ထရမ့်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး၊ စီးပွားရေးနှင့် နိုင်ငံခြားရေး စသည့် မူဝါဒများအား ဆန့်ကျင်သည့် ဆန္ဒပြမှုများကို အမေရိကန်နိုင်ငံတစ်ဝန်း ဒေသအများအပြား၌ ဒေသစံတော်ချိန် ဇူလိုင် ၄ ရက်က လုပ်ဆောင်ခဲ့သည်။ ပါဝင်သူများသည် စုစုပေါင်း သိန်းချီရှိကြောင်း ဒေသတွင်း မီဒီယာများ သတင်း ဖော်ပြချက်အရ သိရသည်။

ထိုနေ့တွင် အမေရိကန်နိုင်ငံ ချီကာဂိုမှ လော့စ်အိန်ဂျလိစ်အထိ၊ ဗာဂျီးနီးယားပြည်နယ် ရိုအာနို့ခ်မှ တောင်ဒါကိုတာပြည်နယ် ဆိုက်ယောစ်ဖောလ်စ်အထိ ထိုမှတစ်ဆင့် အိုရီဂွန်ပြည်နယ် ယူဂျင်း အထိ အမေရိကန် ဒေသအများအပြားတွင် ပမာဏမတူညီသော ဆန္ဒပြမှုများလုပ်ဆောင်ခဲ့သည်။ ဆန္ဒပြသူ များက လမ်းမထက်သို့ချီတက်ကာ ဆန္ဒပြစာတန်းများ ကိုင်ဆောင်၍ ထရမ့်အစိုးရ၏ ပြည်တွင်း ပြည်ပ မူဝါဒအပေါ် မကျေနပ်မှုများကို ဖော်ပြခဲ့ကြသည်။
ဆန္ဒပြမှုကို “50501 လှုပ်ရှားမှု (ဆန္ဒပြမှု ၅၀၊ ပြည်နယ် ၅၀၊ လှုပ်ရှားမှု ၁ ခု)” စသည့် အဖွဲ့အစည်းမှ စတင်ဖော်ဆောင်ခြင်းဖြစ်ကာ ခေါင်းစဉ်မှာ “အမေရိကန်လွတ်မြောက်ရေး” ဖြစ်သည်။ ဇူလိုင် ၄ ရက် ဆန္ဒပြမှုသည် အဓိကအားဖြင့် တောင်းဆိုချက်ကြီးလေးရပ်ဖြစ်သည့် “လောဘကြီးသည့် ဘီလီယံနာ များ လက်ထဲမှ အမေရိကန် လွတ်မြောက်စေရန်”၊ “ဆင်းရဲ နွမ်းပါးမှုထဲမှ အမေရိကန် လွတ်မြောက် စေရန်”၊ “စိတ်ကြိုက် အလုပ်ဖြုတ်မှုနှင့် တရားမဝင် အမိန့်ကြေညာချက်များမှ အမေရိကန် လွတ်မြောက် စေရန်” ၊ “အမုန်းတရားနှင့် ထိတ်လန့်စေမှု နိုင်ငံရေး အချုပ်အနှောင်များမှ အမေရိကန် လွတ်မြောက် စေရန်” တို့အား ထင်ဟပ်စေရန် ဖြစ်ကြောင်း “50501 လှုပ်ရှားမှု” က ၎င်းတို့တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ယခုအကြိမ် ဆန္ဒပြလှုပ်ရှားမှုအစီအစဉ်သည် ဇူလိုင် ၄ ရက်မှ ၆ ရက်အထိဖြစ်ကာ အမေရိကန် “လွတ်လပ်ရေးနေ့” ပိတ်ရက်ကာလတစ်ခုလုံး ပါဝင်သည်။ ဒေသအများအပြား၌ လှုပ်ရှားမှု ၃၀၀ ကျော် ကျင်းပသွားမည်ဖြစ်ကာ ဇွန်လတွင် အမေရိကန်နိုင်ငံတစ်ဝန်း၌ကျင်းပသည့် “ဘုရင်အလိုမရှိ (No Kings)” ဆန္ဒပြလှုပ်ရှားမှုအား အဆင့်မြှင့်ထားသည့်ဗားရှင်း ဟုလည်း ခေါ်ဆိုထားသည်။
စုဝေးမှုနှင့် ဆန္ဒပြမှုများအပြင် လှုပ်ရှားမှုဖော်ဆောင်သူများကလည်း ရပ်ကွက်ကိုအခြေခံ၍ လမ်းမထက် ပါတီ၊ ဆန္ဒပြစာတန်းများချိတ်ဆွဲခြင်း၊ အနုပညာဖန်တီးမှု စသည်တို့အပါအဝင် အခြားသော လှုပ်ရှားမှု များလည်း လုပ်ဆောင်ခဲ့သည်။
ဇွန် ၁၄ ရက်တွင် အမေရိကန် နိုင်ငံတစ်ဝန်း၌ ဆန္ဒပြစီတန်းလှည့်လည်မှု ၂,၀၀၀ ခန့်ဖြစ်ပွားခဲ့ပြီး ထရမ့်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဥပဒေပြုရေး စသည့်ကဏ္ဍများ တွင် မူဝါဒများကို ဆန့်ကျင်ခဲ့ရာ စုစုပေါင်း လူဦးရေသန်းချီပါဝင်ခဲ့ကြောင်းသိရသည်။ အဆိုပါ ဆန္ဒပြ လှုပ်ရှားမှု၏အမည်မှာ “ဘုရင်အလိုမရှိ (No Kings)” ဖြစ်သည်။
ကိုးကား- ဆင်ဟွာ

ထရမ့်က အမေရိကန်တွင် တတိယမြောက် နိုင်ငံရေးပါတီထောင်ခြင်းသည် အခြေအနေကို ပိုမိုဆိုးရွားစေမည်ဟု ဆိုကာ အီလွန်မက်သည် လမ်းလွဲနေကြောင်း ပြောကြားခဲ့သည်။
“မိမိအနေဖြင့် တတိယပါတီဆိုတာ အဓိပ္ပာယ်မရှိဟု ထင်ပါသည်။ အမေရိကန် မှာ အမြဲတမ်း ပါတီနှစ်ခုစနစ်ဖြင့်သာ လည်ပတ်ခဲ့တာ၊ ဒါက ရှုပ်ထွေးမှုကိုပဲ ပို တိုးစေမည်” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၆ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့ပြီး ဘီလီယံနာ အီလွန်မက်၏ “အမေရိကန် ပါတီ” ဖွဲ့စည်းမှုကို ရည်ညွှန်းဝေဖန်ခဲ့သည်။

“တတိယပါတီတွေဟာ အလုပ်မဖြစ်ဖူးဘူး” ဟု ၎င်းက ဖြည့်စွက် ပြောကြား ခဲ့သည်။ “၎င်းက အဆိုပါအကြံကို သဘောကျနေမည်ဆိုသော်လည်း မိမိကတော့ အဓိပ္ပာယ်မရှိဟု ထင်ပါသည်” ဟု ထရမ့်က ပြောကြားခဲ့သည်။ ထိုနေ့တွင်ပင် လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန်ခဲ့သော ရေးသားမှုတစ်ခုတွင်တွင် ထရမ့်က ယခင်က မဟာမိတ်ဟောင်းဖြစ်သူအပေါ် စိတ်ပျက်မိကြောင်း ဖော်ပြခဲ့သည်။
ထရမ့်သည် မကြာသေးမီက အီလွန်မက်နှင့် ၎င်းတို့အကြား အချင်းများစေ ခဲ့သော ဥပဒေကြမ်း (beautiful bill) အကြောင်းကိုလည်း ဖော်ပြခဲ့သည်။ ထို ဥပဒေအသစ်ကို ကြီးကျယ်သော ဥပဒေဟု ၎င်းက ဆိုသော်လည်း “မက် အတွက်တော့ ကံမကောင်းစရာ” ဖြစ်သည်ဟု ဆိုသည်။ အဘယ့်ကြောင့် ဆိုသော် ယာဉ်မောင်းများအား လျှပ်စစ်ကားများ ဝယ်ယူရန် မဖြစ်မနေ လုပ်ဆောင် ရမည့် စည်းမျဉ်းကို ယာယီဖြေလျှော့ပေးလိုက်သောကြောင့် ဖြစ်သည်။
ထို့အပြင် NASA အား ဦးဆောင်ရန် မက်၏ ရင်းနှီးသော မိတ်ဆွေတစ်ဦးကို ၎င်းကိုယ်တိုင် မရွေးချယ်ရခြင်း၏ အကြောင်းရင်းကိုလည်း ရှင်းပြခဲ့သည်။ “၎င်း၏မိတ်ဆွေက ကောင်းမွန်သည့်သူပါ၊ သို့သော် ၎င်းသည် ဒီမိုကရက်တစ် ပါတီဝင်ဖြစ်ပြီး ရီပတ်ပလီကန်ပါတီကို ဘယ်တုန်းကမျှ ထောက်ပံ့ခဲ့ဖူးခြင်း မရှိဘူးဆိုတာ သိရသည့်အတွက် အံ့သြသွားပါသည်။ NASA ကို အီလွန်မက်၏ အရမ်းရင်းနှီးသည့် မိတ်ဆွေတစ်ယောက်က ဦးဆောင်ခြင်းသည် မသင့်တော်ဟု မိမိထင်ပါသည်။ အထူးသဖြင့် ၎င်းကိုယ်တိုင်က အာကာသလုပ်ငန်းတွေမှာ ပါဝင်နေပြီး NASA သည် ၎င်း၏အလုပ်အကိုင်မှာ အရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေပါသည်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် “ပြည်သူတွေကို ကာကွယ်ရန်သည် မိမိ၏ အဓိကတာဝန်ဖြစ်ပါသည်” ဟုလည်း အမေရိကန်သမ္မတက ထပ်လောင်း၍အတိအလင်း ပြောကြားခဲ့သည်။
အီလွန်မက်မှ ယခုကဲ့သို့သော ထုတ်ပြန်ချက်များနှင့်ပတ်သက်၍ မှတ်ချက် တစ်စုံတရာ တုံ့ပြန်မှု မပြုလုပ်သေးပေ။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

Politico သတင်းဌာနက တနင်္လာနေ့ (ဇူလိုင် ၇) တွင် ထုတ်ပြန်သော သတင်း တစ်ရပ်အရ ရုရှားနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူပါက ယူကရိန်းသို့ တပ်ဖွဲ့များစေလွှတ်ရန် ဗြိတိန်-ပြင်သစ် ပူးပေါင်းဆောင်ရွက်မှုသည် အခက်အခဲ များနှင့် ကြုံတွေ့နေရပြီး နိုင်ငံနှစ်ခုကြား တင်းမာမှုများကို ပိုမိုမြင့်တက်နေ စေသည်ဟု သိရှိရသည်။
ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်က ယမန်နှစ်က ယူကရိန်းကို ထောက်ခံ သူများအနေဖြင့် ယူကရိန်းနယ်မြေတွင် တပ်ဖွဲ့များ တပ်စွဲထားရန် ဖြစ်နိုင်ခြေ ကို လုံးဝဖယ်ထုတ်မထားသင့်ဟု ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

ဇန်နဝါရီလတွင် မော်စကို-ကိယက်ဗ်အကြား အပစ်အခတ်ရပ်စဲရေးကို ဦးစား ပေးမည်ဟု ကြေညာထားသူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရာထူးရယူပြီး နောက် မက်ခရွန်နှင့် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာတို့သည် ယူကရိန်း တွင် အပစ်အခတ်ရပ်စဲပြီးနောက် ပါဝင်ဆောင်ရွက်နိုင်မည့် နိုင်ငံများပါဝင်သော “ဆန္ဒရှိသူများ မဟာမိတ်” (coalition of the willing) ဖွဲ့စည်းခဲ့ပြီး ရုရှားဘက်မှ ထိုကဲ့သို့လုပ်ဆောင်မှုကို သည်းမခံနိုင်ဟု သတိပေးခဲ့သည်။
ထိုမဟာမိတ်အဖွဲ့၏ နောက်တစ်ကြိမ်အစည်းအဝေးကို ကြာသပတေးနေ့ (ဇူလိုင် ၁၀) တွင် NATO ၏ Allied Maritime Command အခြေစိုက်ရာ ဗြိတိန် တပ်မတော်၏ Northwood ဌာနချုပ်တွင် မက်ခရွန်နှင့် စတာမာတို့ ပူးတွဲ ဦးဆောင်ကျင်းပမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးသည် မက်ခရွန်၏ ဗြိတိန်သို့ နိုင်ငံတော်အဆင့် အလည်အပတ်ခရီးစဉ်တွင် တစ်ဆက်တည်း ကျင်းပမည် ဖြစ်သည်။
Politico သတင်းဌာနက ပြင်သစ်အရာရှိနှစ်ဦး၏ ထုတ်ဖော်ပြောဆိုချက်ကို ကိုးကားပြီး အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် ရှင်းလင်းသော ဦးတည်ချက် ကင်းမဲ့နေပြီး အခြေအနေတုံ့ဆိုင်းနေရခြင်းအတွက် လန်ဒန်အစိုးရအား အပြစ် တင်ထားသည်ဟု ဖော်ပြခဲ့သည်။ ၎င်းတို့၏ အဆိုအရ ဗြိတိန်အစိုးရသည် အမေရိကန်ထောက်ခံမှုရရှိရေးကို အလွန်အမင်း အလေးထားခဲ့သော်လည်း ယခု အထိ ထိုရည်မှန်းချက် အောင်မြင်မှု မရှိသေးပေ။
တစ်ဖက်တွင်လည်း ဗြိတိန်အရာရှိများက မက်ခရွန်သည် ၎င်း၏သမ္မတ သက်တမ်း ကုန်ဆုံးခါနီးတွင် ၎င်းအမွေအနှစ်ကိုသာ အဓိကထား အာရုံစိုက်နေသည်ဟု စွပ်စွဲ ခဲ့သည်ဟု သိရှိရသည်။ ယူကရိန်းဆိုင်ရာ ထိုအချေအတင်ကွဲလွဲမှုသည် ပြင်သစ်- ဗြိတိန်ကြား ချစ်ကြည်ရင်းနှီးမှုတွင် အက်ကြောင်းအသေးများ စတင်ပေါ်လာသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်ဟု Politico က ဖော်ပြခဲ့သည်။
မော်စကိုဘက်မှ အနောက်နိုင်ငံများသည် ယူကရိန်းကို “ယူကရိန်း လူမျိုးစု တစ်ခုလုံး ကုန်ဆုံးသည်အထိ တိုက်ခိုက်ရန် အားပေးနေသည်” ဟု စွပ်စွဲထားပြီး မည်သည့်စစ်ရေးအကူအညီမျှ ယူကရိန်း၏စစ်မြေပြင်အခြေအနေကို ပြောင်းလဲ နိုင်မည်မဟုတ်ဟု ခိုင်မာစွာ ပြောဆိုထားသည်။
ကိုးကား- RT

ဇူလိုင်လ ၄ ရက်နေ့ တွင်ကျင်းပခဲ့သော အမေရိကန်လွတ်လပ်ရေးနေ့ အခမ်းအနားတွင် B-2 ဗုံးကြဲလေယာဉ်မှူးများနှင့် ၎င်းတို့၏ မိသားစုဝင်များကို အိမ်ဖြူတော်၏ တောင်ဘက်မြက်ခင်းပြင်တွင် ကျင်းပသော အထိမ်းအမှတ်အခမ်းအနားသို့ ဖိတ်ကြားခဲ့ပြီး ထရမ့်က ၎င်းတို့၏ ကိုယ်ရေးအချက်အကျဉ်းကို ထုတ်ဖော်ပြောဆိုရန် အားပေးခဲ့သည်။

“မိမိတို့အနေဖြင့် B-2 ဗုံးကြဲလေယာဉ်တပ်ဖွဲ့၏ ဌာနချုပ်ဖြစ်သော မစ္စစ္စပီ မှ Whiteman လေတပ်စခန်းမှ လေတပ်သား ၁၅၀ နှင့် ၎င်းတို့၏ မိသားစုဝင်များကို ကြိုဆိုရသည်မှာ ဂုဏ်ယူစရာပါ” ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၄ ရက်နေ့တွင် အိမ်ဖြူတော်၏ Truman Balcony မှ တောင်ဘက်မြက်ခင်းပြင်တွင် ဂုဏ်ပြုပွဲ တက်ရောက်လာ ကြသည့် ပရိတ်သတ်ကို မိန့်ခွန်းပြောကြားခဲ့သည်။
ယခုလဆန်းပိုင်းက အီရန်၏ အဓိကနျူကလီးယားစက်ရုံများကို ဗုံးကြဲ တိုက်ခိုက်ခဲ့သည့် Operation Night Hammer စစ်ဆင်ရေးတွင် ပါဝင် ခဲ့သည့် လေယာဉ်မှူးများကို လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား သို့ တက်ရောက်ရန် အိမ်ဖြူတော်မှ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ လုံခြုံရေးအတွက် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ထားရ သော်လည်း အခမ်းအနားတွင် ထုတ်ဖော်ပြောဆိုရန် ထရမ့်က အားပေး ခဲ့သည်။
ပင်တဂွန် ကာကွယ်ရေးထောက်လှမ်းရေး အေဂျင်စီ (DIA) ၏ လျှို့ဝှက် အစီရင်ခံစာတွင် အမေရိကန်၏ တိုက်ခိုက်မှုသည် အီရန်၏ နျူကလီးယား အစီအစဉ်ကို အပြီးတိုင်ဖျက်ဆီးနိုင်ခြင်းမရှိဘဲ လအနည်းငယ်သာ နောက်ကျ သွားစေနိုင်သည်ဟု အကဲဖြတ်ထားကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ မီဒီယာများက ဖော်ပြခဲ့ပါသည်။
သို့သော် ဇူလိုင် ၄ ရက်နေ့တွင် Air Force One လေယာဉ်ပေါ်၌ သတင်းထောက်များအား ပြောကြားရာတွင် သမ္မတ Trump က အီရန်၏နျူကလီးယား အစီအစဉ်ကို အပြီးတိုင် ပျက်စီးသွားစေခဲ့သည်ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့သော်လည်း တီဟီရန်သည် အခြားနေရာတွင် ထိုအစီအစဉ်ကို ပြန်လည်စတင်နိုင်သည်ဟု ဆိုသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ၁၂ ရက်ကြာ ပဋိပက္ခ၏ နောက်ပိုင်းတွင် နိုင်ငံ၏နျူကလီးယားစက်ရုံများ ပြင်းထန်စွာ ပျက်စီး ခဲ့ကြောင်း၊ တီဟီရန်သည် အခြေအနေကို စစ်ဆေးသုံးသပ်နေကြောင်း ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် အီရန်သည် အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင်အေဂျင်စီ (IAEA) နှင့် ပူးပေါင်းဆောင်ရွက်မှုကို ယာယီရပ်စဲကြောင်း ကြေညာခဲ့ပြီး ယူရေနီယံထပ်တိုးသန့်စင်မှုကို မရပ်တန့်ဟု ပြောကြား ခဲ့သည်။

အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယ်လီ ခါမေနီသည် အစ္စရေးနှင့် စစ်ပွဲ စတင်ဖြစ်ပွားချိန်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အများပြည်သူရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
ဇူလိုင် ၅ ရက်နေ့တွင် အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုတွင် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယ်လီ ခါမေနီသည် တီဟီရန်မြို့လယ်ရှိ အီမာမ် ခိုမေနီ ဗလီ၌ ရှီးယိုက်မွတ်စလင်များ၏ အထွတ်အမြတ်နေ့ဖြစ်သော အာရှူရာနေ့ အခမ်းအနားကို ဂုဏ်ပြုသည့် အနေဖြင့် တက်ရောက်ခဲ့ပြီး ဝတ်ပြုသူများအား လက်ဝှေ့ယမ်းကာ ပြန်လည် နှုတ်ဆက်နေသည်ကို တွေ့ရှိရသည်။

အသက် ၈၆ နှစ်ရှိပြီဖြစ်သော ခါမေနီသည် အမည်းရောင်ဝတ်စုံကို ဝတ်ဆင်ကာ စင်မြင့်ပေါ်သို့ တက်ရောက်လာချိန်တွင် ပရိတ်သတ်က လက်သီးလက်မောင်းတန်းကာ “မိမိတို့သွေးအသက်သည် ခေါင်းဆောင် အတွက်ဖြစ်သည်” ဟု သံပြိုင်အော်ဟစ်ခဲ့ကြသည်။ အီမာမ် ခိုမေနီ ဗလီ သည် အီရန် အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ တည်ထောင်သူအမည်ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်း ဖြစ်သည်။
၁၉၈၉ ခုနှစ်မှ အာဏာရယူထားသော ခါမေနီသည် လွန်ခဲ့သည့် သီတင်းပတ်က ဗီဒီယိုမှတစ်ဆင့် ကြိုတင်ရိုက်ကူးထားသော မိန့်ခွန်းကို ပြောကြားခဲ့ပြီး ဇွန် ၁၃ ရက်တွင် အစ္စရေးက အီရန်ကို တိုက်ခိုက်မှု စတင်ပြီးနောက်ပိုင်း လူမြင်ကွင်း၌ မတွေ့ရတော့ပေ။ ၎င်း၏ နောက်ဆုံး အများပြည်သူရှေ့မှောက် ပေါ်ထွက်မှုမှာ ဇွန် ၁၁ ရက်က လွှတ်တော် အမတ်များနှင့် တွေ့ဆုံစဉ်ကဖြစ်သည်။
တဲလ်အဗစ်သည် အီရန်၏ အဆင့်မြင့်စစ်ဗိုလ်ချုပ်များနှင့် နျူကလီးယား သိပ္ပံပညာရှင်များစွာကို သတ်ဖြတ်ခဲ့ပြီး အစ္စရေးဝန်ကြီးချုပ်က အယ်လီ ခါမေနီအား လုပ်ကြံသတ်ဖြတ်ရန် အလားအလာကိုပင် ဖော်ပြခဲ့သည်။
စစ်ပွဲဖြစ်ပွားနေစဉ်ကာလအတွင်း အီရန်၏ အမြင့်ဆုံးခေါင်းဆောင်သည် လုံခြုံရာနေရာတွင် ရှိနေသည်ဟု ယုံကြည်ရသည်။ စစ်ပြေငြိမ်းရေး စတင်အသက်ဝင်ပြီး ရက်အနည်းငယ်အကြာတွင် ခါမေနီက အီရန်သည် အစ္စရေးနှင့် အမေရိကန်နှစ်ခုလုံးကို အနိုင်ရခဲ့ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် အီရန်သည် အမေရိကန်ကို အညံ့ခံမည်မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။

နည်းပညာသမား ဘီလီယံနာ အီလွန်မက်က ဒီမိုကရက်နှင့် ရီပတ်ပလီကန် ပါတီတို့နှင့် ယှဉ်ပြိုင်ရန် “အမေရိကန်ပါတီ” (America Party) အမည်ဖြင့် နိုင်ငံရေးပါတီအသစ်တစ်ခု ဖွဲ့စည်းကြောင်း ဇူလိုင် ၅ ရက်က ကြေညာ ခဲ့သည်။
“ပါတီအသစ်လိုချင်တယ်ဆိုတော့ ရပြီ။ မင်းတို့ကို လွတ်မြောက်စေဖို့ အမေရိကန်ပါတီကို ဒီနေ့ ဖွဲ့လိုက်ပြီ” ဟု ၎င်းက လူမှုကွန်ရက် X တွင် ရေးသားခဲ့သည်။

အမေရိကန်နိုင်ငံရေးကို နှစ်ပေါင်း ၂၀၀ ကျော်ကြာ ထိန်းချုပ်ခဲ့သော “နှစ်ပါတီစနစ်မှ လွတ်မြောက်လိုပါသလား” ဟူသော မေးခွန်းကို X တွင် စစ်တမ်းကောက်ယူခဲ့ပြီး မဲ ၁.၂ သန်းကျော်ရရှိခဲ့ကြောင်း ဘီလီယံနာ သူဌေးက ဖော်ပြခဲ့သည်။
ပါတီဖွဲ့စည်းကြောင်း ကြေညာချက်တွင် စစ်တမ်းဖြေကြားသူများ၏ သုံးပုံ နှစ်ပုံက ပါတီအသစ်ဖွဲ့စည်းရန် ထောက်ခံခဲ့ကြောင်း မက် က ဖော်ပြ ခဲ့သည်။
အီလွန်မက်၏ ပါတီအသစ်သည် ၂၀၂၆ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲများအပေါ် မည်သို့ သက်ရောက်မှု ရှိမည်ကို မရှင်းလင်းသေးပေ။
မက်သည် “Big, Beautiful Act” အမည်ရှိ အသုံးစရိတ် အစီအစဉ် နှင့်ပတ်သက်၍လည်း ထရမ့်နှင့် သဘောထားကွဲလွဲခဲ့ပြီး ယင်း အက်ဥပဒေ ကို ထောက်ခံမဲပေးခဲ့သည့် ဥပဒေပြုသူများကို ရှုံးနိမ့်စေရန် မည်သည့် နည်းနှင့်မဆို လုပ်ဆောင်မည်ဟု ကတိပြုခဲ့သည်။
မက်က ဒီမိုကရက်နှင့် ရီပတ်ပလီကန်ပါတီနှစ်ခုစလုံးကို ၎င်းတို့ အုပ်ချုပ်မှု အောက်တွင် နိုင်ငံ၏ ဘဏ္ဍာငွေဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်ဟု ဝေဖန် ခဲ့သည်။ ၎င်းသည် အသုံးစရိတ်ကို တင်းကျပ်စွာထိန်းချုပ်သည့် ဘဏ္ဍာရေး အရ အကျိုးပြုမည့်ပါတီတစ်ခု တည်ထောင်လိုကြောင်း ပြောကြားခဲ့ သော်လည်း ပါတီ၏မူဝါဒအချက်အလက်များနှင့်ပတ်သက်၍ အသေးစိတ် ကိုမူ မဖော်ပြခဲ့ပေ။
မက်သည် တောင်အာဖရိကတွင် မွေးဖွားခဲ့သူဖြစ်သောကြောင့် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတရာထူးအတွက် အရွေးမခံနိုင်သော်လည်း ၎င်း၏ပါတီအသစ်ဖွဲ့စည်းမှုက ရီပတ်ပလီကန်ပါတီမှ မဲဆန္ဒရှင်များစွာ ဆုံးရှုံးစေနိုင်သည်။
ဇူလိုင် ၄ ရက်တွင် မက်က အားနည်းသည့် အောက်လွှတ်တော်နှင့် အထက် လွှတ်တော်နေရာများကို အနိုင်ရရန် နိုင်ငံရေးအစီအမံတစ်ခုကို ရှင်းပြ ခဲ့ပြီး အဓိကဥပဒေကြမ်းများတွင် “အဆုံးအဖြတ်ပေးနိုင်သည့်မဲ” (swing vote) အဖြစ် ရပ်တည်ရန် ရည်မှန်းထားသည်။
အချို့က ၁၉၉၂ ခုနှစ်တွင် စီးပွားရေးသမား Ross Perot ၏ တစ်သီး ပုဂ္ဂလအမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှုက George H.W. Bush ၏ပြန်လည်ရွေးကောက်ခံရန် ကြိုးပမ်းမှုကို ရှုံးနိမ့်စေကာ ဒီမိုကရက် Bill Clinton အနိုင်ရစေခဲ့သည့် ဖြစ်ရပ်ကဲ့သို့ တတိယပါတီများ၏ မဲခွဲဝေမှု သမိုင်းကို ညွှန်းဆိုဝေဖန်ခဲ့ကြသည်။

ဥရောပသမဂ္ဂသည် ဂါဇာတိုက်ပွဲအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့်ပတ်သက်၍ စိုးရိမ်မှုများကြောင့် အစ္စရေးအပေါ် ဖြစ်နိုင်ခြေရှိသော ပိတ်ဆို့အရေးယူမှုများစာရင်းကို ပြုစုရန် ပြင်ဆင်နေကြောင်း Euractiv သတင်းဌာနက စနေနေ့ (ဇူလိုင် ၅) တွင် ဖော်ပြခဲ့သည်။

ဥရောပသမဂ္ဂ၏ သံတမန်ရေးဝန်ဆောင်မှုအဖွဲ့သည် လာမည့်ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၉) တွင် EU သံအမတ်ကြီးများထံ ရွေးချယ်စရာများပါဝင်သော စာရင်းတစ်ခုကို တင်ပြနိုင်ရေး မျှော်လင့်ထားသည်။ အဆိုပါစာရင်းတွင် EU-အစ္စရေး သဘောတူညီချက်ကို တစ်စိတ်တစ်ပိုင်း (သို့) အပြည့်အဝ ရပ်ဆိုင်းခြင်း၊ အစ္စရေးအစိုးရဝန်ကြီးများ၊ စစ်ဘက်အရာရှိများနှင့် အစွန်းရောက် နယ်မြေသိမ်းသူများအပေါ် ပိတ်ဆို့အရေးယူခြင်း၊ ကုန်သွယ်ရေး ကန့်သတ်ချက်များ၊ လက်နက်တင်ပို့မှုတားမြစ်ခြင်းနှင့် သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းခြင်းတို့ ပါဝင်နိုင်ကြောင်း သိရှိရသည်။
Euractiv ၏ ဖော်ပြချက်အရ ယခင်က အဆိုပါအရေးယူမှုအများစုကို အလေးအနက်မထားဘဲ အပြောသက်သက်သာ ဆွေးနွေးခဲ့သော်လည်း ယခုအခါတွင် တရားဝင်တင်ပြနိုင်ရေးဆောင်ရွက်မှုသည် ပထမဆုံးအကြိမ် ဖြစ်သည်။ ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးဝန်ကြီးများသည် ဇူလိုင် ၁၅ ရက်နေ့တွင် အဆိုပါအဆိုပြုချက်များကို ပြန်လည်သုံးသပ်ရန် စီစဉ် ထားကြောင်း သိရသည်။ အစ္စရေးအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် လုပ်ဆောင်ခြင်းသည် EU အဖွဲ့ဝင် ၂၇ နိုင်ငံအားလုံး၏ သဘောတူညီမှု ကို လိုအပ်ပြီး ယင်းမှာ ဖြစ်နိုင်ခြေမရှိဟု အများက မျှော်မှန်းထားသည်။
Euractiv ၏ အဆိုအရ ထိုဆောင်ရွက်မှုသည် ပြီးခဲ့သည့်လက EU ၏ အသင်းအဖွဲ့သဘောတူညီချက် ပြန်လည်သုံးသပ်မှုအပြီးတွင် စတင်လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး အစ္စရေး၏ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များကို ချိုးဖောက်သည့် လက္ခဏာများ တွေ့ရှိခဲ့သည်။ အစ္စရေးဘက်မှ အဆိုပါ သုံးသပ်ချက်ကို အပြင်းအထန် ငြင်းဆိုခဲ့သည်။ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက ယင်းသုံးသပ်ချက်ကို “အလေးအနက်မထားသင့်ပါ” ဟု ပြောကြားခဲ့ပြီး “အနောက်နိုင်ငံများ၏ ရန်သူများကို ခုခံကာကွယ်ရင်း ရပ်တည်နိုင်ရေး ရုန်းကန်နေရသည်” ဟု ငြင်းဆိုခဲ့သည်။
ဇွန်လကုန်ပိုင်းတွင် ဥရောပကောင်စီက ဂါဇာတွင် ချက်ချင်း အပစ်အခတ် ရပ်စဲရန် တောင်းဆိုခဲ့ပြီး လက်မခံနိုင်လောက်သော အရပ်သား အသေ အပျောက်အရေအတွက်နှင့် အစာရေစာငတ်မွတ်မှု အခြေအနေများ အပေါ် သတိပေးခဲ့သည်။ အစ္စရေးအား ဂါဇာပေါ်ရှိ ပိတ်ဆို့မှုများကို အပြည့်အဝရုပ်သိမ်းကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများ စီးဆင်းစေရန် ကောင်စီက တိုက်တွန်းခဲ့သည်။ အစ္စရေးက ဆောင်ရွက်ပြီးကြောင်း ဆိုသော်လည်း လက်တွေ့တွင် အပြောင်းအလဲ မရှိသလောက်ဖြစ်နေကြောင်း မီဒီယာအများအပြားက ဖော်ပြခဲ့သည်။
လက်ရှိတွင် အစ္စရေးအပေါ် EU ၏ ပိတ်ဆို့အရေးယူမှုများ မရှိသေး သော်လည်း EU သည် ယခင်က အစ္စရေးနိုင်ငံသားအချို့နှင့် အဖွဲ့အစည်း များကို ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ဖူးပြီး အဓိကအားဖြင့် အနောက် ဘက်ကမ်းခြေရှိ အစွန်းရောက် နယ်မြေသိမ်းသူများဟု ဖော်ပြခံထားရသူ များနှင့် ပါလက်စတိုင်းနေထိုင်သူများအပေါ် အကြမ်းဖက်မှုတွင် ပါဝင် သည်ဟု စွပ်စွဲခံထားရသူများဖြစ်သည်။
၂၀၂၃ ခုနှစ်တွင် ဟားမက်က အစ္စရေးအပေါ် ရုတ်တရက် တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် အစ္စရေးက ဂါဇာတွင် စစ်ဆင်ရေးပြုလုပ်ကာ တုံ့ပြန် ခဲ့ပြီး အပြင်းအထန် တိုက်ခိုက်ဖျက်ဆီးခံရမှုများကို ဖြစ်ပေါ်စေခဲ့သည်။ တရားဝင်စာရင်းများအရ တိုက်ပွဲအတွင်း ပါလက်စတိုင်းလူမျိုး ၆၀,၀၀၀ ခန့်နှင့် အစ္စရေးလူမျိုး ၁,၂၀၀ ခန့် သေဆုံးခဲ့သည်။

စပိန်နိုင်ငံတွင် မာလီနိုင်ငံသား တစ်ဦးက ဒေသခံ အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သည်ဟူသော စွပ်စွဲချက်ဖြင့် ၎င်းအားဖမ်းဆီးခဲ့ပြီးနောက် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သည့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ များ အပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ မက်ဒရစ်မြို့ဆင်ခြေဖုံးရှိ Alcala de Henares ကျေးရွာတွင် ရွှေ့ပြောင်းနေထိုင်သူများ စခန်း အပြင်ဘက်၌ ဇူလိုင် ၆ ညပိုင်းတွင် အဓိကရုဏ်းများ စတင် ဖြစ်ပွား ခဲ့သည်။

ရဲတပ်ဖွဲ့မှ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးအား ယင်းစခန်းအနီးတွင် အသက် ၂၁ နှစ်အရွယ် စပိန်အမျိုးသမီးတစ်ဦးအား မုဒိမ်းမှု ကျူးလွန်ခဲ့ သည်ဟု စွပ်စွဲဖမ်းဆီးခဲ့သည်။ စွပ်စွဲဖမ်းဆီးခံရသူသည် ကျူးလွန်ခံ ရသူ အား ရိုက်နှက်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုခဲ့ပြီးနောက် ထွက်ပြေးခဲ့ သည်ဟု ဆိုသည်။ သို့သော် နောက်ပိုင်းတွင် စောင့်ကြည့်ကင်မရာ မှတ်တမ်းများအရ ယင်းရွှေ့ပြောင်းနေထိုင်သူစခန်းတွင် နေထိုင်သည့် ခိုလှုံခွင့်တောင်းခံသူများထဲမှ တစ်ဦးဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပြီး ၎င်းအား အာမခံမပေးဘဲ ယာယီထိန်းသိမ်းထားရှိခဲ့သည်။
သောကြာနေ့ (ဇူလိုင် ၄) ညနေပိုင်းတွင် လူပေါင်း ၂၀၀၀ ခန့် နေထိုင်သည့် ရွှေ့ပြောင်းနေထိုင်သူစခန်းအပြင်ဘက်၌ ဆန္ဒပြပွဲတွင် လူပေါင်း ၃၀၀ ခန့် ပါဝင်ခဲ့ကြပြီး စခန်းအနီးရှိ ရဲတပ်ဖွဲ့၏ အတားအဆီးများကို ဖယ်ရှားခဲ့ ကြကာ စခန်းပိတ်သိမ်းရန်နှင့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ဥပဒေများ ပြောင်းလဲရန် တောင်းဆိုနေကြသည်။
ထို့အပြင် ဆန္ဒပြသူများသည် ဝန်ကြီးချုပ် Pedro Sanchez အား ရွှေ့ပြောင်း နေထိုင်သူများကို ထောက်ခံသည့် သဘောထားအတွက် ဝေဖန်ရှုတ်ချသည့် ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြသည်။
နောက်ပိုင်းတွင် လက်ယာယိမ်း အစွန်းရောက် အဖွဲ့များ ပါဝင်လာ ပြီးနောက် ဆန္ဒပြမှုများသည် အကြမ်းဖက်မှုဘက်သို့ ဦးတည်ခဲ့သည်။ရဲတပ်ဖွဲ့ဝင်များက နံပါတ်တုတ်နှင့် ရာဘာကျည်ဆန်များ အသုံးပြုကာ ဆန္ဒပြသူများအား ဖြိုခွင်းခဲ့ကြောင်းသိရှိရသည်။

နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ စစ်ဆေးရေး အဖွဲ့ တစ်ဖွဲ့သည် အီရန်မှ ထွက်ခွာသွားပြီဖြစ်ကြောင်း သောကြာနေ့ (ဇူလိုင် ၄) တွင် အေဂျင်စီမှ ကြေညာခဲ့သည်။
လွန်ခဲ့သည့်လက အစ္စရေးနှင့် အမေရိကန်တို့၏ အီရန်၏ နျူကလီးယား စက်ရုံများကို တိုက်ခိုက်မှုအပြီးတွင် တီဟီရန်သည် ကုလသမဂ္ဂနှင့် ဆက်စပ်သော နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှု ကို ယာယီရပ်ဆိုင်းခဲ့သည်။

“လတ်တလော စစ်ရေးပဋိပက္ခတစ်လျှောက်လုံး တီဟီရန်တွင် ရှိနေ ခဲ့ပြီးနောက် စစ်ဆေးရေးများသည် အေဂျင်စီ၏ ဗီယင်နာရှိ ဌာနချုပ်သို့ ပြန်လည်ရောက်ရှိမည်” ဟု IAEA က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
တီဟီရန်သည် နှစ်ပေါင်းများစွာ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့နှင့် ပူးပေါင်းခဲ့ပြီး ယူရေနီယမ်ကို ငြိမ်းချမ်းရေးဆိုင်ရာအသုံးပြုရန်သာထပ်တိုးသန့်စင်နေကြောင်း ဆက်လက်အခိုင်အမာပြောဆိုခဲ့သည်။ အစ္စရေးဘက် ကမူ အီရန်သည် လျှို့ဝှက်စွာ နျူကလီးယားလက်နက် ထုတ်လုပ်ရန်ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။
ဇွန် ၁၂ ရက်တွင် IAEA က အီရန်အား အထောက်အထားမပြဘဲ အဓိက အာမခံစာချုပ်ကို ချိုးဖောက်သည်ဟု စွပ်စွဲခဲ့သည်။ နောက်တစ်နေ့တွင် အစ္စရေးက အီရန်နျူကလီးယားသိပ္ပံပညာရှင်များနှင့် ယူရေနီယမ် ထပ်တိုး သန့်စင်ရေးစက်ရုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ တီဟီရန်က ပြန်လည်တိုက်ခိုက်ခဲ့ပြီး အမေရိကန်ပါ အစ္စရေးလုပ်ဆောင်ချက်တွင်ပါဝင်လာခဲ့သည်။ စစ်ပွဲသည် ၁၂ ရက်ကြာမြင့်ခဲ့ပြီး အမေရိကန်၏ ကြားဝင်ဖျန်ဖြေမှုဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြင့် အဆုံးသတ်ခဲ့သည်။
သောကြာနေ့က Wall Street Journal သတင်းတွင် IAEA စစ်ဆေးရေး များသည် ၁၂ ရက်ကြာ ပဋိပက္ခ အပြီးတွင် အီရန်၏ နျူကလီးယား စက်ရုံများသို့ သွားရောက်ခွင့်မရခဲ့ဟု ဖော်ပြခဲ့သည်။ အဆိုပါ သတင်း ဌာနက လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများကြောင့် အေဂျင်စီက ၎င်း၏ စစ်ဆေးရေး များကို အီရန်မှ ရုပ်သိမ်းခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။

ရွေးကောက်ပွဲ၌ အသုံးပြုရန်အတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အလုံးရေ ငါးသောင်းခွဲနီးပါးထုတ်လုပ် ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က ပြောသည်။
ကျင်းပတော့မည့် ရွေးကောက်ပွဲ၌ စာရွက်ဖြင့်မဲပေးခြင်းအစား အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးရန် ပထမဆုံးပြောင်းလဲဆောင်ရွက်ခြင်းလည်း ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အဆိုပါမဲပေးစက်ကို ရွေးကောက်ပွဲတွင် အမှားအယွင်းမရှိ မဲမသမာမှုမဖြစ်စေရန် ရည်ရွယ်ကာ စမ်းသပ်တီထွင်ခဲ့ခြင်းဖြစ်သည်။

MEVM စက်၏အားသာချက်သည် လာရောက်မဲပေးသူများတိကျမှန်ကန်စွာ မဲပေးနိုင်ခြင်း၊ မဲစာရင်းများကို လွယ်ကူလျင်မြန်စွာရေတွက်နိုင်ခြင်း၊ ပယ်မဲမရှိအောင်ဆောင်ရွက်နိုင်ခြင်းဖြစ်သည်ဟုလည်း သိရသည်။
ဒီဇင်ဘာလတွင် ကျင်းပရန် လျာထားသည့် ရွေးကောက်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး၌ ဦးစားပေးအစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပမည်ဖြစ်ကာလက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိ စာရင်းဇယားများအရ မြို့နယ်ပေါင်း (၂၆၇) မြို့နယ်၌ ရွေးကောက်ပွဲ ကျင်းပရန် လျာထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက် ထုတ်ပြန်ကြေညာပြီးသည့်အချိန်၌ ဖြစ်ပေါ်နေသည့် နယ်မြေဒေသလုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ ကျင်းပနိုင်သည့် မြို့နယ်များ၌ ဆောင်ရွက်သွားမည်ဖြစ်ပြီး မကျင်းပနိုင်သည့် နယ်မြေများကိုလည်း ထုတ်ပြန်ကြေညာပေးမည် ဖြစ်သည်ဟုလည်း သိရသည်။
Popular Myanmar