သတင်းများ

နျူကလီးယား စစ်ဆေးရေးအဖွဲ့များ အီရန်မှ ထွက်ခွာ

နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ စစ်ဆေးရေး အဖွဲ့ တစ်ဖွဲ့သည် အီရန်မှ ထွက်ခွာသွားပြီဖြစ်ကြောင်း သောကြာနေ့ (ဇူလိုင် ၄) တွင် အေဂျင်စီမှ ကြေညာခဲ့သည်။

လွန်ခဲ့သည့်လက အစ္စရေးနှင့် အမေရိကန်တို့၏ အီရန်၏ နျူကလီးယား စက်ရုံများကို တိုက်ခိုက်မှုအပြီးတွင် တီဟီရန်သည် ကုလသမဂ္ဂနှင့် ဆက်စပ်သော နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှု ကို ယာယီရပ်ဆိုင်းခဲ့သည်။

“လတ်တလော စစ်ရေးပဋိပက္ခတစ်လျှောက်လုံး တီဟီရန်တွင် ရှိနေ ခဲ့ပြီးနောက် စစ်ဆေးရေးများသည် အေဂျင်စီ၏ ဗီယင်နာရှိ ဌာနချုပ်သို့ ပြန်လည်ရောက်ရှိမည်” ဟု IAEA က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တီဟီရန်သည် နှစ်ပေါင်းများစွာ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့နှင့် ပူးပေါင်းခဲ့ပြီး ယူရေနီယမ်ကို ငြိမ်းချမ်းရေးဆိုင်ရာအသုံးပြုရန်သာထပ်တိုးသန့်စင်နေကြောင်း ဆက်လက်အခိုင်အမာပြောဆိုခဲ့သည်။ အစ္စရေးဘက် ကမူ အီရန်သည် လျှို့ဝှက်စွာ နျူကလီးယားလက်နက် ထုတ်လုပ်ရန်ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။

ဇွန် ၁၂ ရက်တွင် IAEA က အီရန်အား အထောက်အထားမပြဘဲ အဓိက အာမခံစာချုပ်ကို ချိုးဖောက်သည်ဟု စွပ်စွဲခဲ့သည်။ နောက်တစ်နေ့တွင် အစ္စရေးက အီရန်နျူကလီးယားသိပ္ပံပညာရှင်များနှင့် ယူရေနီယမ် ထပ်တိုး သန့်စင်ရေးစက်ရုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ တီဟီရန်က ပြန်လည်တိုက်ခိုက်ခဲ့ပြီး အမေရိကန်ပါ အစ္စရေးလုပ်ဆောင်ချက်တွင်ပါဝင်လာခဲ့သည်။ စစ်ပွဲသည် ၁၂ ရက်ကြာမြင့်ခဲ့ပြီး အမေရိကန်၏ ကြားဝင်ဖျန်ဖြေမှုဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြင့် အဆုံးသတ်ခဲ့သည်။

သောကြာနေ့က Wall Street Journal သတင်းတွင် IAEA စစ်ဆေးရေး များသည် ၁၂ ရက်ကြာ ပဋိပက္ခ အပြီးတွင် အီရန်၏ နျူကလီးယား စက်ရုံများသို့ သွားရောက်ခွင့်မရခဲ့ဟု ဖော်ပြခဲ့သည်။ အဆိုပါ သတင်း ဌာနက လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများကြောင့် အေဂျင်စီက ၎င်း၏ စစ်ဆေးရေး များကို အီရန်မှ ရုပ်သိမ်းခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

NATO အဖွဲ့ဝင်နိုင်ငံ ရိုမေးနီးယားက ယူကရိန်းသို့ တပ်များ စေလွှတ်ရန် ငြင်းဆို

NATO အဖွဲ့ဝင်နိုင်ငံဖြစ်သော ရိုမေးနီးယားသည် မည်သည့် အခြေအနေ တွင်မဆို ယူကရိန်းသို့ တပ်ဖွဲ့ဝင်များ စေလွှတ်မည်မဟုတ်ကြောင်း ဝန်ကြီးချုပ် Marcel Ciolacu မှ ပြောကြားခဲ့သည်။ သို့သော် ၎င်းက ရိုမေးနီးယားသည် NATO ၏ တောင်းဆိုချက်များနှင့်ကိုက်ညီရန်နှင့် EU ၏ စစ်ရေးအရ တိုးချဲ့မှုအစီအစဉ်နှင့်အညီ ကာကွယ်ရေးအသုံးစရိတ်ကို တဖြည်းဖြည်း တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

လွန်ခဲ့သော လအနည်းငယ်ကတည်းက ဥရောပ NATO အဖွဲ့ဝင် နိုင်ငံ များစွာသည် တက်ကြွသောမဟာမိတ်အဖွဲ့ဟူသော စုပေါင်းတပ်ဖွဲ့ကို ယူကရိန်းသို့ စေလွှတ်ရန် တပ်ဖွဲ့စည်းမှုပုံစံကို သုံးသပ်လေ့လာနေကြသည်။ ထိုအရာကို ပဋိပက္ခ ပြီးဆုံးပြီးနောက် ငြိမ်းချမ်းရေးထိန်းသိမ်းရေး လုပ်ငန်းစဉ်အဖြစ် ဖော်ပြထားသည်။ ရုရှားဘက်မှ ယူကရိန်းတပ်များ နှင့်အတူ တိုက်ခိုက်မည့် မည်သည့်နိုင်ငံခြားတပ်ကိုမဆို တရားဝင် ပစ်မှတ် အဖြစ် သတ်မှတ်မည်ဖြစ်ပြီး ထိုသို့ပြုလုပ်ပါက ပဋိပက္ခကို ပိုမိုဆိုးရွား စေနိုင်ကြောင်း ထပ်ခါထပ်ခါ သတိပေးခဲ့သည်။

ကြာသပတေးနေ့ (ဇူလိုင် ၃) တွင် Antena 3 CNN အသံလွှင့်ဌာနနှင့် တိုက်ရိုက်အင်တာဗျူးတစ်ခုပြုလုပ်စဉ် Ciolacu မှ ရိုမေးနီးယားသည် စစ်ရေးအရ ပါဝင်နိုင်သည်ဟူသော သတင်းမှားများကို ဖြေရှင်းခဲ့သည်။

“မိမိတို့အနေဖြင့် လူငယ်များ သို့မဟုတ် ကလေးများကို စစ်မက် ဖြစ်ပွားရာ သို့ စေလွှတ်မည်မဟုတ်ပါ” ဟု ၎င်းကပြောကြားခဲ့ပြီး ထိုကဲ့သို့သော အဆိုပြုချက်များကို အခြေအမြစ်မရှိဟု ငြင်းပယ်ကာ နိုင်ငံ၏ သဘောထား သည် မပြောင်းလဲကြောင်း အလေးပေးပြောကြားခဲ့သည်။ “ရိုမေးနီးယား သည် မည်သည့်အခြေအနေတွင်မဆို စစ်ပွဲတွင် ပါဝင်ရန် စဉ်းစားထားခြင်း မရှိပါ၊ ယခင်ကလည်း မရှိခဲ့ပါ၊ ယခုလည်း မရှိပါ” ဟု ၎င်းက ပြောကြား ခဲ့သည်။

သို့သော် Bolojan က ရိုမေးနီးယားသည် မိမိတို့၏စစ်ရေးစွမ်းရည်များကို မြှင့်တင်ရန်နှင့် NATO ၏တာဝန်များကို ဖြည့်ဆီးရန်အတွက် “လမ်းများ၊ ဆေးရုံများ၊ ကျောင်းများနှင့် အခြားအရာများကို ရင်းနှီးမြှုပ်နှံမှုများ” ကို ဦးစားပေးရန်ထက် “ကာကွယ်ရေးအသုံးစရိတ်ကို တဖြည်းဖြည်း တိုးမြှင့်ရန်” လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

ထို့အပြင် “အမေရိကန်အပါအဝင် အခြားသူများက မိမိတို့၏ ကာကွယ်ရေးကို မိမိတို့မပါဝင်ဘဲ သေချာစေမည်ဟူသော အယူအဆကို အားကိုး၍ မရပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

မကြာသေးမီက The Hague တွင် ကျင်းပခဲ့သည့် NATO အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများသည် ၂၀၃၅ ခုနှစ်တွင် စစ်ရေးအသုံးစရိတ်ကို GDP ၏ ၅% အထိ တိုးမြှင့်ရန် ကတိပြုခဲ့ကြသည်။ ၎င်းတို့က “ရုရှားမှ Euro-Atlantic လုံခြုံရေးကို ခြိမ်းခြောက်မှုရှိကြောင်း” ဖော်ပြခဲ့သော်လည်း မော်စကိုဘက်မှ အဆိုပါအချက်ကို ထပ်ခါထပ်ခါ ငြင်းဆိုခဲ့သည်။

ရုရှားနှင့်ယူကရိန်းတို့က သဘောတူညီချက်အရ နောက်ဆုံးအကြိမ် အကျဉ်းသား လဲလှယ်မှုလုပ်ဆောင်

ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် နှစ်နိုင်ငံကြားရရှိခဲ့သည့် သဘောတူညီချက် အရ   နောက်ဆုံးအကြိမ် အကျဉ်းသား လဲလှယ်မှုကိုလုပ်ဆောင်ကြောင်း    ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက  ဇူလိုင်လ ၄ ရက်တွင် ဖော်ပြ ထားသည်။

ဇွန်လ ၂ ရက်တွင် တူကီယဲနိုင်ငံ အစ္စ တန်ဘူမြို့၌ လုပ်ဆောင်သော ဆွေးနွေးပွဲ အတွင်းရရှိခဲ့သည့် သဘောတူညီချက်အရ ထိုကဲ့သို့အကျဉ်းသား လဲလှယ်မှုလုပ်ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ၌ဖော်ပြထားသော်လည်း      လဲလှယ်မှုလုပ်သည့် အကျဉ်းသား အရေအတွက်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

ယူကရိန်းတို့လက်မှ လွတ်မြောက်လာသော ရုရှားစစ်သည်များသည် ယခုအခါ ဘယ်လာရုစ်နိုင်ငံ၌ ရောက်ရှိနေပြီဖြစ်ပြီး လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများကို ခံယူနေကြောင်းနှင့် ဆေးကုသမှုခံယ ပြီးမှသာ ရုရှားနိုင်ငံသို့ ခေါ်ယူသွားမည်ဖြစ် ကြောင်းသိရသည်။      

MWD Web Portal

ရွေးကောက်ပွဲအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်အလုံးရေ ငါးသောင်းခွဲနီးပါး ထုတ်လုပ်မည်

ရွေးကောက်ပွဲ၌ အသုံးပြုရန်အတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အလုံးရေ ငါးသောင်းခွဲနီးပါးထုတ်လုပ် ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က ပြောသည်။

ကျင်းပတော့မည့် ရွေးကောက်ပွဲ၌ စာရွက်ဖြင့်မဲပေးခြင်းအစား အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးရန် ပထမဆုံးပြောင်းလဲဆောင်ရွက်ခြင်းလည်း ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အဆိုပါမဲပေးစက်ကို ရွေးကောက်ပွဲတွင် အမှားအယွင်းမရှိ မဲမသမာမှုမဖြစ်စေရန် ရည်ရွယ်ကာ စမ်းသပ်တီထွင်ခဲ့ခြင်းဖြစ်သည်။

MEVM စက်၏အားသာချက်သည် လာရောက်မဲပေးသူများတိကျမှန်ကန်စွာ မဲပေးနိုင်ခြင်း၊ မဲစာရင်းများကို လွယ်ကူလျင်မြန်စွာရေတွက်နိုင်ခြင်း၊ ပယ်မဲမရှိအောင်ဆောင်ရွက်နိုင်ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ဒီဇင်ဘာလတွင် ကျင်းပရန် လျာထားသည့် ရွေးကောက်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး၌ ဦးစားပေးအစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပမည်ဖြစ်ကာလက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိ စာရင်းဇယားများအရ မြို့နယ်ပေါင်း (၂၆၇) မြို့နယ်၌ ရွေးကောက်ပွဲ ကျင်းပရန် လျာထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက် ထုတ်ပြန်ကြေညာပြီးသည့်အချိန်၌ ဖြစ်ပေါ်နေသည့် နယ်မြေဒေသလုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ ကျင်းပနိုင်သည့် မြို့နယ်များ၌ ဆောင်ရွက်သွားမည်ဖြစ်ပြီး မကျင်းပနိုင်သည့် နယ်မြေများကိုလည်း ထုတ်ပြန်ကြေညာပေးမည် ဖြစ်သည်ဟုလည်း သိရသည်။

Popular Myanmar

အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန် သဘောတူညီချက်၌ပါဝင်ရန် တရုတ်နိုင်ငံဆန္ဒရှိဟုဆို

ပေကျင်း ဇူလိုင် ၃

အရှေ့တောင်အာရှဒေသအား နျူကလီးယားလက်နက်ကင်းမဲ့ ဇုန်အဖြစ် တည်ဆောက်ရေးကို တရုတ်နိုင်ငံက အခိုင်အမာ ထောက်ခံပေးကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် ပြောကြားခဲ့သည်။

ထို့ပြင် အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ဇုန်စာချုပ် လက်မှတ်ထိုးရာတွင်လည်း တရုတ်နိုင်ငံအနေဖြင့် ပါဝင်ရန် ဆန္ဒရှိကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အတည်ပြုထားသည်။

အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန် သဘောတူညီချက်၌ ပါဝင်လက်မှတ်ထိုးရေးအတွက် အရှေ့တောင်အာရှနိုင်ငံများနှင့် ဆွေးနွေးရန် လည်း တရုတ်နိုင်ငံက အသင့်ရှိကြောင်း သိရသည်။

အရှေ့တောင်အာရှ နျူကလီး ယား လက်နက်ကင်းမဲ့ဇုန်စာချုပ် တွင် ပါဝင်လက်မှတ်ရေးထိုးရန် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က သဘောတူထားကြောင်း ယခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံက ပြောကြားထားသည်။

အလားတူ အမေရိကန်အစိုးရကလည်း ပါဝင်လက်မှတ်ရေးထိုးခြင်းမပြုမီ ယင်းသဘောတူညီချက်ကို လေ့လာသုံးသပ်နေကြောင်း မလေးရှားမီဒီယာများက သတင်း ထုတ်ပြန်ထားသည်။

အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန်စာချုပ်ကို အာဆီယံနိုင်ငံများက ၁၉၉၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် စတင်အာဏာ သက်ဝင်ခဲ့ကြောင်း သိရသည်။

Ref: Xinhua

YDNB Newspaper

အမေရိကန်ပြည်ထောင်စုသည် မဟာမိတ်နိုင်ငံ မဟုတ်တော့ဟု ယူကရိန်း လွှတ်တော်အမတ်များပြော

ယူကရိန်းနိုင်ငံသည် အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် ဦးစားပေးခြင်း မခံရတော့ကြောင်း၊ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းနိုင်ငံ အတွက် မဟာမိတ်မဟုတ်တော့ကြောင်း  ယူကရိန်း လွှတ်တော်အမတ်များကပြောသည်။

အမေရိကန်အစိုးရသည် အမေရိကန် နိုင်ငံဦးစားပေး မူဝါဒကို ပြောင်းလဲကျင့် သုံးပြီးနောက် ယူကရိန်းနိုင်ငံသို့ ပေးအပ်နေသော စစ်လက်နက်ပစ္စည်းထောက်ပံ့ မှုများကို ရပ်ဆိုင်းပြီးချိန်တွင် ယူကရိန်း လွှတ်တော် အမတ်များက   ယခုကဲ့သို့ ပြောလာခြင်းဖြစ်သည်။

အမေရိကန်က ယူကရိန်းသို့ထောက်ပံ့မှု ရပ်ဆိုင်းလိုက်သော စစ်လက်နက်ပစ္စည်းများတွင် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ ခဲယမ်းများနှင့် အမြောက်ဆန်များ ပါဝင်သည်။ ထိုသို့ထောက်ပံ့ပေးမှုများ ရပ်တန့်လိုက်ကြောင်းကိုလည်း  NATO တပ်ဖွဲ့ဆိုင်ရာ    အမေရိကန်သံတမန် မက်သရူးဝှစ်တေကာက ဇူလိုင်လ ၃ ရက်တွင် ပြောခြင်းဖြစ်သည်။

ယူကရိန်းလွှတ်တော် အမတ်များက အမေရိကန်ကို ၎င်းတို့၏မဟာမိတ်နိုင်ငံ မဟုတ်တော့ကြောင်း ပြောနေသော်လည်း အမေရိကန်နိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့ အနေဖြင့် မည်သည့်အခါကမျှ တရားဝင် မဟာမိတ်များအဖြစ်သို့ ရောက်ရှိခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။

အမေရိကန်၏ ယခုကဲ့သို့ စစ်လက်နက်များ ထောက်ပံ့မှုရပ်တန့်ခြင်းနှင့်ပတ်သက်၍ ယူကရိန်းသမ္မတက အမေရိကန်သမ္မတနှင့် ဇူလိုင်လ ၄ ရက်တွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း Financial Times သတင်းဌာနက ဇူလိုင်လ ၃ ရက်တွင် ဖော်ပြထားသည်။

တည်ထောင်ခွင့်ပြုထားပြုထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဆက်လက်လျှောက်ထား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဇူလိုင်(၃)ရက်နေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ (၂၇) ဖွဲ့ ရှိပြီး ၄င်းထဲက နိုင်ငံရေးပါတီ ၁၉ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၉ ပါတီအနက် ဦးထန်ရှင်းခိုင်ခေါင်းဆောင်သည့် ဇိုမီးအမျိုးသားပါတီ (Zomi National Party) က ပါတီတည်ထောင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ ယမန်နေ့က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားလာကြောင်း သိရသည်။

လက်ရှိအချိန်မှာ မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၁၈ ပါတီအနက် ပါတီ ၁၄ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်မှုများလုပ်ဆောင်နေကြောင်း သိရသည်။

လာမည်ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ဇန်နဝါရီလတွင် ကျင်းပမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။

ထိုင်းအစိုးရအဖွဲ့က ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးကို ခေတ္တဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန်သဘောတူ

ထိုင်းအစိုးရအဖွဲ့က ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဖွန်ထမ်ဝေးချေယက်ချိုင်ကို ခေတ္တဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ဇူလိုင်လ ၃ ရက်တွင်သဘောတူ လိုက်ကြောင်းသိရသည်။ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုန်ထန်ရှင်နာဝပ်ကို ထိုင်းနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည် ဖြစ်သည့်အတွက် ရာထူးမှ ဆိုင်းငံ့ထားစဉ် အတွင်း ဖွန်ထမ်ဝေးချေယက်ချိုင်က ဝန်ကြီးချုပ် တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်သည်။ ထိုင်းအစိုးရအဖွဲ့အသစ်က ဇူလိုင်လ ၃ ရက်တွင် ထိုင်းဘုရင်ရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ဖွန်ထမ်ဝေးချေယက်ချိုင်ကို ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ပေးရန် သဘောတူခြင်း ဖြစ်သည်။ ပေထု

ထိုင်းအစိုးရအဖွဲ့က ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဖွန်ထမ်ဝေးချေယက်ချိုင်ကို ခေတ္တဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ဇူလိုင်လ ၃ ရက်တွင်သဘောတူ လိုက်ကြောင်းသိရသည်။ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုန်ထန်ရှင်နာဝပ်ကို ထိုင်းနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည် ဖြစ်သည့်အတွက် ရာထူးမှ ဆိုင်းငံ့ထားစဉ် အတွင်း ဖွန်ထမ်ဝေးချေယက်ချိုင်က ဝန်ကြီးချုပ် တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်သည်။ ထိုင်းအစိုးရအဖွဲ့အသစ်က ဇူလိုင်လ ၃ ရက်တွင် ထိုင်းဘုရင်ရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ဖွန်ထမ်ဝေးချေယက်ချိုင်ကို ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ပေးရန် သဘောတူခြင်း ဖြစ်သည်။ ပေထုန်ထန်ရှင်နာဝပ် သည် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းနှင့် ပြောထားသည့် အသံဖိုင်ပေါက်ကြားပြီးနောက် ဝေဖန်မှုများ ခံနေရခြင်းဖြစ်သည်။

အမေရိကန်က ကိယက်ဗ်ကို လက်နက်များ ဆက်လက် ထောက်ပံ့ပေးနေဆဲ ဖြစ်သည်ဟု ထရမ့်ဆို

သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံသည် ကိယက်ဗ်သို့ စစ်ဘက် ဆိုင်ရာအထောက်အပံ့ပစ္စည်းများနှင့် ခဲယမ်းများ ပို့ဆောင်မှုအားလုံးကို ရပ်ဆိုင်းထားကြောင်း မီဒီယာ ဖော်ပြချက်များကို ငြင်းဆိုခဲ့ပြီး အကူအညီ များ ဆက်လက်ပေးပို့နေဆဲဖြစ်ကြောင်း၊ ဝါရှင်တန်သည် ၎င်းကိုယ်တိုင် နှင့် မဟာမိတ်များအား ကာကွယ်ရန် လုံလောက်သော လက်နက်ခဲယမ်း များနှင့်ဆက်စပ်စ္စည်းများ ကျန်ရှိနေသေးသည် ဟု အလေးပေး ပြောကြား ခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းက အစီရင်ခံချက်များအရ အမေရိကန်သည် ကိယက်ဗ်သို့ Patriot နှင့် Hellfire ဒုံးကျည်များ၊ GMLRS ဒုံးပျံများနှင့် ၁၅၅ မီလီမီတာ အမြောက်ကျည်များ အပါအဝင် အရေးကြီးသော ခဲယမ်း မီးကျောက်များ ပို့ဆောင်မှုကို ယာယီရပ်ဆိုင်းထားကြောင်း ဖော်ပြခဲ့သည်။ The Economist မဂ္ဂဇင်းက ဝါရှင်တန်သည် ကိယက်ဗ် အတွက် ၎င်း၏ စစ်ရေးအကူအညီများကို တဖြည်းဖြည်း လျှော့ချနေနိုင်ကြောင်း ဖော်ပြ ခဲ့သည်။

သို့သော် ထရမ့်က ကိယက်ဗ်သို့ စစ်ရေးအကူအညီ လုံးဝ ရပ်ဆိုင်း ထားခြင်း မရှိဟု ငြင်းဆိုကာ ပင်တဂွန်နှင့် အိမ်ဖြူတော်၏ အဆိုပါကြေညာချက်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး အမေရိကန်၏ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထရမ့်သည် အပြန်အလှန်အကျိုးမရှိဘဲ ယူကရိန်းကို အကူအညီ ပေးခြင်း ကို အတိအလင်း ဝေဖန်ခဲ့သူဖြစ်ပြီး ၎င်း၏အစိုးရသစ်လက်ထက်တွင်ယူကရိန်း အတွက် မည်သည့်အကူအညီ အထောက်အပံ့အသစ်ကိုမျှ အတည်မပြုခဲ့ပေ။ ဂျာမနီ၏ Kiel Institute ၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် ပဋိပက္ခစတင်ချိန်မှစ၍ အမေရိကန်သည် ကိယက်ဗ်သို့ စစ်ရေးနှင့် ငွေကြေးအကူအညီ ဒေါ်လာ ၁၁၅ ဘီလီယံနီးပါး ပေးပို့ခဲ့ သည်ဟု ဆိုသော်လည်း ထရမ့်က အမှန်တကယ် စုစုပေါင်း ထောက်ပံ့မှု သည် ယင်းပမာဏထက် များစွာပိုမိုသည်ဟု အခိုင်အမာဆိုထားသည်။

ထရမ့်၏ 'ကြီးမားလှပသောဥပဒေကြမ်း'(Big Beautiful Bill) ကို အမေရိကန်အောက်လွှတ်တော်မှ အတည်ပြု

အမေရိကန်အောက်လွှတ်တော်က ကြာသပတေးနေ့ (ဇူလိုင် ၃) တွင် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမည့် အခွန်နှင့် ငွေစာရင်းဆိုင်ရာ အစီအစဉ်အပါအဝင် ကျယ်ပြန့်သော ဥပဒေကြမ်းကို အတည်ပြုလိုက်ပြီ ဖြစ်သည်။ ထိုဥပဒေကြမ်းကို သမ္မတ ဒေါ်နယ်ထရမ့်က "ကြီးမား လှပသော ဥပဒေကြမ်း" အဖြစ် ရည်ညွှန်းခဲ့သည်။

ဇူလိုင် ၄ ရက်နှင့် မီရန် ရီပတ်ပလီကန်ဦးဆောင်သော အောက် လွှတ်တော်က စာမျက်နှာ ၈၈၇ မျက်နှာပါ အဆိုပါဥပဒေကြမ်းကို ၂၁၈ မဲ ၂၁၄ မဲဖြင့် အတည်ပြုလိုက်ခြင်းဖြစ်သည်။ မဲပေးမှုမတိုင်မီ ၂၄ နာရီတာ GOP အတွင်း အပြင်းအထန် ညှိနှိုင်းဆွေးနွေးမှုများနှင့် အောက်လွှတ်တော် ခေါင်းဆောင်များ၊ ထရမ့်အစိုးရတို့၏ ဖိအားများ ရှိခဲ့သည်။ ကင်တပ်ကီ ပြည်နယ်မှ ကိုယ်စားလှယ် သောမတ်စ် မာစီနှင့် ပင်ဆယ်ဗေးနီးယား ပြည်နယ်မှ ကိုယ်စားလှယ် ဘရိုင်အန် ဖစ်ဇ်ပက်ထရစ်တို့သာ ရီပတ်ပလီ ကန်များထဲမှ ကန့်ကွက်မဲပေးခဲ့သည်။

ယခုအခါ ဥပဒေကြမ်းသည် ထရမ့်ထံသို့ ရောက်ရှိမည်ဖြစ်ပြီး လွတ်လပ် ရေးနေ့တွင် လက်မှတ်ရေးထိုးကာ ဥပဒေအဖြစ် ပြဋ္ဌာန်းမည်ဟု မျှော်လင့် ရသည်။ ယခုဥပဒေကြမ်းသည် ဇန်နဝါရီတွင် ကွန်ဂရက်နှင့် အိမ်ဖြူတော် ကို ပြန်လည်ထိန်းချုပ်ရရှိပြီးနောက် ရီပတ်ပလီကန်များအတွက် အရေး အပါဆုံး မူဝါဒဆိုင်ရာ အောင်မြင်မှုတစ်ရပ်ဖြစ်သည်။

အဆိုပါဥပဒေကြမ်းသည် ၂၀၁၇ ခုနှစ် ထရမ့်လက်ထက်က အခွန် လျှော့ပေါ့မှုများကို ဆက်လက်ကျင့်သုံးရန် ပြဋ္ဌာန်းပြီး အခကြေးငွေနှင့် အချိန်ပိုလုပ်ခများအပေါ် ယာယီအခွန်လျှော့ပေးထားသည်။ စစ်ရေး အသုံးစရိတ်များ တိုးချဲ့ရန်နှင့် ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ် များအတွက် ဘီလီယံပေါင်းရာနှင့်ချီသော သုံးစွဲမှုအသစ်များလည်း ပါဝင်သည်။ အဆိုပါဥပဒေကြမ်းတွင် ကုန်ကျစရိတ်အချို့ကို ဖယ်ရှားရန် Medicaid (ဆေးဘက်ဆိုင်ရာ အထောက်အပံ့) ၊ အစားအသောက် အကူ အညီနှင့် သန့်ရှင်းသော စွမ်းအင်အထောက်အပံ့များကို ကြီးမားစွာ လျှော့ချ ထားသည်။ 

အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson နှင့် သမ္မတ Trump တို့က သဘောထားကွဲလွဲနေသည့် ရီပတ်ပလီကန်များကို ဖြေလျှော့နိုင်ရန် ညီညွတ်သောအားထုတ်မှုများ ပြုလုပ်ခဲ့ပြီး Trump ကိုယ်တိုင် ကြာသပတေးနေ့ (ဇူလိုင် ၃) နံနက်စောစောအထိ အမတ်များအား ဖုန်းဆက် ဆွေးနွေး ခဲ့သည်။ ဒုတိယသမ္မတ J.D. Vance သည်လည်း အဆိုပါဥပဒေကြမ်း အတည်ပြုနိုင်ရေး အားတက်သရော ပါဝင်ဆောင်ရွက်ခဲ့သည်။

“ကွန်ဂရက်ရှိ ရီပတ်ပလီကန်များသည် သမ္မတ Trump ၏ America First မူဝါဒကို အကောင်အထည်ဖော်ရန် မိမိတို့၏ ရည်မှန်းချက်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်” ဟု Johnson က အောက်လွှတ်တော် GOP ခေါင်းဆောင်များနှင့် ပူးတွဲထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

မူဝါဒဆိုင်ရာ လျှော့ပေါ့မှုများနှင့် အမျိုးသားအကြွေးနှင့် ကျန်းမာရေး အာမခံ ဆုံးရှုံးမှုများအပေါ် စိုးရိမ်မှုများ တိုးပွားလာနေသော်လည်း ရီပတ်ပလီကန် အများစုက နောက်ဆုံးတွင် အဆိုပါဥပဒေကြမ်းကို ထောက်ခံခဲ့ကြပြီး Trump ၏ နိုင်ငံရေးဆိုင်ရာ ပြန်လည်တုံ့ပြန်မှုကို ကြောက်ရွံ့ခြင်းက အဓိက အချက်အဖြစ် ဝေဖန်သူများက ညွှန်းဆိုခဲ့ကြသည်။ 