သဘောထားချင်းတူညီသည့် နိုင်ငံများနှင့်အတူ ယူကရိန်းကို ဆက်လက် ထောက်ပံ့မည်ဟု နိုင်ငံ၏သန္နိဋ္ဌာန်ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပြီး ကူညီမှုများ၌ ကာလလတ်မှ ကာလရှည် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက်အကူအညီများပါဝင်ကြောင်း Iwaya Takeshi က ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် တောင်အာဖရိက၌ စတင်ခဲ့သည့် G20 နိုင်ငံခြားရေးဝန်ကြီး များ၏ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

သံတမန်ရေးရာ ကြိုးပမ်းမှုများသည် ယူကရိန်း၌ဖြစ်ပွားနေသော တိုက်ပွဲများကို အဆုံးသတ်ရန်နှင့် ခက်ခဲသည့်အခြေအနေများကို ကျော်လွှားနိုင်ရန် လမ်းခင်းပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့ ပါသည်။
ရုရှားနှင့် မြောက်ကိုရီးယားတို့အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးလာခြင်းအပေါ် အလွန်အမင်းစိုးရိမ်သည်ဟု Iwaya က ပြောခဲ့ပြီးယူကရိန်းတပ်များကို တိုက်ခိုက်ရန် မြောက်ကိုရီးယားစစ်သားများ ပါဝင်နေမှုကို ရှုတ်ချခဲ့ပါသည်။
နိုင်ငံတကာအသိုက်အဝန်းသည် တရားဥပဒေစိုးမိုးရေး၌ ကြီးမားသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကြောင်း Iwaya က ပြောကြားခဲ့ပြီး တောင်တရုတ်ပင်လယ် အပါအဝင် ကမ္ဘာပေါ်ရှိ မည်သည့်နေရာ၌မဆို လက်ရှိအခြေအနေကို အင်အားသုံးပြီး ပြောင်းလဲရန် တစ်ဖက်သတ် ကြိုးပမ်းမှုများကို ဂျပန်အနေဖြင့် မည်သည့်အခါတွင်မှ လက်ခံမည် မဟုတ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
G20 အနေဖြင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွင် ဦးဆောင် အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်ရန် လိုအပ်နေသည်ဟုလည်း ၎င်းက အလေးပေး ပြောကြားခဲ့ပါသည်။
ကိုးကား-NHK World

အမေရိကန်ဖက်ဒရယ်အစိုးရ၏ ငွေကြေးအသုံးစရိတ်များကို လျှော့ချရန် သမ္မတထရမ့်၏ တာဝန်ပေးအပ်ခြင်းခံထားရသော ဘီလီယံနာ အီလွန်မတ် သည် ဗာဂျီးနီးယားပြည်နယ်၊ နေရှင်နယ်ဆိပ်ကမ်းတွင် ကျင်းပသည့် ကွန်ဆာဗေးတစ်နိုင်ငံရေးညီလာခံ စင်မြင့်ပေါ်သို့ တက်ရောက်ခဲ့ရာတွင် အာဂျင်တီးနားနိုင်ငံသမ္မတ ဇေဗီယာမီလီထံမှ လက်ဆောင်ရရှိထားသည့် သစ်ခုတ်လွှစက်တစ်ခုကို လက်ဖြင့်ကိုင်ဆောင်လာခဲ့သည်။
“ဒါဟာ ဗျူရိုကရေစီယန္တရားကို ဖြတ်တောက်ပစ်မယ့် လွှစက်ပါ” ဟုလည်း အီလွန်မတ်က ပြောကြားခဲ့သည်။

အာဂျင်တီးနားနိုင်ငံသမ္မတ ဇေဗီယာမီလီက မတ်အား လက်ဆောင်အဖြစ်ပေးအပ်ခဲ့သော အနီရောင် သစ်ခုတ်လွှစက်တွင် “လွတ်လပ်ရေး အသက်ရှည်ပါစေ (Viva la libertad, carajo)” ဟု ရေးထွင်းထားသည်။ အီလွန်မတ်သည် မီလီ သမ္မတမဖြစ်မီကတည်းက ထောက်ခံအားပေးခဲ့သူဖြစ်သည်။
အီလွန်မတ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လမ်းညွှန်မှုဖြင့် ဘဏ်လုပ်ငန်းဝန်ထမ်းများ၊ သစ်တောလုပ်သားများ၊ ဒုံးပျံသိပ္ပံပညာရှင်များနှင့် အစိုးရဝန်ထမ်းများစွာအပေါ် ပစ်မှတ်ထား၍ မလိုအပ်သည်တို့ကို ထိထိရောက်ရောက်လျှော့ချမှုများကို ဦးဆောင်လျက်ရှိသည်။ ယမန်နေ့ကလည်း အမေရိကန်အခွန်ဌာန(IRS) မှ ဝန်ထမ်း ၆,၀၀၀ ခန့်အား အလုပ်ထုတ်ပစ်မည်ဟု အီလွန်မတ်က အသိပေးခဲ့ကြောင်း ယင်းကိစ္စရပ်နှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။
Source: Popular Myanmar

တောင်အာဖရိကသမ္မတ Cyril Ramaphosa က ယူကရိန်းသမ္မတ Volodymyr Zelensky ကို တောင်အာဖရိကနိုင်ငံသို့ နိုင်ငံတော်ခရီး အဖြစ် လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း တောင်အာဖရိကသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ Vincent Magwenya က TASS သတင်းဌာနကို ထုတ်ဖော်ပြောကြားလိုက်ပါသည်။

“အဆိုပါခရီးစဉ်သည် ရုရှားနှင့်ယူကရိန်းအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် ကြားဝင်ဖျန်ဖြေပေးမည့် တောင်အာဖရိက၏ ကြိုးပမ်းမှုများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း” ၎င်းက ထပ်လောင်း ပြောကြားခဲ့ပြီး ခရီးစဉ်ရက်အတိအကျကို ထုတ်ဖော်ပြောကြားထားခြင်းမရှိပေ။
ဇီလန်စကီးသည် တောင်အာဖရိကသို့ အလည်အပတ်ခရီးသွားရောက်လိုကြောင်း ယခင်က ပြောကြားခဲ့ပြီး ယခု တောင်အာဖရိက၏ တရားဝင် ဖိတ်ကြားချက်ကို လက်ခံထားသည်။ ယခုခရီးစဉ်သည် ရုရှားနှင့် ယူကရိန်း အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် အရေးကြီးသော အခန်းကဏ္ဍ တစ်ခု ဖြစ်လာနိုင်ဖွယ်ရှိပါသည်။
ကိုးကား-TASS

BRICS နိုင်ငံများအနေဖြင့် မိမိတို့၏ အမေရိကန်ဒေါ်လာကို ဖျက်ဆီးကာ ငွေကြေးအသစ်တစ်ခု ဖန်တီးချင်နေကြကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၂၀ ရက် (ကြာသပတေးနေ့) တွင် ဝါရှင်တန်၊ ရီပတ်ဘလီကန်ရှိ ပြည်နယ်အုပ်ချုပ်ရေးမှူးများအဖွဲ့ကို ပြောကြား သည့် မိန့်ခွန်းထဲတွင် ထည့်သွင်းသတိပေးလိုက်ပါသည်။

BRICS နိုင်ငံများသည် တရုတ်ယွမ်ငွေများကို အသုံးပြုလိုကြကြောင်း၊ အမေရိကန်ဒေါ်လာ ပျက်စီးရာပျက်စီးကြောင်း လုပ်မည်ဆိုပါက BRICS နိုင်ငံတိုင်းကို အခွန် ၁၅၀ % ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် မိမိတို့ အနေဖြင့် ၎င်းတို့၏ ကုန်ပစ္စည်းများကို မလိုချင်ကြောင်း” ဒေါ်နယ်ထရမ့် က ပြောကြားလိုက်ပါသည်။

ဘရပ်ဆဲလ်မြို့အခြေစိုက် အီးယူဆိုင်ရာ အာဆီယံသံအမတ်ကြီးများ ပါဝင်သည့် အာဆီယံ-ဘရပ်ဆဲလ် ကော်မတီ (ASEAN Brussels Committee - ABC) နှင့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (Gulf Cooperation Council - GCC) အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီး များအကြား အလုပ်သဘော နေ့လယ်စာစားပွဲကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ABC ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဖိလစ်ပိုင်သံရုံးနှင့် မြန်မာသံရုံးတို့က ဘရပ်ဆဲလ်မြို့၌ ပူးပေါင်းစီစဉ် ကျင်းပခဲ့ကြသည်။

အဆိုပါအလုပ်သဘော နေ့လယ်စာစားပွဲတွင် အာဆီယံနှင့် GCC သံအမတ်ကြီးများသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ကျင်းပခဲ့သော အာဆီယံ- GCC ထိပ်သီးအစည်းအဝေးမှ ဒေသ နှစ်ခုအကြား ပူးပေါင်း ဆောင်ရွက်ရေးမူဘောင် (၂၀၂၄-၂၀၂၈) ထွက်ပေါ်ခဲ့ပါကြောင်း၊ အဆိုပါ မူဘောင်တွင် ဒေသနှစ်ခုအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူများအကြား ထိတွေ့ဆက်ဆံမှု (people-to-people ties) အား မြှင့်တင်ဆောင်ရွက်ရေးကို မီးမောင်းထိုးပြနိုင်ခဲ့ကြောင်း၊ ယခုနှစ်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံ၌ အာဆီယံ- GCC- တရုတ် ထိပ်သီးအစည်းအဝေးကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း၊ GCC အဖွဲ့ဝင်နိုင်ငံများသည် အာဆီယံနိုင်ငံများ၌ အိမ်ခြံမြေ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှုနှင့် ငွေရေးကြေးရေးကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ရာ ယခုကဲ့သို့ ဘရပ်ဆဲလ် မြို့ရှိ အာဆီယံနှင့် GCC သံအမတ်ကြီးများ တွေ့ဆုံခြင်းသည် ဒေသ နှစ်ရပ်စလုံးနှင့် မိတ်ဖက်ဖြစ်လျက်ရှိသော အီးယူ စသည့် မိတ်ဖက်များနှင့် ဆက်ဆံရေး၌ ကြုံတွေ့နေရသည့် ဘုံစိန်ခေါ်မှုများနှင့် ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးဖလှယ်မှုပြုနိုင်ကာ ဘုံအကျိုးစီးပွား နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုပြုနိုင်မည့် အလားအလာများကို ရှာဖွေနိုင်ရေး ယန္တရားတစ်ရပ်ဖြစ်လာရန် မျှော်လင့်ပါကြောင်း၊ ဘရပ်ဆဲလ်မြို့ ရှိ အာဆီယံနှင့် GCC တို့၏ လှုပ်ရှားမှုများတွင် အပြန်အလှန် ပူးပေါင်း ပါဝင်သွားကြရန်လည်း မျှော်လင့်ပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
ကိုးကား-Myanmar National Post

ရုရှားနှင့်အမေရိကန်တို့ကြား သံတမန်ဆက်ဆံရေး ပြန်လည်စတင်ရန်အတွက် နှစ်နိုင်ငံစလုံးမှ သံအမတ်များက ၎င်းတို့၏ လုပ်ငန်းများကို မကြာမီပြန်လည်စတင်မည်ဟု ရုရှားလွှတ်တော်မှ အရင်းအမြစ်တစ်ခုက ပြောသည်။
ရုရှားနှင့်အမေရိကန် သံအမတ်များက ၎င်းတို့၏တာဝန်များကို အပြည့်အဝပြန်လည်ထမ်းဆောင်မည်ဖြစ်သောကြောင့် ၎င်းအချက်သည် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရေးအတွက် အလွန်အရေးပါကြောင်း အဆိုပါ သတင်းအရင်းအမြစ်က ဆက်ပြောသည်။

ယခင် အမေရိကန်ပြည်ထောင်စုဆိုင်ရာ ရုရှားသံအမတ်ဟောင်း အန်နတိုလီ အန်တိုနော့သည် ၎င်း၏ သံအမတ်တာဝန်များကို ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။
ရုရှားအစိုးရသည် အမေရိကန်ပြည်ထောင်စုဆိုင်ရာ ရုရှားသံအမတ် အသစ်အဖြစ် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရှိ မြောက်အမေရိကရေးရာဌာနမှ ညွှန်ကြားရေးမှူး အလက်ဇန္ဒား ဒါချီယက်အား ခန့်အပ်ရန် လျာထားသည်ဟု ရုရှားမီဒီယာတချို့က ဖော်ပြခဲ့သော်လည်း ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ရုရှားအစိုးရက တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။
သို့သော် အမေရိကန်ပြည်ထောင်စုဆိုင်ရာ ရုရှားသံအမတ်သစ်ကို မကြာမီခန့်အပ်မည်ဟု ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က ပြောကြားထားသည်။
လက်ရှိ ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်မှာ လင်းထရေစီဖြစ်ပြီး သူမအား ယခင်သမ္မတဟောင်း ဂျိုးဘိုင်ဒင်က ခန့်အပ်ခြင်းဖြစ်သောကြောင့် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်က ၎င်းနေရာတွင် အခြားသူတစ်ဦးအား အစားထိုး ခန့်အပ်နိုင်သူဟူသော ပြောဆိုယူဆမှုများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။
Source: Myawady Web Portal

ရဝမ်ဒါနိုင်ငံသည် ဘယ်လ်ဂျီယံနှင့် ငါးနှစ်ကြာပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ယာယီရပ်ဆိုင်းလိုက်ပြီး ဘယ်လ်ဂျီယံ အား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အရှေ့ပိုင်းတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခတွင် တစ်ဖက်မှ ရပ်တည်နေသည်ဟုလည်းကောင်း၊ “ဖွံ့ဖြိုးရေးကို နိုင်ငံရေးအရ အသုံးချနေသည်ဟုလည်းကောင်း” စွပ်စွဲခဲ့ သည်။

ဘယ်လ်ဂျီယံက ကီဂါလီအား M23 လက်နက်ကိုင်အဖွဲ့ကို ထောက်ခံသည်ဟု စွပ်စွဲပြီးနောက် အရှေ့အာဖရိကနိုင်ငံဖြစ်သော ရဝမ်ဒါ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုဆုံးဖြတ်ချက်ကို အောက်တိုဘာ ၁၈ ရက် တွင် ကြေညာခဲ့သည်။ M23 လက်နက်ကိုင်အဖွဲ့သည် ကွန်ဂိုစစ်တပ်များနှင့် ငြိမ်းချမ်းရေးတပ်ဖွဲ့များကို ထပ်မံတိုက်ခိုက်ပြီး North Kivu နှင့် South Kivu ပြည်နယ်များရှိ မြို့ကြီးနှစ်မြို့ကို သိမ်းပိုက်ခဲ့သည်။ ကုလသမဂ္ဂ၏အဆိုအရ လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း ဘယ်လ်ဂျီယံ၏ ကိုလိုနီဟောင်းဖြစ်သော ကွန်ဂိုတွင် ကလေးများအပါအဝင် လူထောင်ပေါင်းများစွာ သေဆုံးခဲ့သည်။
“ဘယ်လ်ဂျီယံသည် DRC နှင့်အတူ ရဝမ်ဒါ၏ ဖွံ့ဖြိုးရေး ဘဏ္ဍာရေး အထောက်အပံ့များရရှိမှုကို ဖျက်ဆီးရန်ရည်ရွယ်သည့် ရန်လိုသော လှုပ်ရှားမှုတစ်ခုကို ဦးဆောင်ခဲ့ပြီး ထိုသို့သော ကြိုးပမ်းမှုများသည် ဘယ်လ်ဂျီယံနှင့် ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာသော အခြေခံမရှိတော့ကြောင်း ပြသနေပါသည်။ ထို့ကြောင့် ရဝမ်ဒါသည် ၂၀၂၄-၂၀၂၉ ခုနှစ်အတွင်း နှစ်နိုင်ငံအကူအညီပေးရေးအစီအစဉ်၏ ကျန်ရှိသောအပိုင်းကို ယာယီရပ်ဆိုင်းလိုက်ပါသည်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘရပ်ဆဲလ်ရှိ ဘယ်လ်ဂျီယံသံရုံး၏ ဝက်ဘ်ဆိုက်အရ ဘယ်လ်ဂျီယံ၏ အကူအညီပေးရေးဘဏ္ဍာငွေမှာ ယူရို ၉၅ သန်း (ဒေါ်လာ ၉၉ သန်း) ဖြစ်သည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ဆယ်စုနှစ်များစွာ ဖြစ်ပွားနေသော ပဋိပက္ခက Kinshasa နှင့် Kigali အကြား ဆက်ဆံရေးကို တင်းမာစေခဲ့သည်။ ကွန်ဂိုအစိုးရက အိမ်နီးချင်းနိုင်ငံဖြစ်သော ရဝမ်ဒါသည် အရှေ့ပိုင်းဒေသ၏ ကြွယ်ဝသော သတ္တုအရင်းအမြစ်များကို ထိန်းချုပ်ရန် ပြိုင်ဆိုင်နေသည့် လက်နက်ကိုင်အဖွဲ့ပေါင်းများစွာထဲမှ တစ်ဖွဲ့ဖြစ်သော M23 ကို ထောက်ပံ့ပေးနေသည်ဟု ထပ်ခါတလဲလဲ စွပ်စွဲခဲ့သည်။ ယခင်နှစ်က ကုလသမဂ္ဂ၏ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကလည်း ရဝန်ဒါစစ်သား ၄,၀၀၀ ခန့်သည် M23 လက်နက်ကိုင်အဖွဲ့နှင့်အတူ တိုက်ခိုက်နေသည် ဟု အစီရင်ခံခဲ့သည်။
ကိုးကား-RT

ဂျပန်၀န်ကြီးချုပ်ဟောင်း Kishida Fumio ရှိသည့် နေရာအနီးသို့ ဖောက်ခွဲရေးပစ္စည်းနှင့် ပစ်ပေါက်ခဲ့သော အမျိုးသားကို ဂျပန်အနောက်ပိုင်း Wakayama ခရိုင်ရှိ တရားရုံးတစ်ရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါသည်။ တရားခံသည် ထိုစဉ်က တာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးချုပ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းကြောင့် အများပြည်သူအကြား စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့သည်ဟု တရားရုံးက ပြောပါသည်။

တရားခံဖြစ်သူ Kimura Ryuji က ဖောက်ခွဲရေးပစ္စည်းများနှင့် ပစ်ပေါက် ခဲ့ရာ လူ ၂ ဦး ဒဏ်ရာရခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။ အောက်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတစ်ဦး မဲဆွယ် စည်းရုံးခဲ့ချိန် ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ဝန်ကြီးချုပ် Kishida သည် Wakayama မြို့ရှိ ဆိပ်ကမ်းတစ်ခု၌ ရောက်ရှိနေခဲ့ပြီး ထိုနေရာတွင် လုပ်ကြံခံခဲ့ရသော်လည်း ဒဏ်ရာရရှိခြင်းမရှိဘဲ အခင်းဖြစ်ပွားရာနေရာမှ အလျင်အမြန် ရွှေ့ပြောင်းတိမ်းရှောင်နိုင်ခဲ့ပါသည်။
အသက် ၂၅ နှစ်အရွယ် Kimura သည် လူသတ်မှုကျူးလွန်ရန် ကြိုးပမ်းမှုနှင့် ဖောက်ခွဲရေးပစ္စည်းထိန်းချုပ်ရေးအက်ဥပဒေကို ချိုးဖောက်မှု အပါအဝင် စွဲချက် ၅ ခုဖြင့် Wakayama ခရိုင်တရားရုံး၌ ရုံးတင်စစ်ဆေးခံခဲ့ရခြင်း ဖြစ်သည်။
ကျွမ်းကျင်ပညာရှင်များ၏ စစ်ဆေးမှုအရ ဖောက်ခွဲရေးပစ္စည်းများသည် လူကို သေစေနိုင်သည်ဟု တရားသူကြီး Fukushima Keiko က ဖေဖော်ဝါရီ ၁၉ ရက်နေ့က တရားစီရင်မှုတွင် ပြောကြားခဲ့သည်။ Kimura သည် Kishida သေဆုံးသွားနိုင်ကြောင်းကို သိထားပြီး ၎င်းဖောက်ခွဲရေးပစ္စည်းနှင့် ပစ်ပေါက်ခဲ့ခြင်းကြောင့် လူသတ်မှုကျူးလွန်ရန်ကြိုးပမ်းမှုနှင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ချခဲ့သည်ဟု တရားသူကြီးက ဆိုပါသည်။

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းသို့ လက်နက်ရောင်းဝယ်မှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဗာဟိုရာဒါ (ယူကရိန်းလွှတ်တော်) တွင် ကြေညာခဲ့ပါသည်။

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းသို့ လက်နက်ရောင်းဝယ်မှုကို ရပ်ဆိုင်းလိုက်ကြောင်း ယူကရိန်းလွှတ်တော်၏ အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးနှင့် ထောက်လှမ်းရေးကော်မတီ၊ အတွင်းရေးမှူး ရိုမန်ကို စတန်ကိုက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ၎င်း၏အဆိုအရ ယူကရိန်း သည် အမေရိကန်ထံမှ အကူအညီတောင်းခံမှုများကို ယခင်ကတည်းက ငြင်းဆန်ခံခဲ့ရပြီး အဆိုပါ လက်နက်ပို့ဆောင်ရေးလမ်းကြောင်း၏ အနာဂတ်သည် မေးခွန်းထုတ်စရာဖြစ်နေကြောင်း သိရှိရပါသည်။
ကိုးကား - RIA Novosti

ဇီလန်စကီးအနေဖြင့် အမေရိကန်အစိုးရက ယူကရိန်းအတွက် လုပ်ဆောင်ပေးနေသည့် အစီအစဉ်ကောင်းတစ်ခုအပေါ် အမြင်ကျဉ်းစွာဖြင့် ငြင်းပယ် လိုက်ကြောင်း ပြောကြားလိုက်ပါသည်။
ဇီလန်စကီးသည် အမေရိကန်အား ယူကရိန်းရှိ သဘာဝသယံဇာတများ အသုံးပြုခွင့်ပေးမည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ငြင်းဆိုလိုက်ခြင်းအပေါ် ပြောကြားလိုက်ခြင်းဖြစ်ပါသည်။

၄င်းမှာလည်း မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့် ဆွေးနွေးခဲ့သော အဓိကအကြောင်းအရာ တစ်ခုဖြစ်ခဲ့သည်။ ဒေါ်နယ်ထရမ့်က ယူကရိန်းအပေါ် အမေရိကန်က ပံ့ပိုးခဲ့မှုမှာ ဒေါ်လာ ၃၀၀ ဘီလီယံထက် များပြားနေကြောင်း၊ အဆိုပါအကူအညီများအတွက် ဘီလီယံ ၅၀၀ တန်ဖိုးရှိ ရှားပါးသတ္တုများ တောင်းဆိုခဲ့ပါသည်။ အဆိုပါ တောင်းဆိုချက်ကို ဇီလန်စကီးက နှစ်ဖက်အကျိုးရှိစေမည့် မိတ်ဖက် ဆက်ဆံမှုတစ်ခုလိုအပ်ကြောင်း ပြောဆိုကာ ငြင်းပယ်လိုက်ပါသည်။ ထိုသဘောတူညီမှုအဆိုပြုချက်ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်က ပြီးခဲ့သည့်အပတ်က ကိယက်စ်မြို့သို့ သွားရောက် ဆွေးနွေးခဲ့ပါသည်။
ယူကရိန်းအရာရှိကြီးများက အမေရိကန်၏ သဘောတူညီချက်သည် လုံခြုံရေးအာမခံချက်မပါဝင်သဖြင့် Colonial Agreement မျိုးသာ ဖြစ်ကြောင်း ပြောဆိုခဲ့ကြပြီး၊ ဇီလန်စကီးကလည်း လုံခြုံရေးအာမခံချက်နှင့် ရင်းနှီးမြှုပ်နှံမှုများကို ချိတ်ဆက်ထားရန် အရေးကြီးကြောင်း တုံ့ပြန် ပြောကြားခဲ့ပါသည်။
ယူကရိန်းတွင် စစ်ရေးနှင့် စက်မှုလုပ်ငန်းများအတွက် အရေးပါသည့် တိုင်တန်နီယမ်နှင့် လီသီယမ်ရှားပါးသတ္တုများ လွန်စွာပေါကြွယ်ဝပြီး ယူကရိန်းတစ်နိုင်ငံလုံးရှိ သဘာဝသယံဇာတ အားလုံးတန်ဖိုးမှာ ဒေါ်လာ ၇ ထရီလီယီ (ဒေါ်လာ ၇၀၀၀ ဘီလီယံ) ခန့်ရှိကြောင်း သိရပါသည်။
ကိုးကား- RT