သတင်းများ

တရုတ်သိပ္ပံပညာရှင်များက ပျားများ၏ကျောကုန်း၌ ထိန်းချုပ်ရေးစနစ်တပ်ဆင်၍ ဦးနှောက်အတွင်းထိန်းချုပ်ခြင်းဖြင့် ဇီဝစက်ရုပ်အဖြစ် အသွင်ပြောင်းနိုင်ခဲ့

ပေကျင်း ဇူလိုင် ၁၅
တရုတ်သိပ္ပံပညာရှင်များသည် ပျားများ၏ ကျောကုန်း၌ ထိန်းချုပ်ရေးစနစ်တပ်ဆင်၍ ဦးနှောက်အတွင်း ထိန်းချုပ်ခြင်းဖြင့် ဇီဝစက်ရုပ်များအဖြစ် အသွင်ပြောင်းပေးနိုင်ခဲ့ကြောင်း ဇူလိုင် ၁၃ ရက် သတင်းများအရ သိရသည်။

တရုတ်သိပ္ပံပညာရှင်များသည် ဆားတစ်ပွင့်၏ အလေးချိန်မျှသာရှိသော ထိန်းချုပ်ရေးစနစ်ကို ပျားများ၏ကျောကုန်းပေါ်တွင်တပ်ဆင်၍ ဦးနှောက်နှင့်ချိတ်ဆက်ပေးထားကြောင်း သိရသည်။

စမ်းသပ်မှုပြုလုပ်ရာတွင် ၎င်းထိန်းချုပ်ရေးစနစ်မှာ ၁၀ ကြိမ် စမ်းသပ်လျှင် ကိုးကြိမ်ထိ ကောင်းစွာ အလုပ်လုပ်ခဲ့ပြီး ပျားများမှာလည်း ထိန်းချုပ်ရေးစနစ်၏လမ်းညွှန်ချက်များကို လိုက်နာပျံသန်းခဲ့ကြကြောင်း တရုတ်သိပ္ပံပညာရှင်များက ပြောကြားသည်။ ပျား၏ကျောကုန်း၌ တပ်ဆင် ပေးထားသော ထိန်းချုပ်ရေးစနစ်တွင် ကင်မရာများ၊ အသံဖမ်းစနစ်များနှင့် အာရုံခံစနစ်များထည့်သွင်းထားနိုင်သည်ဖြစ်ရာ ပျားများအနေဖြင့် သတင်းအချက်အလက်များကို ရယူနိုင်မည်ဖြစ်ကြောင်း တရုတ်သိပ္ပံပညာရှင်များက ပြောကြားထားသည်။

အရွယ်အစား သေးငယ်မှုကြောင့် ပျားဇီဝစက်ရုပ်များကို စစ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင်လျှို့ဝှက်စွာအသုံးပြုနိုင်ကြောင်း သိရသည်။

ပျားဇီဝစက်ရုပ်များကို တရုတ်နိုင်ငံ ပေကျင်းမြို့အခြေစိုက် နည်းပညာအင်စတီကျုမှ သိပ္ပံပညာရှင်များက ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Trs: KKO

Ref: Xinhua News

YDNB Newspaper

ကြာသပတေးဂြိုဟ် ဝင်ရိုးစွန်းအနီးတွင် စွမ်းအင်ဆောင်လှိုင်းပုံစံသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိ

နယူးယောက် ဇူလိုင် ၁၅
အမေရိကန် အမျိုးသား အာကာသအေဂျင်စီ (နာဆာ) ၏ ဂျူနိုအာကာသယာဉ်သည် ကြာသပတေးဂြိုဟ် အနီးတွင် စွမ်းအင်ဆောင်လှိုင်း ပုံစံသစ်တစ်မျိုးကိုရှာ ဖွေတွေ့ရှိထားကြောင်း ဇူလိုင် ၁၄ ရက် သတင်းများတွင် ရေးသားဖော်ပြထားကြောင်း သိရသည်။

အဆိုပါ စွမ်းအင်ဆောင်လှိုင်းပုံစံသစ်သည် ကြာသပတေးဂြိုဟ် ဝင်ရိုးစွန်း အလင်းရောင်များ၏ ဆန်းကြယ်သည့် သဘာဝကို လေ့လာရာတွင် အထောက်အထူ ပြုနိုင်ကြောင်း နာဆာသိပ္ပံပညာရှင်များက ပြောကြားသည်။ အဆိုပါစွမ်းအင်ဆောင်လှိုင်းသစ်များကို ကြာသပတေးဂြိုဟ်၏ ဝင်ရိုးစွန်းများအနီးတွင် ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိပ္ပံ ပညာရှင်များ ပြောကြားကြောင်းသိရသည်။ 
၎င်းစွမ်းအင်ဆောင်လှိုင်းများ မှာ ရှေးယခင်က မတွေ့ရှိခဲ့ဖူးသော စွမ်းအင်ဆောင်လှိုင်းပုံစံသစ်များ ဖြစ်ကြကြောင်း သိပ္ပံပညာရှင်များအဆိုအရ သိရသည်။

ကြာသပတေးဂြိုဟ်ဝင်ရိုးစွန်း အလင်းရောင်များသည် ကမ္ဘာဂြိုလ်၏ ဝင်ရိုးစွန်းအလင်းရောင်များနှင့် ပုံစံချင်းတူသော်လည်း သံလိုက်စက်ကွင်းများနှင့် စွမ်းအင်ဆောင်လှိုင်းများ၏ သက်ရောက်မှုကြောင့် ကြာသပတေးဂြိုဟ် ဝင်ရိုးစွန်း အလင်းရောင်များမှာ ပို၍ပြင်းထန်လာကြောင်း သိရသည်။

ဂျူနိုအာကာသယာဉ်သည် ၂၀၁၆ ခုနှစ်မှစ၍ ကြာသပတေးကို လှည့်ပတ်ပျံသန်း၍ လေ့လာနေသော အာကာသယာဉ်ဖြစ်ကြောင်း သိရသည်။

Ref: Sputnik News

Trs: KKO

Photo- NASA

လူ့ ဉာဏ်ရည်တုနည်းပညာ(AI)သုံး စက်ရုပ်များက လာမည့် ၁၀ နှစ်အတွင်း လူသားလူနာများကို ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးလာနိုင်ဖွယ်ရှိ

ဝါရှင်တန် ဇူလိုင် ၁၄

လာမည့် ၁ဝ နှစ်အတွင်း လူ့ ဉာဏ်ရည်တုနည်းပညာ (AI) သုံး စက်ရုပ်များက လူသားလူနာများကို ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးလာနိုင်ဖွယ်ရှိကြောင်း ဇူလိုင် ၁၃ ရက် သတင်းများအရ သိရသည်။ အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်မှ AI နည်းပညာသုံး စက်ရုပ်လက်တံသည် ဝက်တစ်ကောင်၏ သရက်ရွက်ကို အောင်မြင်စွာ ခွဲထုတ်ဖယ်ရှားပေးနိုင်ခဲ့ကြောင်း သိရသည်။

Al နည်းပညာသုံး စက်ရုပ်လက်တံ၏ဝက်သရက်ရွက် ခွဲစိတ်ဖယ်ရှားမှုသည် ရာနှုန်းပြည့်အောင်မြင်ခဲ့ပြီး အချိန်ကာလအားဖြင့် ငါးမိနစ်မျှသာ ကြာမြင့်ခဲ့ကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။

အထက်ပါအောင်မြင်မှုအရ AI စက်ရုပ်များသည် မကြာမီကာလအတွင်း အကောင်းဆုံးလူသား ခွဲစိတ်ဆရာဝန်များ၏ ကျွမ်းကျင်မှုများကို ပုံတူကူးနိုင်မည့် သဘောတွင်ရှိကြောင်း သုတေသနပညာ ရှင်များက သုံးသပ်ထားသည်။

ထိုနည်းတူ လာမည့် ၁၀ နှစ် အတွင်း AI နည်းပညာသုံး စက်ရုပ် များဖြင့် လူသားလူနာများကို ခွဲစိတ်ကုသနိုင်မည်ဖြစ်ကြောင်းလည်း သုတေသနပညာရှင်များက မျှော်လင့်ထားသည်။

အမေရိကန် သုတေသနပညာ ရှင်များ စက်ရုပ်လက်တံဖြစ်သည့် ဝက်သရက်ရွက်ကို အဆင့် ၁၇ ဆင့်ပါဝင်သည့် ခွဲစိတ်မှုဖြင့် ဖယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

Ref: Russia Today

Space-X ကုမ္ပဏီက အမျိုးအမည်မသိ ဂြိုဟ်တုတစ်စင်းကို လွှတ်တင်ခဲ့

ဝါရှင်တန် ဇူလိုင် ၁၄ 
အမေရိကန်နိုင်ငံ အခြေစိုက် Space-x ကုမ္ပဏီသည် အမျိုး အမည်မသိ ဂြိုဟ်တုတစ်စင်းကို ဇူလိုင် ၁၃ ရက်တွင် လွှတ်တင်ခဲ့ ကြောင်း ယနေ့သတင်းများအရ သိရသည်။

အဆိုပါ အမျိုးအမည်မသိဂြိုဟ်တုကို ဖယ်လ်ကွန်-၉ ဒုံးပျံ ဖြင့် ဖလော်ရီဒါပြည်နယ် ကိပ်ကာ နေဗာရယ် အာကာသစခန်းမှ တစ်ဆင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဂြိုဟ်တု၏ အမျိုး အမည်ကို Space X ကုမ္ပဏီက ကြေညာခြင်းမရှိသော်လည်း အစ္စရေးနိုင်ငံ၏ Dror-1 ဆက်သွယ် ရေးဂြိုဟ်တုဖြစ်ကြောင်း အာကာသ နည်းပညာ သတင်းဝက်ဘ်ဆိုက် များက ရေးသားတင်ပြထားသည်။ အဆိုပါဂြိုဟ်တုသည် အစ္စရေး လေကြောင်း စက်မှုလုပ်ငန်း(IAI) က တည်ဆောက်ထားပြီး ကမ္ဘာ မြေပြင်အထက် အမြင့်မိုင် ၂၂၀၀၀ ကျော်တွင်ရှိသော ပတ်လမ်းပေါ်၌ နေရာယူမည့်ဂြိုဟ်ဟုအမျိုးအစား ဖြစ်ကြောင်း၊ ၎င်းဂြိုဟ်တုသည် အစ္စ ရေးနိုင်ငံ၏ ဆက်သွယ်ရေးလိုအပ် ချက်များကို ၁၅နှစ်ကြာဖြည့်ဆည်းပေးနိုင်ကြောင်း Al ကုမ္ပဏီ တာဝန် ရှိသူများက ပြောကြားသည်။

ဇူလိုင် ၁၃ ရက် မစ်ရှင်သည် Space-X ကုမ္ပဏီအတွက် ယခုနှစ် ၏ ၈၅ ကြိမ်မြောက် အာကာသ မစ်ရှင်ဖြစ်ကြောင်း သိရသည်။

တရုတ်(တိုင်ပေ)အခြေစိုက် TiSpace ကုမ္ပဏီက ဗွီပီ-၀၁ ဒုံးပျံတစ်စင်းကို ဂျပန်နိုင်ငံမြောက်ပိုင်းမှတစ်ဆင့်လွှတ်တင်ခဲ့ရာ အောင်မြင်မှုမရှိခဲ့

ပေကျင်း ဇူလိုင် ၁၄ 
တရုတ်(တိုင်ပေ)အခြေစိုက် TiSpaceကုမ္ပဏီသည် ဗွီပီ-၁ အမည်ရှိ ဒုံးပျံတစ်စင်းကို ဂျပန် နိုင်ငံမြောက်ပိုင်းမှတစ်ဆင့် ဇူလိုင် ၁၂ ရက်တွင် လွှတ်တင်ခဲ့ရာ

အောင်မြင်မှု မရှိခဲ့ကြောင်း ဇူလိုင် သတင်းများအရ ၁၃ ရက် သိရသည်။

TiSpace ကုမ္ပဏီသည် မူလ က ဗွီပီ ဝ၁ ဒုံးပျံကို ကမ္ဘာမြေပြင် အထက် အမြင့် ၆၂ မိုင်အကွာထိ စမ်းသပ်လွှတ်တင်ရန် မူလက စီစဉ်ထားသည်။

သို့ရာတွင် လွှတ်တင်ပြီး တစ်မိနစ်အတွင်းမှာပင် ဗွီပီ-၀၁ ဒုံးပျံ၏ လမ်းကြောင်းမှာ ယိမ်းခါ လာခဲ့ပြီး ဒုံးပျံသည်လည်း မြေပြင်ပြန်လည်ကျရောက်ခဲ့ရ ကြောင်း သိရသည်။

ကိုယ်ထည်အလျား ပေ ၄၀ ရှိသော နှစ်မျိုးစပ် လောင်စာရည် သုံး ဗွီပိ-၀၁ ဒုံးပျံသည် မည်သည့် ဂြိုဟ်ဟုကိုမျှသယ်ယူသွားခြင်းမရှိကြောင်း TiSpace ကုမ္ပဏီ တာဝန် ရှိသူများက ပြောကြားသည်။

TiSpace ကုမ္ပဏီသည် ဗွီပီ-ဝ၁ ဒုံးပျံကို ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်း အာကာသစခန်းမှတစ်ဆင့် လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

TiSpace ကုမ္ပဏီသည် ၂၀၂၂ ခုနှစ်ကလည်း ဩစတြေးလျနိုင်ငံ မှတစ်ဆင့် ဒုံးပျံတစ်စင်း စမ်းသပ် လွှတ်တင်ခဲ့ရာ ထိုစဉ်ကလည်း အောင်မြင်မှု မရှိခဲ့ကြောင်း သိရသည်။

တောင်ပေါ်ဒေသမှာပါ မြင့်မားတဲ့စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့တဲ့ ယာဉ်တင်အမြောက်

စစ်ဆင်ရေးဆိုတာ တောင်ပေါ်ဒေသဖြစ်စေ၊ မြေပြန့်ဒေသဖြစ်စေ ဘယ်လိုနေ ရာမျိုးမှာမဆို ဆင်နွှဲ ရနိုင်ပါတယ်။ ဒီလိုဆင်နွှဲရတဲ့အခါ စစ်လက်နက်ပစ္စည်းများကို စွမ်းရည် အပြည့်အသုံးချနိုင်ဖို့ အင်မတန် မှလိုအပ်ပါတယ်။ အထူးသဖြင့်တောင်ပေါ်ဒေသတွေမှာဆိုရင် ပစ်ကူပေးလက်နက်ကြီးများရဲ့ထိရောက်မှုကတော်တော်လေးကိုအရေးပါပါတယ်။ ဆိုလိုတာက ပစ်ကူပေး လက်နက်ကြီးများကို ထိရောက်စွာ အသုံးပြုနိုင်တယ်ဆိုရင် စစ်ဆင်ရေးကိုအလွယ်တကူအောင်မြင်နိုင်စေမှာဖြစ်ပြီး ထိရောက်စွာအသုံးမပြု နိုင်ရင်တော့ အရှုံး နဲ့သာရင်ဆိုင်ရဖို့များပါတယ်။

ဒီနေရာမှာထိရောက်မှုရှိလှတဲ့ပစ်ကူပေးလက်နက်ကြီးတစ်မျိုးဖြစ်တဲ့ အမြောက်ကြီးတွေရဲ့စွမ်းဆောင်ရည်က အင်မတန်မှအရေးပါပါတယ်။ အဲဒီ အမြောက်ကြီးတွေထဲမှာမှ တောင်ပေါ်ဒေသတွေမှာ အသုံးပြုနိုင်တဲ့ ယာဉ်တင်အမြောက်ကြီးတွေရဲ့အခန်းကဏ္ဍကအဓိကကျပါတယ်။ ဒါကြောင့်လည်း တရုတ်နိုင်ငံ ကသူတို့ရဲ့ယာဉ်တင်အမြောက်စွမ်းဆောင်ရည်များကို စမ်းသပ်ဖို့အတွက် လက်တွေ့ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ နေရာက တိဗက်ဒေသလိုမျိုး တောင်ပေါ်ဒေသနဲ့ဆင်တူတဲ့နေရာတစ်ခုမှာပါ။

သူတို့အသုံးပြုခဲ့တဲ့ယာဉ်တင်အမြောက်အမျိုးအစားကPCL-181ဖြစ်ပြီး၁၅၅မီလီမီတာအမြောက်ဖြစ်ပါတယ်။လက်တွေ့ပစ်ခတ်မှုလုပ်တဲ့နေရာရှိရာသီဥတုအခြေအနေကလေထုကပါးလွှာတယ်။အပူချိန်ကအေးမြတယ်။တောင်ကုန်းတွေကမတ်စောက်တယ်။နယ်မြေကကြမ်းတမ်းတယ်။ ဒီအခြေ အနေမျိုးတွေဆိုတာ တောင်ပေါ်ဒေသတော်တော်များများမှာ မြင်တွေ့ရလေ့ရှိတဲ့အခြေအနေမျိုးတွေ ဖြစ်ပါတယ်။

PCL-181 ဆိုတာ တရုတ်တပ်မတော်က ၂၀၁၉ ခုနှစ်မှာမိတ်ဆက်ခဲ့တဲ့ ခေတ်မီယာဉ်တင်အမြောက် စနစ်တစ်ခုဖြစ်ပြီး ခြောက်ဘီးယာဉ်ပေါ်မှာတင်ဆောင်ထားတာဖြစ်ပါတယ်။ ဒီအတွက်သူက တင့်တွေလိုမဟုတ်ဘဲပေါ့ပါးမြန်ဆန်စွာရွေ့လျားနိုင်စွမ်းရှိနေတာပါ။ဒါ့အပြင်တစ်နာရီကိုကီလိုမီတာ ၉၀ နှုန်းနဲ့ ရွေ့လျားနိုင်ပြီး စစ်ဆင်ရေးဝင်နိုင်တဲ့အကွာအဝေးက ကီလိုမီတာ ၆၀၀ ကျော်အထိရှိပါတယ်။ အမြောက် ဆန် ၂၇ လုံးအထိတင်ဆောင်ပြီး အလိုအလျောက်ကျည် ထိုးပစ်ခတ်နိုင်တဲ့ အဲဒီယာဉ်တင်အမြောက်ရဲ့ ပစ်ခတ်နိုင်မှုအကွာအဝေးကကီလိုမီတာ ၄၀ အထိရှိပါတယ်။ပစ်အားကတော့တစ်မိနစ်ကို အမြောက် ဆန်လေးလုံး ကနေခြောက်လုံးအထိဖြစ်ပါတယ်။

PCL-181 ရဲ့ထူးခြားတဲ့စွမ်းဆောင်ရည်များကအဆင့်မြင့်ပစ်မှတ်ချိန်ရွယ်ခြင်းစနစ်၊ ဂြိုဟ်တုလမ်းညွှန်စနစ်၊ ဒစ်ဂျစ်တယ်ဆက်သွယ်ရေးစနစ်၊ အလိုအလျောက်ကျည်ဖြည့်စနစ်တို့ဖြစ်ပြီး ဒီစနစ်တွေကြောင့်ပဲ လူအင်အားလိုအပ်ချက်ကိုလျှော့ချနိုင်ကာ တိကျမှုမြင့်မားတဲ့ထိရောက်မှုကို ပေးစွမ်းနိုင်တာဖြစ်ပါတယ်။ သူ့ရဲ့ရွှေ့ပြောင်းပြီးပြန်လည်ပစ်ခတ်နိုင်စွမ်းကသုံးမိနစ်ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ရန်သူတွေအနေနဲ့ PCL-181 ကို ရှာဖွေနိုင်ဖို့နဲ့ ဖျက်ဆီးနိုင်ဖို့ အင်မတန်ခက်ခဲမှာပါ။

တောင်ပေါ်ဒေသမှာအမြောက်တွေကိုအသုံးပြုတဲ့အခါအောက်ဆီဂျင်နည်းပါးမှုကလည်းအရေးတကြီးထည့်သွင်းတွက်ချက်သင့်တဲ့အကြောင်းအရာဖြစ်ပါတယ်။ ဒီလိုမျိုးအောက်ဆီဂျင်နည်းပါးမှုဆိုတာကယာဉ်များကိုသာမကအမြောက်ဆန်များအပေါ်ကိုပါသက်ရောက်မှုရှိစေလို့ပါ။ ဒါကြောင့်လည်းတောင်ပေါ် ဒေသမှာပစ်ကူပေးအမြောက်တွေကိုအသုံးပြုနိုင်ဖို့ဆိုတာစိန်ခေါ်မှုကြီးတစ်ခုလည်းဖြစ်ပါတယ်။

ဒါပေမဲ့ အခုစမ်းသပ်မှုလုပ်လိုက်တဲ့ PCL-181 က တော့ တောင်ပေါ်ဒေသကနေ ပစ်မှတ်တွေကို တိကျမှုရှိစွာပစ်ခတ်နိုင်ရုံသာမက ရွေ့လျားမှုကိုလည်းလျင်မြန်စွာလုပ်ဆောင်နိုင် စွမ်းရှိတာတွေ့ရပါတယ်။

ဒီလိုမျိုးအောင်မြင်မှုက တရုတ်နိုင်ငံအတွက်သာမက ယာဉ်တင်အမြောက်ကိုအသုံးပြုနေတဲ့  ကျန်ရှိတဲ့ကမ္ဘာ့နိုင်ငံအသီးသီးရဲ့အောင်မြင်မှုကိုပါမြင်တွေ့ရတာဖြစ်တယ်လို့ဆိုနိုင်ပါတယ်။            

Ref: IE

ကိုထက်

တိုက်လေယာဉ်များအတွက် အဆင့်မြင့်နည်းပညာဖြစ်မယ့် ပုံသဏ္ဌာန်မှတ်သားသတ္တုစပ်များ

သိပ္ပံပညာရှင်များက ဉာဏ်ရည်တု(AI)ရဲ့ အကူအညီနဲ့ ပုံသဏ္ဌာန်မှတ်သားသတ္တု စပ်များအကြောင်းကို လေ့လာမှုတွေပြုနေပါတယ်။ တကယ်လို့များ ဒီနည်းပညာကိုလက် တွေ့အသုံးပြုနိုင်မယ်ဆိုရင် တိုက် လေယာဉ်များက စွမ်းဆောင်နိုင်စွမ်းနဲ့အတူ စွမ်းဆောင်ရည်လည်းမြင့်မားလာမှာအမှန်ပါပဲ။ ဒီနည်းပညာ ကိုလေ့လာနေတဲ့သူတွေကတော့ အမေရိကန်နိုင်ငံမှပညာရှင်များဖြစ်ပါတယ်။

ပုံသဏ္ဌာန်မှတ်သားသတ္တုစပ်များနည်းပညာကို အသုံးပြုလိုက်ပါက တိုက်လေယာဉ်များရဲ့တောင်ပံများကို ခေါက်ခြင်း၊ ဖြန့်ခြင်းတို့ အလွယ်တကူလုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။  အီလက်ထရွန် နစ်နည်းအရ အပူပေးခြင်းနဲ့အအေးပေးခြင်းနည်းနဲ့ပါ။

ဒါဆိုရင် အမေရိကန်အနေနဲ့ သူတို့ရဲ့ F/A-18 လိုမျိုးတိုက်လေယာဉ်တွေကို ပြည့်ကျပ်နေတဲ့ လေယာဉ်တင် သင်္ဘောပေါ်တင်ပြီး  စစ်ဆင်ရေးလုပ်ငန်းများကိုထမ်းဆောင်နိုင်စေမှာဖြစ်ပါတယ်။

ဒီကနေ့အချိန်အထိ ပုံသဏ္ဌာန်မှတ်သားသတ္တု စပ်များနည်းပညာအတွက် ရင်ဆိုင်နေရတဲ့ပြဿနာကြီး တစ်ခုရှိပါတယ်။ အဲဒီပြဿနာကတော့ ကုန်ကျစရိတ်အလွန်ကြီးမားခြင်းပါပဲ။ ဒါကြောင့် ပညာရှင်များ က AI နဲ့အတူ မြင့်မားတဲ့စမ်းသပ်လေ့လာမှုရလဒ်များကိုပေါင်းစပ်လိုက်ခြင်းအားဖြင့် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းများကို ရှာဖွေတွေ့ရှိမှု၊ ထုတ်လုပ်မှု စရိတ်ကိုလျှော့ချမှုတို့အတွက် အဆင်ပြေစေမယ်လို့ ဆိုထားပါတယ်။

လက်ရှိအချိန်မှာတော့ ပညာရှင်များအနေနဲ့ အခု ပြောတဲ့နည်းပညာကို အပြည့်အဝအသုံးချနိုင်စွမ်းမရှိသေးပါဘူး။  အဓိကကတော့ ကုန်ကြမ်းပစ္စည်းရွေးချယ်မှုကြောင့်ပါ။ မှန်ကန်တဲ့ကုန်ကြမ်းပစ္စည်းကိုရွေးချယ်နိုင်တယ်ဆိုမှပဲသတ္တုစပ်များကလိုအပ်တဲ့ပုံပန်းသဏ္ဌာန်ကိုအလွယ်တကူပြောင်းလဲနိုင်မှာ ဖြစ်တယ်လို့ ပညာရှင်များကပြောထားပါတယ်။

Ref: IE

ကိုထက်

 MWD Web Portal

မြင့်မားတဲ့နည်းပညာများနဲ့ထွက်လာတဲ့ MG ရဲ့ IM5 နဲ့ IM6

MG က   နည်းပညာမြင့်မားလှတဲ့မော်တော်ကားအမျိုးအစားအဖြစ် IM5 နဲ့ IM6 တို့ကိုထုတ်ဖော်မိတ်ဆက်ပြသလိုက်ပါတယ်။ IM5 က ဆလွန်းအမျိုးအစားဖြစ် ပြီး IM6 က SUV အမျိုးအစားဖြစ်ပါတယ်။  နှစ်မျိုးစလုံးက EV ကားချည်းပါပဲ။

သူကစွမ်းဆောင်ရည်ပိုင်းမှာ တခြားနာမည်ကြီးအမှတ်တံဆိပ်တွေနဲ့ယှဉ်နိုင်ရုံသာမကဘဲ ဈေးနှုန်းပိုင်းမှာလည်း အဲဒီနာမည်ကြီးတွေထက် သက်သာနေတာကိုတွေ့ရပါတယ်။

IM5 နဲ့ IM6 တစ်မျိုးစီမှာ မျိုးခွဲသုံးမျိုး စီရှိပါတယ်။  မျိုးခွဲတစ်ခုနဲ့တစ်ခုကြား ကွာဟချက်က ဘက်ထရီစွမ်းဆောင်ရည်နဲ့ သွားနိုင်တဲ့ခရီးအကွာအဝေးပါ။ နည်းပညာပိုင်းအနေနဲ့ One Touch Park Assist ကဲ့သို့နည်းပညာနဲ့ တခြားအဆင့်မြင့်မားလှတဲ့ နည်းပညာများစွာ    ထည့်သွင်းပေးထားတာကို တွေ့ရပါတယ်။

တစ်ခါအားသွင်းပြီး မိုင် ၇၅၀ သွားနိုင်တဲ့ Lucid EV ဂင်းနစ်မှတ်တမ်းဝင်

Lucid Air Grand Touring ဆိုတာက လျှပ်စစ်စွမ်းအင်သုံးယာဉ် (EV) တစ်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့ သာမန် EV မျိုးတော့ မဟုတ်ပါဘူး။ ဂင်းနစ်မှတ်တမ်းဝင်ထား တဲ့ EV ပါ။ ဘယ်နေရာမှာလဲဆိုရင် တစ် ကြိမ်အားသွင်းရုံနဲ့ မိုင်အများဆုံးသွားနိုင် တဲ့ EV အဖြစ်မှတ်တမ်းဝင်သွားတာဖြစ်ပါ တယ်။

သူသွားတဲ့ခရီးက ဆွစ်ဇာလန်နိုင်ငံစိန့်မောရစ်မြို့ကနေ ဂျာမနီနိုင်ငံ  မြူးနစ်မြို့အထိဖြစ်ပါတယ်။ အကွာအဝေးအား ဖြင့် မိုင်ပေါင်း ၇၅၀ ရှိပါတယ်။ တစ်ကြိမ် အားသွင်းရုံနဲ့ မိုင်ပေါင်း ၇၅၀ အထိသွား နိုင်တဲ့ EV ဆိုတာ Lucid ကလွဲရင် ဘယ် EV မှမရှိပါဘူး။ ဒီလိုသွားခြင်းက သီးသန့် ပြုလုပ်ထားတဲ့ လမ်းပေါ်မှာသွားတာမျိုး မဟုတ်ဘဲ လက်တွေ့မြေပြင်အခြေအနေအတိုင်းသွားတာပါ။

Lucid မှာအသုံးပြုထားတဲ့ဘက်ထရီ စနစ်က ရွေ့လျားစွမ်းအင်ကို သိမ်းဆည်း နိုင်တဲ့လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲ ပေးနိုင်တဲ့စနစ်ဖြစ်ပါတယ်။ ဒါကြောင့် သူ့မှာပါတဲ့ ၁၁၂ ကီလိုဝပ်နာရီဘက်ထရီကို ပိုပြီးတော့   အားဖြည့်ပေးနိုင်တာဖြစ်တဲ့အတွက် ခရီးဝေးကိုပိုမိုရောက်ရှိစေနိုင်တာဖြစ်ပါတယ်။ Lucid EV အတွက်စံပြု သတ်မှတ်ထားတဲ့ ခရီးအကွာအဝေးက ၅၉၆ မိုင်ဖြစ်ပေမယ့် ၁၅၂ မိုင်ပိုမောင်းပြီး စံချိန်တင်လိုက်တာဖြစ်ပါတယ်။

အာကာသယာဉ်မှူးများ အတွက် အသုံးဝင်မယ့် စပါးပင်ပုမျိုးအသစ်

လပေါ်သို့သွားခြင်း၊ အင်္ဂါဂြိုဟ်ပေါ်သို့ သွားခြင်းလိုမျိုး အာကာသခရီးရှည်တွေ သွားတဲ့အခါ အာကာသယာဉ်မှူးများအနေနဲ့ လတ်ဆတ်မှုရှိပြီး အာဟာရပြည့်ဝတဲ့အစာကို လိုအပ်ပါတယ်။ လက်ရှိမှာတော့ ကြိုတင်ထုပ်ပိုးထားတဲ့ အစားအစာအိတ်များကိုသာ မှီခိုနေရတာပါ။

ဒါကြောင့် အီတလီအာကာသအေဂျင်စီနဲ့ အီတလီတက္ကသိုလ်သုံးခုတို့ ပူးပေါင်းပြီး Moon-Rice ဆိုတဲ့စီမံကိန်းကို အကောင်အထည်ဖော်လိုက်ပါပြီ။ အဲဒီစီမံကိန်းက နေထွက်ပေါ်လာမယ့် အရာက အာကာသထဲမှာ စိုက်ပျိုးဖို့အတွက် သင့်လျော်မယ့် အပြင် ကမ္ဘာမြေပေါ်မှာဆိုရင်လည်း ပြင်းထန်လှတဲ့ပတ်ဝန်းကျင် အခြေအနေအပေါ် ခံနိုင်ရည်ရှိစေမယ့် စပါးပင်ပုမျိုးအသစ် ဖြစ်ပါတယ်။

စီမံကိန်းကို လေးနှစ်သတ်မှတ်ထား ပေမယ့်လည်း ကိုးလဝန်းကျင် ရောက်လာတဲ့ အခုအချိန်မှာကိုပဲ   ကနဦးရလဒ်များက လိုအပ်တဲ့စပါးပင်ပုမျိုး အသစ်အတွက် အာမခံချက်ပေးနိုင်တဲ့အထိ အောင်မြင်လာပါပြီ။ လက်ရှိမှာ ပညာရှင်များက အမြင့် ၁၀ စင်တီမီတာသာရှိတဲ့ စပါးပင်မျိုးဖြစ်အောင် လုပ်ဆောင်ထားနိုင်ပါတယ်။