သတင်းများ

ထရမ့်က ဂရင်းလန်းကျွန်းကို ဝယ်မည်ဟု ထပ်မံပြောဆိုလာ

အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မည့် ဒေါ်နယ်ထရမ့်သည် အမေရိကန်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် လွတ်လပ်စွာ သွားလာနိုင်ရေးတို့အတွက် ဂရင်းလန်းကျွန်းကို ဝယ်ယူရန် လိုအပ်သည်ဟု ခံစားနေရကြောင်း ပြောလာသည်ဟု သိရသည်။

ထရမ့်က ၂၀၁၉ ခုနှစ်တွင်လည်း အလားတူစကားမျိုးကို ပြောခဲ့ဖူးသောကြောင့် ဂရင်းလန်းကျွန်းကို ဝယ်ယူမည်ဟူသော ယခုပြောဆိုမှုသည် ဒုတိယအကြိမ်ဖြစ်လာသည်။

သို့သော် ဂရင်းလန်းကျွန်းသည် ရောင်းကုန်မဟုတ်ကြောင်း၊ မည်သည့်အခါမျှ ကျွန်းကိုရောင်းချသွားမည် မဟုတ်ကြောင်းနှင့် ကာလရှည်ကြာ တိုက်ပွဲဝင်နေရသည့် လွတ်လပ်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အဆိုပါကျွန်း၏ ဝန်ကြီးချုပ်က ပြောထားသည်။

ဒိန်းမတ်နိုင်ငံ၏အစိတ်အပိုင်းတစ်ခုအဖြစ် နှစ်ပေါင်း ၆၀၀ ကျော်ကြာတည်ရှိနေခဲ့သည့် ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်သောဂရင်းလန်းကျွန်းသည် အာတိတ်ဒေသနှင့် မြောက်အတ္တလန္တိတ်ဒေသတို့ကြား အလွန်အရေးပါသည့် မဟာဗျူဟာမြောက်နေရာ တစ်ခုဖြစ်လာသည့်အပြင် အမေရိကန်ပြည်ထောင်စု၏ အမျိုးသားကာကွယ်ရေးမဟာဗျူဟာအတွက် အချက်အချာကျသော နေရာတစ်ခုဖြစ်လာကြောင်း သိရသည်။ 

Source: Myawady Webportal

အမေရိကန်‌ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ပနားမားတူးမြောင်းကို “အမေရိကန်အတွက် အရေးကြီးသော အမျိုးသားပိုင်ဆိုင်မှုတစ်ခု” ဟုယူဆကာ တူးမြောင်းကို ပြန်လည်သိမ်းယူမည်ဟု ခြိမ်း‌ခြောက်

ဝါရှင်တန်  ဒီဇင်ဘာ ၂၂

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ပနားမားတူးမြောင်းကို “အမေရိကန်အတွက် အရေးကြီးသော အမျိုးသားပိုင်ဆိုင်မှုတစ်ခု” ဟု ယူဆကာ တူးမြောင်းကို ပြန်လည် သိမ်းယူမည်ဟု ခြိမ်းခြောက်ပြောကြားသည်။

ပနားမားတူးမြောင်းသည် အမေရိကန်သင်္ဘောများအား မတန်မဆ ဈေးကောက်ခံခြင်းအပေါ် ကိုးကား၍ ထရမ့်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ပနားမားတူးမြောင်းသည် ၎င်း၏ ရေလမ်းကိုဖြတ်သန်းသည့် အမေရိကန်ရေတပ်နှင့် ကူးသန်းရောင်းဝယ်ရေးရေယာဉ်များကို မတန်မဆဈေးဖြင့် ဖြတ်သန်းနှုန်းများ ကောက်ခံလျက်ရှိကြောင်း ထရမ့်က ၎င်း၏ လူမှုကွန်ရက်ပို့စ်တွင် ရေးသားခဲ့ကြောင်း သိရသည်။

၁၉၇၇ ခုနှစ်တွင် ပနားမားနိုင်ငံသားများ၏ဖိအားပေးမှုအောက်တွင်လက်မှတ်ရေးထိုးခဲ့သည့် Torrijos-Carter စာချုပ်အရပနားမားတူးမြောင်းကို ၁၉၉၉ ခုနှစ်တွင် ပနားမားနိုင်ငံ၏ ထိန်းချုပ်မှုအောက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

ပနားမားတူးမြောင်းသည် ပစိဖိတ်နှင့်အတ္တလန္တိတ်သမုဒ္ဒရာတို့ကို ဆက်သွယ်ပေးသည့် နိုင်ငံတကာ ရေကြောင်းကုန်သွယ်မှုလမ်းကြောင်းတစ်ခုဖြစ်သည်။

၁၉၀၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် တူးမြောင်းဖောက်လုပ်ရန်အတွက် ပနားမားနိုင်ငံနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ပြီးနောက် ပနားမားတူးမြောင်းဇုန်ဟု လူသိများသော ပနားမားတူးမြောင်းနှင့် ၎င်း၏ အနီးတစ်ဝိုက်ရှိဒေသအချို့ကို အမေရိကန်တရားစီရင်ပိုင်ခွင့်အောက်တွင် စီမံခန့်ခွဲအုပ်ချုပ်ခဲ့ကြောင်း သိရသည်။

Source: ကြေးမုံသတင်းစာ

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ပထမဆုံး မြေအောက်ရထားလမ်း စတင်ဖွင့်လှစ်

ဟနွိုင်း  ဒီဇင်ဘာ ၂၂

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ပထမဆုံး မြေအောက်ရထားလမ်းကို ယနေ့စတင်ဖွင့်လှစ်ကြောင်း သိရသည်။

အဆိုပါ မြေအောက်ရထားလမ်း၏ အကျိုးကျေးဇူးကြောင့် ဟိုချီမင်းမြို့၏ ယာဉ်ကြောပိတ်ဆို့မှုနှင့် လေထုညစ်ညမ်းမှုကို ပိုမိုသက်သာစေမည်ဖြစ်သည်။ ကီလိုမီတာ ၂၀ (၁၂ မိုင်) အရှည်ရှိ မြေအောက်ရထားလမ်းသည် မြို့လယ်နှင့် ၎င်း၏ ဆင်ခြေဖုံးများကို ချိတ်ဆက်ပေးထားကြောင်း သိရသည်။

မြေအောက်ရထားလမ်း စီမံကိန်းသည် ဂျပန်နှင့် ဗီယက်နမ်နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတတစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံ၏ နည်းပညာပေါင်းစပ်မှုနှင့် ၎င်း၏ စီမံခန့်ခွဲမှုပုံစံ အောင်မြင်ကြောင်း ပြသခြင်းပင်ဖြစ်သည်ဟု ဗီယက်နမ်အရာရှိတစ်ဦးက ပြောကြားသည်။

ပထမ ရထားထွက်ချိန်တွင် ပြည်သူအများအပြားသည် မြေအောက်ရထားတွဲဆိုင်းများအတွင်း၌ အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။

ဂျပန်နိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး အီတိုနာယိုကီက ရထားလမ်းသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတအသစ်တစ်ခုဖြစ်ကြောင်း ပြောသည်။ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) သည် အဆိုပါ မြေအောက်ရထားစီမံကိန်းအတွက် ချေးငွေများထုတ်ပေးခဲ့ပြီး ဂျပန်ကုမ္ပဏီအများအပြားကလည်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

ဂျာမနီနိုင်ငံ၊ ခရစ်စမတ်ဈေးပွဲတော်ရှိ လူအုပ်ကြီးကို ကားဖြင့် ဝင်တိုက်ရာ လူ ၅ ဦး သေဆုံးပြီး လူ ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိ

ဒီဇင်ဘာ ၂၀ ရက်နေ့ညနေပိုင်းက ဂျာမနီနိုင်ငံ အရှေ့ဘက်၊ Magdeburg မြို့၏ ခရစ်စမတ်ဈေးပွဲတော်ရှိ လူအုပ်ကြီးကို ကားဖြင့်ဝင်ရောက် တိုက်ခိုက်မှု ဖြစ်စဥ်‌ကြောင့် လူ ၅ ဦးသေဆုံး၍ လူပေါင်း ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့‌ကြောင်း၊ ဒဏ်ရာရရှိသူများအနက် ဒီဇင်ဘာ ၂၁ ရက်နေ့အထိ လူ ၄၀ ခန့်မှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိနေကြောင်း သိရှိရပါသည်။

အဆိုပါဖြစ်စဉ်အတွက် သံသယရှိသူမှာ အသက် ၅၀ အရွယ်၊ Taleb al-Abdulmohsen အမည်ရှိ၊ ဆော်ဒီအာရေဗျနိုင်ငံသားတစ်ဦးကို ဖမ်းဆီးထားကြောင်း အာဏာပိုင်များက ပြောကြားထားပါသည်။ ၎င်းသည် ဆရာဝန်တစ်ဦးဖြစ်ပြီး ၂၀၀၆ ခုနှစ်ကတည်းက ဂျာမနီနိုင်ငံသို့ ရောက်ရှိနေသူ တစ်ဦးဖြစ်ပါသည်။ 

အဆိုပါတိုက်ခိုက်သူ၏ လူမှုကွန်ယက်တွင် တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးကို ခြိမ်းခြောက်သည့်အစွန်းရောက်အမြင်များ ရေးသားထားသည်ကို ဆော်ဒီအာရေဗျနိုင်ငံက တွေ့ရှိပြီးနောက် ဂျာမနီနိုင်ငံရှိ တာဝန်ရှိသူများကို သတိပေးခဲ့ကြောင်း ဆော်ဒီသတင်းအရင်းအမြစ်တစ်ခုက ရိုက်တာသို့ ပြောကြားထားသည်။

ဂျာမနီဝန်ကြီးချုပ် Olaf Scholz က သူငယ်ချင်းများ၊ မိသားစုများနှင့် ခရစ်စမတ်ဈေးပွဲတော်လောက် အေးချမ်းမှုရှိပြီး ပျော်ရွှင်စရာကောင်းသည့် ပွဲတော် မရှိပါကြောင်း၊ ယခုကဲ့သို့ လူသေစေသည့် တိုက်ခိုက်မှုမှာ ပြင်းထန်ဆိုးရွားပြီး ရူးနှမ်းသည့်လုပ်ရပ်ဖြစ်ကြောင်း  ပြစ်တင်ပြောဆိုလိုက်ပါသည်။

ကိုးကား(The Guardian)

ရုရှားဓာတ်ငွေ့ပို့ဆောင်ရေးအတွက် တစ်ဆင့်ခံ ပို့လွှတ်ပေးမှုစနစ်ကို လာမည့် ဇန်နဝါရီ ၁ ရက်တွင် ရပ်ဆိုင်းမည်ဖြစ်ကြောင်း ယူကရိန်းဝန်ကြီးချုပ် ပြောကြား

ရုရှားဓာတ်ငွေ့ပို့ဆောင်ရေးအတွက် ယူကရိန်း၏ တစ်ဆင့်ခံ transit ပို့လွှတ်မှုစနစ်ကို ၂၀၂၅ ခုနှစ် ဇန်ဝါရီ ၁ ရက်တွင် ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ၊ ဥရောပကော်မရှင်၏ တောင်းဆိုချက်အရ ရုရှားဓာတ်ငွေ့များမှလွဲ၍ ကျန်သည့်ဓာတ်ငွေ့ပို့ဆောင်ရေးများအတွက် ယူကရိန်းတစ်ဆင့်ခံ ဓာတ်ငွေ့ပို့ဆောင်ရေး စနစ်များကို ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း ယူကရိန်း ဝန်ကြီးချုပ်က ပြောကြားလိုက်ပါသည်။

ရုရှားဓာတ်ငွေ့ပို့ဆောင်ရေးအတွက် ယူကရိန်းတစ်ဆင့်ခံ transit ဓာတ်ငွေ့ပို့လွှတ်မှုစနစ် လုပ်ကိုင်ရန် ၂၀၁၉ ဇန်ဝါရီ ၁ ရက်တွင် ၅ နှစ်သက်တမ်းရှိ သဘောတူ စာချုပ်ကို ရုရှားနှင့် ယူကရိန်းကြား နှစ်နိုင်ငံ လက်မှတ် ရေးထိုးခဲ့ကြပါသည်။ လာမည့်၂၀၂၅ ခုနှစ် ဇန်ဝါရီ ၁ ရက် ဒေသစံတော်ချိန် ၀၇:၀၀ နာရီတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်၍ ရုရှား၏ဓာတ်ငွေ့ပို့ဆောင်ရေးအတွက် တစ်ဆင့်ခံပို့လွှတ်မှုစနစ်ကို ယူကရိန်းက ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သိရှိရပါသည်။ 

ကိုးကား - TASS 

Nissan ၏ ရှယ်ယာများဝယ်ယူရန် Foxconn က Renault နှင့် ဆွေးနွေးနေကြောင်း ထိုင်ဝမ်မီဒီယာက ဖော်ပြထား

Foxconn ဟုလူသိများသော Hon Hai Precision Industry သည် ဂျပန်နိုင်ငံ၏ Nissan Motor ကုမ္ပဏီ၏ ရှယ်ယာအများစုကို ဝယ်ယူရန်အတွက် ပြင်သစ်ကား ထုတ်လုပ်ရေးကုမ္ပဏီ Renault နှင့် ဆွေးနွေးနေကြောင်း ထိုင်ဝမ်မီဒီယာတစ်ခုက ဖော်ပြထားပါသည်။

၎င်းလုပ်ငန်း၏ အဓိကတာဝန်ရှိသူ ၂ ဦးကို ကိုးကားပြီး ဗဟိုသတင်းအေဂျင်စီ (CNA) က ဒီဇင်ဘာ ၁၉ ရက်နေ့ တွင် အဆိုပါသတင်းကို ဖော်ပြခဲ့ပါသည်။

Nissan ၏ ရှယ်ယာများကို ဝယ်ယူရန် Hon Hai ၏ အဆိုပြုချက်ကို Nissan ကုမ္ပဏီက ပယ်ချပြီးနောက် Hon Hai က Renault နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း CNA က ဖော်ပြထားပါသည်။

ပြင်သစ်နိုင်ငံတွင် ဆွေးနွေးမှုများ ပြုလုပ်နေသည့် Hon Hai ၏ အဖွဲ့ကို လျှပ်စစ်ကား လုပ်ငန်းဆိုင်ရာ နည်းဗျူဟာ အကြီးအကဲ Seki Jun က ဦးဆောင်ကြောင်း CNA က ဖော်ပြထားပါသည်။ Seki Jun သည် Nissan တွင် အကြီးတန်း အမှုဆောင်တစ်ဦး အဖြစ်တာဝန်ယူ ဆောင်ရွက်ခဲ့ဖူးသူတစ်ယောက်ဖြစ်သည်။

Hon Hai က စတော့ဝယ်ယူခြင်း သို့မဟုတ် အခြားနည်းလမ်းများအသုံးပြုပြီး Nissan ၏ စီမံခန့်ခွဲမှုတွင် ပါဝင်နိုင်ရန် နောက်ကွယ်တွင် စဉ်းစားနေခဲ့သည်ဟု သတင်းရင်းမြစ်များစွာက ဖော်ပြထားကြသည်။

Nissan သည် လတ်တလောတွင် ဖြစ်နိုင်ချေရှိသည့် ပေါင်းစည်းမှုတစ်ခုအတွက် ဂျပန်ကုမ္ပဏီ Honda Motor နှင့်ဆွေးနွေးနေပါသည်။၎င်းတို့အနေဖြင့် လာမည့်သီတင်းပတ်အစောဆုံးထားပြီး အခြေခံသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကာ အသေးစိတ်ညှိနှိုင်းမှုများ ပြုလုပ်နိုင်ကြောင်းဖော်ပြထားပါသည်။

ကိုးကား-NHK World

တရုတ်နိုင်ငံ ကမ္ဘာ့အကြီးဆုံးလေဆိပ် ၂၀၃၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးမည်

တရုတ်နိုင်ငံသည် လူလုပ်ကျွန်းတုပေါ်တွင် ကမ္ဘာ့ အကြီးဆုံး လေဆိပ်ကို တည်ဆောက်နေပါသည်။

လေဆိပ်ကို Dalian Jinzhou Bay အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟုခေါ်တွင်ပြီး နိုင်ငံ၏ အရှေ့မြောက်ဘက်ကမ်းရိုးတန်းတွင် လက်ရှိတည်ဆောက်ဆဲဖြစ်ပါသည်။ လေယာဉ်ပြေးလမ်းလေးခု၊ စတုရန်းမီတာ ၉၀၀,၀၀၀ (၉၆၉,၀၀၀ စတုရန်းပေ) ကျယ်ဝန်းသောဂိတ်ဝင်ပေါက်များဖြင့် စုစုပေါင်း ၂၀ စတုရန်းကီလိုမီတာ ရှိမည်ဟု သိရပါသည်။ 

တစ်နှစ်လျှင် ခရီးစဉ်ပေါင်း ၅၄၀,၀၀၀ ဖြင့် ခရီးသည် စုစုပေါင်း သန်း ၈၀ အား ဝန်ဆောင်မှုပေးနိုင်မည်ဟုမျှော်လင့်ထားပြီး ၂၀၃၅ ခုနှစ်တွင် ဖွင့်လှစ်နိုင်မည်ဟု မျှော်မှန်းထားပါသည်။ 

တည်ဆောက်ပြီးစီးပါက အဆိုပါလေဆိပ်သည် ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ် (HKG) နှင့် ဂျပန်နိုင်ငံ Kansai လေဆိပ် (KIX) တို့ထက် သာလွန်သည့် လူလုပ်ကျွန်း ပေါ်ရှိ အကြီးဆုံးလေဆိပ် ဖြစ်လာမည် ဖြစ်ပါသည်။ 

Dalian မြို့သည် ဂျပန်နှင့် တောင်ကိုရီးယားတို့နှင့် နီးကပ်စွာတည်ရှိသောကြောင့် သယ်ယူပို့ဆောင်ရေး အချက်အခြာနေရာတစ်ခုဖြစ်သည်။ 

တရုတ်နိုင်ငံသည် လေဆိပ်များစွာတည်ဆောက်ပြီး အမေရိကန်နိုင်ငံထက် လေကြောင်းလိုင်းများစွာ ပိုမို ပိုင်ဆိုင်ရမည်ဟူသော ရည်မှန်းချက်ကို ၂၀၃၅ တွင် အကောင်အထည်ဖော်ရန် ကြိုးပမ်းလျက်ရှိပါသည်။

ကိုးကား - CNN

တိုကျိုသို့ Waymo  ၏ စက်ရုပ်တက္ကစီများ ဝင်လာတော့မည်

Waymo ဆိုတာက မောင်းသူမဲ့စက်ရုပ် တက္ကစီများကို တီထွင်ဖန်တီးထုတ်လုပ်ပြီး ကမ္ဘာ့မြို့ကြီးတွေမှာ အသုံးပြုနေသည့်  ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။  

ယခု၎င်းတို့၏ စက်ရုပ်တက္ကစီများက စည်းကမ်းအရာမှာတင်းကျပ်လှပါသည် ဆိုသော ဂျပန်နိုင်ငံ တိုကျိုမြို့၏လမ်းမများထက်ဆီ ဝင်လာတော့မည်ဖြစ်ပါသည်။

Waymo က ဂျပန်နိုင်ငံ၏နာမည်ကြီး အငှားယာဉ်ကုမ္ပဏီဖြစ်သည့် နီဟွန်ကော့ဆု နှင့်ပူးပေါင်းပြီး Jaguar I-PACE အမျိုးအစားလျှပ်စစ်သုံး စက်ရုပ်တက္ကစီများကို ၂၀၂၅ ခုနှစ်အစောပိုင်းမှာ စတင်အသုံးပြု သွားတော့မည်ဖြစ်ပါသည်။ ယခု   အကောင်အထည်ဖော်မှာက ပထမအဆင့်ဖြစ်တာကြောင့် ယင်းတက္ကစီများတွင် ယာဉ်မောင်းသူတွေက လိုက်ပါ ထိန်းကျောင်းနေရဦးမည်ဖြစ်ပါသည်။  

ကိုးကား - Myawady Web Portal  

ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်သို့ သွားရောက်မည်

ဂါဇာစီးတီး  ဒီဇင်ဘာ ၁၉

ပါလက်စတိုင်းသမ္မတ မာမွန်အဘတ်စ်သည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်သို့ သွားရောက်မည်ဖြစ်ကြောင်း ပါလက်စတိုင်း သံတမန်တစ်ဦးက ယမန်နေ့တွင် ပြောကြားသည်။

အဆိုပါ ခရီးစဉ်သည် ရလဒ်ကောင်းများထွက်ပေါ်ရန် အလားအလာရှိနေသည့် ဟားမက်စ်နှင့် အစ္စရေးတို့ကြားယာယီ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိစဉ် ထွက်ပေါ်လာြခင်း ဖြစ်သည်။

ဒီဇင်ဘာ ၁၉ ရက်တွင် ကိုင်ရိုမြို့တော်၌ ကျင်းပမည့် D-8 အဖွဲ့၏ (၁၁)ကြိမ်မြောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ် တက်ရောက်မည်ဖြစ်ကြောင်း ပြောကြားသည်။

အီဂျစ်နိုင်ငံဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကြီး ဒီရယ်အယ်လ်လော့က အဆိုပါ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အီဂျစ်သမ္မတ အယ်လ်စီစီက ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်အား ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

ပါလက်စတိုင်း-အီဂျစ်တို့၏ ပူးပေါင်းကြိုးပမ်းမှုများတွင် ပါလက်စတိုင်းပြည်သူများအား စာနာထောက်ထားသောအားဖြင့် စစ်ပွဲများအဆုံးသတ်ရန်၊ အီဂျစ်နိုင်ငံ၏ အကာအကွယ်ကို သေချာစွာရရှိစေရန်၊ အကူအညီများပေးအပ်ရန်နှင့် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်တည်ဆောက်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း အီဂျစ်နိုင်ငံဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကြီး ဒီရယ်အယ်လ်လော့က ပြောကြားသည်။

ပါလက်စတိုင်းနယ်မြေများကို အစ္စရေးက သိမ်းပိုက်ခြင်းအား အဆုံးသတ်ရန်နှင့် အပြည့်အဝ အချုပ်အခြာအာဏာပိုင်၊ ပထဝီဝင်အနေအထားအရ တစ်ဆက်တည်းရှိပြီး လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံကို ထူထောင်မည်ဖြစ်ပြီး အရှေ့ဂျေရုဆလင်ကို ၎င်း၏ မြို့တော်အဖြစ်သတ်မှတ်ရန် ကြိုးပမ်းမှုများကိုလည်း ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်က ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။

D-8 အဖွဲ့ကို ၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးမဟာမိတ်အဖွဲ့ဖြစ်သည်။ ၎င်း၏ အဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ အီရန်၊ မလေးရှား၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်နှင့် တူကီယဲတို့ ပါဝင်သည်။

ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- အောင်ကျော်ကျော်

မာစီဒီးက သူ့ရဲ့ MBUX မှာ လူကဲ့သို့စက်နဲ့ စကားပြောစနစ် ထည့်သွင်း

ယနေ့ခေတ်နည်းပညာမြင့်ကားများမှာ စကားပြန်ပြောနိုင်စွမ်းရှိတဲ့ အသံ လက်ထောက်စနစ်တွေ များစွာပါဝင်လာပါတယ်။ အဲဒီကားတွေထဲမှာ မာစီဒီးကား တွေလည်း အပါအဝင်ဖြစ်ပါတယ်။ အသုံးပြုပေးထားတဲ့စနစ်က MBUX စနစ်ပါ။

အရင်တုန်းက အဲဒီစနစ်ဟာ စက်ရုပ် တစ်ရုပ်လိုမျိုးပဲ ကြိုတင်ထည့်သွင်းထား တဲ့အသံဖိုင်တွေကို ဖွင့်ပြတဲ့ပုံစံမျိုးနဲ့သာ အလုပ်လုပ်တာပါ။ ဒါပေမဲ့ အခုအဲဒီလို မဟုတ်တော့ပါဘူး။အဆင့်မြှင့်တင်လိုက်တဲ့ အဲဒီစနစ်မှာ ယာဉ်မောင်းသူက  တကယ့်ကိုလူအစစ် တစ်ယောက်နဲ့အပြန်အလှန်စကားပြောနေရသလိုမျိုး ခံစားချက်ကိုရရှိအောင်လို့ ဖန်တီးထားတာဖြစ်ပါတယ်။ အဓိကက AI နဲ့ပေါင်းစပ်ပြီး တီထွင်ဆန်းသစ်ထားတာပါ။ ဒါကြောင့် MBUX စနစ်အသုံးပြုနိုင်တဲ့ မာစီဒီးကားပိုင်ရှင်များက အဲဒီစနစ်ကို အဆင့်မြှင့်တင်နိုင်ပါတယ်။