stay at Home အစီအစဉ်တွေ ဆောင်ရွက်ကြခြင်းကြောင့် ခရီးသွားလာမှုတွေ သိသိသာသာလျော့ကျပြီး ယာဉ်တွေကနေတစ်ဆင့် ကာဗွန်ထုတ်လွှတ်မှုကျဆင်းခဲ့ခြင်းနဲ့အတူ ကမ္ဘာ့လေထုအတွင်း ကာဗွန်ဓာတ်ငွေ့ပါဝင်မှု ခေတ္တကျဆင်းသွားခြင်းက သဘာဝပတ်ဝန်းကျင် ပြန်လည်ထူထောင်ရေးအတွက် အလားအလာကို မီးမောင်းထိုးပြနေပါတယ်။
ကျန်းမာရေးဆိုင်ရာအရေးပါသောပြောင်းလဲမှုများ
ကိုဗစ်-၁၉ ရောဂါကာလအတွင်း လူစုလူဝေးတားမြစ်မှုတွေကြောင့် အွန်လိုင်းကနေတစ်ဆင့် ကျန်းမာရေးဝန်ဆောင်မှုပေးခြင်း (Telehealth)ကို လူကြိုက်များပြီး အလုပ်ဖြစ်လာခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါအလွန်ကာလမှာ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ စိတ်ကျန်းမာရေးဆိုင်ရာစောင့် ရှောက်မှုပေးခြင်း စတာတွေမှာ ကျန်းမာရေးဆိုင်ရာဖြစ်ထွန်းမှုတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါကာလ အတွင်း ကျင့်သုံးခဲ့ကြတဲ့ အွန်လိုင်းကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ဆက်လက်ခိုင်မာ အားကောင်းလာခဲ့ပါတယ်။ ပြည်သူ့ကျန်းမာရေးစနစ်တွေလည်း ပိုမိုတိုးတက် ဖြစ်ထွန်းလာခဲ့ပါတယ်။ ကပ်ရောဂါအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ရောဂါစူးစမ်းလေ့လာခြင်းနဲ့ ကာကွယ်ဆေးထုတ်လုပ်ခြင်းစတဲ့ကဏ္ဍတွေမှာ သိသာထင်ရှားတဲ့အားကောင်းလာမှုတွေကို မြင်တွေ့ရပါတယ်။
ကပ်ရောဂါရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရင်းနဲ့ နည်းပညာဆန်းသစ်တီထွင်မှုမှာလည်း တိုးတက်ပြောင်းလဲမှုတွေရှိလာခဲ့ပါတယ်။ ဉာဏ်ရည်တုနည်းပညာ AI နဲ့ ဒေတာအသုံးချခြင်းကနေ ရောဂါကူးစက်မှုတွေကို ခြေရာခံခြင်း၊ မော်ဒယ်ပြုလုပ်ခြင်းနဲ့ လိုအပ်တဲ့အရင်း အမြစ်ခွဲဝေခြင်း စတာတွေမှာ များစွာအသုံးတည့်ခဲ့ပါတယ်။ ရောဂါစောင့် ကြပ်ခြေရာခံကြည့်ရှုစစ်ဆေးခြင်းတွေမှာ ဒစ်ဂျစ်တယ်ကျန်းမာရေးလက်မှတ်တွေကို အသုံးပြုခဲ့ခြင်းနဲ့ ပွဲလမ်းသဘင်တွေအတွက် ကျန်းမာရေးအသိအမှတ်ပြု အက်ပလီကေးရှင်းတွေကိုအသုံးပြုနိုင်ခြင်းက ပြည်သူ့ကျန်းမာရေးကဏ္ဍကို တစ်ခေတ်ဆန်းစေခဲ့ ပါတယ်။ ကျန်းမာရေး နည်းပညာဆိုင်ရာ အထူးခြားဆုံးဖွံ့ဖြိုးတိုးတက်မှုကတော့ ဇီဝနည်း ပညာတိုး တက်မှုပဲဖြစ်ပါတယ်။ မျိုးဗီဇနည်းပညာသုံး mRNA ကာကွယ် ဆေးထုတ်လုပ်ခြင်းကို အချိန်တိုအတွင်း လျင်လျင်မြန်မြန်ဖွံ့ဖြိုး တိုးတက်စေခဲ့ပါတယ်။ အဲဒီနည်းပညာအခြေခံတွေက ကင်ဆာနဲ့ HIV ကဲ့သို့သော တခြားရောဂါတွေမှာ အသုံးချနိုင်ဖို့အတွက် ကြီးမားတဲ့ အကျိုးကျေးဇူး တွေရှိစေပါတယ်။
ကမ္ဘာ့နိုင်ငံများရှိ အစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းအင်အားစုတွေက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ ကာဗွန်သုံးစွဲမှုလျှော့ချခြင်းအပါအဝင် စိမ်းလန်းတဲ့သဘာဝပတ်ဝန်းကျင် ပြန်လည်တည်ထောင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့တွန်းအားဖြစ်စေခဲ့တယ်။ ကပ်ရောဂါကာလမှာ မြို့ပြရဲ့ခံနိုင်ရည်ရှိမှုက မဖြစ်မနေစဉ်းစားရမယ့်အချက်ဖြစ်လာပါတယ်။ မြို့တွေမှာ နောင်လာမယ့်ကျန်းမာရေး အကျပ်အတည်းတွေကို ကာကွယ်နိုင်စေဖို့အတွက် လေဝင်လေထွက်ကောင်းစေဖို့နဲ့ လူစုလူဝေး နည်းပါးစေဖို့ အများပြည်သူဆိုင်ရာနေရာတွေကို ဒီဇိုင်းပြန်လည်ရေးဆွဲ နေကြပြီဖြစ်ပါတယ်။
သင်ခန်းစာဖော်ထုတ်မှုများ
ကပ်ရောဂါဖြစ်ပွားမှုကကမ္ဘာ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိသာထင်ရှားစေခဲ့တယ်။ တန်းတူ ညီမျှမှုရှိတဲ့ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုကို ဦးတည် ဆောင်ရွက်ရမယ့် အချက်ပေးခေါင်းလောင်းထိုးခဲ့တယ်။ အဘယ်ကြောင့် ဆိုသော် ကပ်ရောဂါတွေ အနေနဲ့ ကမ္ဘာ့ဘယ်နေရာမှာဖြစ်ဖြစ် တစ်ကမ္ဘာ လုံးကိုရိုက်ခတ်မှုရှိကြောင်းကို လက်တွေ့ပြသခဲ့လို့ပဲဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါအလွန်ကာလမှာ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ ရောဂါကာကွယ်တားဆီးမှုရဲ့အရေးပါမှုကို အသိအမှတ်ပြုခဲ့ကြပါတယ်။ အရင်ကကျန်းမာရေးစနစ်မှာ ရင်းနှီးမြှုပ်နှံမှုနည်းပါးမှုက ကပ်ရောဂါကာလအတွင်း လူ့အသိုင်းအဝိုင်းအပေါ် သက်ရောက်မှုတွေဖြစ် စေခဲ့တာကြောင့် အခုဆိုရင် အခြေခံကျန်းမာရေးကဏ္ဍအတွက် ပိုမိုကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာကြပါတယ်။ဝင်ငွေနည်း လူတန်းစားတွေအတွက်ကာကွယ်ဆေးလုံလောက်မှုမရှိခြင်း၊ လက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရှိခြင်းစတာတွေကို ဖြေရှင်းဆောင်ရွက်နိုင်စေဖို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါအလွန်ကာလမှာကမ္ဘာလုံးဆိုင်ရာ အဓိကကျတဲ့ ပြောင်းလဲမှုတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာတိုးတက်မှုတွေ၊ စီးပွားရေး ဆိုင်ရာအရွေ့တွေ၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာပြောင်းလဲမှုတွေကို ထင်ထင်ရှားရှားတွေ့မြင်ခဲ့ရပါတယ်။ ဒါ့ပြင် နည်းပညာ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာနယ်ပယ်တွေမှာ တိုးတက်ပြောင်းလဲမှုတွေရှိခဲ့ပါတယ်။ သို့တိုင် စိန်ခေါ်မှုတွေလည်းရှိနေပါတယ်။ ကိုဗစ်နောက်ဆက်တွဲ သက်ရောက်မှုအနေနဲ့ နာတာရှည် ကိုဗစ်-၁၉ ရောဂါ နောက်ဆက်တွဲရောဂါလက္ခဏာခံစားရမှုတွေ၊ ကပ်ရောဂါကာလ အတွင်းစီးပွားရေးနဲ့ လူမှုရေးဆိုင်ရာမညီမျှမှုတွေ ပိုမိုဆိုးရွားလာမှု စတဲ့ရေရှည် ဖြေရှင်းရမယ့်ဆိုးကျိုးတွေလည်းရှိနေပါတယ်။ ကပ်ရောဂါ ဆိုင်ရာ သင်ခန်းစာတွေ ကနေတစ်ဆင့် ခံနိုင်ရည်ရှိမှု၊ သာတူညီမျှမှုနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ ကျန်းမာရေးစနစ်တွေ တည်ဆောက်နိုင်ဖို့ အခွင့်အလမ်းတွေ ထွက်ပေါ်လာစေခဲ့ပါကြောင်း ရေးသား လိုက်ရပါတယ်။
MWD Web Portal
Photo - Bureau of Lobor Statistics
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်သည် ကမ္ဘာပေါ်ရှိ လူသားအားလုံးနှင့်သက်ဆိုင်သည်။ အဘယ်ကြောင့်ဆိုသော် သဘာဝပတ်ဝန်းကျင်သန့်ရှင်းမှု၊ ပုံမှန်အတိုင်းထားရှိမှု စသည်တို့နှင့်လူသားတို့၏ရှင်သန်မှုတို့မှာ တိုက်ရိုက်အချိုးကျနေခြင်းကြောင့်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံး၌ ရာသီဥတုပြောင်းလဲမှုများသည် ၂၁ ရာစုအစပိုင်းမှစ၍ ပြောင်းလဲလျက်ရှိသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် ပုံမှန်မဟုတ်ဘဲ တစ်နည်းမဟုတ် တစ်နည်းနည်းဖြင့် ပြောင်းလဲလာသော ရာသီဥတုဆိုင်ရာပြဿနာများကိုဖြေရှင်းလျက်ရှိကြသည်။ ရာသီဥတုပြောင်းလဲခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များကြောင့် ဆိုးကျိုးခံစားနေရသည့် နိုင်ငံပေါင်းများစွာရှိနေပြီဖြစ်ရာ ရာသီဥတု သမမျှတရေးနှင့် ရာသီဥတု၏အရင်းတည်ရာဖြစ်သောသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် လူသားအားလုံးအတွက် အဓိကကျလာသည်။
“သဘာဝဟူသည် ကောင်းစွာဖြစ်ခြင်း၊ အလိုအလျောက်ဖြစ်နေခြင်း”ဟူသော အဓိပ္ပာယ်ရသည်။ လူသားသည် သဘာဝထဲမှမွေးဖွားလာသူဖြစ်သည်။ လူသားဟူသည် သဘာဝ၏ကျေးကျွန်မဟုတ်သလို သဘာဝ၏အရှင်သခင်လည်းမဟုတ်ပေ။ “သစ်ပင်စိုက်ပါ ဤကမ္ဘာ၊ သာယာလှပ စိမ်းမြမြ”ဟူသောဆောင်ပုဒ်ကို လူတိုင်းကြားဖူးကြပါသည်။ သစ်ပင်တောတောင်သည်သတ္တလောကကြီးအတွက် မရှိမဖြစ်သောအရာဖြစ်သည်။ လူနှင့်သတ္တဝါများ အသက်ရှင်နေထိုင်ရန် မျှတသင့်လျော်သောပတ်ဝန်းကျင်ဖြစ်စေရေးအတွက် သစ်ပင်တောတောင်များက စေစားပေးလျက်ရှိသည်။ သစ်ပင်များသည် ၎င်းတို့ရှင်သန်ကြီးထွားရေးအတွက် လေထုထဲမှကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူကာ လေထုထဲသို့အောက်ဆီဂျင်ကို ပြန်လည်ထုတ်လွှတ်ပေးသည်။ ထို့ကြောင့် သစ်တောများကို ကမ္ဘာမြေကြီး၏အဆုတ်များဟု တင်စားခေါ်ဝေါ်ကြသည်။
ကမ္ဘာပေါ်တွင် ပြောင်းလဲလာသောရာသီဥတုဖြစ်စဉ်ကြောင့် မတူညီသည့်သဘာဝဖြစ်စဉ်အမျိုးမျိုးတို့ကိုကမ္ဘာပေါ်ရှိလူသားတိုင်း ရင်ဆိုင်ကြုံတွေ့နေရသည်။ လူတို့၏ပြုပြင်စီမံဖန်တီးမှုများကြောင့် ပုံမှန်ရာသီဥတုဖြစ်စဉ်များ၊ ပုံမမှန်ရာသီဥတုဖြစ်စဉ်ဖောက်ပြန်မှုများဖြစ်ပေါ်လာပြီးအကျိုးဆက်ကိုကြုံတွေ့နေကြပြီဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ပြီး ကြိုတင်ပြင်ဆင်သတိပြုမှုဖြင့် ကျော်လွှားကြရမည်ဖြစ်သည်။
ကြိုတင်ပြင်ဆင်မှု
မြန်မာနိုင်ငံသည် သစ်တောဖုံးလွှမ်းမှုအနေဖြင့် ၂၀၂၀ ပြည့်နှစ်ထုတ်ပြန်ချက်အရ နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းသာရှိပြီးတဖြည်းဖြည်းလျော့နည်းလာသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် “ဥတုရာသီ တောကိုမှီ”ဟုဆိုသည့်အတိုင်း ရာသီဥတုမှန်ကန်ကောင်းမွန်ရေးအတွက် သစ်ပင်သစ်တောများကိုထိန်းသိမ်းရန်လိုအပ်မည်ဖြစ်သည်။ စိုက်ပျိုးသီးနှံများစိုက်ပျိုးနိုင်ရေးအတွက် သစ်ပင်သစ်တောများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့်အကြောင်းအမျိုးမျိုးကြောင့် သစ်ပင်သစ်တောများကို ခုတ်ထွင်ရှင်းလင်းနေမှုကြောင့် သစ်ပင်သစ်တောပြုန်းတီးမှုများမှာ များပြားလျက်ရှိသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြား၌ ရေကြီးရေလျှံမှုများ၊ မုန်တိုင်းတိုက်ခတ်မှုများ၊ မိုးခေါင်ရေရှားမှုများ စသည်ဖြင့် ရာသီဥတုဖောက်ပြန်မှု၏အကျိုးဆက်ကို ကြုံတွေ့လျက်ရှိရာ သဘာဝဘေးအန္တရာယ်သည် ရှောင်လွှဲ၍ ရနိုင်သည်မဟုတ်သော်လည်း ကြိုတင်ပြင်ဆင်ကာကွယ်မှုကောင်းခြင်းဖြင့် ထိခိုက်ပျက်စီးမှုကို အနည်းဆုံးဖြစ်အောင် ကာကွယ်ကြရမည်ဖြစ်သည်။
သဘာဝကို ကောင်းအောင်ဖန်တီးသည်မှာ လူသားများပင်ဖြစ်သကဲ့သို့ ဆိုးအောင်ဖန်တီးသည်မှာလည်း လူသားများပင်ဖြစ်သဖြင့်လူသားများအနေဖြင့် သဘာဝသစ်တောထွက်သယံဇာတများကို စည်းကမ်းစနစ်တကျမဟုတ်ဘဲ အလွန်အကျွံထုတ်ယူသုံးစွဲခြင်းကြောင့် သဘာဝ၏အကျိုးဆက်ကို ပြန်လည်ခံစားကြရမည်ဖြစ်သည်။
ရာသီဥတုဖောက်ပြန်ချို့ယွင်းမှုကြောင့် စားနပ်ရိက္ခာအထွက်နှုန်းကျဆင်းလာခြင်း၊ မွေးမြူရေးတိရစ္ဆာန်များ ပျက်စီးဆုံးရှုံးခြင်း၊ ဂေဟစနစ်များ ယိုယွင်းပျက်စီးခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာခြင်း၊ အချို့သတ္တဝါမျိုးစိတ်နှင့် ဇီဝမျိုးစိတ်များ မူရင်းဒေသများမှနေရာပြောင်းရွှေ့ခြင်း၊ ပင်လယ်နှင့် သမုဒ္ဒရာများ၏ဂေဟစနစ်များယိုယွင်းပျက်စီးခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာခြင်း၊ ရောဂါဖြစ်စေသောပိုးမွှားများရှင်သန်ရာဒေသ ပိုမိုကျယ်ပြန့်လာခြင်း၊ အပူလွန်ကဲခြင်းကြောင့် လူသားများ၏ကျန်းမာရေးဆိုင်ရာထိခိုက်လာခြင်း၊ သီးနှံစိုက်ခင်းနှင့် သစ်တောသစ်ပင်များပျက်စီးခြင်း စသည့်ပြဿနာများသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးပွားလျက်ရှိသည်။ရာသီဥတုဖောက်ပြန်မှု၏လက္ခဏာများအဖြစ် မုန်တိုင်းများတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ အပူလှိုင်းများကျရောက်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ အအေးလွန်ကဲခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားမှုသည်လည်း ယခင်ကထက် ပိုမိုပြင်းထန်လာသည်။
ရာသီဥတုဖောက်ပြန်လာရခြင်း၏အဓိကအကြောင်းရင်းသည် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာမှုသည်လည်း လူသားများ၏လုပ်ဆောင်ချက်များမှထွက်ရှိလာသည့် ကာဗွန်ဒိုင်အောက်ဆိုက်များကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့များ ကမ္ဘာ့လေထုထဲအလွန်အကျွံရောက်ရှိ လာခြင်းကြောင့်ဖြစ်သည်။ ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပြီး လူသားများအတွက်လိုအပ်သည့် အောက်ဆီဂျင်ကို ပြန်လည်ထုတ်လွှတ်ပေးသည့် သစ်တောများပြုန်းတီးခြင်းသည်လည်း ကမ္ဘာကြီး ပူနွေးလာမှု၏အကြောင်းရင်းတစ်ရပ်ဖြစ်သည်။
ကုန်းမြေအခြေပြုသည့်မျိုးစိတ်များ၏ သုံးပုံနှစ်ပုံသည် သစ်တောများတွင်ရှင်သန်မှုအတွက် မှီခိုနေရ သည်ဖြစ်ရာသစ်တောများပြုန်းတီးမှုသည် ဇီဝမျိုးစုံမျိုးကွဲများ၏ဂေဟစနစ်ကိုများစွာထိခိုက်စေသည်။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်လျှင် သစ်တောသစ်ပင်ထိန်းသိမ်းရေးကို အလေးထား ရမည်ဖြစ်သကဲ့သို့ လေထုညစ်ညမ်းမှုနှင့် ရေထုညစ်ညမ်းမှုများကိုလျှော့ချရန်၊ စက်ရုံသုံးစွန့် ပစ်ပစ္စည်း များကိုထိန်းသိမ်းကြပ်မတ်ရန်၊ သဘာဝသားငှက်တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရန် စသည့် လုပ်ငန်းများကို ဘက်စုံထောင့်စုံကဆောင်ရွက်သွားရမည်ဖြစ်သည်။ ရာသီဥတုဖောက်ပြန်ပျက်စီးခြင်း ကြောင့်ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲဆိုးကျိုးများသည် ကမ္ဘာကြီးကို မှီခိုရှင်သန်နေရသော လူသားများနှင့်သက်ရှိဇီဝများကို ခြိမ်းခြောက်လျက်ရှိသည်။
ယနေ့ကမ္ဘာ့လူသားများ၏စားဝတ်နေရေး၊ အသက်ရှင်ရပ်တည်နိုင်ရေးကိုအနှောင့်အယှက်မဖြစ်စေရန်နှင့်ကောင်းမွန်သောအနာဂတ်ကမ္ဘာကို နောင်လာနောက်သားများအတွက် ထားရှိပေးနိုင်ရန်ကိုလည်းဂရုပြုရမည်ဖြစ်သည်။သဘာဝကပေးထားသည့်စိမ်းလန်းစိုပြည်မှုများ မပျက်စီးစေရန် လူသားများကပင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။ စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်လျော့ နည်းလာသည့်အခါတွင်လည်း လူသားများကပင် ပြန်လည်ထိန်းသိမ်းဖန်တီးပေးရမည်ဖြစ်သည်။
နိုင်ငံတော်မှသစ်ပင်သန်းပေါင်းများစွာစိုက်ပျိုး
ကမ္ဘာ့နိုင်ငံများနည်းတူမြန်မာနိုင်ငံအနေဖြင့် သစ်ပင်သစ်တောများရေရှည်တည်တံ့စေရေးအတွက် သစ်တောများဖုံးလွှမ်းမှုတိုးတက်လာစေရေးနှင့် သစ်တောပြုန်းတီးမှုလျော့နည်းစေရေးကို အထူးအလေး ပေးလုပ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံသည် သစ်ပင်စိုက်ပျိုးရန် အကောင်းဆုံးအချိန်ဖြစ်သော မိုးတွင်းကာလဖြစ်သည့် ဇွန်လ၊ ဇူလိုင်လများ၌ သစ်ပင်သန်းပေါင်းများစွာ စိုက်ပျိုးလျက်ရှိသည်။
နိုင်ငံတော်အနေဖြင့် ၂၀၂၁ ခုနှစ် မိုးရာသီမှ ၂၀၂၄ခုနှစ် မိုးရာသီအထိ နိုင်ငံအဝန်းတွင် ပျိုးပင်စုစုပေါင်း၉၀ ဒသမ ၅၅ သန်းကျော် ဖြန့်ဝေစိုက်ပျိုးပေးနိုင်ခဲ့သည်။ နေပြည်တော်တွင် သစ်ပင်စိုက်ပျိုးပွဲ (၉)ကြိမ်ပြု လုပ်ခဲ့ပြီး ၃၂၀၉၇၀၃ ပင် စိုက်ပျိုးနိုင်ခဲ့သည်။
ရှင်သန်ဖြစ်ထွန်းမှု ၃၀၃၂၉၈၂ ပင် (၉၄ ရာခိုင်နှုန်း)ရှိသည်။ ဖြန့်ဝေစိုက်ပျိုးခဲ့သည့် သစ်ပင်များသည် သစ်တောနယ်မြေများဖြစ်သည့် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအတွင်း၌ စိုက်ပျိုးခြင်းသာမက ဘဲသစ်တောနယ်မြေပြင်ပနေရာများ၌လည်း ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများက မိုးရာသီလူထု လှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ပေသည်။ ထို့ကြောင့်စိုက်ပျိုးလိုက်သည့်သစ်ပင်များ ရာနှုန်းပြည့် အောင်မြင်ရှင်သန်ရေးအတွက် ပြုစုထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း အားလုံးဝိုင်းဝန်းဆောင်ရွက် ကြရမည်ဖြစ်ပေသည်။ ယခုနှစ် မိုးရာသီ၌လည်း အမြင့် ၂ ပေအထက် ပျိုးပင် ၂၀ ဒသမ ၅၉ သန်းကို နိုင်ငံအဝန်းဖြန့်ဝေပေးထားပြီး စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဇွန်လ ၁၅ ရက်နေ့တွင် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ သစ်မျိုး ၁၆ မျိုး၊ ပျိုးပင်ပေါင်း ၃၀၀၀ ပင်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် နိုင်ငံတစ်နိုင်ငံ၏အစိုးရ၊ တာဝန်ရှိသူတို့မှ လုပ်ကိုင်ဆောင်ရွက်ရုံနှင့်ဖြေရှင်းနိုင်သည့်ပြဿနာမဟုတ်ပေ။ ကမ္ဘာပေါ်ရှိ လူတိုင်းလူတိုင်း အသိစိတ်ဓာတ်ရှိရှိဖြင့်ပါဝင်ဆောင်ရွက်မှသာ အောင်မြင်သောလုပ်ငန်းစဉ်တစ်ရပ်ဖြစ်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရပိုင်းမှ မည်မျှပင်ဆောင်ရွက်စေကာမူ လူတစ်ဦးချင်း၏ မိမိကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် ပါဝင်ဆောင်ရွက်မှုမရှိပါက သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုများမှာတစ်နေ့ထက်တစ်နေ့ပိုမိုဆိုးရွားလာမည်ဖြစ်သည်။ မီးဖိုချောင်ထွက်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ခြင်း၊ ရေတွင်းရေကန်များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မြစ်၊ ချောင်းများအတွင်း အညစ်အကြေးနှင့် အမှိုက်သရိုက်များစွန့်ပစ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သစ်တောသစ်ပင်များခုတ်ယူမှုမပြုခြင်း၊ ပလတ်စတစ်နှင့်ကြွပ်ကြွပ် အိတ်အသုံးပြုမှု များကို စနစ်တကျဆောင်ရွက်ခြင်း စသည့်အပြုအမူများသည် လူတစ်ဦးချင်းစီမှအစပြု၍ ကမ္ဘာပေါ်ရှိ လူသားတိုင်းဆောင်ရွက်ရမည့်တာဝန်များဖြစ်သည်။ ထိုသို့ လူတိုင်းအသိစိတ် ဓာတ်ရှိရှိပါဝင်ဆောင်ရွက်မှသာ မြန်မာနိုင်ငံ၏ဦးတည်ရာပန်းတိုင်ဖြစ်သော (Green Economic and Green Develop-ment) စိမ်းလန်းသောစီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကိုအောင်မြင်အောင် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ထို့ကြောင့်မလွန် ဆန်နိုင်သောသဘာဝဘေးအမျိုးမျိုးကို ကြိုတင်ပြင်ဆင်၍ စဉ်ဆက်မပြတ်ကာကွယ်ထိန်းသိမ်းပြီးရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို လျော့ကျစေကာ သက်ရှိနှင့်သဘာဝပတ်ဝန်းကျင်တို့ဟန်ချက်ညီညီနေထိုင်နိုင်သောအနာဂတ်ကို အကောင်အထည် ဖော်နိုင်ရေး ကာကွယ်ထိန်းသိမ်း စောင့်ရှောက် သွားကြရမည်ဖြစ်ကြောင်းရေးသား တင်ပြလိုက်ရပါသည်။ ။
MWD Web Portal
ရုရှားနိုင်ငံဆိုတာ အရှေ့အလယ်ပိုင်းဒေသမှာ ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် ဟိုဘက်၊ ဒီဘက်မျှတမှုရှိစွာရပ်တည်လာတဲ့ အင်အား ကြီးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ အီရန် နိုင်ငံနဲ့ စီးပွားရေး၊ စစ်ရေးဆက်ဆံမှုကို ပိုမိုခိုင်မာလာ အောင် တည်ဆောက်ထားနိုင်သလို အစ္စရေးနိုင်ငံနဲ့ ဆိုရင်လည်း နွေးထွေးတဲ့ဆက်ဆံရေးတစ်ခုကို ထူထောင်ထားနိုင်တဲ့ နိုင်ငံတစ်ခုလည်းဖြစ်တာကို တွေ့ရှိရပါတယ်။
အခုသီတင်းပတ်အတွင်း အစ္စရေးက အီရန်အပေါ် တိုက်ခိုက်မှုတွေစတင်လုပ်ဆောင်လာတဲ့အတွက် အီရန်ကလည်း လက်တုံ့ပြန်တိုက်ခိုက်မှုတွေကိုလုပ်ဆောင်လာချိန်မှာ နှစ်နိုင်ငံကြားတင်းမာမှုတွေက စစ်ပွဲကြီးတစ်ပွဲဆီကို ဦးတည်သွားနေတဲ့အခြေအနေ ဖြစ်ပေါ်နေပါတယ်။ အစ္စရေးက အီရန်ရဲ့နျူကလီး ယားဆိုင်ရာအဆောက်အအုံတွေနဲ့ စစ်ရေးပစ်မှတ် တွေကိုပစ်မှတ်ထားတိုက်ခိုက်သလို အီရန်ရဲ့ ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေနဲ့နျူကလီးယားသိပ္ပံပညာရှင်တွေသေဆုံးသွားရတဲ့အတွက် အီရန်ဘက်ကလည်း ဒရုန်းများ၊ ဒုံးကျည်များနဲ့ပြင်းထန်စွာလက်တုံ့ပြန်တိုက်ခိုက်လာတာပါ။
ဒီအချိန်မှာ အင်အားကြီးတစ်နိုင်ငံက ကြားဝင်ပြီး ဖျန်ဖြေပေးမှသာ အခုပြဿနာက ဒီထက်ပိုပြီးမဆိုးလာမှာဖြစ်ပါတယ်။ အင်အားကြီးနိုင်ငံများအနက် အမေရိကန်နိုင်ငံက အစ္စရေးဘက်ကနေပါဝင်နေ သလိုရှိပြီး အီရန်ကိုဖိအားပေးနေတဲ့အတွက် သူကတော့ ဘယ်လိုမှကြားဝင်ဖျန်ဖြေပေးနိုင်မှာမဟုတ်ပါဘူး။
ဒီအချိန်မှာ အစ္စရေး၊ အီရန်နှစ်နိုင်ငံစလုံးနဲ့ကောင်းမွန်တဲ့သံတမန်ဆက်ဆံရေးကို တည်ဆောက်ထားနိုင်တဲ့ ရုရှားနိုင်ငံဟာ လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခတွေကို ပြေလည်အောင်ဖြေရှင်းပေးနိုင်သူ ဖြစ်လာလေမလားဆိုတဲ့ မေးခွန်းထွက်ပေါ်လာစေတာဖြစ်ပါတယ်။
လက်ရှိအနေအထားအရတော့ ဒီကိစ္စကိုဖျန်ဖြေပေးနိုင်မယ့်တစ်ခုတည်းသော အင်အားကြီးနိုင်ငံက ရုရှားနိုင်ငံသာဖြစ်တယ်လို့ လေ့လာသူတချို့က တထစ်ချယုံကြည်ထားပါတယ်။
အစ္စရေးနဲ့အီရန်တို့ကြား အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် မကြာခင်မှာပဲ ရုရှားသမ္မတ ဗလာဒီမာပူတင်က အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုနဲ့သာမက အီရန်သမ္မတ မာဆွတ်ပီ ဇက်ရှကီယန်နဲ့ပါ တယ်လီဖုန်းဆက်ဆွေးနွေးမှုတွေကိုလုပ်ဆောင်ထားပါတယ်။ အဲဒီလိုတယ်လီဖုန်းနဲ့ ဆွေးနွေးစဉ်မှာ ရုရှားနိုင်ငံအနေနဲ့လိုအပ်လာမယ်ဆိုရင် အစ္စရေးနဲ့အီရန်တို့ကြား တင်းမာမှုများပြေလည်စေရေးအတွက် ကူညီပေးဖို့အသင့်ရှိတယ်လို့ ကမ်းလှမ်းထားတယ်ဆိုပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကဖော်ပြထားတာတွေ့ရပါတယ်။
ပူတင်က ပီဇက်ရှကီယန်နဲ့ တယ်လီဖုန်းဆက်စကားပြောတဲ့အခါ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို ပြင်းပြင်း ထန်ထန်ရှုတ်ချပြီး အီရန်ရဲ့ဆုံးရှုံးမှုအတွက် ဝမ်းနည်းကြောင်း ပြောခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အီရန်နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့အခြေအနေတွေကိုဖြေရှင်းဖို့ ရုရှားဘက်က သီးခြားအဆို ပြုချက်တွေနဲ့လုပ်ဆောင်မယ့်အစီအစဉ်တွေရှိနေ တယ်လို့လည်း ပြောခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို “လုံးဝလက်မခံနိုင်ဘူး”လို့ပြင်း ထန်စွာရှုတ်ချပြီး“ဒီဖြစ်စဉ်ရဲ့အကျိုးဆက်အားလုံးက အစ္စရေးခေါင်းဆောင်တွေ အပေါ်ကျ ရောက်လိမ့်မယ်”လို့ သတိပေးခဲ့ပါတယ်။ ဒါ့အပြင် နှစ်ဖက်စလုံးကို တင်းမာမှုတွေထပ်မတိုးအောင် ထိန်းသိမ်းဖို့နဲ့ ဒေသတစ်ခုလုံး စစ်မက်ဖြစ်ပွားတဲ့အထိ မဖြစ်လာစေရေး ရှောင်ရှားဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
တစ်ဖက်မှာ ရုရှားက အစ္စရေးရဲ့လုပ်ရပ်တွေကို အပြင်းအထန်ဝေဖန်ထားပေမယ့် ရုရှားနိုင်ငံအနေနဲ့ အီရန်အပေါ် နိုင်ငံရေးအရကလွဲလို့ တခြားဘယ်လို ထောက်ပံ့မှုမှပေးမယ်လို့ ပြောခဲ့တာမရှိပါဘူး။ ဒါ တောင်မှ ရုရှားနိုင်ငံက အီရန်နိုင်ငံနဲ့စစ်ဘက်မိတ်ဖက် ဆက်ဆံရေးကိုထူထောင်ထားတာပါ။ သို့သော် လည်း အခုအခြေအနေမှာတော့ ရုရှားက အီရန်ကိုစစ်ရေး အကူအညီတွေပေးနိုင်ဖွယ်မရှိပါဘူး။
ဒီကြားထဲမှာပဲ ပူတင်က အစ္စရေးဝန်ကြီးချုပ်နဲ့ ဖုန်းဆက်ပြီး "အီရန်နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့ပြဿနာတွေကို နိုင်ငံရေးနဲ့ သံတမန်ရေးနည်းလမ်းတွေနဲ့သာ ဖြေရှင်းဖို့အရေးကြီးတယ်"လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ တင်းမာမှုတွေပိုမိုကြီးထွားလာခြင်းမရှိနိုင်စေဖို့ ကြားဝင်ဆောင်ရွက်ပေးမယ်လို့လည်း ပူတင်ကပြောကြောင်း ရုရှား သမ္မတရုံးကထုတ်ပြန်ထားပါတယ်။
ရုရှားဘက်က အီရန်နဲ့ အစ္စရေးခေါင်းဆောင်တွေနဲ့ဆက်သွယ်ပြီး အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံး အတွက် အပျက်သဘောဆောင်နိုင်တဲ့ အခြေအနေကိုဖြေရှင်းဖို့ နီးကပ်စွာ ဆက်လက်လုပ် ဆောင်သွားမယ်လို့ သဘောတူခဲ့ကြတယ်လို့လည်း သမ္မတ ရုံးရဲ့ထုတ်ပြန်ချက်ထဲမှာ ဖြည့်စွက်ဖော်ပြထားပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ ဇွန်လ ၁၄ ရက်က ဖုန်းဆက်ပြီး အရှေ့အလယ်ပိုင်းမှာ ဆက်တိုက်ဆိုသလို ပြင်းထန်လာနေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါသေးတယ်။ ဒီဆွေးနွေးမှုမှာ လက်ရှိပဋိပက္ခတွေကို ရုရှားဘက်ကကြားဝင်စေ့စပ်ပေးဖို့ အဆင်သင့်ရှိနေတဲ့အကြောင်းနဲ့ အီရန်နဲ့အမေရိကန်တို့ကြား နျူကလီးယားအစီအစဉ်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေမှာသဘောတူညီမှုရရှိဖို့ရည်ရွယ်တဲ့ အဆိုပြုချက်တွေကိုပြောပြထားကြောင်း ပူတင်က ထည့်သွင်းပြောဆိုခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးအကြံပေးယူရီယူရှာကော့ကပြောပါတယ်။
ရုရှားနဲ့ အီရန်ဆက်ဆံရေးဟာ စစ်အေးခေတ်မှာ မကြာခဏ တင်းမာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အီရန်က အမေရိကန်ရဲ့မဟာမိတ်ဖြစ်ခဲ့ပြီး ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေးအပြီးမှာတော့ အီရန်ခေါင်းဆောင် အယာတိုလာခိုမေနီက အမေရိကန်ကို စေတန်ကြီး၊ ဆိုဗီယက်ပြည်ထောင်စုကို စေတန်လေးလို့ ဝေဖန်ခဲ့ပါတယ်။
၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲပြီးနောက်ပိုင်းမှာ ရုရှားနဲ့ အီရန်ဆက်ဆံရေးက မြန်ဆန်စွာပဲနွေးထွေးလာခဲ့ပါတယ်။ အီရန်ဟာ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရစဉ်မှာ ရုရှားက အရေးပါတဲ့ ကုန်သွယ်ရေးမိတ်ဖက်အဖြစ်သာမက စစ်လက်နက်နဲ့နည်း ပညာ အဓိကထောက်ပံ့ သူဖြစ်လာခဲ့ပါတယ်။ ရုရှားဟာ အီရန်ရဲ့ ပထမဆုံးနျူကလီးယားဓာတ်ပေါင်းဖိုကို တည်ဆောက်ပေးခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ စတင်လည်ပတ်နိုင်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ အီရန်နဲ့ နျူကလီးယားအင်အားကြီး ခြောက်နိုင်ငံတို့ကြား သဘောတူညီမှုရရှိခဲ့ရာမှာ ရုရှားလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီသဘောတူညီမှုအရ အီရန်အပေါ် ဒဏ်ခတ်မှုတွေ လျှော့ချပေးမယ့်အပြင် အီရန်ဘက်က နျူကလီးယားလုပ်ငန်းစဉ်ကို ကန့်သတ်ပြီး နိုင်ငံတကာစောင့်ကြည့်မှုကိုဖွင့် ပေးဖို့ သဘောတူခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က သူ့ရဲ့ပထမအကြိမ် သမ္မတသက်တမ်းမှာ အမေရိကန်ကဒီသဘောတူညီမှုကနေ တစ်ဖက်သတ်နုတ်ထွက်သွားတဲ့အခါမှာလည်း ရုရှားက အီရန်ကိုနိုင်ငံရေးအရ ထောက်ခံမှုပေးခဲ့ပါတယ်။
ရုရှားက အီရန်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိပေမယ့် ပူတင်ဟာ အစ္စရေးရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုတာ ထပ်ခါထပ်ခါ ပြသခဲ့ပါတယ်။ နေတန်ယာဟုနဲ့ ကိုယ်ရေးကိုယ်တာ နွေးထွေးတဲ့ ဆက်ဆံရေးကိုလည်း ပူတင်ကထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ရုရှားနဲ့ အစ္စရေးတို့က နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ နီးကပ်တဲ့ ဆက်ဆံရေးတွေတည်ဆောက်ထားပြီး ဆီးရီးယားကိစ္စလို အနုတ်လက္ခဏာဆောင်တဲ့ အရေးကိစ္စတွေကိုတောင်မှ အတူတကွဖြေရှင်းနိုင်ခဲ့ကြတာပါ။
ရုရှားနိုင်ငံက S-300 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်တွေကို အီရန်ဆီရောင်းချခဲ့ပေမယ့် အခြားလက်နက်တွေပေးဖို့ကိုတော့ အစ္စရေးရဲ့ စိုးရိမ်မှုကို ထည့်သွင်းစဉ်းစားတဲ့အနေနဲ့ ဆိုင်းငံ့ထားခဲ့ပါတယ်။ အထူးသဖြင့် အီရန်က မျှော်မှန်းနေတဲ့ Su-35 တိုက်လေယာဉ်တွေကို ရောင်းချပေးခြင်း မရှိခဲ့တာ ကိုတွေ့ရပါတယ်။
အခုအချိန်မှာ အစ္စရေးနဲ့ အီရန်နှစ်ဖက်စလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးထားရှိခြင်းဟာ ရုရှားကို နှစ်နိုင်ငံစလုံးက ယုံကြည်တဲ့ အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်စေနိုင်ပြီး အီရန်နျူကလီးယား အစီအစဉ်နဲ့ပတ်သက်တဲ့ အနာဂတ်ညှိနှိုင်းမှုတွေမှာ ပါဝင်လာနိုင်တဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်လာခြင်းဖြစ်ပါတယ်။
မကြာသေးခင်က အမေရိကန်နဲ့ အီရန်တို့ကြား ဖြစ်နိုင်ခြေရှိတဲ့ သဘောတူညီချက်တစ်ခုထွက်ပေါ်လာစေရေးကို ရုရှားကအဆိုပြုခဲ့တာတွေ့ရပါတယ်။
အဲဒီအဆိုပြုချက်မှာတော့ ရုရှားက အီရန်နိုင်ငံမှအဆင့်မြင့်သန့်စင်ပြီးသားယူရေနီယံအများအပြားကိုရယူပြီး အရပ်ဘက်သုံးနျူကလီးယားလောင်စာအဖြစ် ပြောင်းလဲပေးနိုင်တယ်လို့ ရုရှားနိုင်ငံဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီယက်ကော့ကပြောထားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာတွေအားလုံး ရဲ့အရင်းခံက အီရန်နိုင်ငံဟာယူရေနီယံသန့်စင်မှုကို တိုးမြှင့်လုပ်ဆောင်လာတဲ့အတွက်ဖြစ်တယ်လို့ဆိုနိုင်တာကြောင့် အခုလိုမျိုးအဆိုပြုချက်က သင့်လျော် ကောင်းမွန်တယ်လို့ဆိုနိုင်ပါတယ်။
လက်ရှိအချိန်မှာ အစ္စရေးရဲ့အီရန်အပေါ်တိုက်ခိုက်မှုကြောင့် အမေရိကန်နဲ့အီရန်တို့ကြား နျူကလီးယား အရေးဆွေးနွေးပွဲပျက်စီးသွားသော်ငြား တကယ်လို့ များ အဲဒီဆွေးနွေးပွဲပြန်လည်စတင်ဖြစ်ခဲ့ရင် ရုရှား နိုင်ငံရဲ့ကမ်းလှမ်းချက်က နျူကလီးယားသဘောတူ ညီချက်အတွက် အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ် လာမှာအသေအချာပါပဲ။
ဒါကြောင့် ရုရှားနိုင်ငံသည် လက်ရှိအခြေအနေမှာ လည်း အစ္စရေး၊ အီရန်နိုင်ငံတို့နဲ့ ကောင်းမွန်တဲ့ဆက် ဆံရေးကိုတည်ဆောက်ထားနိုင်တဲ့အတွက် သူတို့ နှစ်နိုင်ငံကြားတင်းမာမှုများကို ကြားဝင်ဖြေရှင်းပေး နိုင်မယ့် တစ်ခုတည်းသောအင်အားကြီးနိုင်ငံဖြစ်လာ စေမယ့်အပြင် အနာဂတ်မှာလည်း အီရန်နျူကလီး ယားသဘောတူညီချက်ရရှိစေရေးအတွက် အခြေခံ အုတ်မြစ်တစ်ခုကို ဖန်တီးပေးနိုင်မယ့်တစ်ခုတည်း သောနိုင်ငံအဖြစ်တည်ရှိနေတဲ့အကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ ။
MWD Web Portal
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနသည် ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်တို့ကို မူဝါဒချမှတ် ဆောင်ရွက် လျက်ရှိသည်။ မျှော်မှန်းချက်အနေဖြင့် ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာ ဖူလုံစေရန်၊ငါးလုပ်ငန်းကိုအခြေခံ၍ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူဖြစ်စေရန် ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ရည်မှန်း ချက်(၆)ရပ်၊ လုပ်ငန်းစဉ်(၂၅)ချက်ကို ရေးဆွဲချမှတ်ပြီး ငါးကဏ္ဍဖွံ့ဖြိုးရေးအတွက်လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင်ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေး၊ ငါးသယံဇာတများ စဉ်ဆက် မပြတ် ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများအလုပ်အကိုင်၊ အခွင့်အလမ်းနှင့် ဝင်ငွေရရှိ စေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်၊ ငါးရိက္ခာများရေရှည်စားသုံးနိုင်ရန် ရည်ရွယ်၍ မြစ်ကြီးများ၊ သဘာဝမြစ်၊ ချောင်း၊ အင်း၊ အိုင် ယင်းတို့နှင့်ထိစပ်လျက်ရှိသော မြစ်ဖျား၊ ချောင်းဖျားများနှင့် ဆည်၊ ကန်၊ ရေလှောင်တမံများအတွင်းသို့ နှစ်စဉ် ၁ လက်မ အရွယ် ငါးသားပေါက် များကို မျိုးစိုက်ထည့်ပေးလျက်ရှိသည်။
နိုင်ငံတော်အကြီးအကဲက“တိုင်းပြည်စားနပ်ရိက္ခာဖူလုံရေးမှာအရေးကြီးကြောင်း၊ မွေးမြူရေးလုပ်ငန်း များကိုလည်း တွန်းအားပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအတွက် ရေမြေ နှင့်အခြေခံကောင်းများရှိပါကြောင်း၊ ယင်းကိုအကျိုးရှိရှိအသုံးချရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းကို နည်းစနစ်ကျသည့် မွေးမြူရေးစနစ်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းပြည်အတွက် စားနပ်ရိက္ခာ ပေါများရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငါးမွေးမြူရေးမှာ လွယ်ကူသည့်နည်းလမ်းဖြစ်ကြောင်း မြစ်ချောင်းအင်းအိုင်များတွင် ငါးမျိုးများအမြောက်အမြားစိုက်ထည့်ပေးရန်လိုကြောင်း၊ စိုက်ပျိုးမွေး မြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်လျှင် စားနပ်ရိက္ခာဖူလုံသည့်အပြင် စီးပွားဖြစ်သည့် အဆင့်သို့ရောက်ရှိလာမည်ဖြစ်ကြောင်း” ကိုလည်း စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး(၂/၂၀၂၁) တွင် ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယခုနှစ်တွင် စိုက်ထည့်မည့်ငါးမျိုးသည် ရှင်သန်မှုနှုန်း ပိုမိုကောင်းမွန်ရေးအတွက် အနည်းဆုံး၂ လက်မအရွယ်ရှိသည့်ငါးသားပေါက်များကိုသာ မျိုးစိုက် ထည့်ရန်၊ သားငါးပေါများစေရန် အဓိကမြစ်ကြီးများတွင် ပိုမိုစိုက်ထည့်ရန်၊ ငါးမျိုးစိုက်ထည့်သည့် အချိန်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့်လိုအပ်သည့်အဖွဲ့များဖွဲ့စည်း၍ငါးမျိုးစိုက်ထည့်ရန်၊ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့်ပေါင်းစပ်၍ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ ထိရောက်သည့် ငါးမွေးမြူရေးသင်တန်းများဖွင့်လှစ်သင်ကြားပေးနိုင်ရန်နှင့် ငါးသားဖောက်သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ရေချိုရေပြင်များ
မြန်မာနိုင်ငံတွင် ရေချိုငါးများရှင်သန် ပေါက်ပွားကြီးပြင်းနေ ထိုင်နိုင်သည့်ကုန်းတွင်းရေချိုရေပြင် များဖြစ်သော မြစ်၊ ချောင်း၊ အင်း၊ အိုင်များသည် ဧရိယာအားဖြင့် ဟက်တာသန်းပေါင်း ၈ ဒသမ ၁- ၈ ဒသမ၂ သန်း ရှိသည်။ အဓိကမြစ်ကြီးများဖြစ်သည့် ဧရာဝတီမြစ် အရှည် ၂၁၅၀ ကီလိုမီတာ၊ ချင်းတွင်းမြစ် အရှည် ၁၂၀၀ ကီလိုမီတာ၊ သံလွင်မြစ် အရှည် ၂၈၀၀ ကီလိုမီတာ၊ စစ်တောင်းမြစ် အရှည် ၄၂၀ ကီလိုမီတာ၊ သဘာဝကန်ကြီးများဖြစ်သည့် ရှမ်းပြည်နယ် အင်းလေးကန် ၁၅၅၀၀ ဟက်တာ၊ ကချင်ပြည်နယ် အင်းတော်ကြီးကန် ၁၂၀၀၀ ဟက်တာ၊ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်ကန် ၂၈၅၀ ဟက်တာ၊ ရေချိုရေပြင် ဧရိယာ စုစုပေါင်း ၈ ဒသမ ၁ ဟက်တာသန်းအနက် ဧရိယာ ၁ ဒသမ ၂-၁ ဒသမ ၃ ဟက်တာသန်းသည် အမြဲတမ်းတည် ရှိသောရေချိုရေပြင်ဖြစ်ပြီး ကျန်ရှိသော ဧရိယာ ခုနစ်ဟက်တာသန်းခန့်သည် ရာသီအလိုက် ရေပေါ်ရေလျှံဧရိယာများဖြစ်သည်။ ရေချိုငါးသယံဇာတများ ရှင်သန် တည်ရှိပွားများရန် သဘာဝရေပြင် မြစ်၊ ချောင်း၊ အင်း၊ အိုင် - ၂၀ ဒသမ၅၀ ဧက (သန်း)၊ ရေဝပ်ဧရိယာ ၁၅ ဧက (သန်း) ၊ ဆည်/ရေလှောင်ကန် ၄ ဒသမ ၅ ဧက (သန်း)၊ စပါးစိုက်ဧက ၁၃ ဒသမ ၃၈ ဧက (သန်း) စုစုပေါင်း ၅၃ ဒသမ ၃၈ ဧက (သန်း) ရှိသည်။
မြန်မာနိုင်ငံ၏ ရေချို/ရေငန်စပ်နှင့် ရေငန်ရေပြင်များ
မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်ဘက်တွင်အိန္ဒိယသမုဒ္ဒရာ၊ ဧရာဝတီတိုင်းဒေသကြီးဘက်၌ဘင်္ဂလားပင်လယ်အော်၊ တနင်္သာရီတိုင်း ဒေသကြီးဘက်တွင်ကပ္ပလီပင်လယ်ပြင်တို့နှင့် ထိစပ်နေပြီး ကမ်းရိုးတန်းဒေသများတွင် ရေငန်ပုစွန်၊ ကဏန်းပျော့မွေးမြူရေးနှင့် ကမ်းနီးပင်လယ်ပြင်တွင် ရေငန်ငါး၊ ရေမှော်စသည်တို့ကိုမွေးမြူ လျက်ရှိ သည်။
မြန်မာနိုင်ငံကမ်းရိုးတန်းအရှည်မှာ ၂၈၃၂ ကီလိုမီတာရှိသည်။ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ပုစွန်မွေးတောင်သူများ၏ပုစွန်မွေးမြူခြင်းလုပ်ငန်းမှာ အများအားဖြင့် သဘာဝမှပုစွန်သား ပေါက်များကို မွေးကန်အတွင်းရေသွင်းပြီးပါလာသည့် ပုစွန်သားပေါက်များကိုသာ ထည့်သွင်းမွေးမြူ သောလုပ်ငန်းတစ်ခုဖြစ်သည်။
ယခုအခါ သဘာဝတွင် ဖမ်းဆီးမှုများပြားခြင်းကြောင့်လည်းကောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့်လည်းကောင်း၊ သဘာဝ၌ပုစွန်သားပေါက်များထွက်ရှိမှုမှာ တဖြည်းဖြည်းလျော့ကျလာပြီဖြစ်သည်။ ပုစွန်သားပေါက်များအား ပုစွန်သားပေါက်စခန်းများမှရယူပြီး ပုစွန်မွေးမြူရေးလုပ် ငန်းအားလုပ်ဆောင်သွားရန်နှင့် သဘာဝရေပြင်သို့ ပုစွန်မျိုးများမျိုးစိုက်ထည့်ရန် လိုအပ်လာသည်။
သို့ဖြစ်ပါ၍ရေငန်ပုစွန်သားပေါက်များအားရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်ရှိ ကျောက်ဖြူပုစွန်သား ဖောက်စခန်း၊ စစ်တွေမြို့နယ်ရှိ ရေချမ်းပြင်ပုစွန်သားဖောက်စခန်းနှင့် အောင်တိုင်ပုစွန်သား ဖောက်စခန်းတို့မှလည်းကောင်း၊ ရေချိုပုစွန်သားပေါက်များအား ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ်ရှိ ကျောက်တန်းပုစွန်သားဖောက်စခန်းမှ လည်းကောင်း နှစ်စဉ်မျိုးစိုက်ထည့်ပေးလျက်ရှိသည်။
ရေချိုငါးသယံဇာတ ရေရှည်တည်တံ့ရန်ဆောင်ရွက်ချက်များ
ငါးလုပ်ငန်းဦးစီးဌာနသည် ရေချို ငါးလုပ်ငန်းရေပြင်များပျက်စီးခြင်းမှကာကွယ်စောင့်ရှောက်ခြင်း၊ ငါးမျိုးပြုန်းတီးမှုမှ ကာကွယ်တား ဆီးခြင်း၊ ဂရန်အင်းအတွင်း ဖမ်းဆီးခြင်းကိုအခြေခံသော မွေးမြူရေးစနစ်(Capture Based Culture System)ဖြင့် တိုင်းရင်းငါးမျိုးများအား ထိန်းသိမ်းပြုစုမွေးမြူခြင်း၊ ဂရန်အင်းအတွင်း ငါးအထွက်တိုး စေရေးအတွက် မွေးမြူရေးကိုအခြေခံသော ဖမ်းဆီးထုတ်လုပ်မှုစနစ်(Culture Based Capture System )ဖြင့် မွေးမြူရေးငါးသားပေါက်များထည့်သွင်းမွေးမြူခြင်း၊ ဆည်၊ ကန်ရေလှောင်တမံများအပါအဝင် ရေချိုငါးလုပ်ငန်းရေပြင်များတွင် ငါးမျိုးစိုက်ထည့်ခြင်း၊ တိုင်းရင်းငါးမျိုးထိန်းသိမ်းခြင်းနှင့် ငါးမျိုးပြုန်းတီး မှုမရှိစေရေးအတွက် သုတေသနအင်းများ သတ်မှတ်ဆောင်ရွက်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် ရေချိုငါးလုပ်ငန်းနှင့်စပ်လျဉ်း၍ ဌာနပိုင်ငါးလုပ်ငန်းစခန်းများမှ အရည်အသွေးကောင်းမွန် သော ငါးမျိုးများဖောက်ပြီး ငါးသားဖောက်ထုတ်လုပ်ခြင်းနှင့် သဘာဝရေပြင်များသို့ ငါးသားပေါက်များ မျိုးစိုက်ထည့်ပေးခြင်း၊ သဘာဝငါးနေငါးထိုင်များနှင့် ငါးများသားပေါက်၊ မျိုးပွားသည့်နေရာများ ထိန်းသိမ်းခြင်းကို ဆောင်ရွက်လျက်ရှိသည့်နည်းတူ အခြားတစ်ဖက်၌လည်း ငါးဖမ်းလုပ်ငန်းများကို စီမံခန့်ခွဲမှုအနေဖြင့် တရားမဝင်သောငါးဖမ်းနည်းများ (ဘက်ထရီရှော့တိုက်ခြင်း၊ အဆိပ်ချ၊ မိုင်းခွဲငါးဖမ်းခြင်း)ဖြင့် ဖမ်းဆီးထုတ်လုပ်ခြင်းကို မပြုလုပ်ရန် အသိပညာပေးခြင်းနှင့် စီမံခန့်ခွဲခြင်း၊ ငါးသယံဇာတများရေရှည်တည်တံ့ပွားများစေရန်ထိန်းသိမ်းခြင်းနှင့် မျိုးပွားရာသီတွင် မျိုးငါးမကြီးများနှင့် ပေါက်ပွားလာသော ငါးရစ်၊ ငါးသန်များကို မဖမ်းဆီးရေး အသိပညာပေးခြင်းနှင့် တားမြစ်ခြင်း၊ အရေးယူခြင်းများကို အလေးထားဆောင်ရွက်လျက်ရှိသည်။
ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်မှု
ငါးလုပ်ငန်းဦးစီးဌာနသည် ငါးသယံဇာတများ ရေရှည်တည်တံ့ ပြန့်ပွားစေရေးနှင့် ငါးစားသုံးမှုဖူလုံစေရေးအတွက် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်း ဒေသကြီး/ပြည်နယ်များရှိ သဘာဝမြစ်၊ ချောင်းများအတွင်းသို့ ဌာနပိုင် ငါးလုပ်ငန်းစခန်း ၂၆ ခုနှင့် ပုစွန်သားဖောက်စခန်း ၃ ခုတို့မှ အောက်ဖော်ပြပါအတိုင်း နှစ်အလိုက် ၂ လက်မအရွယ်ငါး/ပုစွန် သားပေါက်များအား မျိုးစိုက်ထည့်ပေးခဲ့သည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် သဘာဝမြစ်၊ ချောင်းများအတွင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏လမ်းညွှန်မှု၊ ပြည်ထောင်စုဝန်ကြီး၏ ကြီးကြပ်မှုတို့ဖြင့် ၂ လက်မအရွယ် ငါး/ပုစွန်သားပေါက်ကောင်ရေ ၃၈၈ ဒသမ ၇၄ သိန်း မျိုးစိုက်ထည့်ပြီး ငါးရိက္ခာ ဖူလုံစေရေးအတွက် ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်းရေးသားဖော်ပြအပ်ပါသည်။ ။
MWD Web Portal
#အစာအိမ်ရောင်နေတယ် ဘာစားရမလဲ
#အသီးအရွက်မစားတာ စဖြစ်ထဲကပဲ နှစ်တောင်ချီနေပြီ
#Probiotic_သောက်လို့ရလားဆရာ
စိတ်ဖိစီးမှု နဲ့ အစားအသောက် မရှောင်နိုင်ကြတဲ့ ကျွန်တော်တို့တွေ ဟာ အစာအိမ်ရောင်တာကနေ ဘယ်တော့မှ သက်သာရာရဖို့ မရှိသလိုဖြစ်နေပါတယ်။ တချို့ဆိုနှစ်ချီပါတယ် (အံ့ဩဖို့ကောင်းလောက်အောင်ကို ဆယ်စုနှစ်နဲ့ချီနေတဲ့လူတွေ ရှိနေပါတယ်)
အစာအိမ်ရောင်စေတာက အဓိက အချက်ကြီး (၄) ချက်ရှိတယ်
1. အစားအသောက်သောင်းကြမ်းတာ (စားချိန်မမှန်တာ ၊ ဗိုက်ဆာလွန်းမှ စားတာ)
2. စိတ်ဖိစီးမှုများတာ
3. အစာအိမ်ပိုးရှိတာ (H. pylori)
4. အကိုက်အခဲပျောက်ဆေးစတဲ့ အစာအိမ်ဒဏ်ဖြစ်စေတဲ့ ဆေးတွေသောက်နေတာ
အဲ့ဒီ (၄) ချက်လုံးကို ဖယ်လိုက်နိုင်မှ အနာကျက်ပါလိမ့်မယ်။
ဗိုက်နာနေရင် ဆန်ပြုတ်သောက်၊ နည်းနည်းသက်သာတာနဲ့
- မာလာရှမ်းကောစား၊
- မနက်မိုးလင်းတာနဲ့ Coffee/Tea သောက်၊
- ဘော်ဒါတွေနဲ့ တွေ့ရင် Bar ထိုင် အရက်သောက်၊
- ဆေးလိပ်ကလည်းသောက် နေရင် အနာက အကင်းမသေပါဘူး
အစားအသောက်_ရှောင်တယ် ဆိုတာ လနဲ့ချီပြီး သေသေချာချာရှောင်ရတာပါ။ {ဗိုက်နာနေတုန်းပဲရှောင်ရတာမဟုတ်ပါဘူး } အနည်းဆုံး (၂) လ ရှောင်ရပါမယ်။
ဘာတွေရှောင်ရမလဲ ⁉️
👉 အပူ၊ အစပ်၊ အချဉ် ရှောင်ပါ
- ငရုတ်သီး၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း
- ရှောက်သီး၊ သံပရာသီး၊သံပယိုသီး၊ ဇီးသီး၊ ရှာလကာရည်
- (မာလာဟင်း၊မာလာရှမ်းကော)
👉 အရက်၊ ဘီယာ၊ Coffee၊ Tea ၊ Gas ပါတဲ့အချိုရည်
👉 အစာကြေမလွယ်တဲ့အစာများရှောင်ပါ
- ကောက်ညှင်းပေါင်း၊ ဆီထမင်း၊ ထမနဲ
- ဆီကြော် ( ခေါက်ဆွဲကြော်၊ကြာဆံကြော်၊ထမင်းကြော်၊ ကြေးအိုးဆီချက်၊ အကြော်စုံ)
- ဒန်ပေါက်
👉 လေပွစာများရှောင်ပါ
- လက်ဖက်၊ သခွားသီး
👉 အဆီများလွန်းတဲ့ အစာများမရပါ
- ရေခဲမုန့် ၊ Chocolate (( Keto Diet ))
👉 အကိုက်အခဲပျောက်ဆေး (NSAIDs)၊ စပ်ဆေးမသောက်ပါနှင့် (လိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်ပြီးမှ အနည်းဆုံးလိုအပ်တဲ့ဆေးဝါးကိုသောက်ပါ)
👉 ဆေးလိပ် (လုံးဝ) မသောက်ရပါဘူး
ဒီလောက်တောင်ရှောင်နေရရင် ဘာတွေစားလို့ရလဲ ⁉️
👉 အဆီပါဝင်မှုနည်းတဲ့ အစားအစာတွေ
- ငါး၊ အသား (အရေခွံမစားသင့်ပါ)
👉 အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ
- ဟင်းသီးဟင်းရွက်
- အသီး ( ပန်းသီး၊ ဖရဲသီး၊ ငှက်ပျောသီး)
- ပဲအမျိုးမျိုး
{ဒီနေရာမှာ အသီးအရွက်စားရင် ဗိုက်တင်းတယ်ဆိုပြီး မစားကြတဲ့အတွက် အစာအိမ်ရောင်တဲ့လူတွေက ဝမ်းချုပ်ပါတယ် 👉 ဝမ်းချုပ်တဲ့အတွက် လိပ်ခေါင်းရောဂါ၊ စအိုကွဲနာ စတာတွေ ဖြစ်လာတတ်ပါတယ် ( ဖြစ်နေကြမှာပါ) }
ဟင်းသီးဟင်းရွက်ကစားရမှာလား ဆရာ ၊ ဗိုက်တင်းပြီး ပြန်နာရင် ဘယ်လိုလုပ်မလဲလို့ မေးလာနိုင်တာအတွက် ကြိုဖြေထားပါရစေ။
- ဆေးပညာအရ စားသင့်တယ်လို့ ညွှန်းထားပါတယ် (မစားကြလို့လည်း ဝမ်းပြဿနာ တတ်နေကြပါတယ်)
- မစားတာကြာတာကို စစားရင်တော့ ရင်ပြည့်ပါလိမ့်မယ်၊ နည်းနည်းချင်းစီစစားပြီး နောက်မှတဖြည်းဖြည်းတိုးတိုးစားပါ
- (အရေးကြီးတာက စားတာ မစားတာ ကိုယ့်သဘောပါ)
👉 နို့ သောက်လို့ရပါတယ်၊
👉 ( ဒိန်ချဉ်ရတယ်လို့ ညွှန်းထားပါတယ် ဒါပေမယ့် ဝယ်တဲ့ဆိုင်က မသန့်ရင်တော့ Acid ထွက်တာနည်းစေတဲ့ဆေးတွေသောက်ထားတဲ့အတွက် ဝမ်းလျှောပါလိမ့်မယ်)
👉 Probiotic ဆိုတာ ဒိန်ချဉ်ပါပဲ
မပူလွန်း၊ မအေးလွန်းသော အစာနွေးနွေးကို နည်းနည်းနှင့် ခဏခဏ စားပေးပါ။
စားရမယ့်အစာတွေကိုကြည့်ခြင်းအားဖြင့်
🤷♂️ ဆန်ပြုတ်ချည်းသောက်ရမယ်လို့ မဆိုလိုပါဘူး
ဆန်ပြုတ်ချည်းသောက်နေခြင်းဟာ အဟာရချို့တဲ့စေတဲ့အတွက် အစာအိမ်အနာလည်း မကျက်ပါဘူး
ဆန်ပြုတ်မသောက်လို့ရလား ? ထမင်းစားရင် ရင်ပြည့်တယ် ဗိုက်တင်းတယ်ဆိုပြီး မေးလာမယ့်လူများအတွက် လည်းကြိုဖြေထားပါရစေ
- ဆေးပညာအရ စားသင့်တယ်လို့ ညွှန်းထားပါတယ်
- မစားတာကြာတာကို စစားရင်တော့ ရင်ပြည့်ပါလိမ့်မယ်၊ နည်းနည်းချင်းစီစစားပြီး နောက်မှတဖြည်းဖြည်းတိုးတိုးစားပါ
- (အရေးကြီးတာက စားတာ မစားတာ ကိုယ့်သဘောပါ)
🤷♂️ ဆန်ပြုတ်တော့သောက်ပြီး အရသာရှိအောင် ကြက်သွန်တွေထည့်ပြုတ်ပြီး ငရုတ်ကောင်းမှုန့် ဖြူးစားကြတာဟာ ရည်ရွယ်ချက်ပျောက်နေတဲ့ သဘောပါပဲ 🤷♂️
ကျွန်တော် တတ်နိုင်သလောက်
- စားသင့်တာရော
- ရှောင်ရမှာရော
စုထားပေးပါတယ်၊ ဒီထက်အပြင် ဒီထဲမပါတာ စားချင်ရင် တော့ကိုယ့်သဘောပါ၊ မတည့်ရင် ကိုယ်ပဲခံရပါမယ်။
👉👉👉ဆေးပညာသည် သုတေသနများအပေါ်အခြေခံပြီး လူအများအတွက် သင့်တော်ရာကို ဆရာ့ဆရာကြီး အဆက်ဆက်ရှာဖွေပြီး စုဆောင်းထားခြင်းဖြစ်ပါသည်။ ဘုရားဟော တရားတော်များမဟုတ်သည့်အတွက် အလုံးစုံ မှန်ကန်ပါသည်ဟုလည်း အာမမခံထားကြပါ။ ကျွန်တော်သည်လည်း သာမန်လူတစ်ယောက်သာဖြစ်၍ မည်သူ့အတွက် မည်သည့်အရာဖြင့် ပျောက်ကင်းနိုင်သည်ဟူ၍ မသိပါ။
ကိုယ်ပိုင် Knowledge, experience များဖြင့် ကိုယ်ကျိုးအတွက်မဟုတ်ပဲ လူနာ အများစုအကျိုးရှိစေရန် စုစည်းပေးထားခြင်းပါ။
ဘာဆေးသောက်ရမလဲမေးမည့်လူများအတွက်ကတော့ 👉 ပြသထားတဲ့ ဆရာဝန်ညွှန်းထားတာသောက်ပါ
တကယ်သာရှောင်နိုင်လိုက်ရင် 👉 ဆေးသောက်ထားတဲ့ အတွက် အစာခြေရည်ထွက်တာနည်းပြီး အစာအိမ်နံရံကိုလည်း ဒဏ်ဖြစ်ရာမှ ကာကွယ်ထားတဲ့ အတွက် 😀 အနာအသစ်မဖြစ်ပဲ အနာဟောင်းတွေ အမြန်ကျက်ကာ ယခင်ကြိုက်ရာစားလို့ရတဲ့ အစာအိမ်လေးပြန်လည် ပိုင်ဆိုင်ကြရမှာပါ
{ မူရင်းpost https://www.facebook.com/104993831383029/posts/140958674453211/?d=n}
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
မှတ်ချက်။ Dr ဘုန်းစည်သူလွင် ၏ Facebook Page မှတစ်ဆင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
သွေးလွန်တုပ်ကွေး ရောဂါသည် ရာသီမရွေးဖြစ်ပွားတတ်ပြီး မိုးဦးကျကာလမှစတင်၍ မိုးရာသီတွင် အဖြစ် အများဆုံး ရောဂါဖြစ်သည်။ ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး တစ်နှစ်လျှင် ရောဂါကူးစက်ခံရသူ သန်း ၄၀၀ နီးပါးရှိကြောင်း၊ ၎င်းတို့အနက် လူကြီး ၁၀ ရာခိုင်နှုန်းနှင့် ကလေး ၃၀ ရာခိုင်နှုန်း ပါဝင်ကြောင်း၊ အရှေ့တောင်အာရှဒေသ၌ မုတ်သုံတောပေါများရာ အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအများဆုံးဖြစ်ကြောင်း သိရသည်။ မှတ်တမ်းများအရ ကမ္ဘာပေါ်တွင် သွေးလွန်တုပ်ကွေးရောဂါသည် ကပ်ရောဂါအဖြစ် ၁၆၃၅ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံတွင် ၁၉၇၀ ပြည့်နှစ်တွင် ရန်ကုန်မြို့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လူဦးရေထူထပ်ပြီး စိုစွတ်နေရာ အများအပြားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း လေ့လာသိရှိရသည်။ ထို့ကြောင့်သွေးလွန်တုပ်ကွေး ဖြစ်ပွားစေသည့် ခြင်ကျားနှင့် ပိုးလောက်လမ်းများအား ကြိုတင်နှိမ်နင်းရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းစဉ်များကို ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် အစဉ်သတိပြု လုပ်ဆောင်သင့်ပေသည်။
သွေးလွန်တုပ်ကွေးဆိုသည်မှာ
သွေးလွန်တုပ်ကွေးရောဂါ၏ အဓိကတရားခံက အေးဒီးစ်ခြင်ကျားများဖြစ်ပြီး ရေကြည်ရေသန့်တွင် ပေါက်ပွားလေ့ရှိသည်။ ခြင်ကျားသည် ပိုးလောက် လမ်းဘဝမှ ခြင်ကောင်ဖြစ်ရန် ခုနစ်ရက်ခန့် ကြာမြင့်သည်။ ခြင်တစ်ကောင်၏ ပျမ်းမျှသက်တမ်းသည် တစ်လမှ သုံလခန့်ရှိသည်။ ခြင်မတစ်ကောင်သည် သူ့သက်တမ်းတစ်လျှောက် အနည်းဆုံး ခုနစ်ကြိမ်ခန့် အောင်အောင်မြင်မြင် ဥနိုင်သည်။ တစ်ကြိမ်ဥလျှင် ရာသီဥတုနှင့် နေရာတို့ပေါ်မူတည်၍ ဥ ၅၀ မှ ၃၀၀ ခန့်အထိ ဥနိုင်သည်။ မိုးရွာပြီးနောက် ရေအိုင်များ၊ အိုးခြမ်းပဲ့များ၊ ဘက်ထရီအိုးဟောင်းများတွင် မိုးရေတင်ကျန်ခဲ့ပြီးနောက် နေထွက်လာသောအခါ ပိုးလောက်လမ်းများ ပေါက်ပွားလာကြကာ ၎င်းမှတစ်ဆင့် ခြင်းကျား (ခေါ်) ခြင်ပုန်းများဖြစ်လာသည်။ ခြင်ပုန်းများက ပေါက်ပွားမှုမြန်ဆန်ပြီး ကိုက် ၁၀၀ အထိ ပျံသန်းနိုင်ကြသည်။
အပြည့်အစုံဖတ်ရှုရန်- https://www.mdn.gov.mm/my/miuraasiittng-aphcmaasnny-selnttupkereaag-kiuttngkaakyp-0
ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကို ၂၀၂၀ ပြည့်နှစ်က စတင်အတည်ပြုတွေ့ရှိခဲ့ပြီး အဆိုပါရောဂါကြောင့် ကမ္ဘာတစ်ဝန်း ထိခိုက်သေဆုံးမှုတွေ ဖြစ်ပွားခဲ့ရပါတယ်။ ယခုအခါမှာလည်း နိုင်ငံအချို့မှာ ကိုဗစ်-၁၉ တစ်ကျော့ပြန် ကူးစက်လာတာကို တွေ့ရှိလာပါတယ်။ ထိုင်း၊ အိန္ဒိယ၊ အင်္ဂလန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ နယူးဇီလန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ ကိုဗစ်-၁၉ ကူးစက်မှုတွေကို ဖော်ပြအပ်ပါတယ်။
ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံမှာ ဇွန် ၁၃ ရက်က ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူအသစ် ၁၂၁၈၁ ဦး ရှိပါတယ်။ ထို့ကြောင့် နိုင်ငံတစ်ဝန်း ယခုနှစ်ဇန်နဝါရီလမှစကာ ယင်းရောဂါဖြစ်ပွားသူ စုစုပေါင်းအရေအတွက်မှာ ၄၇၁၇၈၁ ဦး ရှိပါတယ်။ ဆက်လက်ပြီး ယခုနှစ်အတွင်း ယင်းရောဂါကြောင့် သေဆုံးသူပေါင်း ၁၅၁ ဦး ရှိပြီဖြစ်တယ်။
အိန္ဒိယနိုင်ငံ
အလားတူ အိန္ဒိယနိုင်ငံမှာ မေလနှောင်းပိုင်းကစကာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းတွေ ရုတ်တရက် တိုးလာပါတယ်။ အိန္ဒိယနိုင်ငံမှာ ဇွန် ၁၄ ရက် တစ်ရက် တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ သစ် ၂၆၉ ဦးတွေ့ရှိသဖြင့် ရောဂါကူးစက် ခံရသူစုစုပေါင်း ၇၃၈၃ အထိ တိုးလာပါတယ်။ ထို့ပြင် အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၉၇ ဦးအထိ ရှိလာပါတယ်။ သေဆုံးသူတွေဟာ ကီရာ၊ မဟာရက်ရှ်ထရာ၊ ရာဂျစ်စသန်၊ တမီးလ်နာဒူပြည်နယ်တွေက ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ တွေဟာ ဂူဂျာရတ်ပြည်နယ်မှာ ၁၄၃၇ ဦး၊ အနောက်ဘန်ဂေါပြည်နယ်မှာ ၇၄၇ ဦး၊ ဒေလီမြို့မှာ ၆၇၂ ဦး၊ မဟာရက်ရှ်ထရာ ပြည်နယ်မှာ ၆၁၃ ဦး၊ ခါနာတာခါ ပြည်နယ်မှာ ၅၂၇ ဦးနဲ့ ဥတ္တရာပရာဒက်ရှ် ပြည်နယ်မှာ ၂၄၈ ဦးတို့ အသီးသီးရှိကြပါတယ်။
ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာလုံး ဆိုင်ရာ ကပ်ရောဂါအဖြစ် ကြေညာခဲ့ပြီး နောက် ငါးနှစ်ကျော်အကြာ ယခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်တက်နေတဲ့နိုင်ငံတွေအနက် အိန္ဒိယနိုင်ငံလည်းအပါအဝင် ဖြစ်ပါတယ်။ ယခုအခါ ကိုဗစ်-၁၉ မျိုးကွဲသစ်ဟာလည်း ဆက်လက်ပေါ်ထွက်လာခဲ့တယ်။
အင်္ဂလန်နိုင်ငံ
အင်္ဂလန်နိုင်ငံမှာ NB.1.8.1 မျိုးကွဲ ကူးစက်ဖြစ်ပွားသူ ၁၃ ဦးရှိတယ်လို့ ယူကေကျန်းမာရေးဆိုင်ရာ လုံခြုံရေးအေဂျင်စီ(ယူကေအိတ်ချ်အက်စ်အေ)က ဆိုတယ်။ ဧပြီလနှောင်းအပိုင်းအထိ NB.1.8.1 မျိုးကွဲကူးစက်ဖြစ်ပွားသူမှာ ကမ္ဘာလုံးဆိုင်ရာ တင်ပြချက်များ၏ ၁၀ ဒသမ ၇ ရာခိုင်နှုန်းခန့်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ချ်အို)က ထုတ်ပြန်ထားပါတယ်။ အဆိုပါအရေ အတွက်မှာ မတ်လအတွင်း ၂ ဒသမ ၅ ရာခိုင်နှုန်းရှိရာကနေတိုးလာတာ ဖြစ်တယ်။
ဗီယက်နမ်နိုင်ငံ
ဗီယက်နမ်နိုင်ငံမှာလည်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်မြင့်မားမှုကို ကြိုတင်ကာကွယ်ဖို့အတွက် ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဆေးရုံတွေကို သတိပေး တိုက်တွန်းထားပါတယ်။
ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါတွေ ကူးစက်မှု မြင့်တက်လာတဲ့အခါမှာ ကိုဗစ်လူနာ တွေကိုထားရှိဖို့ လိုအပ်တဲ့အထောက် အကူပစ္စည်းတွေ၊ သီးခြားနေရာတွေနဲ့ ဆေးဘက်ဆိုင်ရာပံ့ပိုးကူညီမှုတွေ ကြိုတင်ပြင်ဆင်ဖို့ နိုင်ငံတစ်ဝန်းရှိ ဆေးရုံတွေကို ညွှန်ကြားထားတယ်လို့ ဗီယက်နမ် သတင်းအေဂျင်စီက ထုတ်ပြန်ထားတယ်။
ဆက်လက်ပြီး ဗီယက်နမ်နိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင်များ၊ ရောဂါအခံရှိသူများနှင့် သက်ကြီးရွယ်အိုများအပါအဝင် ထိခိုက်လွယ်သည့်အုပ်စုများကို ကာကွယ်ရေးအစီအမံများ အကောင်အထည်ဖော်ရန် လိုအပ်ချက်များကို ဝန်ကြီးဌာနက အလေးပေးညွှန်ကြားထားပါတယ်။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်မှာ မေ ၃၀ ရက်မှ ဇွန် ၆ ရက်အထိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူသစ် ၁၅၀ အတည်ပြု တွေ့ရှိတယ်လို့ ဗီယက်နမ်သတင်း အေဂျင်စီက ထုတ်ပြန်ထားပါတယ်။
၂၀၂၅ ခုနှစ်မှစကာ ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၅၅၈ ဦး တွေ့ရှိခဲ့ပြီး ယင်းအရေအတွက်မှာ ၂၀၂၄ ခုနှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ကြည့်ပါက ၁၀၉ ယောက် လျော့နည်းကျဆင်းသွားတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံ
ဒေသတွင်းနေရာအချို့မှာ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေချိန် အရှေ့တောင်အာရှဖြစ်တဲ့ ဖိလစ်ပိုင်မှာလည်း ကိုဗစ်-၁၉ ကူးစက်မှုကို စိတ်ဝင်တစားစောင့်ကြည့်နေဆဲဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဌာန(ဒီအိုအိတ်ချ်)က ဆိုတယ်။
ယခုနှစ် ဖိလစ်ပိုင်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁၇၇၄ ဦး တွေ့ရှိပြီး ၂၀၂၄ ခုနှစ်က ကူးစက်ဖြစ်ပွားသူ ၁၄၀၇၄ ဦးထက် ကျဆင်းသွားပါတယ်။ နိုင်ငံအတွင်း ရောဂါဖြစ်ပွားသူနဲ့ သေဆုံးသူအရေအတွက်မှာ ယမန်နှစ်ကနှင့် နှိုင်းယှဉ်ကြည့်ပါက ၈၇ ရာခိုင်နှုန်း လျော့နည်းသွား တယ်လို့ ဒီအိုအိတ်ချ်က ထုတ်ပြန်ထားပါတယ်။
သေဆုံးသူနှုန်းမှာ ၁ ဒသမ ၁၃ ရာခိုင်နှုန်းသာရှိပြီး အများပြည်သူတွေ သိရှိစေဖို့အတွက် ကူးစက်မှုအခြေအနေတွေ ပြောင်းလဲလာပါက အချိန်နဲ့တစ်ပြေးညီ တင်ပြသွားမယ်လို့ ဒီအိုအိတ်ချ်ကဆိုတယ်။
အင်ဒိုနီးရှားနိုင်ငံ
အိမ်နီးချင်းနိုင်ငံတွေမှာ ကိုဗစ်-၁၉ မျိုးကွဲကူးစက်မှုသစ်တွေ မြင့်တက်လာတာကို တုံ့ပြန်တဲ့အနေနဲ့ အင်ဒိုနီးရှား သမ္မတပရာဘိုဝို ဆူဘီယန်တိုက ကျန်းမာရေးဝန်ကြီး ဘူဒီဂူနာဒီ ဆာဒီကင်ကို ဂျကာတာမြို့ရှိ နိုင်ငံတော်နန်းတော်သို့ ဆင့်ခေါ်ခဲ့ပါတယ်။
အစည်းအဝေးမှာ ကျွန်းစုနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံအတွင်း မျိုးကွဲသစ်တွေ ဝင်ရောက်မှုကို ကာကွယ်ဖို့နဲ့ အမျိုးသား ကျန်းမာရေးစနစ်အားကောင်းစေဖို့ မဟာဗျူဟာအစီအမံတွေ ဆွေးနွေးခဲ့ပါတယ် လို့ ကျန်းမာရေးဝန်ကြီး ဆာဒီကင်က ပြောပါတယ်။
ပြည်သူတွေ စိုးရိမ်ထိတ်လန့်စရာ မလိုပါဘူး။ ဒီဗိုင်းရပ်စ်မျိုးကွဲဟာ အတော်ပျော့ပေမယ့်လည်း သတိထားနေထိုင်ကြဖို့ ဆာဒီကင်က ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ယခုနှစ် ဇန်နဝါရီလမှ မေလအတွင်း ကိုဗစ်-၁၉ ရောဂါ စုစုပေါင်း လူ ၂၁၆၀ ကို စမ်းသပ်ခဲ့ရာမှာ ၇၂ ဦးကို အတည်ပြုတွေ့ရှိပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဌာနမှ အကြီးအကဲဖြစ်သူ အာဂျီမူဟော်ဝါမန်က ပြောပါတယ်။
နယူးဇီလန်နိုင်ငံ
နယူးဇီလန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါနဲ့ တခြားအသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါကူးစက်မှုနှုန်း သိသိသာသာမြင့်တက်လာတာကို တွေ့ရှိရပါတယ်။ နိုင်ငံတစ်ဝန်း မကြာသေးမီက ဆေးရုံတက်ရောက်ကုသမှုနဲ့ ရောဂါဖြစ်ပွားမှုတွေ တိုးလာတာကို အချက်အလက်တွေအရ သိရပါတယ်။
နယူးဇီလန်နိုင်ငံဟာ ယခုနှစ် ဆောင်းရာသီ အအေးဆုံးအပူချိန်နဲ့ ရင်ဆိုင်ရပြီး မကြာသေးမီက နိုင်ငံရဲ့ ဒေသအချို့မှာ အပူချိန်သုညအောက်ရှိတယ်လို့ မှတ်တမ်းတင်ထားပြီး South Island ရဲ့ နေရာတွေကို ဆီးနှင်းတွေ ဖုံးလွှမ်းခဲ့ပါတယ်။
ယင်းသို့ အလွန်အေးတဲ့ ရာသီဥတုကြောင့်လည်း ယခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူအရေအတွက် တိုးလာခြင်းဖြစ်ပါတယ်။ အလားတူ လူပေါင်းတစ်သန်းကျော်ကလည်း တုပ်ကွေးရောဂါ ကူသမှုခံယူရတယ်လို့ အစိုးရရဲ့ စာရင်းအချက်အလက်တွေအရ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇွန် ၁၀ ရက်နဲ့ ဇွန် ၁၁ ရက် နှစ်ရက်အတွင်း ကိုဗစ် -၁၉ ကူးစက်ခံရသူ ၂၃ ဦး တွေ့ရှိခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ယခုနှစ်အတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူရှိလာပါတယ်။
ဒါကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ကိုဗစ် -၁၉ ရောဂါ ခုခံနိုင်စွမ်း ကျဆင်းလာမှုကို ပြန်လည်မြှင့်တင်ပေးဖို့အတွက် ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အသက် ၆၀ နှင့်အထက် ပြည်သူတွေ၊ ကျန်းမာရေးလုပ်သားတွေနဲ့ နာတာရှည်ရောဂါ ခံစားနေရသူတွေကို ကာကွယ်ဆေးထိုးပေးမယ်လို့ ကျန်းမာရေးဝန်ဆောင်မှုများ ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် အမ်ဒီအဘူဂျက်ဖောက ပြောပါတယ်။ ။
Source: MOI