သတင်းများ

ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် မော်စကို-ပြုံယမ်း တိုက်ရိုက်လေကြောင်းခရီးစဉ် ပြေးဆွဲ

ရုရှားနိုင်ငံသည် မော်စကိုမြို့မှ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းသို့ တိုက်ရိုက်ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခြင်းကို တနင်္ဂနွေနေ့တွင် စတင်တော့မည်ဖြစ်ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားခဲ့သည်။

မြို့တော်များအကြား ပုံမှန်လေကြောင်းခရီးစဉ်များ စတင်ခြင်းသည် ၁၉၉၀ ပြည့်လွန်အလယ်ပိုင်းနှစ်များနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း ရုရှားလေကြောင်းဘလော့ဂ်များက ပြောကြားခဲ့သည်။ ဇွန်လတွင် စတင်ခဲ့သည့် မော်စကို-ပြုံယမ်း ခရီးသည်တင်ရထားများ ပြန်လည်ပြေးဆွဲခဲ့ပြီးနောက်ဤလေကြောင်းခရီးစဉ်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။

လေဆိပ်၏ အချိန်ဇယားအရ ပထမဆုံးလေယာဉ်ခရီးစဉ်သည် Sheremetyevo လေဆိပ်မှ ည ၇ နာရီတွင် ထွက်ခွာမည်ဖြစ်သည်။

၈ နာရီကြာပျံသန်းမည့် ခရီးစဉ်ကို ခရီးသည် ၄၄၀ တင်ဆောင်နိုင်သည့် ဘိုးရင်း ၇၇၇-၂၀၀အီးအာရ် အမျိုးအစားလေယာဉ်ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း ရုရှား၏ အာရ်အိုင်အေသတင်းဌာနက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။ လေယာဉ်လက်မှတ်များကို တစ်စောင်လျှင် ၅၆၃ ဒေါ်လာဖြင့် စတင်ရောင်းချခဲ့ပြီး ပထမဆုံး ခရီးစဉ်လက်မှတ်များသည် အလျင်အမြန်ပင် ရောင်းထွက်ခဲ့သည်ဟုလည်း အာရ်အိုင်အေက ဖော်ပြခဲ့သည်။

ရုရှားမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့သည် မော်စကိုနှင့် ပြုံယမ်းခရီးစဉ်ကို တစ်ပတ်နှစ်ကြိမ် ပြေးဆွဲရန် Nordwind လေကြောင်းလိုင်းကို ခွင့်ပြုချက်ပေးထားသည်။ ပို့ဆောင်ရေးဝန်ကြီးဌာနကလည်း ခရီးစဉ်လိုအပ်ချက် တည်ငြိမ်စေရန်အတွက် ယခုအခါ တစ်လလျှင်တစ်ကြိမ် ပျံသန်းပြေးဆွဲပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ပြောကြားခဲ့သည်။

Ref: အယ်အာရေဗျ အင်္ဂလစ်ရှ်

Popular Myanmar

သံလွင်မြစ်ရေ ဘားအံမြို့၏ စိုးရိမ်ရေအမှတ်ကို ကျော်လွန်ကာ မြို့အနှံ့နီးပါး ရေကျော်နေ

သံလွင်မြစ်ရေသည် ယနေ့ ဇူလိုင်လ (၂၇)ရက် ၊ နံနက် (၆) နာရီခွဲအချိန် တိုင်းတာချက်အရမြို့၏ စိုးရိမ်ရေအမှတ်ထက် (၄)ပေခွဲ ကျော်လွန်နေကြောင်း မိုးဇလ ထုတ်ပြန်ချက်အရ သိရသည်။

ဘားအံမြို့၏ စိုးရိမ်ရေမှတ်သည် (၇၅၀) စင်တီမီတာဖြစ်ကာ လက်ရှိတွင် မြစ်ရေသည် (၈၉၀) စင်တီမီတာ ထိရောက်ရှိနေခြင်း ဖြစ်သည်။

လက်ရှိတွင် မိုးလည်းရွာသွန်းနေကာ နေရာအနှံ့နီးပါး ရေကျော်နေကြောင်း မြို့ခံများကလည်း ပြောသည်။

“အခုအိမ်ကနေ စားစရာထွက်ဝယ်ဖို့တောင် ထွက်လို့အဆင်မပြေလို့စောင့်နေရပါတယ်။ ဘားအံကို ခရီးသွားမယ့်သူများ သတင်းသေချာလေး စုံစမ်းစေဖို့အတွက် မျှဝေပေးလိုက်ပါတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပြီး ယနေ့ညနေအထိ ခန့်မှန်းချက်အရ ကရင်ပြည်နယ်တွင် နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်းလည်း သိရသည်။

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသသို့ ထောက်ပံ့မှုများ ပြန်လည်ပြုလုပ်

အစ္စရေးစစ်တပ်က ဂါဇာရှိ ငတ်မွတ်ခေါင်းပါးမှုအကျပ်အတည်းကို သက်သာ စေရန်အတွက် ဂါဇာကမ်းမြောင်ဒေသသို့ လေကြောင်းမှ အထောက်အပံ့ များ ပြန်လည်ချပေးရန် ကြေညာခဲ့သည်။ ဇူလိုင် ၂၆ ရက်ထုတ်ပြန်ချက် တွင် အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) သည် ဂျုံမှုန့်၊ သကြားနှင့် စည်သွတ်ဘူးများအပါအဝင် အထောက်အပံ့ ၇ မျိုးကို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ လေကြောင်းမှချပေးမည်ဟု ကြေညာခဲ့ပြီး ပါလက်စတိုင်းဘက်ကလည်း ဂါဇာမြောက်ပိုင်းတွင် အထောက်အပံ့များ စတင်ချပေးနေပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။

အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) က အထောက်အပံ့ချပေးမှုကို ပြန်လည်စတင်မည်ဟု ကြေညာခဲ့ပြီး ဗြိတိန်ကလည်း ဂျော်ဒန် အပါအဝင် မိတ်ဖက်များနှင့် ပူးပေါင်း၍ အကူအညီများ ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။ IDF က ကုလသမဂ္ဂ၏ အထောက်အပံ့ ကုန်တင်ကား များ လုံခြုံစွာသွားလာနိုင်ရန်အတွက် ဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက လူဦးရေသိပ်သည်းသည့် နေရာ များတွင် လူသားချင်းစာနာထောက်ထားမှုအရ စစ်ဆင်ရေး လုပ်ငန်းများ ကို ယာယီရပ်နားမည် ဟု ကြေညာခဲ့သည်။ အဆိုပါဆောင်ရွက်မှုသည် နိုင်ငံတကာ ဖိအားများ တိုးမြင့်လာခြင်းနှင့် ဂါဇာကမ်းမြောင်တွင် ငတ်မွတ်ခေါင်းပါးမှု ကျယ်ပြန့်စွာဖြစ်ပွားနိုင်ကြောင်း သတိပေးချက် များကြောင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော လများအတွင်း အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) သည် ဂါဇာသို့ အထောက်အပံ့များ စီးဆင်းမှုကို ကန့်သတ်ခဲ့သည်။ ဂါဇာ ကျန်းမာရေး အာဏာပိုင်များ၏ အဆိုအရ လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်အတွင်း ပါလက်စတိုင်းနိုင်ငံသား ဒါဇင်နှင့်ချီ၍ အာဟာရ ချို့တဲ့မှုကြောင့် သေဆုံးခဲ့သည်။ နှစ်နှစ်ကြာ ပဋိပက္ခတွင် အာဟာရ ချို့တဲ့မှုကြောင့် သေဆုံးသူ ၁၂၇ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၈၅ ဦးမှာ ကလေးများဖြစ်သည်။

ဇူလိုင် ၂၃ ရက်တွင် အထောက်အပံ့အဖွဲ့အစည်း ၁၀၀ ကျော်က ဂါဇာ တစ်လျှောက် ငတ်မွတ်ခေါင်းပါးမှု ကျယ်ပြန့်စွာဖြစ်ပွားနိုင်ကြောင်း သတိ ပေးခဲ့သည်။ IDF က ရေငန်သန့်စင်သည့်စက်ရုံတစ်ရုံသို့ လျှပ်စစ် ဓာတ်အားလိုင်းများ ချိတ်ဆက်ပေးခဲ့ပြီး ၎င်းစက်ရုံမှ တစ်နေ့လျှင် လူဦးရေ ၉၀၀,၀၀၀ ခန့်၏ ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်မှန်းထားသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဗြိတိန်သည် ဥရောပတွင် မိုဘိုင်းလ်ဖုန်းခိုးယူခံရမှု အများဆုံးနိုင်ငံဖြစ်

အမေရိကန်အာမခံကုမ္ပဏီ SquareTrade ၏ စစ်တမ်းအချက်အလက် များအရ ဥရောပတစ်ခွင်တွင် ဖုန်းခိုးယူခံရမှုအာမခံတောင်းခံသည့် အမှု ၅ ခုတွင် ၂ ခုမှာ ဗြိတိန်မှဖြစ်ကြောင်း The Times သတင်းစာက ဖော်ပြ ခဲ့သည်။ ဗြိတိန်နိုင်ငံတွင်ဖြစ်ပွားသော မိုဘိုင်းလ်ဖုန်းခိုးယူခံရမှုများ၏တစ်ဝက်နီးပါးမှာ လန်ဒန်တွင်သာ ဖြစ်ပွားနေပြီး SquareTrade ၏ ဥရောပ ဈေးကွက် ၁၂ ခုအတွင်း စုဆောင်းထားသော အချက်အလက်များ အရ ဗြိတိန်သည် အာမခံထားရှိသူ ၁၀% သာရှိသော်လည်း ဥရောပ တစ်ခွင်ဖုန်းခိုးယူခံရမှု၏ ၃၉% ကို ဗြိတိန်က ဦးဆောင်နေသည်ဟု ဆိုသည်။

အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် ဇွန်လမှစတင်၍ ဗြိတိန်တွင် ဖုန်းခိုးယူခံရမှု အာမခံတောင်းခံမှုများ ၄၂၅% အထိ မြင့်တက်လာခဲ့ပြီး ထိုအမှုများ၏ ၄၂% မှာ လန်ဒန်တွင်ဖြစ်ပွားခဲ့သည်။ အဆိုပါပမာဏသည် ဥရောပ ဒေသ တစ်ခုလုံး၏ ဖုန်းခိုးယူခံရမှု ၁၆% နှင့်ညီမျှပြီး ဘာမင်ဂမ်သည် ဖုန်း ခိုးယူ ခံရမှု ဒုတိယအများဆုံး ဖြစ်ပွားရာမြို့ဖြစ်သည်။ ထို့အပြင် ဗြိတိန်တွင် ဖုန်းခိုးယူမှုများသည် နွေရာသီနှင့် ခရစ်စမတ်ကာလများတွင် အထူးသဖြင့် ခရီးသွားလာမှုများ၊ ပွဲတော်များနှင့် ဈေးဝယ်ထွက်သည့်အချိန်များတွင် ပိုမိုမြင့်တက်လေ့ရှိသည်။

ထိုတွေ့ရှိချက်များကို အင်္ဂလန်နှင့် ဝေလပြည်နယ်၏ ရာဇဝတ်မှုဆိုင်ရာ တရားဝင်စစ်တမ်းများက ထောက်ခံထားပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ကုန်အထိ တစ်နှစ်အတွင်း ပစ္စည်းခိုးယူခံရမှု ၅၀% တိုးလာပြီး အမှုပေါင်း ၄၈၃,၀၀၀ မှု ဖြစ်ပွားခဲ့ကာ ထိုအမှုများတွင် မိုဘိုင်းလ်ဖုန်းခိုးယူခံရမှု အများဆုံးဖြစ်သည်။

Compare the Market ၏ သုတေသနအရ ၂၀၂၄ ခုနှစ်အတွင်း လန်ဒန် တွင် ဖုန်း ၇၀,၀၀၀ ကျော် (တစ်ပတ်လျှင် ၁,၃၄၉ လုံး) ခိုးခံခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။ အကယ်၍ ထိုဖုန်းများကို နောက်ဆုံးပေါ် မော်ဒယ် များနှင့် အစားထိုးတွက်ချက်ပါက စုစုပေါင်း ပေါင် သန်း ၇၀ (အမေရိကန် ဒေါ်လာ သန်း ၉၀ ခန့်) အထိ ကုန်ကျနိုင်သည်ဟု ခန့်မှန်းထားသည်။ မက်ထရိုပိုလစ်တန် ရဲတပ်ဖွဲ့ (Met Police) ၏ အချက်အလက်များအရ လန်ဒန်ရှိ ဖုန်းခိုးမှု ၄၀% နီးပါးသည် ဝက်စ်မင်စတာ နှင့် ဝက်စ်အင်း ဒေသများတွင် ဖြစ်ပွားခဲ့ပြီး မိုဘိုင်းလ်ဖုန်းခိုးမှုသည် ရာဇဝတ်ဂိုဏ်းများ အတွက် တစ်နှစ်လျှင် ပေါင် သန်း ၅၀ (ဒေါ်လာ ၆၄ သန်း) ကျော် ဝင်ငွေ ရသည့် လုပ်ငန်းတစ်ခုဖြစ်နေကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။ 

ဖုန်းခိုးယူခံရမှုများ မြင့်တက်လာခြင်းသည် ဗြိတိန်၏ စီးပွားရေး အကျပ် အတည်းနှင့် လူနေမှုအဆင့်အတန်း ကျဆင်းမှု နှင့် ဆက်စပ်နေသည်။ အမျိုးသား စီးပွားရေးနှင့် လူမှုရေး သုတေသနအဖွဲ့ (NIESR) ၏ အဆို အရ ဗြိတိန်သည် လစာမြင့်မားသော နိုင်ငံမဟုတ်သကဲ့သို့ လူမှုဖူလုံရေး အထောက်အပံ့ ကောင်းမွန်သော နိုင်ငံလည်း မဟုတ်ဘဲ လူသန်းပေါင်း များစွာသည် နိမ့်ပါးသော လုပ်ခလစာနှင့် မလုံလောက်သော အထောက် အပံ့များကြား ရပ်တည်နေရသည်။

ထို့အပြင် ဗြိတိန်သည် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှု ပြဿနာကို ကြာမြင့်စွာ ရင်ဆိုင်နေရပြီး အချို့သော ဖုန်းခိုးမှုနှင့် ဂိုဏ်းများ၏ လှုပ်ရှားမှု တိုးလာခြင်းသည် ပြစ်မှုကွန်ရက်များမှ တရားမဝင် နေထိုင်သူများနှင့် ဆက်စပ်နေသည်ဟု အရာရှိများက ဆိုသည်။

ကိုးကား- RT

NASA ဝန်ထမ်းအင်အား ၂၁% ဖြစ်သည့် ဝန်ထမ်း ၃၇၀၀ ကျော် လျှော့ချမည်

အမေရိကန် အမျိုးသားလေကြောင်းနှင့် အာကာသစီမံခန့်ခွဲမှု (US National Aeronautics and Space Administration - NASA) သည် အေဂျင်စီ၏ ဝန်ထမ်းအင်အား ၃၇၈၀ ကို လျှော့ချရန် ဖြစ်ပြီး စုစုပေါင်း ဝန်ထမ်း ၁၄,၀၀၀ ခန့်ဖြင့် လုပ်ငန်းလည်ပတ်ရန် စီစဉ်နေကြောင်း အဆိုပါ အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ Cheryl Warner က TASS သို့ ပြောကြားလိုက် ပါသည်။

NASA အနေဖြင့် လနှင့် အင်္ဂါဂြိုလ်တို့အပါအဝင် စူးစမ်းရှာဖွေရေးနှင့် အာကာသဆိုင်ရာ ဆန်းသစ်တီထွင်မှုရွှေခေတ်ကို အပြည့်အဝ ဆက်လက် လျှောက်လှမ်းနိုင်အောင် ပိုမိုထိရောက်သော အဖွဲ့အစည်းဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည် Warner က ပြောကြားထားပါသည်။

ဝန်ထမ်း ၃,၇၈၀ ဦး (NASA ၏ ဝန်ထမ်းအင်အား ၂၁ %) က လတ်တလော ဆိုင်းငံ့ထားသော အလုပ်နုတ်ထွက်ခြင်း အစီအစဉ် ၂ ခုတွင် ပါဝင်ရန် သဘောတူညီခဲ့ကြပြီဖြစ်ကြောင်း Warner မှ မှတ်ချက်ပြု ပြောကြားထားပါသည်။ ထိုဝန်ထမ်းများအား လျော်ကြေးငွေပေးချေခြင်း သို့တည်းမဟုတ် အခြားအခွင့်အရေးများ ပေးဆောင်ကာ ၎င်းတို့ဆန္ဒအလျောက် နုတ်ထွက်ခွင့်ကို ခွင့်ပြုပေးသွားမည်ဖြစ်ပါသည်။ 

အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် အေဂျင်စီများစွာရှိ ဝန်ထမ်းအင်အား လျှော့ချမှုလုပ်ငန်းစဉ်ကို စတင် လုပ်ဆောင်ခဲ့ပါသည်။ ထိုစဉ်က အစိုးရစွမ်းဆောင်ရည်ထိရောက်မှုဌာန (DOGE) ကို စီးပွားရေးလုပ်ငန်းရှင် Elon Musk က တက်ကြွစွာ ပါဝင် ဆောင်ရွက်ခဲ့ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

နောင်ချိုမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းစတင်တက်ရောက်ခြင်းနှင့် ယာယီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၂၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပြီး ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအပ်လက်ခံခြင်းကို ဇူလိုင် ၂၂ ရက်မှ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့သို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နောင်ချိုမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းစတင်ဖွင့်လှစ်နိုင်ခဲ့ရာ ကျောင်းသား/ကျောင်းသူ ၈၅၇ ဦး စတင်တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။ ထိုသို့ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ၊ သန့်ရှင်းသပ်ရပ်စွာနှင့် လုံခြုံစွာပညာသင်ကြားနိုင်ရေးအတွက် တပ်မတော်သားများက လိုအပ်သည့် မိုင်းရှင်းလင်းရေး၊ လုံခြုံရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးထားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တပ်မတော်မှ ဆရာဝန်များက ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြနန်းတော်ဝင်မင်္ဂလာခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်ပြီး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဒေသခံတိုင်းရင်းသားပြည်သူ ၁၄၅ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်ပေးကြသည်။

၎င်းအပြင် နောင်ချိုမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီး အချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများက ဆေးရုံပတ်ဝန်းကျင်ရှိ ချုံနွယ်ပေါင်းမြက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ဆယ်တင်ပေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

MOI

ဂါဇာတွင် အငတ်ဘေး ကပ်ဆိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေ

ဒိုဟာတွင် ကျင်းပခဲ့သော နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားသွားပြီးနောက် ဂါဇာဒေသအတွက် စစ်ရပ်စဲရေး မျှော်လင့်ချက် များ မှေးမှိန်လာခဲ့သည်။ အစ္စရေးနှင့် ဟားမက်တို့အကြား ဇွန်လက မူကြမ်း သဘောတူညီချက်အရ ၆၀ ရက်ကြာ ယာယီစစ်ရပ်စဲရေးနှင့် ဓားစာခံလဲလှယ်မှုများ ပါဝင်သော်လည်း ဟားမက်က အစ္စရေး၏ အကူအညီ ဖြန့်ဖြူးရေးယန္တရားကို ကန့်ကွက်ကာ စစ်ပွဲအဆုံးသတ်ရန် တောင်းဆိုခဲ့သည်။

ဇူလိုင် ၂၅ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က ၎င်းတို့၏ ညှိနှိုင်းရေး အဖွဲ့များကို ဒိုဟာမှ ရုပ်သိမ်းခဲ့ပြီး ဟားမက်အား "စစ်ရပ်စဲရေးကို မလိုလား" ဟု စွပ်စွဲခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က "ဟားမက်သည် သဘောတူညီချက်မပြုလိုဘဲ အားလုံး သေကြေပျက်စီးမည့် နည်းလမ်း ကိုသာ ရွေးချယ်နေသည်"ဟု ဝေဖန်ခဲ့ပြီး ဟားမက်ဘက်မှ အကြီးတန်း ခေါင်းဆောင် Bassem Naim ကမူ အမေရိကန်က "အစ္စရေး၏ အကျိုးစီးပွား ကိုသာ ဦးစားပေး"သည်ဟု တုန့်ပြန်ခဲ့သည်။

ဂါဇာတွင် ဂါဇာလူသားချင်းစာနာထောက်ထားမှုရန်ပုံငွေအဖွဲ့ (GHF) ၏ အစားအစာဖြန့်ဖြူးရေးစင်တာများသို့ သွားရောက်စဉ် ပြည်သူ ၁,၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ဒေသခံကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန် ခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများက ထိခိုက်သေဆုံးမှုများကြောင့် အဆိုပါ ဖြန့်ဖြူးမှုစနစ်ကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ အစ္စရေးဘက်က အကူအညီ များ တိုးမြှင့်ဝင်ရောက်ခွင့်ပြုသော်လည်း ကုလသမဂ္ဂနှင့် ပဋိပက္ခဒေသ သို့ အကူအညီပို့ဆောင်ရန် လိုအပ်သော ပူးပေါင်းဆောင်ရွက်မှု ကင်းမဲ့ နေဆဲ ဖြစ်သည်။

UNRWA ၏ အစီရင်ခံစာအရ ဂါဇာတွင် ကလေး ၅ ဦးတွင် ၁ ဦးသည် အာဟာရချို့တဲ့နေပြီး ဆေးရုံဝန်ထမ်းများစွာသည်ပင် "တစ်နေ့လျှင် ပဲဟင်းတစ်ခွက်သာ စားနိုင်"သည့် အခြေအနေဖြစ်နေသည်။ လွန်ခဲ့သော ၄ ရက်အတွင်း အငတ်ဘေးကြောင့် လူ ၄၅ ဦး သေဆုံးခဲ့ပြီး ဂါဇာတစ်ခွင် "ငတ်မွတ်ခေါင်းပါးမှုသည် တိတ်တဆိတ် ကူးစက်နေ"ကြောင်း UNRWA ညွှန်ကြားရေးမှူး Philippe Lazzarini က သတိပေးခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

လော့ဟိမာတင်ကုမ္ပဏီမှ ရဟတ်ယာဉ် နှစ်စင်းဝယ်ယူရန် ဗီယက်နမ် သဘောတူ

ဗီယက်နမ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စု လော့ဟိမာတင်ကုမ္ပဏီမှ Sikorsky ရဟတ်ယာဉ်နှစ်စင်းဝယ်ယူရန် ဗီယက်နမ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနက သဘောတူညီလိုက်ပြီဖြစ်ကြောင်း ဝန်ကြီးဌာနနှင့် နီးစပ်သူများကပြောသည်။

ဗီယက်နမ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသည် အဆိုပါရဟတ်ယာဉ်များ ဝယ်ယူနိုင်ရေး အတွက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစ၍ အမေရိကန်အစိုးရနှင့် ဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် ဗီယက်နမ်နိုင်ငံသို့ ကာကွယ်ရေးပစ္စည်းများ တင်ပို့ရောင်းချခြင်းကို လွန်ခဲ့သည့်ဆယ်စုနှစ် တစ်ခုခန့်မှစ၍ ဖြေလျှော့ပေးခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ကာကွယ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင် လာခြင်းဖြစ်သည်။

ထို့ပြင် လော့ဟိမာတင်ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံသို့ C-130 အမျိုးအစား စစ်ဘက်သုံးသယ်ယူ ပို့ဆောင်ရေးလေယာဉ်များ ရောင်းချရေးနှင့်စပ်လျဉ်း၍ ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနနှင့် စေ့စပ်ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်လျက်ရှိသည်။

တစ်ချိန်တည်းမှာပင် အဆိုပါ Sikorsky ရဟတ်ယာဉ်များ မောင်းနှင်ပျံသန်းနိုင်ရေး အတွက် လောဟိမာတင်ကုမ္ပဏီက ဗီယက်နမ် လေယာဉ်မှူးများအား လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း နီးစပ်သည့် အရင်းအမြစ် များကပြောသည်။  ဗီယက်နမ်နှင့်   အမေရိကန်လော့ဟိမာတင် ကုမ္ပဏီတို့အကြား   လက်မှတ်ရေးထိုးခဲ့သည့်  ကာကွယ်ရေးပစ္စည်း လွှဲပြောင်းပေးရေး သဘောတူညီချက်သည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရှိပြီး  နောက်ပိုင်းတွင် ရဟတ်ယာဉ်များ ပိုမိုဝယ်ယူရေး သဘောတူညီချက်လည်း ပါဝင်ဖွယ်ရှိသည်။

MWD Web Portal
 
နယူးဒေလီမြို့အနီးတွင် သံရုံးအတုဖွင့်လှစ်ခဲ့သည့် စီးပွားရေး သမားတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီး

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အနီးတွင် သံရုံးအတုဖွင့်လှစ်ခဲ့သည့် စီးပွားရေးသမားတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်းသိရသည်။

အိန္ဒိယရဲတပ်ဖွဲ့သည်   အသက် ၄၅ နှစ်အရွယ်   ဟာ့ရှ်ဗာဒန်ဂျိန်းအမည်ရှိ အမျိုးသားတစ်ဦးအား လက်တွေ့တွင် တကယ်မရှိသည့် နိုင်ငံများအား ကိုယ်စားပြုသည့် သံရုံးအတု ဖွင့်လှစ်မှုဖြင့် ဂါဇီယာဘတ်မြို့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဇူလိုင်လ ၂၄ ရက်တွင် ပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် ဗာဒန်ဂျိန်းသည် အနောက်အာဖရိကရှိ နိုင်ငံအတုများဖြစ်သည့် ဆာဘော်ဂါ၊ ပူဗီယားနှင့် လန်ဒန်နီးယား စသည့်နိုင်ငံများ၏  သံအမတ်သို့မဟုတ် ကောင်စစ်ဝန်အဖြစ် ဟန်ဆောင်ခဲ့ပြီး ငှားရမ်းထားသည့် ၎င်း၏နေအိမ်တွင်လည်း သံမှူးအဆောင်အယောင်များကို နေအိမ်တွင် ချိတ်ဆွဲဖော်ပြထားကြောင်း အွတ်တာပရာဒေ့ရှ်ပြည်နယ် အထူးရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ထို့ပြင် ဗာဒန်ဂျိန်းသည် ၎င်းနေထိုင်သည့် နေအိမ်တွင်လည်း တကယ်မရှိသည့် အလံများကို လွှင့်ထူထားပြီး စာရွက်စာတမ်းအတုများနှင့် လိမ်လည်မှုများကို လုပ်ဆောင်လျက်ရှိသည်ဟု  ရဲတပ်ဖွဲ့က စွပ်စွဲထားသည်။

ရဲတပ်ဖွဲ့သည်  ၎င်းအား ဖမ်းဆီးစဉ် ၎င်း၏နေအိမ်အတွင်း၌   သံအမှုထမ်း နံပါတ်ပြားတပ် မော်တော်ကားလေးစင်း၊ နံပါတ်ပြားအတု ၂၀ ခု၊ သံအမှုထမ်းများကိုင်ဆောင်သည့် နိုင်ငံကူးလက်မှတ်အတု ၁၂ ခု၊ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက တရားဝင်   အသိအမှတ်ပြုထားသည့် သက်သေအထောက်အထား အတုများနှင့် အခြားစာရွက်စာတမ်းများကိုပါ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။   

ခိုကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ဧက ၂၃၃၇၀ ရှိသောနယ်မြေကို “ခိုကျွန်းဒီရေတောကြိုးပြင် ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၇၁/၂၀၂၅) အရ ၁၃၈၇ ခုနှစ် ဝါဆိုလပြည့်ကျော် ၁၃ ရက် (၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်/လေမုန်တိုင်း ဒဏ်ခံစားရမှုများကို သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်ရန်၊ ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ကဏန်း၊ ပုစွန်စသောရေသယံဇာတများ စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲ နိုင်ရန်နှင့် ဒီရေတောဂေဟစနစ် စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန် လာစေရန်ရည်ရွယ်၍ ဒီရေတောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ် တောများ ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။

ခိုကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းဖြင့် ဒီရေတောအဓိကသစ်မျိုးများဖြစ်သည့် ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ လမု၊ လဘ၊ ကနစို၊ သမဲ့၊ ကျန၊ မဒမ၊ ပင်လယ် အုန်းစသည့်သစ်မျိုးများနှင့် သရော၊ နှံဗြူး(ငှက်)နှင့် ဓနိပင်စသည့် ဒေသမျိုးရင်း ဒီရေတောသစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဗျိုင်း၊ ဗျိုင်းအောက်၊ စွန်၊ သိမ်းငှက်၊ ပန်းဇင်ငှက်၊ ခရုစုတ်ငှက်၊ ရေညှောင့်နှုတ်ဝိုင်းငှက်၊ တင်ကြီးငှက်၊ ငှက်တုံး ငှက် စသည့်ငှက်မျိုးများ၏ နေရင်းဒေသအား ထိန်းသိမ်းနိုင် မည်ဖြစ်ခြင်း၊ သား၊ ငါး၊ ကဏန်း၊ ပုစွန်များရှင်သန်ပေါက်ပွားရာ ဂေဟစနစ် ပိုမိုကောင်းမွန်လာစေခြင်း၊ ဒီရေတောများသည် အဏ္ဏဝါဂေဟစနစ်ကို တည်ငြိမ်မှုအတွက် အရေးပါသည့်ဂေဟ စနစ်တစ်ခုဖြစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မည် ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန