သတင်းများ

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ကို အာဖဂန်နစ္စတန်အထိ တိုးချဲ့ဆောင်ရွက်မည်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Wang Yi သည် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Ishaq Dar နှင့် အာဖဂန်နစ္စတန်နိုင်ငံ၊ တာလီဘန် ကြားဖြတ်အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi တို့နှင့် မေလ ၂၁ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပါကစ္စတန်တွင် တည်ဆောက်ဆဲဖြစ်သော တရုတ်အခြေခံအဆောက်အအုံ စီမံကိန်းကို အာဖဂန်နစ္စတန်အထိ တိုးချဲ့ရန် သဘောတူခဲ့ကြသည်။ 

အဆိုပါနိုင်ငံ (၃) နိုင်ငံအနေဖြင့် တရုတ်၏ "Belt and Road Initiative" ၏တစ်စိတ်တစ်ပိုင်းဖြစ်သော တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ China-Pakistan Economic Corridor (CPEC) ကို အာဖဂန်နစ္စတန်နိုင်ငံအထိ တိုးချဲ့ရန် သဘောတူညီခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အကြမ်းဖက်တိုက်ဖျက်ရေးအစီအမံများနှင့် အခြားပြဿနာများကြောင့် ပါကစ္စတန်- အာဖဂန်နစ္စတန် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေဆဲဖြစ်သော်လည်း နှစ်နိုင်ငံရှိ သံတမန်များအား အမြန်ဆုံး လဲလှယ်ရန် သဘောတူညီခဲ့ကြသည်။ 

အနာဂတ်တွင် တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့နှင့် နိုင်ငံရေးသာမက စီးပွားရေးတွင်ပါ မိတ်ဖက် ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်း တည်ဆောက်လိုကြောင်း တာလီဘန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

၂၀၂၁ ခုနှစ်တွင် တာလီဘန်များ အာဏာပြန်လည်ရရှိခဲ့ပြီးနောက် မည်သည့် နိုင်ငံကမျှ တာလီဘန်အစိုးရကို အာဖဂန်နစ္စတန်၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုသေးသော်လည်း တရုတ်နိုင်ငံသည် ၎င်းတို့နှင့် ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ကြိုးပမ်းနေပြီး ၂၀၂၃ ခုနှစ်တွင် သံအမတ်ကြီးတစ်ဦးကို အာဖဂန်နစ္စတန်သို့ စေလွှတ်ခဲ့သည်။ 

တရုတ်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်ကို ၎င်း၏ Belt and Road Initiative ပရောဂျက်တွင် ပါဝင်စေရန်နှင့် ဒေသတွင်း၌ ၎င်း၏ဩဇာ လွှမ်းမိုးမှု ပိုမိုခိုင်မာစေရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ယူဆ ရသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃

မြန်မာ့ပေါ်ဆန်းမွှေးကို ခေတ်မီထုတ်ပိုးမှု ပုံစံများဖြင့် နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရောင်းချသွားရန် စီစဉ်နေ

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် မြန်မာ့ပေါ်ဆန်းမွှေးကို ခေတ်မီထုတ်ပိုးမှု ပုံစံများဖြင့် နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရောင်းချသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

Myanmar Pawsan Rice Foundation ကို ဖွဲ့စည်းတည်ထောင်ပြီး စိုက်ပျိုးသူများအပါအဝင် ကုန်သည်၊ စက်ပိုင်အားလုံး ပါဝင်သည့် One Community တစ်ခုအဖြစ် စုဖွဲ့ပြီး၊ မျိုးကောင်းမျိုးသန့်မှစ၍ သုတေသန အပါအဝင် အရောအနှောကင်းပြီး၊ ပစ္စည်းမှန် ၊ အရည်အသွေးမှန်၊ စျေးနှုန်းမှန်သည့် မြန်မာပေါ်ဆန်းမွှေး (fragrant rice) အဖြစ် နိုင်ငံတကာစျေးကွက်ကိုပါ ခေတ်မီထုတ်ပိုးမှုပုံစံများဖြင့် တင်ပို့ ရောင်းချသွားရန်စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

အာရှဈေးကွက်တွင် တရုတ်၊ စင်ကာပူ၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများနှင့် ဥရောပဈေးကွက်တွင် အီတလီ၊ ဂျာမနီနှင့် ပြင်သစ် နိုင်ငံတို့သည် မြန်မာ့ပေါ်ဆန်းမွှေးဆန်ကို အဓိက ဝယ်ယူသောနိုင်ငံများဖြစ်သည်။

Source: Popular Myanmar

ပဲရစ်မြို့၌ ကျင်းပမည့် Apparel Sourcing Paris ပြပွဲတွင် မြန်မာ့အထည်အလိပ် ထုတ်ကုန်များ ပါဝင်ပြသနိုင်ရန်ဖိတ်ခေါ်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင်ပြုလုပ်မည့် Apparel Sourcing Paris ပြပွဲမှာ မြန်မာ့အထည်အလိပ်ထုတ်ကုန်များ ပါဝင်ပြသနိုင်ရန်ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

Messe Frankfurt France မှ ကြီးမှူးကျင်းပမည့် Apparel Sourcing Paris 2025 ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်မှ (၁၇) ရက်ထိ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ Paris Le Bourget, France ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲအား တစ်နှစ်လျှင် နှစ်ကြိမ်ပါရီမြို့တွင်ကျင်းပပြုလုပ်လေ့ရှိပြီး ပြပွဲပြသသူ (၁,၀၀၀)ကျော် ပါဝင်ပြသည့် ပြပွဲဖြစ်သည်။

ကမ္ဘာတစ်ဝန်းမှ စီးပွားဖြစ် ဝယ်ယူသူများအတွက် အခြေခံပစ္စည်းများမှစ၍ အဆန်းသစ်ဆုံးနှင့် အရည်အသွေးအမြင့်ဆုံး ထုတ်ကုန်များအထိ စုံလင်စွာ ရှာဖွေဝယ်ယူနိုင်မည့် ပလက်ဖောင်းတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) သည် ဥရောပဝယ်လက်များနှင့် ချိတ်ဆက်နိုင်ရန် MYANMAR PAVILION အနေဖြင့် ၂ဝ၂၂ ခုနှစ် မှစတင်၍ ပြပွဲတွင် ဝင်ရောက်ပြသလေ့ရှိပြီး ယခုနှစ်တွင်လည်း Made in Myanmar ထုတ်ကုန်များကို ပါဝင်ပြသလိုသည့် အသင်းဝင်စက် ရုံများကို ဖိတ်ခေါ်ထားသည်။

အသင်းဝင်များအနေဖြင့် ပြခန်းပြသလိုပါက ပြခန်းကုန်ကျငွေကို စရိတ်မျှခံစနစ်ဖြင့် ကျခံ၍လိုက်ပါနိုင်ပြီး၊ အကယ်၍ ပြပွဲလေ့လာသူအနေဖြင့် လိုက်ပါလိုသည့် အသင်းဝင်စက်ရုံများအနေဖြင့် Registration Fees ပေးသွင်း၍ လိုက်ပါနိုင်ကြောင်း အသိပေးထားသည်။

ထို့ပြင် လိုက်ပါလိုသည့် အသင်းဝင်စက်ရုံများအနေဖြင့် လေယာဉ်ခ၊ ဗီဇာလျှောက်ထားခြင်း၊ ဟိုတယ်ခများနှင့် မိမိကိုယ်ပိုင် အသုံးစရိတ်များကို ကျခံနိုင်ရမည်ဖြစ်ပြီး အသင်းမှ လေယာဉ်လက်မှတ်ဝယ်ယူခြင်း နှင့် ဗီဇာလျှောက်ထားခြင်းတို့အတွက် လိုအပ်သောအကြံပေးမှုများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ အသင်းဝင်စက်ရုံ/ကုမ္ပဏီများမှ Apparel Sourcing Paris 2025 ပြပွဲသို့ တက်ရောက်ရန် စိတ်ဝင်စားပါက မေလ (၃၁) ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ကင်းမွန်ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

ငပုတော   မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ကင်းမွန်ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ငပုတောမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီက ပြောပြ၍ သိရသည်။

ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း ကင်းမွန်ပိဿာချိန် ၅၁၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီ ၁ ရက်မှ ၃၀ ရက်ထိ ကင်းမွန်ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“အခု ကင်းမွန်တွေ အဝင်များပြီး အရင်ကထက် ပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်။ မတ်လကထက် ဧပြီလထဲမှာ ရန်ကုန်ဈေးကွက်ကို ကင်းမွန်ပိဿာချိန် ပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်။ ကုန်ချိန်များများ တင်ပို့ရောင်းချခဲ့ရပေမဲ့ ကင်းမွန်ဈေးကတော့ အရင်အတိုင်းပါပဲ။ ငပုတောမြို့နယ်ကနေထွက်ရှိတဲ့ ကင်းမွန်တွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချပါတယ်” ဟု ငပုတောမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီ က ပြောပြသည်။

အဆိုပါ ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိသော ကင်းမွန် တစ်ပိဿာလျှင် ငွေကျပ် ၂၄၀၀၀ မှ ၃၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

ကျော်ကျော်လင်း

Source: ရတနာပုံသတင်းစာ

ငရုတ်သီးစိမ်းများ ရာသီကုန်ချိန်ဖြစ်၍ ဈေးကွက်အတွင်း အရည်အသွေးကောင်း ငရုတ်များ အဝယ်လိုက်နေ

ငရုတ်သီးစိမ်းများ ရာသီကုန်ချိန်ဖြစ်‌၍ ရန်ကုန်ဈေးကွက်အတွင်း အရည်အသွေးကောင်း ငရုတ်များ အဝယ်လိုက်နေကြောင်း ငရုတ်စိုက်ပျိုးရောင်းချသူများ၏ ပြောကြားချက်အရ သိရသည်။

"ငရုတ်သီးစိမ်းတွေ ရာသီကုန်ချိန် ရောက်လာတာကြောင့် အရည်အသွေး မကောင်းတော့ဘူး။ ၇၇၇ နဲ့  ကျားခေါင်းငရုတ်မျိုးတွေက ဝင်ရင်ဝင်သလောက် အရည်အသွေးကောင်းရင် ကောင်းသလို အဝယ်လိုက်ပါတယ်။ ရန်ကုန်ဈေးကွက်ကို‌ ဧရာဝတီတိုင်းဒေသကြီးက ငရုတ်သီးစိမ်းတွေ အဓိကဝင်ရောက်ပါတယ်။  ရှမ်းပြည်နယ်ကလည်း ဝင်ရောက်မှုရှိတယ်"ဟု ရန်ကုန်မြို့ သီရိမင်္ဂလာဈေးမှ ငရုတ်ကုန်သည် ဦးကျော်သန်း ကပြောသည်။

အောင်ပန်းဒေသမှ ထွက်ရှိသည့် ငရုတ်သီးစိမ်းများကို ရန်ကုန်ဈေးကွက်အပြင် မန္တလေးတိုင်းဒေသကြီးသို့လည်း တင်ပို့ရောင်းချလျက်ရှိပြီး အရည်အသွေး ကောင်းမှသာ  ကုန်သည်များ ကြိုက်နှစ်သက်ကြကြောင်း သိရသည်။

"အောင်ပန်းဒေသကထွက်တဲ့ ငရုတ်သီးစိမ်းတွေကို ရန်ကုန်ဈေးကွက်ကို တင်ပို့တယ်။ ကုလားအော်ငရုတ်သီးက ပခုက္ကူနဲ့ မန္တ‌လေးဘက်က ထွက်တာပိုများတယ်။  အခုထွက်ချိန်က နောက်ပိုင်းရောက်လာလို့ အရည်အသွေးကျပြီး ငရုတ်က လမ်းမှာ ပျက်စီးတာများတယ်။  ကုန်သည်တွေက အရည်အသွေးကောင်းမှ   အဝယ်များတယ်။  အခုရက်ပိုင်း မိုးရွာတာကြောင့်လည်း  ငရုတ်သီးစိမ်းတွေ  အရည်အသွေးကျတယ်။ ငရုတ်သီးစိမ်းအခူးများရင် စျေး ဆက်ကျနိုင်တယ်။ ခန့်မှန်းရသလောက် ဒီလကုန်လောက်အထိ စျေးကဒီအတိုင်းပဲရှိနေဦးမှာပါ" ဟု  အောင်ပန်းမြို့နယ်မှ ငရုတ်စိုက်ပျိုးသူ ခွန်ဇော်ဦး ကပြောသည်။လက်ရှိတွင် အောင်ပန်းဒေသ၌ တစ်ရက်လျှင် ငရုတ်သီးစိမ်းပိဿာ ၁ဝဝဝ ကျော် အရောင်းအဝယ်ဖြစ်နေကြောင်းနှင့်     ရန်ကုန်ဈေးကွက်၌   တစ်ရက်လျှင် ပိဿာ ၅ဝဝဝ ဝန်းကျင် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

Source: https://myawady.net.mm/

အမေရိကန်၏ ကုန်သွယ်စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှုနှင့် ပတ်သက်၍ စက်မှုထိပ်သီးနိုင်ငံ (၇) နိုင်ငံ၏ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ အကြီးအကဲများ တွေ့ဆုံဆွေးနွေးမည်

အမေရိကန်က ကုန်သွယ်စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံခြင်းဖြင့် ကမ္ဘာ့နိုင်ငံများအပေါ် လွှမ်းမိုးချုပ်ကိုင် လာနိုင်ဖွယ်နှင့် ကုန်သွယ်စည်းကြပ်ခွန်ကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှု အခြေအနေများနှင့်ပတ်သက်၍ဆွေးနွေးရန် စက်မှုထိပ်သီးနိုင်ငံ (၇) နိုင်ငံ၏ ဘဏ္ဍာရေးနှင့်ဘဏ်လုပ်ငန်းဆိုင်ရာအကြီးအကဲများ တွေ့ဆုံဆွေးနွေးရန် စီစဉ်လျက်ရှိသည်။

ကမ္ဘာ့စက်မှုထိပ်သီး (၇) နိုင်ငံမှ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများသည် ကနေဒါနိုင်ငံ၊ Banff မြို့တွင် မေလ (၂၁) ရက်မှစ၍ (၂) ရက်ကြာ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပါသည်။

ယခုနှစ်တွင်စတင်ကျင့်သုံးခဲ့သည့် ထရမ့်အစိုးရ၏ ကုန်သွယ်စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံခြင်းကိစ္စသည် တွေ့ဆုံဆွေးနွေးမှုတွင် ဦးစားပေးဆွေးနွေးသွားမည့်အချက်ဖြစ်ပြီး အဆိုပါစည်းကြပ်ခွန်သည် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုအခြေအနေများနှင့် ကမ္ဘာ့နိုင်ငံအလိုက် တုံ့ပြန်မှုအခြေအနေများအပေါ် လေ့လာ ဆန်းစစ်မှုများလည်း လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

အစည်းအဝေးအစီအစဉ်တွင် ယူကရိန်းနိုင်ငံအား ကျူးကျော်တိုက်ခိုက်ခဲ့သည့် ရုရှားနိုင်ငံအပေါ် စီးပွားရေး အရ ဒဏ်ခတ်ပိတ်ဆို့မည့်အစီအစဉ်လည်း ပါဝင်သကဲ့သို့ တရုတ်နိုင်ငံ၏ လျှပ်စစ်ကား တင်ပို့မှု လျှင်မြန်စွာ တိုးတက်လာခြင်းကိစ္စလည်း ပါဝင်ပေသည်။ 

လက်ရှိကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံ (၇) နိုင်ငံ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ကနေဒါနိုင်ငံအနေဖြင့် ယခုကျင်းပသည့် အစည်းအဝေးအပြီးတွင် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်နိုင်ရေးနှင့် ကုန်သွယ်ခွန်လွတ်လပ်ခွင့်တို့ကို ထပ်လောင်းအတည်ပြုနိုင်ရေးတို့မှာ စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေကြောင်း NHK သတင်းစာ မျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- NHK World

အလွတ်သဘောဘာသာပြန်သူ၊ ဦးထက်ထက်အောင်၊ နစက-၄

တရုတ်ကုမ္ပဏီများ ဘရာဇီးတွင် လေယာဉ်လောင်စာဆီမှ လျှပ်စစ်ကား ထုတ်လုပ်ရေးအထိ ဒေါ်လာ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

ဘရာဇီးသမ္မတ လူးဝစ် အီနာစီယို လူလာဒါဆီလဗာ၏ ပေကျင်းခရီးစဉ်အတွင်း တရုတ်ကုမ္ပဏီများက ဘရာဇီးရီယယ် ၂၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၅ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်ဟု ကြေညာခဲ့ပါသည်။

တရုတ်နိုင်ငံမှ Envision Energy ကုမ္ပဏီက ဘရာဇီးတွင် လေယာဉ်လောင်စာဆီထုတ်လုပ်ရန် ဘရာဇီးရီယယ် ၅ ဘီလီယံ (ဒေါ်လာ ၈၇၃ သန်း) ရင်းနှီးမြှုပ်နှံရန် မေလ ၁၂ ရက်တွင် ကြေညာခဲ့ပါသည်။ ထို့ပြင် CGN စွမ်းအင်ကုမ္ပဏီက Piauí ပြည်နယ်တွင် ဘရာဇီးရီယယ် ၃ ဘီလီယံ (ဒေါ်လာ ၅၃၅ သန်း) တန်ဖိုးရှိ   ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမည်ဟု ဆိုထားပါသည်။

သမ္မတလူလာနှင့် တွေ့ဆုံခဲ့သော တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီ GAC ၏ CEO Wei Haigang က ဘရာဇီး၏ Goiás ပြည်နယ်တွင် လျှပ်စစ် နှင့် ဟိုက်ဘရစ်ကားများ ထုတ်လုပ်ရန်နှင့် အရှေ့မြောက်ဒေသတွင် သုတေသနနှင့်ဖွံ့ဖြိုးရေးစင်တာ တည်ဆောက်ရန် ဒေါ်လာ ၁.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု အတည်ပြုခဲ့ပါသည်။ အခြားတရုတ်ကားကုမ္ပဏီ GWM ကလည်း ဘရာဇီးရီယယ် ၆ ဘီလီယံခန့်ကို ဘရာဇီးရှိ လုပ်ငန်း များတွင် ချဲ့ထွင်သွားမည်ဟု ကြေညာခဲ့သည်။

ထို့အပြင် သမ္မတလူလာ ခရီးစဉ်အတွင်း ကျန်းမာရေး၊ အစားအစာ၊ စွမ်းအင်ကဏ္ဍများနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း (semiconductor) ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် သဘောတူညီချက်များ ချုပ်ဆိုခဲ့ပါသည်။

ကိုးကား - FOILA.UOI

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အမေရိကန်အစိုးရ၏ ချစ်ပ်ပစ္စည်းတင်ပို့မှုဆိုင်ရာ ကန့်သတ်ပိတ်ပင်မှုကို “တစ်ဖက်သတ်အနိုင်ကျင့်မှု” အဖြစ် တရုတ် ပြင်းပြင်းထန်ထန် ဝေဖန်

အမေရိကန်နိုင်ငံအနေဖြင့် ကွန်ပျူတာချစ်ပ်ပစ္စည်းများ တင်ပို့မှုဆိုင်ရာ ကန့်သတ်ပိတ်ပင်မှုတစ်ရပ်ကို ထုတ်ပြန်လိုက်ခြင်းမှာ တရုတ်နိုင်ငံအပေါ် "တစ်ဖက်သတ်အနိုင်ကျင့်မှု” ဖြစ်ကြောင်း မေလ ၂၁ ရက် (ဗုဒ္ဓဟူးနေ့) တွင် တရုတ်အစိုးရက ပြစ်တင်ရှုတ်ချခဲ့ပြီး တရုတ်နိုင်ငံ၏ အဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းကုန်ထုတ်လုပ်ရေးလုပ်ငန်းကို ဟန့်တားရန် ရည်ရွယ်သည့် အမေရိကန်၏ လုပ်ဆောင်ချက်များအား ကောင်းမွန်စွာ တုံ့ပြန်မည်ဟု သတိပေးလိုက်သည်။ 

အမေရိကန်နိုင်ငံအနေဖြင့် “တရုတ်နိုင်ငံအား ဖိနှိပ်ရန်နှင့် ထိန်းချုပ်ရန်အတွက် ချစ်ပ်ပစ္စည်း တင်ပို့မှုဆိုင်ရာ ကန့်သတ်ပိတ်ပင်သည့် ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ခြင်း” ဟု တရုတ်အစိုးရက စွပ်စွဲခဲ့သည်။ 

“ယခုလို အမေရိကန်၏ အရေးယူဆောင်ရွက်မှုများသည် တစ်ဖက်သတ်အနိုင်ကျင့်မှုနှင့် အကာအကွယ်‌ပေးရေးဝါဒလုပ်ရပ်ဖြစ်ပြီး၊ ကမ္ဘာလုံးဆိုင်ရာ တစ်ပိုင်းလျှပ်ကူးပစ္စည်းကုန်ထုတ်လုပ်ရေးလုပ်ငန်း ကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်တည်ငြိမ်မှုကို ဆိုးရွားစွာ ထိခိုက်စေသည်” ဟု တရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကိုးကား -CNA

ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

ဘရာဇီး ကြက်သားနှင့် ကြက်ဥ တင်ပို့မှုကို တရုတ်၊ ဥရောပသမဂ္ဂ၊ မက္ကဆီကိုနှင့် အချို့နိုင်ငံများ ယာယီရပ်ဆိုင်း

မက္ကဆီကို၊ ချီလီနှင့် ဥရုဂွေးနိုင်ငံတို့သည် ဘရာဇီး၏ ကြက်သားနှင့် ကြက်ဥထုတ်ကုန်များ ဝယ်ယူမှုကို ပြီးခဲ့သည့် စနေနေ့ (မေ ၁၇) ကတည်း ယာယီရပ်ဆိုင်းလိုက်ပါသည်။ ယင်းဆုံးဖြတ်ချက်မှာ ဘရာဇီးနိုင်ငံ၊ ရီယိုဂရန်ဒီ ဒို ဆူးလ် ပြည်နယ်မြို့တော် ပို့တို အလီဂရီ မှ ကီလိုမီတာ ၆၀ အကွာ လူဦးရေ ၆၄,၀၀၀ နေထိုင်သော မွန်တီနီဂရိုးမြို့ ရှိ ကြက်မွေးမြူရေး ခြံတစ်ခုတွင် ငှက်တုပ်ကွေး (Avian Influenza) တွေ့ရှိရကြောင်း အတည်ပြုချက်ကြောင့် ဖြစ်ပါသည်။

အဆိုပါ ၃ နိုင်ငံအပြင် ဥရောပသမဂ္ဂ (EU)၊ တရုတ် နှင့် အာဂျင်တီးနား တို့သည်လည်း ဘရာဇီး၏ ကြက်သားထုတ်ကုန်များ တင်သွင်းမှုကို ရက် ၆၀ ကြာ ယာယီရပ်ဆိုင်းမည်ဟု ကြေညာခဲ့ပါသည်။

ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် ကြက်သားနှင့်ကြက်ဥထုတ်ကုန် တင်ပို့မှု အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်အတွင်း ဘရာဇီး ၏ ကြက်သားနှင့် ကြက်ဥထုတ်ကုန် ပြည်ပရောင်းချမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၂.၈ ဘီလီယံ ရှိပါသည်။   ယခုရပ်ဆိုင်းလိုက်သည့်အတွက် ဘရာဇီး ၏ နှစ်စဉ် ကြက်သားနှင့် ကြက်ဥထုတ်ကုန် တင်ပို့မှု၏ ၂၈% နီးပါး ရှိပါသည်။ ဘရာဇီး၏ ကြက်သားနှင့် ကြက်ဥကို အဓိက ဝယ်လိုအား အများဆုံးနိုင်ငံမှာ တရုတ်ဖြစ်ပါသည်။

ကိုးကား- FOIHA.UOI

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ငရုတ်သီးစိမ်းပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

ကျောင်းကုန်း  မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ငရုတ်သီးစိမ်း ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျောင်းကုန်းမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးမြင့်က ပြောပြ၍ သိရသည်။

ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လက ငရုတ်သီးစိမ်း ပိဿာချိန် ၅၂၀၀၀ သာတင်ပို့ ရောင်းချနိုင်ခဲ့ပြီး ဧပြီ ၁ ရက်မှ ၃၀ ရက်ထိ တစ်လအတွင်း ငရုတ်သီးစိမ်းပိဿာချိန် ၇၇၀၀၀ ထိတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသမှ တင်ပို့ရောင်းချခဲ့သည့် ငရုတ်သီးစိမ်း ၁၀ ပိဿာလျှင် ငွေကျပ် ၇၉၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

“ပြီးခဲ့တဲ့ တစ်လအတွင်း ကျောင်းကုန်းမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ထဲကို ငရုတ်သီးစိမ်း ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ဒေသထွက်ကုန်ဖြစ်တဲ့ ငရုတ်သီးစိမ်းတွေကို ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ ကျောင်းကုန်းမြို့နယ်ကနေထွက်တဲ့ ဒေသထွက် ငရုတ်သီးတွေက အရည်အသွေး ကောင်းပါတယ်။ ငရုတ်သီး အရည်အသွေးကောင်းတော့မှာယူမှုတွေက တက်နေပါတယ်။ ရက်ရှည်အထားခံပြီး တဆင့် ပြန်လည်ရောင်းချရာမှာ အဆင်ပြေပါတယ်” ဟု ကျောင်းကုန်းမြို့နယ်မှ လယ်ယာထွက်ကုန် ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အေးသူက ပြောပြသည်။

ကျောင်းကုန်းမြို့နယ်မှ တောင်သူများသည် စပါးစိုက်ပျိုးရေးလုပ်ငန်းနှင့် ယှဉ်တွဲပြီးငရုတ်စိုက်ပျိုးသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း၊ အဆိုပါ ဒေသမှ ထွက်ရှိလာသော ငရုတ်သီးစိမ်းများကို ရန်ကုန်ဈေးကွက်သို့ ငရုတ်သီးစိမ်းများ တင်ပို့ရောင်းချမှုတက်လာခြင်းကြောင့် တောင်သူများ၊ ကုန်သည်များ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်တင်ယာဉ် အငှားလိုက်သူများအလုပ်အကိုင် အခွင့်အလမ်းများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။