ရုရှားနိုင်ငံ၏ အာကာသအေဂျင်စီ Roscosmos က သောကြာနေ့ (ဇူလိုင် ၂၅) တွင် အီရန်နိုင်ငံ၏ ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးကို Soyux ဒုံးပျံဖြင့် အာကာသထဲသို့ အောင်မြင်စွာ လွှတ်တင်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ရုရှား အရှေ့ဖျားဒေသရှိ Vostochny Cosmodrome အာကာသ လွှတ်တင်ရေးစခန်းမှ ဒုံးပျံလွှတ်တင်မှုကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ရုရှား၏ သိပ္ပံဂြိုဟ်တု (၂) လုံးနှင့် စီးပွားရေးနယ်ပယ်သုံး ဂြိုဟ်တုငယ် (၁၈) လုံး (ဈေးကွက်အတွက် ဒေတာစုဆောင်းခြင်းနှင့် ဆက်သွယ်ရေး စသည့် စီးပွားရေးနယ်ပယ်သုံး ဂြိုဟ်တု) အပါအဝင် အီရန်၏ Nahid-2 ဆက်သွယ်ရေးဂြိုဟ်တုတို့ကို သယ်ဆောင်သွားခဲ့သည်။
Nahid-2 ဂြိုဟ်တုကို အီရန်အာကာသသုတေသနစင်တာမှ ဖန်တီး တည်ဆောက်ကာ အီရန်အာကာသအေဂျင်စီနှင့် စီးပွားဖြစ် သဘောတူညီချက်အရ လွှတ်တင်ခြင်းဖြစ်သည်။ အီရန်၏ အစိုးရ ထိန်းချုပ် မီဒီယာ များ၏ဖော်ပြချက်အရ ယင်းဂြိုဟ်တုသည် ကမ္ဘာပတ်လမ်းအနိမ့်အတွင်း လှည့်ပတ်ရန်အတွက် ဒီဇိုင်းပြုလုပ်ထားပြီး တီဟီရန်၏ အာကာသ စွမ်းရည် တိုးမြှင့်ရေး ရည်မှန်းချက်များကို အထောက်အကူပြုမည် ဖြစ်သည်။
အဆိုပါမစ်ရှင်သည် ကမ္ဘာ့မြေမျက်နှာပြင် စောင့်ကြည့်ရေးနှင့် ဆက်သွယ်ရေး ဂြိုဟ်တုများ လွှတ်တင်ခြင်းအပါအဝင် ရုရှား-အီရန် ပူးပေါင်း ဆောင်ရွက်မှု များ တိုးတက်လာသည့် အာကာသလုပ်ငန်းစဉ်များ၏ ရလဒ်ဖြစ်သည်။ ဇန်နဝါရီလတွင် မော်စကိုနှင့် တီဟီရန်တို့သည် နှစ်ပေါင်း (၂၀) အတွက် နိုင်ငံတကာမဟာဗျူဟာ မိတ်ဖက်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းတွင် အာကာသဆိုင်ရာ အရပ်ဘက် အစီအစဉ်များ၊ စွမ်းအင်နှင့် သိပ္ပံ နည်းပညာ နယ်ပယ်များတွင် ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ရန် အာမခံချက်များပါဝင်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

လန်ဒန် ဇူလိုင် ၂၄
လပတ်လမ်းပေါ်မှ တစ်ဆင့် စကြဝဠာခေတ်ဦး ရေဒီယိုအချက် ပြလှိုင်းများကို ထောက်လှမ်းမည့် အသေးစား အာကာသယာဉ်တစ် စင်းကို ဗြိတိန်သိပ္ပံပညာရှင်များက တည်ဆောက်နေကြောင်း ဇူလိုင် ၂၃ ရက် သတင်းများအရ သိရသည်။
Coscocube အာကာသယာဉ်သည် လကမ္ဘာ အခြားဘက်ခြမ်းမှတစ်ဆင့် စကြ ဝဠာခေတ်ဦး ရေဒီယိုအချက်ပြ လှိုင်းများကို လေ့လာမည်ဖြစ် ကြောင်း၊ Big Bang မဟာပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ပြီး နှစ်ပေါင်း သန်း ၅၀ နှင့် တစ်ဘီလီယံကြား ကာလအတွင်း ပေါ်ထွက်လာသည့်
ရှေးဟောင်းရေဒီယိုအချက်ပြလှိုင်း များသည် စကြဝဠာ၏သမိုင်း ကို ပြောပြနိုင်ကြောင်း ဗြိတိန် သုတေသန ပညာရှင်များက ပြောကြားသည်။

ကမ္ဘာဂြိုဟ်၏ ရေဒီယိုလှိုင်း အနှောင့်အယှက်များနှင့် ကင်း လွတ်သည့် လကမ္ဘာအခြားဘက်ခြမ်းမှာ စကြဝဠာခေတ်ဦးရေဒီယို လှိုင်းများကိုရှာဖွေထောက်လှမ်း
ရန်အကောင်းဆုံးနေရာဖြစ်သည်။ Big Bang မဟာပေါက်ကွဲမှု ကြီးဖြစ်ပွားခဲ့ပြီးနောက် ပထမဆုံး ပေါ်ထွက်လာသည့် ဂြိုဟ်များ၊ ကြယ်များနှင့်အာကာသတွင်းနက် များ၏ အလင်းရောင်များကို ဟိုက် ဒရိုဂျင်ဓာတ်ငွေ့ တိမ်တိုက်ကြီး များက ဖုံးကွယ်ထားရာ ၎င်းကာလ ကို စကြဝဠာ အမှောင်ခေတ်အဖြစ် သိပ္ပံပညာရှင်များက သတ်မှတ် ထားကြောင်း သိရသည်။
သို့ရာတွင် အဆိုပါဟိုက်ဒရိုဂျင် ဓာတ်ငွေ့တိမ်တိုက်ကြီးများသည် လှိုင်းအလျားမီဂါဟာ့ဇ် ၁၄၂၀ ထိရှိသည့် ရေဒီယိုလှိုင်းများကို ထုတ်လွှင့်ပေးခဲ့ကြောင်း သိရသည်။
Ref: Sputnik News
Trs: KKO

တစ်နာရီလျှင် မိုင် ၂၈၀ အရှိန်နှုန်းဖြင့် မောင်းနှင်နိုင်သည့် ကမ္ဘာ့အမြန်ဆုံးစစ်ဘက်သုံး ကာမီကာဇေ ဒရုန်းတစ်မျိုးကို ဗြိတိန်နိုင်ငံမှ အင်ဂျင်နီယာကုမ္ပဏီ တစ်ခုဖြစ်သည့် MGI က တီထွင်ထုတ်လုပ် နိုင်ခဲ့သောကြောင့် မျက်မှောက်ကာလ စစ်မြေပြင်ရှိစစ်ဆင်ရေး အခြေအနေများကို ပြောင်းလဲနိုင်မည့်အလားအလာများ ထွက်ပေါ်လာလျက်ရှိသည်။

အဆိုပါဒရုန်းအား Sky Shark ဟု အမည်ပေးထားသည်။ အဆိုပါ ကမ္ဘာ့အမြန်ဆုံးဒရုန်းအား တီထွင်ထုတ်လုပ်ခဲ့သည့် အင်ဂျင်နီယာအဖွဲ့ကို ဦးဆောင်ခဲ့သူမှာ Formula 1 ပြိုင်ကားမောင်းပြိုင်ပွဲမှ နည်းပညာဆိုင်ရာညွှန်ကြားရေးမှူးဟောင်းတစ်ဦးဖြစ်သည်။ ထို့ကြောင့် အဆိုပါ အင်ဂျင်နီယာအဖွဲ့သည် ၎င်းတို့ထုတ်လုပ်ထားသည့် ဒရုန်းအား ပြိုင်ကားတစ်စီး၏ အရှိန်နှုန်းအတိုင်း မောင်းနှင်ပျံသန်းနိုင်စေရန် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအင်ဂျင်နီယာအဖွဲ့သည် Sky Shark ဒရုန်းအား ဗြိတိန်နိုင်ငံ အောက်စဖို့ရှိုင်းယားပြည်နယ် အင်စတုန်းလေယာဉ်ကွင်း၌ ဇူလိုင်လ ၁၁ ရက်တွင် စမ်းသပ်ပျံသန်းခဲ့ပြီးဖြစ်သည်။
အင်ဂျင်နီယာများသည် ၎င်းဒရုန်းအား ထောက်လှမ်းရေးသတင်းအချက်အလက် စုဆောင်းခြင်း၊ ပစ်မှတ်များကို တိုက်ခိုက်ခြင်း၊ ဂျီပီအက်စ်စနစ် အသုံးပြု၍မရနိုင်သည့် နေရာဒေသများနှင့် အန္တရာယ်များပြားသည့် ပတ်ဝန်းကျင်တို့တွင် အသုံးပြုခြင်း စသည့်စစ်ဆင်ရေးများတွင် အသုံးပြုရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အင်ဂျင်နီယာများသည် Sky Shark ဒရုန်းကို ပုံစံနှစ်မျိုးဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပြီး တစ်မျိုးမှာ ဓာတ်ငွေ့တာဘိုင်အင်ဂျင်ကိုအသုံးပြုထားသည်။ ကျန်ပုံစံတစ်မျိုးမှာမူ Greenjets ကုမ္ပဏီမှ ထုတ်လုပ်ထားသည့် လျှပ်စစ်အင်ဂျင်တစ်လုံး တပ်ဆင်ထားသည်။
၎င်းဒရုန်းကို အင်ဂျင်နီယာအဖွဲ့က တရားဝင်စမ်းသပ်ပျံသန်းရာတွင် ဒရုန်းသည် တစ်နာရီလျှင် မိုင် ၂၈၀ (၄၅၀ ကီလိုမီတာ) အရှိန်အထိမောင်းနှင်နိုင်ပြီး အကွာအဝေး ၁၅၅ မိုင် (၂၅၀ ကီလိုမီတာ) အကွာရှိ ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိကြောင်း တွေ့ရှိခဲ့ကြသည်။ ထို့ပြင် Sky Shark ဒရုန်းတွင် အလေးချိန်အားဖြင့် ၄၄ ပေါင် (၂၀ ကီလိုဂရမ်)ရှိ ထိပ်ဖူးတစ်ခုကိုလည်း သယ်ဆောင်နိုင်စွမ်းရှိသည်။
မောင်းနှင်ပျံသန်းရာတွင်လည်း Sky Shark ဒရုန်းအနေဖြင့် ကွန်တိုမြေပုံဖြင့် ချိန်ညှိပေးသည့်စနစ်၊ လမ်းကြောင်းရှာစနစ်တို့ကို အသုံးပြုထားခြင်းကြောင့် ဂြိုဟ်တုမှတစ်ဆင့်ပေးပို့သည့် အချက်ပြမှုများအပေါ် အမှီသဟဲပြုနေရခြင်းကို လျှော့ချနိုင်သောကြောင့် အရေးကြီးသည့် စစ်ဆင်ရေးများတွင် ထိရောက်စွာ အသုံးပြုနိုင်မည့် ကမ္ဘာ့အမြန်ဆုံးဒရုန်းဖြစ်သည်။
Ref: De
MWD Web Portal

ကမ္ဘာမြေပြင်၏ မည်သည့်နေရာဒေသတွင် မြေပြိုမှုဖြစ်ပွားနိုင်သည်ကို ခန့်မှန်းပေးနိုင်သည့် ဆော့ဝဲတစ်မျိုးအား ရုရှားနှင့် တရုတ်သိပ္ပံပညာရှင်များက တီထွင်နိုင်ခဲ့ပြီဖြစ်သည်။
ရုရှားနိုင်ငံ ယူရယ်လ်တက္ကသိုလ်မှ ကျွမ်းကျင်သူများသည် တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များနှင့် ပူးပေါင်း၍ ရွှံ့ညွန်များ၏ စီးဆင်းမှုကို သင်္ချာပုံစံဖြင့် တွက်ချက်ခန့်မှန်းပေးနိုင်သည့် ဆော့ဝဲအသစ်ကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဆော့ဝဲကို တောင်ထူထပ်ရာဒေသများတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြင်း ရှိ၊ မရှိကို အကဲဖြတ်စိစစ်ရန်နှင့် မြေနိမ့်ဒေသများတွင် မြေပြိုမှုများဖြစ်ပွားနိုင်မည့် အခြေအနေတို့ကို ခန့်မှန်းရာတွင်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။
မြေပြိုမှုများသည် များသောအားဖြင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဖြစ်ပွားလေ့ရှိရာ အဆိုပါဆော့ဝဲကို အသုံးပြုခြင်းအားဖြင့် ရွှံ့ညွန်များ၏ အထက်ပိုင်းရှိ မြေသား၏ ခံနိုင်စွမ်းနှင့် မိုးရွာသွန်းသည့် ပမာဏတို့ကို တွက်ချက်၍ ခန့်မှန်းသိရှိနိုင်မည်ဖြစ်သည်။
နေရာဒေသတစ်ခုတွင် သို့မဟုတ် တောင်ထူထပ်ရာ ဒေသတစ်ခုတွင် နေ့စဉ်မိုးရေချိန်အများဆုံး ၂၇ မီလီမီတာ အထက် ရွာသွန်းမည်ဆိုပါက မြေသား၏ ခံနိုင်စွမ်းလျော့ကျလာပြီး မြေပြိုမှုများဖြစ်ပွားစေနိုင်သည့် အလားအလာ ကို ပိုမိုမြင့်တက်စေနိုင်ကြောင်း သိပ္ပံပညာရှင် တစ်ဦးဖြစ်သည့် နီကီတာဖိုးမင်းက ပြောကြားသည်။
ထို့ကြောင့် မြေပြိုမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ဒေသများရှိ ပြည်သူများအနေဖြင့် အဆိုပါဆော့ဝဲအသစ်ကို အသုံးပြုခြင်းအားဖြင့် ကြိုတင်ခန့်မှန်း၍ သိရှိနိုင်မည်ဖြစ်သည်။

Nissan ကားကုမ္ပဏီသည် Waseda တက္ကသိုလ်နှင့်ပူးပေါင်းကာ လျှပ်စစ်ကားမော်တာ အပျက်အစီးများ၏ သံလိုက်တုံးများမှ မြေရှားသတ္တုများအား recycle ပြုလုပ်သည့်နည်းပညာကို ဖန်တီးခဲ့ပါသည်။
အဆိုပါ စီမံကိန်းသည် တရုတ်နိုင်ငံက ၎င်း၏ မြေရှားသတ္တုတင်ပို့မှုကို ကန့်သတ်ထိန်းချုပ်မည် ဖြစ်ကြောင်း ဧပြီလအတွင်း ကြေညာခဲ့ပြီးနောက် အလျင်အမြန်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ recycle ပြုလုပ်ရာတွင် မြေရှားသတ္တုများအား ခွဲထုတ်ရန်အတွက် လျှပ်စစ်ကားများမှ မော်တာများအား အခြားသော ဓာတုပစ္စည်းများနှင့် ပေါင်းစပ်ကာ မီးပြင်းဖိုအတွင်းသို့ ထည့်သွင်း၍ အရည်ပျော်အောင် လုပ်ဆောင် ရသည့် လုပ်ငန်းစဉ်လည်း ပါဝင်သည်။ မြေရှားသတ္တုသည် လျှပ်စစ်ကားများ ထုတ်လုပ်ရာတွင် မရှိမဖြစ် အရေးကြီးသည့် သတ္တုတစ်မျိုးဖြစ်သည်။
လျှပ်စစ်ကားတွင်ပါဝင်သည့် မော်တာများရှိ သံလိုက်တုံးများမှ recycle လုပ်နိုင်သည့် မြေရှားသတ္တု ပမာဏ တိုးတက်လာစေရေးအတွက် နည်းပညာပိုင်းဆိုင်ရာစိန်ခေါ်မှုရှိကြောင်း၊ လျှပ်စစ်မော်တော်ကား အပျက်အစီးများ ပိုမိုရရှိလာသည့်အခါတွင် အဆိုပါ recycle မှတစ်ဆင့် ရရှိလာသည့် မြေရှားသတ္တုများကို လက်တွေ့အသုံးချနိုင်ရန် မျှော်လင့်ကြောင်းနှင့် လာမည့် ၂၀၃၀ ပြည့်နှစ်ခန့်တွင် ဖြစ်လာနိုင်ကြောင်း Nissan ကားကုမ္ပဏီ၏ အကြီးတန်း အင်ဂျင်နီယာဖြစ်သူ Ogawa Kazuhiro က ပြောကြားခဲ့သည်။
Toyota ကုမ္ပဏီအနေဖြင့်လည်း Hybrid ကားများမှ မြေရှားသတ္တုများ recycle ပြုလုပ်သည့် နည်းပညာကို စမ်းသပ် လေ့လာမှုများ လုပ်ဆောင်လျက်ရှိကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- NHK
အလွတ်သဘောဘာသာပြန်သူ- ဦးထက်ထက်အောင်၊ နစက(၄)

ဂျာမနီနိုင်ငံမှ ကမ္ဘာကျော် BMW မော်တော်ကား ကုမ္ပဏီသည် ၎င်းတို့၏ ဒစ်ဂျစ်တယ် စွမ်းဆောင်ရည်များကို ချဲ့ထွင်နိုင်ရေးအတွက် တရုတ်နိုင်ငံအတွင်း၌ ပထမဆုံးသော သတင်းနည်းပညာ၊ သုတေသနနှင့် ထုတ်လုပ်ရေးစင်တာတစ်ခုကို တည်ဆောက်မည်ဖြစ်သည်။

BMW ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ ပထမဆုံးသောစင်တာကို ကျန်းစုပြည်နယ် နန်ကျင်းမြို့ ကျန်းယီခရိုင်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဂျာမနီကားကုမ္ပဏီ၏ တရားဝင်ရုံးခွဲအဖြစ် လည်ပတ်မည်ဖြစ်သည်။ အဆိုပါစင်တာသည် ဉာဏ်ရည်တုနည်းပညာ၊ စက်မှုလုပ်ငန်းသုံး ဒစ်ဂျစ်တယ်နည်းပညာသုံး ဆန်းသစ်တီထွင်မှုများကို အဓိကထား လုပ်ဆောင်မည်ဖြစ်သည်။
နန်ကျင်းမြို့တွင်ဖွင့်လှစ်မည့် BMW ကုမ္ပဏီ၏ သတင်းနည်းပညာ၊ သုတေသနနှင့် ထုတ်လုပ်ရေးစင်တာသည် အာရှဒေသအတွင်းရှိ ၎င်းကုမ္ပဏီ၏ အကြီးဆုံးသော စင်တာဖြစ်လာမည်ဖြစ်သည်။ အဆိုပါစင်တာအနေဖြင့် BMW ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်မှု၊ ရောင်းချမှု၊ ရောင်းချပြီးနောက် ပြုပြင်ထိန်းသိမ်းပေးခြင်း စသည့်ဝန်ဆောင်မှုများကို နည်းပညာ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာသည့် တရုတ်နိုင်ငံသို့ လာရောက် ရင်းနှီး မြှုပ်နှံခြင်းဖြစ်သည်။
BMW ကုမ္ပဏီသည် လက်ရှိတွင် တရုတ်နိုင်ငံရှိ ထိပ်တန်းနည်းပညာ ကုမ္ပဏီကြီးများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လျက်ရှိပြီး အထူးသဖြင့် တရုတ်နိုင်ငံ၏ လမ်းမကြီးများ၏ အခြေအနေနှင့်အညီ ယာဉ်မောင်း သူများအား အထောက်အကူပြုစေမည့် အဆင့်မြင့်နည်းပညာ စနစ်များကို ပူးတွဲထုတ်လုပ်လျက် ရှိသည်။

ထိုင်းနိုင်ငံသည် ၎င်းတို့၏ပြည်တွင်း၌ ထုတ်လုပ်ထားသည့် ကာမီကာဇေဒရုန်း တစ်စင်းကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ထိုင်းတော်ဝင် လေတပ်မတော်က ထုတ်ပြန်သည်။
ထိုင်းတော်ဝင်လေတပ်မတော်သည် အဆိုပါဒရုန်း အမျိုးအစားသစ်ကို ယခုလအစောပိုင်းတွင် စမ်းသပ်ပျံသန်းခဲ့ပြီး အဆိုပါပျံသန်းမှုလုပ်ဆောင်စဉ် ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ခြင်းကိုပါ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကာမီကာဇေဒရုန်းများသည် လက်ရှိဖြစ်ပွားနေသည့် ယူကရိန်းပဋိပက္ခတွင် ကျယ်ပြန့်စွာ အသုံးပြုနေသည့် ဒရုန်းများဖြစ်သည်။
ယခုထုတ်လုပ်လိုက်သည့် ကာမီကာဇေဒရုန်းကို ထိုင်းတော်ဝင် လေတပ်မတော်၏ နာဝါမင်ဒါလေကြောင်း အတတ်သင်ကျောင်း၊ လေတပ်၏ လက်နက်ထုတ်လုပ်ရေးဌာနနှင့် လေယာဉ်တည်ဆောက်ထုတ်လုပ်ရေး အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးရုံးတို့က ပူးတွဲထုတ်လုပ်ထားခြင်းဖြစ်သည်။
အဆိုပါ ကာမီကာဇေဒရုန်းသည် ပစ်မှတ်များကို တိကျစွာ ပစ်ခတ်ချေမှုန်းနိုင်စွမ်းရှိကြောင်း ထိုင်းလေတပ်က ထုတ်ပြန်ထားသော်လည်း မောင်းနှင်ပျံသန်းနိုင်သည့် အကွာအဝေး၊ ပျံသန်းနိုင်သည့် ကြာချိန် စသည့် အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ထားခြင်း မရှိပေ။
အဆိုပါ ကာမီကာဇေဒရုန်းတွင် ကင်မရာများ တပ်ဆင်ထားပြီး မြေပြင်ရှိထိန်းချုပ်မောင်းနှင်သည့် အော်ပရေတာများက ရေဒီယိုဆက်သွယ်မှုများမှ တစ်ဆင့် ထိန်းချုပ်မောင်းနှင်နိုင်မည်ဖြစ်သည်။
ထိုင်းလေတပ်မတော်သည် ၂၀၂၄ ခုနှစ်တွင် လေတပ်အဆင့်မြှင့်တင်ရေး စက္ကူဖြူစာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ စာမျက်နှာ ၇၄ မျက်နှာပါ အဆိုပါစက္ကူဖြူစာတမ်း၏ အဓိက ရည်ရွယ်ချက်များအနက် တစ်ချက်မှာ ဒရုန်းများကို တိုးမြှင့်ထုတ်လုပ်၍ လေတပ်အား အဆင့်မြှင့်တင်ရန်ဖြစ်သည်။

ရုရှားသိပ္ပံပညာရှင်များသည် AI နည်းပညာကို အသုံးပြု၍ လူသားများတွင် အဆုတ်ရောဂါဖြစ်ပွားမှု ရှိ၊ မရှိကို ရှာဖွေဖော်ထုတ်နိုင်ပြီး စောင့်ကြည့်ပေးနိုင်သည့် ကိရိယာတစ်မျိုးကို ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်။

အဆိုပါကိရိယာသည် လူနာ၏အသက်ရှူမှုဆိုင်ရာ အချက်အလက်များကို အကဲဖြတ်စိစစ်ခြင်းအားဖြင့် အသက်ရှူကျပ်မှုနှင့် ပန်းနာရင်ကျပ်ရောဂါ ကဲ့သို့သော အဆုတ်နှင့်သက်ဆိုင်သည့် ပုံမှန်မဟုတ်သော အခြေအနေများကို အစောပိုင်းအဆင့်မှာပင် ရှာဖွေဖော်ထုတ်ပေးနိုင်သည်။ ထို့ပြင် လူနာ၏အဆုတ်ရောဂါအခြေအနေသည် ပိုမိုဆိုးရွားလာနိုင်မှု ရှိ၊ မရှိဟူသော အချက်ကိုလည်း ခန့်မှန်းပေးနိုင်သည်။
ရုရှားသိပ္ပံပညာရှင်များသည် ၂၀၁၄ ခုနှစ်က ချမှတ်ဖော်ဆောင်ခဲ့သည့် ရုရှားအစိုးရ၏ အမျိုးသားနည်းပညာဆိုင်ရာ ကနဦးဆောင်ရွက်မှုအစီအစဉ်၏ ထောက်ပံ့ပေးမှုဖြင့် အဆိုပါကိရိယာအား ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဆရာဝန်များအနေဖြင့် ယခုထုတ်လုပ်လိုက်သည့် ရောဂါဖော်ထုတ်စောင့်ကြည့်ရေး ကိရိယာကို အသုံးပြုခြင်းအားဖြင့် အခြားစမ်းသပ်မှုများ လုပ်ဆောင်ရန်မလိုအပ်ဘဲ တိကျသည့်ရောဂါရှာဖွေ စစ်ဆေးမှုများကို လုပ်ဆောင် နိုင်ပြီး လူနာများအနေဖြင့်လည်း ၎င်းတို့၏ရောဂါ အခြေအနေကို ၎င်းတို့၏နေအိမ်များ၌ပင် သက်သောင့်သက်သာစွာ အသုံးပြုစောင့်ကြည့်နိုင်မည် ဖြစ်ကြောင်း သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ ဆာဂျီဒါဗီဒေါ့က ပြောကြားသည်။
ထို့ပြင် သိပ္ပံပညာရှင်များသည် ၎င်းတို့တီထွင်ထုတ်လုပ်ထားသည့် ရောဂါဖော်ထုတ်စောင့်ကြည့်ရေး ကိရိယာကို Sechenov တက္ကသိုလ်တွင် ကုခန်းစမ်းသပ်မှုများ လုပ်ဆောင်၍ တရားဝင်မှတ်ပုံတင်ပြီးပါက အဆိုပါ ကိရိယာများကို အများအပြား ထုတ်လုပ်ရန်စီစဉ်ထားသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ကိုယ်ပိုင်အာကာသယာဉ် တစ်စင်းကို တည်ဆောက်သွားမည်ဖြစ်ကြောင်း အိန္ဒိယသိပ္ပံနှင့် နည်းပညာဝန်ကြီး ဂျီတန်ဒရာဆင်းက ပြောကြားသည်။
အနာဂတ်ကာလတွင်ပြုလုပ်မည့် အာကာသမစ်ရှင်များ၌ အိန္ဒိယနိုင်ငံက ထုတ်လုပ်ထားသည့် အာကာသယာဉ်ကို အသုံးပြုမည်ဖြစ်ပြီး အိန္ဒိယအာကာသ ယာဉ်မှူးများအနေဖြင့်လည်း ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဖြစ် အာကာသယာဉ်ကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဂျီတန်ဒရာဆင်းက ဇူလိုင်လ ၁၇ရက်တွင် ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် အိန္ဒိယနိုင်ငံသည် ကိုယ်ပိုင်အာကာသယာဉ် တစ်စင်းကို တည်ဆောက်နေစဉ် အခြားပြည်ပနိုင်ငံများ၏ စမ်းသပ်မှုများကို လုပ်ဆောင်ပေးမည်ဖြစ်ပြီး ၎င်းနိုင်ငံများမှ အာကာသယာဉ်မှူးများကိုလည်း လက်ခံမည် ဖြစ်ကြောင်း ဂျီတန်ဒရာဆင်း၏ ပြောကြားချက်ကို ကိုးကား၍ The Economic Times ကဖော်ပြသည်။
အိန္ဒိယနိုင်ငံကတည်ဆောက်မည့် ပြည်တွင်းဖြစ်အာကာသယာဉ်ကို လာမည့် ၂၀၃၅ ခုနှစ်ခန့်တွင် မစ်ရှင်များ၌ အသုံးပြုနိုင်မည်ဖြစ်ပြီး အာကာသယာဉ်မှူး တစ်ဦးကို ၂၀၄၀ ပြည့်နှစ်ခန့်တွင် လကမ္ဘာသို့ စေလွှတ်ရန် ကြိုးပမ်း လျက်ရှိသည်။
MWD Portal

လန်ဒန် ဇူလိုင် ၁၇
နဂါးငွေ့တန်းကြယ်စု၏ အရံ ကြယ်အရေအတွက်မှာ မျှော်လင့်ထားသည်ထက်ပို၍ များပြားကြောင်း ဗြိတိန်နိုင်ငံ ဒါဟမ်းတက္ကသိုလ်မှ သိပ္ပံပညာရှင်များ၏ အဆိုကို ကိုးကား၍ ဇူလိုင် ၁၆ ရက် သတင်းများအရ သိရသည်။
ဒါဟမ်းတက္ကသိုလ်မှ သိပ္ပံ ပညာရှင်များ၏ အဆိုအရ နဂါးငွေ့တန်းကြယ်စုကို လှည့်ပတ်နေသော အရံကြယ်စု အရေအတွက်မှာ ၁၀၀ ထိရှိနိုင်ကြောင်း သိရသည်။
နဂါးငွေ့တန်းကြယ်စု ပိုင်ဆိုင်ထားသော အရံကြယ်စုငယ်အရေအတွက်မှာ ၆၀ ထိ ရှိနိုင်ကြောင်း နိုင်ငံတကာ သိပ္ပံပညာရှင်များ အနေဖြင့် ယခင်က တွက်ချက် အတည်ပြုထားသည်။

သို့ရာတွင် ကွန်ပျူတာစံပြု ပုံစံများ ဖန်တီးလေ့လာချက်အရ နဂါးငွေ့တန်းကြယ်စု ပိုင်ဆိုင်ထား သည့် အရံကြယ်စုအရေအတွက်မှာ ၈၀ နှင့် ၁၀၀ ကြားရှိနိုင်သည် ကို တွေ့ရကြောင်း ဗြိတိန်သိပ္ပံ -ပညာရှင်များက ပြောကြားသည်။
နဂါးငွေ့တန်း ကြယ်စု၏ ပျောက်ဆုံးနေသော ကြယ်စု အများစုမှာ အလင်းအားအလွန် နည်းပါးသည့် ကြယ်စုများဖြစ်ကြ ကြောင်း သိရသည်။
သို့ရာတွင် နည်းပညာအဆင့်မြင့် ရေဒီယိုတယ်လီစကုပ်များ၏ အကူအညီဖြင့် တစ်နေ့နေ့တွင် ၎င်းကြယ်စုများကို တွေ့ရလိမ့်မည် ဖြစ်ကြောင်း သုတေသနပညာရှင် များက ပြောကြားသည်။
Ref: Russia Today
Trs: KKO
YDNB Newspaper