သတင်းများ

ရုရှားသမ္မတ ပူတင် Kursk ဒေသသို့သွားရောက်

မတ်လ ၁၂ ရက်နေ့က စစ်ယူဖောင်းဝတ်ဆင်ထားသည့် ရုရှားနိုင်ငံ၏ သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မစ္စတာ ပူတင်သည် ယူကရိန်း စစ်ပွဲနှင့် အနီးဆုံးဖြစ်သော ယူကရိန်းတပ်များ ထိုးဖောက် ဝင်ရောက်ခဲ့သည့် Kursk ဒေသရှိ စစ်ဖက်ဆိုင်ရာ ကွပ်ကဲမှုဌာနချုပ်သို့ သွားရောက်ခဲ့ပါသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် Kursk ဒေသသို့ သွားရောက်ခဲ့ပြီး ကျူးကျော်ဝင်ရောက်လာသော ယူကရိန်းတပ်များကို အမြန်ဆုံး တိုက်ထုတ် သွားရမည်ဟု ပြောကြားခဲ့သည်။ ထိုဒေသတွင် ကျန်ရှိနေသေးသော ယူကရိန်းတပ်များကို ရုရှားတပ်များက အပြင်းအထန် ပြန်လည် တိုက်ခိုက်နေစဉ် ၎င်းသည် ထိုဒေသရှိ Command Post သို့ သွားရောက် လည်ပတ်ခဲ့ခြင်းဖြစ်သည်။

သမ္မတသည် ၎င်း၏ခရီးစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အကြီးအကဲများနှင့် အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး Valery Gerasimov က စစ်ဆင်ရေးအခြေအနေများကို အစီရင်ခံတင်ပြခဲ့သည်။ ပူတင်က ထိုဒေသတွင် တိုက်ပွဲဝင်နေသော တပ်မှူးများနှင့်တပ်ဖွဲ့ဝင်များအား ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများအတွက် ကျေးဇူးတင်ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

“မိမိတို့၏ ရည်မှန်းချက်မှာ Kursk ဒေသ၏ နယ်မြေတွင် ခြေကုပ်ယူ ထားသောရန်သူကို အမြန်ဆုံး တိုက်ထုတ်သွားရန်ဖြစ်သည်” ဟု သမ္မတ က ပြောကြားခဲ့ပြီး မော်စကိုသည် ယူကရိန်းနှင့် နယ်စပ်တလျှောက်တွင် “လုံခြုံရေးဇုန်” တစ်ခုဖန်တီးရန်လည်း စဉ်းစားနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထိုဒေသကို ကျူးကျော်ဝင်ရောက်လာသော ယူကရိန်း တပ်ဖွဲ့များကို “အကြမ်းဖက်သမားများ” အဖြစ် သဘောထားတိုက်ခိုက်ရန်နှင့် ဖမ်းဆီးရမိသော သုံ့ပန်းမှန်သမျှကိုလည်း ထိုသို့မှတ်ယူရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

Gerasimov ၏ အဆိုအရ ရုရှားစစ်တပ်သည် လွန်ခဲ့သော ငါးရက်အတွင်း မြို့နှင့်ရွာပေါင်း ၂၄ ခု ပါဝင်သော ဧရိယာစုစုပေါင်း ၂၅၉ စတုရန်း ကီလိုမီတာကို သိမ်းပိုက်နိုင်ခဲ့ပြီး ယူကရိန်းတပ်များကို ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ထားနိုင်ခဲ့သည်ဟု ၎င်းကအစီရင်ခံခဲ့သည်။

ယူကရိန်းစစ်တပ်သည် ၎င်းတို့၏ ကျူးကျော်ဝင်ရောက်မှုကြိုးပမ်းမှုတွင် စစ်သည် ၆၇,၀၀၀ ကျော် ဆုံးရှုံးခဲ့ရသည် ဟု Gerasimov က ပြောကြားခဲ့ပြီး ရုရှားတပ်များသည် စတုရန်းကီလိုမီတာ ၁,၁၀၀ ကျော် (ယခင်နှစ် က ပြန်လည်တိုက်ခိုက်မှုစတင်သည့်အချိန်မှစ၍ ကိယက်ဗ်မှ ကနဦး သိမ်းပိုက်ထားသော ဧရိယာ၏ ၈၆%) ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုက “အိုရက်ရှ်နစ်” (Oreshnik) ဒုံးပစ် စနစ်အတွက် ဒုံးပစ်စင်များကို ထုတ်လုပ်နေကြောင်း ပြောကြား

ဘယ်လာရုစ်သည် လက်ရှိတွင် “အိုရက်ရှ်နစ်” အတွက် ဒုံးပစ်စင်များ ထုတ်လုပ်လျက်ရှိပြီး ရုရှားဖက်ဒရေးရှင်းထံမှ ဒုံးကျည်များ စောင့်မျှော်နေကြောင်း ဘယ်လာရုစ်သမ္မတ အလက်ဇ်ဇန်းဒါ လူကာရှန်ကို က ကြေညာခဲ့ပါသည်။ 

“မိမိသည် ထိုကိစ္စကို (ရုရှားသမ္မတ) ဗလာဒီမာ ဗလာဒီမီရိုဗစ် ပူတင်က စတင်ဖော်ပြချိန်တွင် နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့ရာမှ ဒုံးကျည်အပြင် အခြားပစ္စည်းကိရိယာများ ထုတ်လုပ်ရန် လိုအပ်ကြောင်း သိရှိခဲ့ရပြီး ဘယ်လာရုစ်နိုင်ငံက ၎င်းတို့ကို ထုတ်လုပ်လျက်ရှိပါသည်။ “အိုရက်ရှ်နစ်” အတွက် အသုံးပြုမည့် ဒုံးပစ်စင် အမြောက်အမြားကို ယခုအခါတွင် လက်တွေ့ပြီးစီးနေပြီ ဖြစ်ပါသည်” ဟု ဘယ်လာရုစ်သမ္မတလူကာရှန်ကို က ပြောကြားခဲ့ပါသည်။ 

“အစ်ကိုကြီး (ရုရှား) ထံမှ ဒုံးကျည်များ လိုအပ်လိမ့်မည်” ဟု ဘယ်လာရုစ် သမ္မတက ကောက်ချက်ချခဲ့ပါသည်။ 

ကိုးကား - RIA Novosti

Photo: www.pravda.com.ua

နိုင်ငံခြားသား တချို့ မီဇိုရမ်ကိုဖြတ်သန်းပြီး မြန်မာနိုင်ငံထဲက သူပုန်များ ကို စစ်သင်တန်းပေးနေသည့်အတွက် အိန္ဒိယက PAP စနစ်ကျင့်သုံးဖို့ ပြန်လည်သတ်မှတ်

နိုင်ငံခြားသားတချို့သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ဖြတ်သန်းပြီး မြန်မာနိုင်ငံကိုဝင်ရောက်ကာ ချင်းတောင်တန်းပေါ်က သူပုန်များကို စစ်သင်တန်း လေ့ကျင့်သင်ကြားပေးနေကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် လာဒူဟိုမာက မတ်လ ၁၀ ရက်နေ့က ပြောကြားလိုက်ကြောင်း အိန္ဒိယ NDTV သတင်းမှာ ဖော်ပြထားပါသည်။ 

လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ရှိနေသည့်ကြားက အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် နိုင်ငံခြားသားများ ဖြတ်သန်းသွားလာမှုများကို ဗဟိုအစိုးရကချမှတ်ထားသည့် Protected Area Permit (PAP) လက်မှတ် ပါမှ ခွင့်ပြုမည့်စနစ် ပြန်လည်ကျင့်သုံးမှုကို ပြည်နယ်အစိုးရက ကန့်ကွက်မည် မဟုတ်ကြောင်း ၄င်းက ပြောကြားခဲ့ပါသည်။ 

မြန်မာနိုင်ငံကိုသွားရောက်သည့် နိုင်ငံခြားသားများသည် မီဇိုရမ်ပြည်နယ် ကို ကြားစခန်းလမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုနေသည့်ကိစ္စသည် ဗဟို အစိုးရအတွက် စိုးရိမ်စရာကိစ္စကြီးတစ်ခုဖြစ်လာကြောင်း ၄င်းက ပြောကြား ခဲ့ပါသည်။ 

အဆိုပါ သင်တန်းများကို အမေရိကန်နှင့် ဗြိတိန်နိုင်ငံသားများက ပေးနေခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် ဇွန်လမှ ဒီဇင်ဘာလအတွင်း မီဇိုရမ်ပြည်နယ်သို့ ပြည်ပနိုင်ငံသား ၂၀၀၀ ခန့် ရောက်ရှိလာခဲ့သည်။

ပြီးခဲတဲ့နှစ် ဇွန်လနှင့် ဒီဇင်ဘာလအတွင်း နိုင်ငံခြားသား ၂၀၀၀ ဝန်းကျင် မီဇိုရမ်ပြည်နယ်ကို ရောက်ရှိလာပြီး အဆိုပါပုဂ္ဂိုလ်များအနက် အများအပြား သည် ကမ္ဘာလှည့်ခရီးသွားများအဖြစ် တရားဝင်မှတ်ပုံတင်ဖြင့် ရောက်ရှိလာခြင်းမဟုတ်ဘဲ ပုန်းလျှိုးကွယ်လျှိုးဖြင့် ပြည်နယ်ထဲက ထွက်ခွာ သွားကြောင်း ၄င်းက ပြောကြားခဲ့ပါသည်။

နယ်စပ်ကိုဖြတ်ပြီး မြန်မာနိုင်ငံ၊ ချင်းတောင်တန်းက တိုင်းရင်းသားသူပုန်များကို အဆိုပါနိုင်ငံခြားသားများက စစ်သင်တန်းများ လေ့ကျင့်သင်ကြား ပေးနေခြင်းဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့ပါသည်။ 

“လက်ရှိ ပထဝီနိုင်ငံရေးအခြေအနေအရ မြန်မာနိုင်ငံထဲက အခြေအနေများကို တရုတ်နှင့် အမေရိကန်အပါအဝင် နိုင်ငံအများအပြားက အနီးကပ် စောင့်ကြည့်နေကြပါသည်။ မီဇိုရမ်ပြည်နယ်ကို နိုင်ငံခြားသားများက ကြားစခန်းတစ်ခုလို အသုံးပြုနေသည့်အတွက် အဆိုပါကိစ္စသည် ဗဟို အစိုးရအတွက် စိုးရိမ်စရာကိစ္စကြီးတစ်ခု ဖြစ်လာပါကြောင်း၊ ထို့အတွက် နိုင်ငံခြားသားများကို PAP လက်မှတ်ပါမှ ခွင့်ပြုမည့်စနစ်ကို ပြန်လည် ကျင့်သုံးခြင်းဖြစ်ပါကြောင်း” ပြည်နယ်ဝန်ကြီးချုပ် က လွှတ်တော်၌ ပြောကြားခဲ့ပါသည်။ 

မြန်မာနိုင်ငံသို့ သွားရောက်မည့် နိုင်ငံခြားသားများသည် ကြားစခန်း အဖြစ် အသုံးပြုလာနိုင်ဖွယ်ရှိသော တခြားပြည်နယ်များတွင်လည်း PAP လက်မှတ်ပါမှ ခွင့်ပြုမည့်စနစ်ကို ပြန်လည်ကျင့်သုံးရန် ပြဋ္ဌာန်းလိုက်ပြီ ဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့ပါသည်။ 

PAP စနစ်ပြန်လည်ကျင့်သုံးမှုကို မီဇိုရမ်ပြည်နယ်အစိုးရက အစောပိုင်း က ဆန့်ကျင်ကန့်ကွက်ခဲ့သော်လည်း နောက်ပိုင်းတွင် ဗဟိုအစိုးရက ရှုမြင်သည့်အတိုင်း ထိုစနစ်၏လိုအပ်ချက်ကို နားလည်သွားခဲ့ကြောင်း ၄င်းက ပြောကြားခဲ့ပါသည်။ 

လက်ရှိအချိန်တွင် အာရူနာချယ်ပရာဒေ့ရှ်၊ ဆစ်ကင်မ်၊ မဏိပူရ၊ နာဂလန်း၊ မီဇိုရမ်၊ ဂျမူးနှင့် ကက်ရှ်မီးယား အစိတ်အပိုင်း တချို့၊ ဟီမာ ချယ်ပရာဒေ့ရှ်၊ ရာဂျက်စ်သန်နှင့် ဥတ္တရာခန်း ပြည်နယ်များတွင် PAP စနစ်ကျင့်သုံးမည့် ကာကွယ်ရေးနယ်မြေများအဖြစ် သတ်မှတ်ထားပါသည်။ 

၂၀၁၁ ခုနှစ်တုန်းက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အားပေးမြှင့်တင်ရန်အတွက် မဏိပူရ၊ နာဂလန်းနှင့် မီဇိုရမ် ပြည်နယ်များတွင် အာဖဂန် နစ္စတန်၊ ပါကစ္စတန်နှင့် တရုတ် နိုင်ငံသားများကလွဲ၍ တခြားနိုင်ငံခြားသားများအတွက် PAP စနစ်ကျင့်သုံးမှု ကို ကင်းလွတ်ခွင့်ပေးထားခဲ့သော်လည်း ယခုလို ပထဝီနိုင်ငံရေးအခြေအနေ ရှုပ်ထွေးမှုတွေကြောင့် အဆိုပါစနစ်ကို ပြန်လည်ကျင့်သုံးလာခြင်းဖြစ်ပါသည်။ 

ကိုးကား- Some Foreigners Entered Myanmar Via Mizoram, Gave Military Training In Chin Hills': Chief Minister Lalduhoma

F-16 တိုက်လေယာဉ်များက ရုရှားလုပ် Su-35 ဘက်စုံသုံး တိုက်လေယာဉ်များနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိဟု ယူကရိန်းပြော

အနောက်နိုင်ငံများက ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ပေးသည့် အမေရိကန်လုပ် F-16  တိုက်လေယာဉ်များသည် လေကြောင်းတိုက်ပွဲတွင် ရုရှားလုပ် Su-35 ဘက်စုံသုံး တိုက်လေယာဉ်များနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိဟု ယူကရိန်းလေတပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

Su-35 ဘက်စုံသုံးတိုက်လေယာဉ်များသည် လေယာဉ်အသစ်များ ဖြစ်သောကြောင့် တိုက်လေယာဉ်နှစ်စင်းအကြား ဖြစ်ပွားသည့် လေကြောင်းတိုက်ပွဲတွင် ရုရှားလုပ် Su-35 တိုက်လေယာဉ်အား ယှဉ်ပြိုင်နိုင်ခြင်းမရှိကြောင်း၊ ယူကရိန်းလေတပ် အနေဖြင့် မြေပြင်အခြေပြု လေကြောင်းကာကွယ်ရေးစနစ်၊ အီလက်ထရွန်နစ်စစ်ဆင်ရေး စနစ်များနှင့် လေကြောင်းအချက်ပေး ရေဒါစနစ်များ လိုအပ်လျက်ရှိကြောင်း ယူကရိန်းလေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ယူရီ အီဂနက်က ယူကရိန်းရုပ်သံလိုင်း တစ်ခုဖြစ်သည့် Novosti နှင့် မတ်လ၁၁ ရက်တွင်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောကြားသည်။

NATO အဖွဲ့ဝင်အနောက်နိုင်ငံများသည် အမေရိကန်၏ သဘောတူညီချက်အရ ၂၀၂၃ ခုနှစ် နှစ်လယ်ခန့်ကတည်းက ယူကရိန်းနိုင်ငံသို့ F-16  တိုက်လေယာဉ်များကိုပေးပို့ခဲ့ပြီး ယူကရိန်း လေယာဉ်မှူးများကိုလည်း လေ့ကျင့်သင်ကြား ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါနိုင်ငံများတွင် ဘယ်ဂျီယံ၊ ဒိန်းမတ်၊ နယ်သာလန်နှင့် နော်ဝေနိုင်ငံတို့ ပါဝင်ပြီး ယင်းနိုင်ငံများသည် ယူကရိန်းသို့ F-16 တိုက်လေယာဉ်အစင်းပေါင်း ၈၀ ခန့်ပေးပို့ခဲ့သည်။

ထို့ပြင် ယူကရိန်းနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် F-16 တိုက်လေယာဉ် ၁၈ စင်းခန့် လက်ခံရရှိခဲ့သော်လည်း ၎င်းတို့အနက် တစ်စင်းမှာ ပျက်ကျပြီးနောက် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အနောက်နိုင်ငံများက ထောက်ပံ့ပေးသည့် F-16 တိုက်လေယာဉ်များသည် စစ်ပွဲကို  အဆုံးအဖြတ်ပေးမည့်  တိုက်လေယာဉ်များအဖြစ် ယူကရိန်းအစိုးရက မျှော်လင့်ထားသော်လည်း  ၎င်းတိုက်လေယာဉ်တွင် တပ်ဆင်ထားသည့် ရေဒါစနစ်များမှာ   ခေတ်နောက်ကျနေပြီး နည်းဗျူဟာမြောက် ကွန်ရက်များနှင့်လည်း   ချိတ်ဆက်ထားခြင်းမရှိသောကြောင့် လေကြောင်းတိုက်ပွဲများတွင် တိုက်လေယာဉ်၏ ထိရောက်မှုမှာ ရုရှားလုပ် Su-35 တိုက်လေယာဉ်ကို ယှဉ်နိုင်စွမ်းမရှိဟု ယူကရိန်းက ပြောသည်။

Source: https://myawady.net.mm/

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းသို့ ထောက်လှမ်းရေးနှင့် စစ်ရေးအကူအညီများ ပြန်လည်စတင်ပေးအပ်

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းသို့ စစ်ရေးနှင့် ထောက်လှမ်းရေး အကူအညီများကို ပြန်လည်ဖြည်လျော့ပေးခဲ့ပြီး ယူကရိန်းဘက်မှလည်း ရုရှားနှင့် “ချက်ချင်း ယာယီ ၃၀ ရက်ကြာ စစ်ပြေငြိမ်းရေး” ဆိုင်ရာ အဆိုပြုချက်ကို သဘောတူညီခဲ့ကြောင်း မတ်လ ၁၁ ရက်နေ့တွင် ဆော်ဒီ အာရေဗျ၌ ကျင်းပခဲ့သောဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံက ကြေညာခဲ့သည်။ ထို့အပြင် ကိယက်ဗ်သည် အမေရိကန်နှင့် ယူကရိန်း၏ အရေးပါသောအရင်းအမြစ်များဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို အမြန်ဆုံး ချုပ်ဆိုရန်သဘောတူညီခဲ့သည်။

“ယူကရိန်းဘက်မှ အမေရိကန်၏အဆိုပြုချက်ကို လက်ခံရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ချက်ချင်း ယာယီ ၃၀ ရက်ကြာ စစ်ပြေငြိမ်းရေးကို အကောင်အထည်ဖော်ရန်နှင့် နှစ်ဖက်သဘောတူညီချက်ဖြင့် ကာလ ထပ်မံတိုးမြှင့်နိုင်ကာ ရုရှားဘက်မှ လက်ခံပြီး တစ်ပြိုင်နက်တည်း အကောင် အထည်ဖော်ဆောင်ရန်လိုအပ်ကြောင်း” ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ အမေရိကန်ဘက်မှလည်း မကြာမီအတွင်း ယင်းအဆိုပြုချက်ကို ရုရှားသို့ ဆက်သွယ်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

အမေရိကန်သည် ယခုအခါ ထောက်လှမ်းရေး သတင်းအချက်အလက်များ မျှဝေခြင်းကို ရပ်ဆိုင်းထားမှုကို ရုပ်သိမ်းပြီး ယူကရိန်းသို့ လုံခြုံရေး အကူအညီများ ပြန်လည်ပေးအပ်မည်ဖြစ်သည်။ ဝါရှင်တန်နှင့် ကိယက်ဗ် တို့သည် လူသားချင်းစာနာထောက်ထားမှု ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဆွေးနွေးခဲ့ကြပြီး ယင်းတွင် စစ်သုံ့ပန်းများ လဲလှယ်ခြင်း၊ အရပ်သား၊ အကျဉ်းသားများ လွှတ်ပေးခြင်းနှင့် အခြားလုပ်ဆောင်ချက်များ ပါဝင်သည်။

အစည်းအဝေးအတွင်း ကိုယ်စားလှယ်အဖွဲ့များသည် ယူကရိန်းအတွက် ရေရှည်လုံခြုံရေးအာမခံချက်များကို ဆွေးနွေးခဲ့ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ Mike Waltz က ပြောကြားခဲ့သော်လည်း နောက်ထပ်အသေးစိတ်အချက်အလက်များကို မဖော်ပြခဲ့ပါ။ ဂျီဒါတွင် ကျင်းပခဲ့သော အမေရိကန်-ယူကရိန်း ဆွေးနွေးပွဲအပြီးတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်များနှင့်ပတ်သက်၍ မော်စကိုဘက်မှ တရားဝင် တုံ့ပြန်ချက်များ ဖော်ပြခဲ့ခြင်းမရှိပေ။ ရုရှားခေါင်းဆောင်များက ယာယီ စစ်ပြေငြိမ်းရေးသဘောတူညီချက်များကို လက်မခံနိုင်ဘဲ၊ ယာယီသဘောတူညီချက်များသည် ကိယက်ဗ်နှင့် ၎င်း၏အနောက်နိုင်ငံများမှ ပံ့ပိုးသူများအတွက်သာ အကျိုးရှိမည်ဟု ယခင်ကတည်းကအသိပေးခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဗြိတိန်သံတမန် ၂ ယောက်ကို သူလျှိုပြုလုပ်မှုဖြင့် ရုရှားက နှင်ထုတ်

ရုရှားအစိုးရသည် ဗြိတိန်သံတမန်နှစ်ဦးကို သူလျှိုလုပ်သည်ဟု စွပ်စွဲခဲ့ပြီး သီတင်းနှစ်ပတ်အတွင်း တိုင်းပြည်မှ ထွက်ခွာရန် သတိပေးပြီး နှင်ထုတ် လိုက်ပါသည်။ အဆိုပါ စွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်း ဗြိတိန်ဘက်က ပြောကြားခဲ့ပါသည်။ 

“ယင်းသံတမန်များသည် ရုရှားနိုင်ငံအတွင်းတွင် ထောက်လှမ်းရေးနှင့် အဖျက်သမားတို့၏လုပ်ဆောင်မှုလက္ခဏာများကို တွေ့ရှိခဲ့ပြီး ရုရှားဖက် ဒရေးရှင်း၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည်” ဟု ဖက်ဒရယ် လုံခြုံရေး ဝန်ဆောင်မှုအရာရှိများ၏ ကြေညာချက်တွင် ပါရှိပါသည်။

အမည်ဖော်ပြထားခြင်းမရှိသည့် အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ၎င်းတို့၏သံတမန် အသိအမှတ်ပြု စာရွက်စာတမ်းများကို ရုတ်သိမ်းလိုက်ပြီး ရုရှားနိုင်ငံမှထွက်ခွာရမည်ဟု ကရင်မလင်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

ဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှုက ၎င်း၏တန်ပြန်ထောက်လှမ်းရေး အော်ပရေတာများသည် “မော်စကိုရှိ သံရုံးမျက်နှာဖုံးအောက်တွင် ဗြိတိန်မှ အစီရင်ခံမထားသော ထောက်လှမ်းရေးသတင်းများ ရောက်ရှိနေမှုကို ထုတ်ဖော်ခဲ့ပါသည်” ဟု ပြောကြားခဲ့ပါသည်။ 

“ရုရှားက ၎င်းတို့၏ဝန်ထမ်းများကို ဆိုးဆိုးရွားရွားနှင့် အခြေအမြစ် မရှိ စွပ်စွဲခြင်းဖြစ်ပြီး ဤသည်မှာ ပထမဆုံးအကြိမ်မဟုတ်” ဟု ဗြိတိန်နိုင်ငံ ခြားရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါသည်။ 

ကိုးကား-Myanmar National Post

ပါကစ္စတန်တွင် ရထားတစ်စီးပေါ်မှ ခရီးသည် (၄၅၀) ကျော်ကို စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့က ဓါးစာခံအဖြစ် ဖမ်းဆီး

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း၌ အကြမ်းဖက်မှုများ မြင့်တက်လာစေမှု၏နောက်ကွယ်တွင် လက်နက်ကိုင်စစ်သွေးကြွအဖွဲ့တစ်ဖွဲ့သည် မတ်လ ၁၁ ရက်တွင် ရထားတစ်စီးပေါ်၌ လိုက်ပါလာသော ရာနှင့်ချီသော ခရီးသည်များကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရ ပါသည်။

အာဖဂန်နစ္စတန်၊ အီရန်တို့နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ဘလိုချီစတန် ပြည်နယ်မှ တောင်တန်းဒေသတစ်ခုတွင် စစ်သွေးကြွများသည် ရထားကို သိမ်းပိုက်မှုလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်ရပ်အတွင်း ရထား ယာဉ်မောင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရပါသည်။

အကြီးတန်းမီးရထားအစိုးရအရာရှိတစ်ဦးက “ရထားပေါ်တွင် လိုက်ပါ လာသော ခရီးသည် ၄၅၀ ကျော်ကို စစ်သွေးကြွအဖွဲ့များက ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ခရီးသည်များထဲ၌ အမျိုးသမီးများနှင့် ကလေးငယ်များလည်း ပါဝင်သည်” ဟု ပြောခဲ့ပါသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး ၎င်းတို့တွင် တာဝန်ရှိကြောင်း Baloch Liberation Army (BLA) စစ်သွေးကြွအဖွဲ့က ချက်ချင်းထုတ်ဖော် ပြောဆို ခဲ့ကြောင်းလည်း သိရပါသည်။ Baloch Liberation Army (BLA) စစ်သွေးကြွအဖွဲ့သည် ရထားလမ်းကို ဗုံးခွဲပြီးနောက် ရထားကို ဝင်ရောက် စီးနင်းမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တစ်ခု၌ ရေးသား ဖော်ပြထားပါသည်။

ထို့အပြင် ဓါးစာခံများကို ကယ်တင်ရန် ကြိုးပမ်းပါက ပြင်းထန်သည့် အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်ဟု Baloch Liberation Army (BLA) စစ်သွေးကြွအဖွဲ့က သတိပေးပြောဆိုခဲ့ကြောင်းလည်း သိရပါသည်။

ကိုးကား-NP News

ယူကရိန်းတိုက်ခိုက်မှုကြောင့်ကျေးလက်နေ ပြည်သူလေးဦး သေဆုံး

ရုရှားအနောက်ပိုင်း Kursk ဒေသတွင် ယူကရိန်းစစ်တပ်၏ တိုက်ခိုက်မှုကြောင့် လူပုဂ္ဂိုလ်လေးဦး သေဆုံးပြီး အခြားနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး Aleksandr Khinstein က ပြောကြား ခဲ့သည်။

မတ်လ ၁၂ ရက် နံနက်ပိုင်းက Kozyrevka ကျေးရွာရှိ စက်ရုံတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Khinstein က Telegram တွင် ရေးသားခဲ့သည်။

ပထမဆုံးသတင်းများအရ စက်ရုံဝန်ထမ်း လေးဦးသေဆုံးခဲ့ပြီး ၎င်းတို့ အထဲတွင် ယောက်ျား သုံးဦးနှင့် မိန်းမတစ်ဦး ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အခြားလုပ်သားတစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ရကာ အနည်းငယ်မျှသာ ဒဏ်ရာရရှိသူ လုပ်ဖော်ကိုင်ဖက်ကို စက်ရုံ၌ပင် ကုသပေးခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက ဖြည့်စွက် ပြောကြား ခဲ့သည်။

Khinstein က ပြည်သူများကိုတိုက်ခိုက်ခြင်းသည် ကိယက်ဗ် အာဏာပိုင်များ၏ စိတ်ဝေဒနာခံစားနေရခြင်း လက္ခဏာဖြစ်ကြောင်း ပြောကြားခဲ့သည်။

အုပ်ချုပ်ရေးမှူးက သေဆုံးသူများ၏ မိသားစုများထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး Kursk ဒေသအုပ်ချုပ်ရေးအဖွဲ့မှ ၎င်းတို့အား လိုအပ်သောအကူအညီနှင့် ပံ့ပိုးမှုများ ပေးသွားမည်ဟု ကတိပြုခဲ့သည်။

စက်ရုံရှိ အဆောက်အဦတစ်ခုမှာ တိုက်ခိုက်မှုကြောင့် လုံးဝပျက်စီးသွားပြီး အခြားပစ္စည်းများလည်း ပျက်စီးမှုများရှိခဲ့ကြောင်း ၎င်းက ပြောကြား ခဲ့သည်။

မတ်လ ၁၀ ရက်နေ့တွင် ယူကရိန်းတပ်ဖွဲ့များက Belovsky ခရိုင် Belaya ကျေးရွာရှိ ဈေးဝယ်စင်တာတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် လူပုဂ္ဂိုလ်လေးဦးသေဆုံးခဲ့ပြီး အခြားများစွာ ဒဏ်ရာရရှိခဲ့သည်။

နောက်တစ်နေ့တွင် ရုရှားသည် နိုင်ငံနှစ်နိုင်ငံအကြား ပဋိပက္ခ စတင်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ လက်ရှိအချိန်အတွင်း ဒရုန်း ၃၃၇ စီး ပါဝင်သော ယူကရိန်း၏အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုကို ကာကွယ်နိုင်ခဲ့သည်။ ယခုကဲ့သို့ တိုက်ခိုက်မှုများ မြင့်တက်လာခြင်းမှာ ဩဂုတ်လ အစောပိုင်း ၂၀၂၄ ခုနှစ်မှစတင်၍ ယူကရိန်းတပ်ဖွဲ့များ ကျူးကျော် ဝင်ရောက်မှုများ ပြုလုပ်နေသည့် Kursk ဒေသ၌ ယူကရိန်းတပ်ဖွဲ့များ ရှုံးနိမ့်မှုများ ကြုံတွေ့နေရချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မတ်လ ၁၁ ရက်နေ့တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက Sudzha မြို့ အနီးရှိ ကျေးရွာ ၁၂ ရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်းကြေညာခဲ့ပြီး Sudzha မြို့သည် ယင်းဒေသ၌ ယူကရိန်းတို့ ထိန်းချုပ်ထားသည့် အကြီးဆုံးမြို့ဖြစ်သည်။

နောင်ချိုမြို့နယ်အတွင်းရှိ TNLA အကြမ်းဖက်စခန်း ၂ ခုအား သိမ်းပိုက်ရရှိ

နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသအတွင်းရှိ အကြမ်းဖက် TNLA စခန်း ၂ ခုအား မတ် ၁၂ ရက် နေ့လယ်ပိုင်းအချိန်က Surveillance Drone ဖြင့် ကင်းထောက်၍ ကွန်မန်ဒိုစစ်ကြောင်း ၂ ခု က တချိန်တည်းတပြိုင်တည်း ဝင်ရောက်တိုက်ခိုက်စီးနင်းနိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သမားများအငိုက်မိ၍ အနည်းငယ်သာခုခံတိုက်ခိုက်နိုင်ပြီး အလောင်း/ လက်နက်များအား ဆိုင်ကယ်များဖြင့်ဆွဲယူထွက်ပြေးသွားခဲ့သည်။ စစ်ကြောင်းများမှာ ဆုတ်ခွာရန်သူနောက်သို့ ထပ်ကြပ် လိုက်လံ ချေမှုန်းလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်စခန်းမှ Type-81 သေနတ် ၁ လက်၊ ကျည်အိမ်များ၊ ကျည် ၈၅၀ တောင့်၊ မိုင်း မျိုးစုံ ၉ လုံး၊ RPG ဒုံးသီး ၁ လုံး၊ သဲအိတ်ဘန်ကာ ၁၀ လုံး၊ မြေခွေးကျင်း ၈ ကျင်း၊ ဆသရမြောင်း ၂၅၀ မီတာခန့်ရရှိခဲ့သည်။

ဒုတိယမြောက် TNLA အကြမ်းဖက်စခန်းတွင် ကျည်အိမ် ၈ ခု၊ ကျည် ၉၃၀ တောင့်၊ အီနာဂါ ၃ လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ သဲအိတ်ဘန်ကာ ၁၁ လုံး၊ ပစ်ကျင်း ၉ ကျင်း၊ ဆသရမြောင်း ၁၅၀ မီတာခန့်၊ မှန်ပြောင်း ၁ လက် တို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

ယူကရိန်းက မော်စကိုမြို့အား အကြီးမားဆုံးဒရုန်းတိုက်ခိုက်မှုပြုလုပ်

ယူကရိန်းက မော်စကိုမြို့အား ပစ်မှတ်ထားပြီး အနည်းဆုံး ဒရုန်း (၉၁) စင်းဖြင့် အကြီးမားဆုံးသော တိုက်ခိုက်မှုကို မတ်လ (၁၁) ရက်နေ့တွင် လုပ်ဆောင်ခဲ့ရာ အနည်းဆုံးလူ (၂) ဦးသေဆုံးပြီး လေဆိပ်များပိတ်ထားရကာ လေကြောင်း ခရီးစဉ်များ ရွှေ့ဆိုင်းထားရကြောင်း ရုရှားနိုင်ငံတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယူကရိန်းက မော်စကိုမြို့တော်သို့ ဒရုန်း (၉၁) စင်းနှင့် ယူကရိန်းတပ်များပြန်လည်ဆုတ်ခွာသွားခဲ့သည့် ကာ့ခ်စ် (Kursk)ဒေသသို့ ဒရုန်း (၁၂၆) စင်းတို့အပါအဝင် စုစုပေါင်းဒရုန်း ၃၃၇ စင်းဖြင့် ရုရှားနိုင်ငံသို့ ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါသည်။

ကိုးကား-CNA

အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်(နစက-၄)