သတင်းများ

သမားရိုးကျနည်းလမ်းနဲ့ ကွဲထွက်နေတဲ့ အာကာသယာဉ် လွှတ်တင်မှု နည်းပညာအသစ်

ဒုံးပျံတစ်စင်းမှာ အာကာသယာဉ်ကို တင်ဆောင်ပြီး ဂြိုဟ်တုတွေ လွှတ်တင်တယ်ဆိုတာ သိပ်ကို ကုန်ကျစရိတ်များပါတယ်။ ဒီအချိန်မှာ နည်းပညာ ကုမ္ပဏီတော်တော်များများက အာကာသယာဉ်များကို သမားရိုးကျနည်း အတိုင်းမဟုတ်ဘဲ ဒုံးပျံမလိုဘဲလွှတ်တင် လို့ရမယ့်နည်းလမ်းများစွာကို ရှာဖွေဖော် ထုတ်လာကြပါတယ်။

ဥပမာအားဖြင့်ပြောရရင် Spin Launch  ဆိုတဲ့ကုမ္ပဏီက ကြီးမားတဲ့စက်ဒလက်တွေကိုအသုံးပြုပြီး ဂြိုဟ်တုတွေကိုလွှတ် တင်ဖို့ရည်မှန်းထားပါတယ်။ နောက်ထပ် ကုမ္ပဏီဖြစ်တဲ့ Green Launch ကလည်း အာကာသ အမြောက်လို့ အမည်ပေးနိုင်တဲ့ နည်းပညာကို အသုံးပြုပြီး ဂြိုဟ်တုတွေကို လွှတ်တင်ဖို့ စဉ်းစားနေတာ တွေ့ရပါတယ်။

အခုနောက်ဆုံးအနေနဲ့ အမေရိကန်နိုင်ငံမှ Auriga Space ဆိုတဲ့ကုမ္ပဏီက အာကာသယာဉ်လွှတ်တင်ရေး လမ်းကြောင်းတစ်ခုကို တည်ဆောက်ဖို့အတွက် ကြံစည်နေပါတယ်။

Auriga Space ရဲ့နည်းပညာက အခု လက်ရှိမှာလည်း မီးရထားသံလမ်းတွေမှာ အသုံးပြုနေတဲ့ နည်းပညာတစ်မျိုးဖြစ်ပါတယ်။ အဲဒါကတော့ အားကောင်းလှတဲ့ သံလိုက်များကို လျှပ်စစ်စွမ်းအင်နဲ့ပေါင်းပြီး အသုံးပြုမယ့် နည်းပညာဖြစ်ပါတယ်။ အဲဒီသံလိုက်များက အာကာသယာဉ်ကို အသံထက် ၆ ဆမြန်တဲ့နှုန်းအထိအရှိန် တင်ပေးကာ အာကာသထဲ ပစ်လွှတ်လိုက်မှာဖြစ်ပါတယ်။ ဒီနည်းပညာကိုအကောင် အထည်ဖော်နိုင်ဖို့အတွက် Auriga Space ကုမ္ပဏီက အမေရိကန်ဒေါ်လာခြောက်သန်းကို မကြာသေးခင်ကပဲ ထပ်မံရင်းနှီး မြှုပ်နှံလိုက်ပါတယ်။

အာကာသထဲကိုသွားမယ့် အရာတစ်ခုက ကြီးမားလေးလံနေတယ်ဆိုရင် သူ့ကို လွှတ်တင်ဖို့အတွက် စွမ်းအင်ပမာဏများစွာ လိုအပ်မှာပါ။ Auriga Space ကတော့ ဘယ်လိုပင်ကြီးမားလေးလံတဲ့ အရာဖြစ်နေပါစေ သံလိုက်စွမ်းအားကို အသုံးပြုပြီး အာကာသထဲ ရောက်အောင် ပစ်လွှတ်နိုင်မှာဖြစ်ပါတယ်။

သူ့ရဲ့ဒုံးပျံယာဉ်လွှတ်တင်ရေးလမ်းက မတ်စောက်ပါတယ်။ မတ်စောက်ပေမယ့်လည်း သံလိုက်စွမ်းအားကပြင်းလွန်းတာကြောင့် အာကာသယာဉ်ကိုအရှိန်မြင့်မား စေပါတယ်။ အာကာသယာဉ်အနေနဲ့လုပ်ဆောင်ရမယ့် အရာတစ်ခုက နောက်ဆုံး အဆင့်ရောက်မှသာ သူ့ရဲ့အင်ဂျင်ကိုနှိုးပြီး အာကာသထဲခရီးဆက်သွားရမှာဖြစ်ပါတယ်။

ဒုံးပျံအသုံးပြုပြီး အာကာသယာဉ်ကို လွှတ်တင်ခြင်းမှာ အဲဒီဒုံးပျံတစ်ခုလုံးရဲ့ ၂ ရာခိုင်နှုန်းလောက်ကသာ အာကာသထဲ ကိုရောက်သွားတာပါ။ ဒါကြောင့် ကုန်ကျ စရိတ်ကိုချွေတာနိုင်ဖို့နဲ့ ပိုမိုထိရောက်မှု ရှိစေဖို့အပြင် အကြိမ်ကြိမ်ပြန်သုံးနိုင်တဲ့ အာကာသယာဉ် လွှတ်တင်ရေးကိရိယာ တစ်ခုကိုဖန်တီးဖို့ စိတ်ကူးရရှိခဲ့တာဖြစ် တယ်လို့ Auriga Space ကိုတည်ထောင်သူ ဝင်နီလိုင်းကပြောပါတယ်။

Auriga Space အနေနဲ့ သူတို့ရဲ့အစီအစဉ်ကို အသံနှုန်းလွန် အမြန်နှုန်းကို စမ်းသပ်ချင်တဲ့သူတွေနဲ့ ကနဦးဖွင့်လှစ်သွားမှာပါ။ လာမယ့်နှစ်မှာ ပရိုမီးသီးယပ်လို့ ခေါ်တဲ့ စမ်းသပ်မှုအဆင့်သုံး အာကာသ ယာဉ်လွှတ်တင်ရေး လမ်းကြောင်းကို စတင်အသုံးပြုမှာပါ။

သူ့နောက်မှာတော့ သောလို့အမည်ပေးထားတဲ့ အသံနှုန်းလွန် အမြန်နှုန်းကိုစမ်းသပ်နိုင်မယ့် ပြင်ပသုံးအရှိန်တင် ကိရိယာကို အသုံးပြုသွားမှာဖြစ်ပြီး ဇုလို့အမည်ပေး ထားတဲ့ ကမ္ဘာပတ်လမ်းအတွင်း လွှတ်တင်ရေး ကိရိယာကိုတော့ နောက်ပိုင်းမှာစမ်း သပ်မှုတွေ လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ ဒါဟာ အာကာသခရီးသွား လုပ်ငန်း ကိုတစ်ခေတ်ဆန်းစေမှာတော့ အမှန်ပဲ ဖြစ်ပါတယ်။        

MWD Web Portal
 
Crew Dragon အာကာသလူသယ်ယာဉ်က ကယ်လီဖိုးနီးယားပြည်နယ် ကမ်းရိုးတန်းကမ်းလွန်ရေပြင်အတွင်း အောင်မြင်စွာပြန်လည်ဆင်းသက်နိုင်ခဲ့

ဝါရှင်တန် ဇူလိုင် ၁၇

Ax-4 ပုဂ္ဂလိက အာကာသ မစ်ရှင် အာကာသယာဉ်မှူးလေးဦး ပြန်လည်လိုက်ပါလာသည့် Crew Dragon အာကာသလူသယ်ယာဉ်သည် ဇူလိုင် ၁၅ ရက်တွင် ကယ်လီဖိုးနီးယား ပြည်နယ် ကမ်းရိုးတန်း ကမ်းလွန်ရေပြင်အတွင်း အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ကြောင်း ဇူလိုင် ၁၆ ရက် သတင်းများအရ သိရသည်။
Ax-4 ပုဂ္ဂလိက အာကာသ ယာဉ်မှူးများ လိုက်ပါလာသည့် Crew Dragon အာကာသလူသယ်ယာဉ်သည် ကမ္ဘာမြေအပြန်ခရီး စဉ်အတွက် ဇူလိုင် ၁၄ ရက်တွင် နိုင်ငံတကာ အာကာသစခန်းမှ စတင်ခွာထွက်ခဲ့သည်။

နိုင်ငံတကာ အာကာသစခန်း မှခွာထွက်ခဲ့ပြီး ၂၂ နာရီအကြာတွင် Crew Dragon အာကာသလူသယ်ယာဉ်သည် ပစိဖိတ်သမုဒ္ဒရာရေပြင် အတွင်း ဆင်းသက်ခဲ့ကြောင်း Space X ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။

Axion Space ကုမ္ပဏီ စီစဉ် သည့် Ax-4 ပုဂ္ဂလိကအာကာသ မစ်ရှင်ကို Space X ကုမ္ပဏီက ဇွန် ၂၆ ရက်တွင် ဖယ်လ်ကွန်-၉ ဒုံးပျံ ဖြင့် နိုင်ငံတကာအာကာသစခန်း သို့ လွှတ်တင်ခဲ့သည်။

Ax-4 မစ်ရှင် ပုဂ္ဂလိကအာကာသယာဉ်မှူးလေးဦးသည် နိုင်ငံအာကာသစခန်းပေါ်၌ သီတင်းနှစ်ပတ်ကျော်ကြာ နေထိုင် ၍ သိပ္ပံစမ်းသပ်မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

Ax-4မစ်ရှင် ပုဂ္ဂလိက အာကာသယာဉ်မှူးများမှာ အမေရိကန်၊ အိန္ဒိယ၊ပိုလန်နှင့် ဟန်ဂေရီနိုင်ငံသား ပုဂ္ဂလိက အာကာသယာဉ်မှူးများ ဖြစ်ကြကြောင်း သိရသည်။

Ref: Sputnik News
Trs: KKO

YDNB Newspaper

နဂါးငွေ့တန်းကြယ်စု၏ အရံကြယ်အရေအတွက်မှာ မျှော်လင့်ထားသည်ထက် ပိုများပြားကြောင်း ဗြိတိန်သိပ္ပံပညာရှင်များ ပြောကြား

လန်ဒန် ဇူလိုင် ၁၇ 
နဂါးငွေ့တန်းကြယ်စု၏ အရံ ကြယ်အရေအတွက်မှာ မျှော်လင့်ထားသည်ထက်ပို၍ များပြားကြောင်း ဗြိတိန်နိုင်ငံ ဒါဟမ်းတက္ကသိုလ်မှ သိပ္ပံပညာရှင်များ၏ အဆိုကို ကိုးကား၍ ဇူလိုင် ၁၆ ရက် သတင်းများအရ သိရသည်။

ဒါဟမ်းတက္ကသိုလ်မှ သိပ္ပံ ပညာရှင်များ၏ အဆိုအရ နဂါးငွေ့တန်းကြယ်စုကို လှည့်ပတ်နေသော အရံကြယ်စု အရေအတွက်မှာ ၁၀၀ ထိရှိနိုင်ကြောင်း သိရသည်။

နဂါးငွေ့တန်းကြယ်စု ပိုင်ဆိုင်ထားသော အရံကြယ်စုငယ်အရေအတွက်မှာ ၆၀ ထိ ရှိနိုင်ကြောင်း နိုင်ငံတကာ သိပ္ပံပညာရှင်များ အနေဖြင့် ယခင်က တွက်ချက် အတည်ပြုထားသည်။

သို့ရာတွင် ကွန်ပျူတာစံပြု ပုံစံများ ဖန်တီးလေ့လာချက်အရ နဂါးငွေ့တန်းကြယ်စု ပိုင်ဆိုင်ထား သည့် အရံကြယ်စုအရေအတွက်မှာ ၈၀ နှင့် ၁၀၀ ကြားရှိနိုင်သည် ကို တွေ့ရကြောင်း ဗြိတိန်သိပ္ပံ -ပညာရှင်များက ပြောကြားသည်။

နဂါးငွေ့တန်း ကြယ်စု၏ ပျောက်ဆုံးနေသော ကြယ်စု အများစုမှာ အလင်းအားအလွန် နည်းပါးသည့် ကြယ်စုများဖြစ်ကြ ကြောင်း သိရသည်။

သို့ရာတွင် နည်းပညာအဆင့်မြင့် ရေဒီယိုတယ်လီစကုပ်များ၏ အကူအညီဖြင့် တစ်နေ့နေ့တွင် ၎င်းကြယ်စုများကို တွေ့ရလိမ့်မည် ဖြစ်ကြောင်း သုတေသနပညာရှင် များက ပြောကြားသည်။

Ref: Russia Today

ကတ်ပလာ-၁၃၉ ကြယ်စနစ်အတွင်း ပုန်းကွယ်နေသော နေအဖွဲ့အစည်းပြင်ပ ဂြိုဟ်သစ်တစ်စင်းကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

ဝါရှင်တန် ဇူလိုင် ၁၇

ကတ်ပလာ-၁၃၉ ကြယ်စနစ် အတွင်း ပုန်းကွယ်နေသော နေအဖွဲ့အစည်းပြင်ပ ဂြိုဟ်သစ် တစ်စင်းကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိထားကြောင်း ဇူလိုင် ၁၆ ရက်သတင်းများအရသိရသည်။ ကတ်ပလာ -၁၃၉ အက်ဖ် ဟူ၍ အမည်ပေးထားသော အဆိုပါနေ အဖွဲ့အစည်းပြင်ပဂြိုဟ်သစ်သည် ဒြပ်ထုအားဖြင့် ကမ္ဘာဂြိုဟ်ဒြပ်ထုထက် ၃၅ ဆ ပိုကြီးမားကြောင်း အမေရိကန် သိပ္ပံပညာရှင်များက ပြောကြားသည်။

ကတ်ပလာ- ၁၃၉ အက်ဖ် ဂြိုဟ်သည် ကတ်ပလာ -၁၃၉ ကြယ်ကို ၃၅၅ ရက်လျှင် တစ်ပတ် ကျလှည့်ပတ်နေသည်ဟု သိပ္ပံ ပညာရှင်များက တွက်ချက်ထား ကြောင်း သိရသည်။

လက်ရှိအချိန်တွင် သိပ္ပံပညာ ရှင်များသည် ကတ်ပလာ -၁၃၉ အက်ဖ် ဂြိုဟ်အပါအဝင် နေအဖွဲ့ အစည်းပြင်ပ ဂြိုဟ်ငါးစင်းကို ကတ်ပလာ -၁၃၉ ကြယ်စနစ် အတွင်း ရှာဖွေတွေ့ရှိထားပြီး ဖြစ်ကြောင်း သိရသည်။

ကတ်ပလာ - ၁၃၉ ကြယ်စနစ် ၏ ကတ်ပလာ -၁၃၉ ဘီ၊ ကတ် ပလာ-၁၃၉ စီ၊ ကတ်ပလာ-၁၃၉ ဒီနှင့် ကတ်ပလာ - ၁၃၉ အီးတို့ကို အမေရိကန်အစိုးရ အမျိုးသားလေ ကြောင်းနှင့် အာကာသစီမံခန့်ခွဲရေးအေဂျင်စီ(နာဆာ)၏ ကတ်ပလာ အာကာသ ရေဒီယိုတယ်လီစကုပ် ရှာဖွေတွေ့ရှိထားခြင်း ဖြစ်ကြောင်း သိရသည်။

ကတ်ပလာအာကာသရေဒီယိုတယ်လီစကုပ်သည် မစ်ရှင်ကာလ ကိုးနှစ်အတွင်း နေအဖွဲ့အစည်း ပြင်ပဂြိုဟ်ပေါင်း ၃၀၀၀ ခန့်ကို ရှာဖွေပေးခဲ့ကြောင်း သိရသည်။

Ref: Xinhua News

Trs: KKO

YDNB Newspaper

Photo- Jogran Josh

ထူးဆန်းသည့် နေအဖွဲ့အစည်းပြင်ပဂြိုဟ်တစ်စင်းကို နာဆာသိပ္ပံပညာရှင်များ တွေ့ရှိ

ဝါရှင်တန် ဇူလိုင် ၁၆ 
ရေဒီယိုအချက်ပြလှိုင်းများ ထုတ်လွှင့်နေသော ထူးဆန်းသည့် နေအဖွဲ့အစည်းပြင်ပဂြိုဟ်တစ်စင်း ကို အမေရိကန်အစိုးရ အမျိုးသား လေကြောင်းနှင့် အာကာသစီမံခန့်ခွဲရေးအေဂျင်စီ(နာဆာ) သိပ္ပံ ပညာရှင်များက တွေ့ရှိထား ကြောင်း ဇူလိုင် ၁၅ ရက် သတင်း များအရ သိရသည်။

TOI-1846 b အမည်ရှိ အဆိုပါ ဂြိုဟ်သည် ကမ္ဘာမြေလွှတ်တင်ခဲ့ နှစ် ၁၅၄ နှစ်အကွာတွင် တည်ရှိပြီး အရွယ်အစားအားဖြင့် ကမ္ဘာမြေထက် နှစ်ဆပိုကြီးမားသည်။

TOI-1846 b၊ ဂြိုဟ်သည် အရွယ်အစားသေးငယ်သော အနီရောင် ကြယ်သိမ်တစ်စင်းကို လေးရက်လျှင် တစ်ပတ်ကျလှည့်ပတ်နေကြောင်း သိပ္ပံပညာရှင်များက တွက်ချက်ထားသည်။

TOI- 1846 b ဂြိုဟ်မျက်နှာပြင်၏ အပူချိန်မှာ ၆၀၀ ဒီဂရီဖယ်ရင် ဟိုက်ထိရှိရာ ရေဓာတ်ကိုထိန်းထားနိုင်သည့် အခြေအနေတွင်ရှိပြီး နာဆာသိပ္ပံပညာရှင်များသည် တက်စ်ဂြိုဟ်တု၏ အကူအညီဖြင့် TOI-1846 b ဂြိုဟ်ကို ရှာဖွေတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်တွင် လွှတ်တင်ခဲ့သော တက်စ်ဂြိုဟ်တုသည် လက်ရှိအချိန်ထိ နေအဖွဲ့အစည်းပြင်ပ ဂြိုဟ်ပေါင်း ၆၃၀ ထိ ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်း သိရသည်။

Ref: Russia Today

Τrs: KKO

တီယန်ကျိုး-၉ အာကာသကုန်တင်ယာဉ်က တီယန်ကောင်းအာကာသစခန်းနှင့် ချိတ်ဆက်နိုင်ခဲ့

ပေကျင်း ဇူလိုင် ၁၆
တရုတ်အမျိုးသားအာကာသ အေဂျင်စီ၏ တီယန်ကျိုး-၉ အာကာသ ကုန်တင်ယာဉ်သည် ဇူလိုင် ၁၅ ရက်က တီယန်ကောင်း အာကာသစခန်းနှင့် ချိတ်ဆက်နိုင် ခဲ့ကြောင်း သိရသည်။

တီယန်ကောင်း အာကာသ စခန်းနှင့် ချိတ်ဆက်နိုင်ခဲ့ပြီးနောက် ရှန်ကျိုး ၂၀ အာကာသယာဉ်မှူးများက တီယန်ကျိုး-၉ အာကာသ ကုန်တင်ယာဉ်အတွင်း ဝင်ရောက်၍ ရိက္ခာပစ္စည်းများကို ရွှေ့ပြောင်းခဲ့ကြကြောင်း တရုတ်အမျိုးသား အာကာသအေဂျင်စီက သတင်း ထုတ်ပြန်ထားသည်။

တရုတ်အမျိုးသား အာကာသအေဂျင်စီသည် တီယန်ကျိုး-၉ အာကာသကုန်တင်ယာဉ်ကို ဇူလိုင် ၁၄ ရက်တွင် ဝန်ချန်အာကာသ စခန်းမှတစ်ဆင့် လောင်းမတ်ချ်-၇ ဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

တီယန်ကျိုး-၉ အာကာသ ကုန်တင်ယာဉ်သည် တီယန်ကောင်း အာကာသစခန်းအတွက် စားနပ်ရိက္ခာနှင့် လောင်စာအပါအဝင် အထောက်အပံ့ပစ္စည်း ခုနစ် တန်ကျော် သယ်ဆောင်သွားကြောင်း သိရသည်။

တီယန်ကျိုး-၉ အာကာသ ကုန်တင်ယာဉ်သည် တရုတ် အမျိုးသားအာကာသအေဂျင်စီက တီယန်ကောင်းအာကာသစခန်းသို့ လွှတ်တင်ခဲ့သော စတုတ္ထမြောက် ထောက်ပို့မစ်ရှင်ဖြစ်သည်။

တီယန်ကျိုး ၉ အာကာသ ကုန်တင်ယာဉ်သည် လောင်းမတ်ချ် ဒုံးပျံများ၏ ၅၈၄ ခုမြောက် မစ်ရှင် ဖြစ်ကြောင်း သိရသည်။

Ref: Xinhua New

ရှီကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တည်ဆောက်ထားသည့် Ali CPT-1 ရေဒီယိုတယ်လီစကုပ်က စကြဝဠာစူးစမ်းလေ့လာရေးလုပ်ငန်းများကို စတင်နေပြီဖြစ်

ပေကျင်း ဇူလိုင် ၁၆

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တည်ဆောက်ထားသည့် Ali CPT-1 အမည်ရှိ ရေဒီယိုတယ်လီစကုပ်သည် စကြဝဠာစူးစမ်းလေ့လာရေးလုပ်ငန်းများကို စတင်နေပြီဖြစ်ကြောင်း ဇူလိုင် ၁၅ ရက် သတင်းများအရ သိရသည်။

Ali CPT-1 ​ရေဒီယိုတယ်လီစကုပ်သည် ဇူလိုင် ၁၂ ရက်တွင် လကမ္ဘာနှင့် ကြာသပတေးဂြိုဟ်ကို ဓာတ်ပုံများရိုက်ကူးခြင်းဖြင့် စူးစမ်းလေ့လာရေး လုပ်ငန်းများ တရားဝင်စတင်ခဲ့ခြင်းဖြစ်သည်။

Ali CPT 1 ရေဒီယိုတယ်လီစကုပ်သည် စကြဝဠာခေတ်ဦး ဒြပ်ဆွဲအားလှိုင်းများကို ရှာဖွေလေ့လာမည်ဖြစ်သည်ဟု တရုတ်သိပ္ပံပညာရှင်များက ပြောကြားခဲ့ ကြောင်း သိရသည်။

စကြ၀ဠာခေတ်ဦး ဒြပ်ဆွဲအားလှိုင်းများကိုလေ့လာခြင်းဖြင့် စကြဝဠာ၏ မူလအစကို လေ့လာရာ တွင် အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

Ali CPT-1 ရေဒီယိုတယ်လီစကုပ်ကို တရုတ်သိပ္ပံအကယ်ဒမီ လက်အောက်ခံအဖွဲ့အစည်းတစ်ခု ဖြစ်သည့် စွမ်းအင်ရူပဗေဒ အင်စတီကျုမှ သိပ္ပံပညာရှင်များက တည်ဆောက်ထားခြင်းဖြစ်သည်။

Ali CPT-1 ရေဒီယိုတယ်လီစကုပ်ကို ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် မီတာ ၅၂၅၀ ရှိသောကုန်းမြင့်ဒေသ၌ ရှစ်နှစ်ကြာ အချိန်ယူ တည်ဆောက်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

သမိုင်းမှတ်တိုင်အသစ် စိုက်ထူလိုက်နိုင်တဲ့ တရုတ်ရဲ့ ကမ္ဘာပတ်လမ်းထဲမှာလောင်စာဖြည့်မှု

မိမိတို့ရဲ့ ကမ္ဘာပတ်လမ်းအတွင်းသွားလာနေတဲ့ဂြိုဟ်တုများအတွက်သာမက လူလိုက်ပါတဲ့ အာကာသခရီးစဉ်များအတွက် လောင်စာပြန်လည်ဖြည့်တင်းမှုနည်းပညာဆိုတာ အလွန်အရေးပါတဲ့နည်းပညာ ဖြစ်လာပါတယ်။ လက်ရှိအခြေအနေမှာဆိုရင် လူလိုက်ပါတဲ့ဒုံးပျံတွေဟာ သူတို့ရဲ့လောင်စာတွေကို ပတ်လမ်းအတွင်းရောက်ရှိဖို့အတွက်သာ အသုံးပြုနေရတာပါ။ ပတ်လမ်းအတွင်းရောက်သွားပြီဆိုရင် ကျန်ရှိတဲ့အာကာသယာဉ်က နေရောင်ခြည်စွမ်းအင်ကိုအသုံးပြုခြင်းဖြင့်ဖြစ်စေ အာကာသခရီးကို ဆက်လက်လျှောက်လှမ်းရတာဖြစ်ပါတယ်။ တကယ်လို့များ  လောင်စာပြန်လည်ဖြည့်တင်းခြင်းနည်းပညာက အဆင့်မြင့်လာပြီး လက်တွေ့အသုံးဝင်လာတယ်ဆိုရင် အဲဒီဒုံးပျံတွေအနေနဲ့ ကျယ်ပြောနက်

မိမိတို့ရဲ့ ကမ္ဘာပတ်လမ်းအတွင်းသွားလာနေတဲ့ဂြိုဟ်တုများအတွက်သာမက လူလိုက်ပါတဲ့ အာကာသခရီးစဉ်များအတွက် လောင်စာပြန်လည်ဖြည့်တင်းမှုနည်းပညာဆိုတာ အလွန်အရေးပါတဲ့နည်းပညာ ဖြစ်လာပါတယ်။ လက်ရှိအခြေအနေမှာဆိုရင် လူလိုက်ပါတဲ့ဒုံးပျံတွေဟာ သူတို့ရဲ့လောင်စာတွေကို ပတ်လမ်းအတွင်းရောက်ရှိဖို့အတွက်သာ အသုံးပြုနေရတာပါ။ ပတ်လမ်းအတွင်းရောက်သွားပြီဆိုရင် ကျန်ရှိတဲ့အာကာသယာဉ်က နေရောင်ခြည်စွမ်းအင်ကိုအသုံးပြုခြင်းဖြင့်ဖြစ်စေ အာကာသခရီးကို ဆက်လက်လျှောက်လှမ်းရတာဖြစ်ပါတယ်။ တကယ်လို့များ  လောင်စာပြန်လည်ဖြည့်တင်းခြင်းနည်းပညာက အဆင့်မြင့်လာပြီး လက်တွေ့အသုံးဝင်လာတယ်ဆိုရင် အဲဒီဒုံးပျံတွေအနေနဲ့ ကျယ်ပြောနက်ရှိုင်းလှတဲ့ အာကာသခရီးကိုဆက်သွားနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့်ပဲ တရုတ်သိပ္ပံပညာရှင်များက အာကာသအတွင်း လောင်စာပြန်လည်ဖြည့်တင်းခြင်း နည်းပညာကိုအဆင့်မြှင့်တင်မှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်တွေ့ဆောင်ရွက်မှုကိုလည်း အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တာတွေ့ရပါတယ်။ ဒါဟာ တရုတ်နိုင်ငံအတွက်သာမက အာကာသနဲ့ပတ်သက်တဲ့သမိုင်းကြောင်းမှာလည်း မှတ်တိုင်အသစ်တစ်ခုကို စိုက်ထူလိုက်နိုင်တာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီလိုမျိုးလက်တွေ့လုပ်ဆောင်မှုကို ဘယ်နိုင်ငံကမှလုပ်ဆောင် နိုင်ခြင်းမရှိသေးတာကြောင့်ပါပဲ။

ကမ္ဘာပတ်လမ်းအတွင်း လောင်စာပြန်လည်ဖြည့် တင်းခြင်းလုပ်ငန်းအတွက် တရုတ်နိုင်ငံရဲ့ Shijian-21 နဲ့ Shijian-25 ဂြိုဟ်တုများက ဇူလိုင်လ ၂ ရက်ကနေ ဇူလိုင်လ ၆ ရက်အတွင်း အတူပူးကပ်နေတာတွေ့ရတယ်လို့ စောင့်ကြည့်လေ့လာသူများကထုတ်ပြန်ထားပါတယ်။ ဂြိုဟ်တုနှစ်စင်းအတူရှိနေတဲ့ အချိန်အတိုင်းအတာကိုဆန်းစစ်ကြည့်တဲ့အခါ အဲဒီဂြိုဟ်တုနှစ်စင်းဟာ တစ်ခုနဲ့တစ်ခုချိတ် ဆက်နေတယ်လို့ဆိုနိုင်ပါတယ်။

အဲဒီဂြိုဟ်တုနှစ်စင်းဟာ တစ်စင်းနဲ့တစ်စင်းပူးကပ်ပြီး ကမ္ဘာပတ်လမ်းအတွင်းလောင်စာဖြည့်တင်းခြင်းလုပ်ငန်းလုပ်ဆောင်တဲ့အခါ အီကွေတာအထက် မိုင်ပေါင်း ၂၂၂၃၆ မိုင်အကွာမှာရောက်ရှိနေတာဖြစ်ပါတယ်။ တရုတ်နိုင်ငံက Shijian-21 ဂြိုဟ်တုကို ၂၀၂၁ ခုနှစ်ကတည်းက လွှတ်တင်ထားတာဖြစ်ပြီး Shijian-25 ဂြိုဟ်တုကိုတော့ ၂၀၂၅ ခုနှစ်အစောပိုင်းမှသာလွှတ်တင်လိုက်တာဖြစ်ပါတယ်။ သူ့ကိုလွှတ်တင်ရတဲ့အဓိကရည်ရွယ်ချက်က အခုလိုမျိုးလောင်စာပြန်လည်ဖြည့်တင်းရေးလုပ်ငန်းအတွက်ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်အတွင်းက Shijian-21 ဂြိုဟ်တုဟာ ရှုပ်ထွေးလှတဲ့အာကာသလုပ်ငန်းတစ်ခုမှာပါဝင်ခဲ့တာတွေ့ရပါတယ်။ အဲဒီလုပ်ငန်းကတော့ပျက်စီးနေတဲ့တရုတ်လမ်းညွှန်ဂြိုဟ်တုကို အဝေးတစ်နေရာသို့ ပို့ဆောင်ပေးရမှုဖြစ်ပါတယ်။ Shijian-21 က အဲဒီ ဂြိုဟ်တုကို သတ်မှတ်နေရာအထိတွန်းသွားပြီး လုပ်ငန်းကိုအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့အဲဒီအစီအစဉ်မှာ Shijian-21 က သူ့ရဲ့လောင်စာတွေကိုတော်တော်များများသုံးလိုက်ရပါတယ်။

ဒါကြောင့် ဒီနှစ်မှာ Shijian-25 ကိုလွှတ်တင်ပြီး အာကာသပတ်လမ်းအတွင်း လောင်စာပြန်လည် ဖြည့်တင်းခြင်းကိုဆောင်ရွက်ခဲ့တာပါ။  အခုလိုအောင်မြင်မှုရတဲ့အတွက် ဂြိုဟ်တုများရဲ့သက်တမ်းကိုပိုပြီး ရှည်စေရုံသာမကဘဲ ကုန်ကျစရိတ်ကိုလည်းလျော့ကျစေမယ်လို့ဆိုပါတယ်။            

Ref: IE

ကိုထက်

ကာဗွန်ဒိုင်အောက်ဆိုက်မှ အစားအစာသို့ပြောင်းလဲပေးနိုင်မယ့် နည်းပညာအသစ်

ဝန်းကျင်လေထုညစ်ညမ်းမှုကိုဖြစ်စေတဲ့ အခြေခံအကျဆုံးအကြောင်းရင်းက ကာဗွန်ဒိုင်အောက်ဆိုက်တွေကြောင့်ပါပဲ။ ကာဗွန်ဒိုင်အောက်ဆိုက်ဆိုတာ လူတွေရဲ့လုပ်ဆောင်မှုကြောင့် အများဆုံး ထွက်ပေါ်လာရတဲ့ ဓာတ်ငွေ့ဖြစ်ပါတယ်။ ဒီဓာတ်ငွေ့ကမကောင်းမှန်း သိသလို သူ့ကိုစုပ်ယူကာအခြားနည်းနဲ့ ပြန်အသုံးပြုနိုင်ဖို့အတွက် ပညာရှင်များက နည်းလမ်းများစွာကို တီထွင်ကြံဆလာပါတယ်။ အဲဒီပညာရှင်တွေထဲမှာ တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များလည်း အပါအဝင်ဖြစ်ပါတယ်။

တရုတ်သိပ္ပံပညာရှင်များက လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ကိုရယူပြီး လူတွေအတွက် အသုံးဝင်မယ့် စားသောက်ကုန်တစ်မျိုးကိုဖန်တီးပေးနိုင်မယ့် နည်းလမ်းတစ်မျိုးကို တီထွင်လိုက်တာဖြစ်ပါတယ်။ အဲဒီနည်းလမ်းအရထွက်ပေါ်လာမယ့် စားသောက်ကုန်ကတော့ သကြားအဖြူဖြစ်ပါတယ်။ အဲဒီလိုမျိုး သကြားထုတ်လုပ်မှုမှာ စိုက်ပျိုးမြေများ၊ စိုက်ပျိုးရေး ထွက်ကုန်များကို အသုံးပြုထားခြင်းမရှိပါဘူး။ ဒီနည်းလမ်းက နောင်တစ်ချိန်မှာ လေထုထဲမှကာဗွန်ဓာတ်ငွေ့များကိုစုပ်ယူနိုင်စေဖို့ အကူအညီဖြစ်စေမယ်လို့လည်း ပညာရှင်များကပြောပါတယ်။

ပညာရှင်များဖန်တီးလိုက်တဲ့ အခုနည်းလမ်းက စက်မှုလုပ်ငန်းတွေကနေထွက်ပေါ်လာတဲ့ စွန့်ပစ်ပစ္စည်း တစ်မျိုးဖြစ်တဲ့ မက်သနောကိုသကြားအဖြစ်သို့ပြောင်းလဲပေးဖို့အတွက် အင်ဇိုင်းများကိုအသုံးပြုခြင်း ဒါမှမဟုတ် ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုဓာတုဗေဒနည်းအရပြုပြင်ခြင်းအားဖြင့် သကြားများကို ထွက်ပေါ်စေဖို့လုပ်ဆောင်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။  

ဒီနည်းလမ်းကနေထုတ်လုပ်ပေးနိုင်မယ့်အရာက သကြားသာမကပါဘူး။ ကစီဓာတ်ကဲ့သို့ တခြားအရေးကြီးတဲ့စားသောက်ကုန်များကိုထုတ်လုပ်နိုင်စေဖို့အတွက်လည်းလိုအပ်တဲ့ချိန်ညှိမှုတွေကို လုပ်ဆောင်နိုင်မယ်လို့ ပညာရှင်များကဆိုပါတယ်။

အခုနည်းလမ်းက စားနပ်ရိက္ခာဖူလုံရေးအတွက်လည်း သိပ်ကိုအရေးကြီးတဲ့နည်းလမ်းတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် သမားရိုးကျစိုက်ပျိုးရေးနည်းလမ်းတွေမလိုအပ်ဘဲ ဓာတုပစ္စည်းတွေကနေတစ်ဆင့် ဘေးကင်းစိတ်ချရမှုရှိတဲ့ စားသောက်ကုန်များကို ထုတ်လုပ်နိုင်မယ့်အတွက်ကြောင့်ပဲဖြစ်တယ်လို့ ပညာရှင်များကပြောထားပါတယ်။                                    

တရုတ်အမျိုးသားအာကာသအေဂျင်စီက ဇူလိုင် ၁၄ ရက်တွင် တီယန်ကျိုး-၉ အာကာသကုန်တင်ယာဉ်ကို တီယန်ကောင်အာကာသစခန်းသို့ အောင်မြင်စွာလွှတ်တင်ခဲ့

ပေကျင်း ဇူလိုင် ၁၅ 
တရုတ်အမျိုးသားအာကာသ အေဂျင်စီသည် ဇူလိုင်၁၄ ရက်တွင် တီယန်ကျိုး -၉အာကာသကုန်တင်ယာဉ်ကို တီယန်ကောင်အာကာသစခန်းသို့ အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း ဇူလိုင် ၁၄ ရက် သတင်းများတွင် ရေးသားဖော်ပြထားသည်။

တီယန်ကျိုး-၉ အာကာသကုန်တင်ယာဉ်ကို လောင်းမတ်ချ်-၇ ဒုံးပျံဖြင့် ဟိုင်နန်ပြည်နယ် ဝန်ချန်အာကာသစခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ 
လွှတ်တင်ပြီးနောက် လောင်မတ်ချ် ၇ ဒုံးပျံသည် တီယန်ကျိုး ၉ အာကာသကုန်တင်ယာဉ်ကို သတ်မှတ်ပတ်လမ်းပေါ်သို့ ဆောင်ပေးနိုင်ခဲ့ကြောင်း တရုတ် အမျိုးသား အာကာသအေဂျင်စီက ထုတ်ပြန်ထားသည်။

တီယန်ကျိုး ၉ အာကာသကုန်တင်ယာဉ်သည် တီယန်ကောင် အာကာသစခန်းအတွက် စားနပ်ရိက္ခာနှင့် လောင်စာအပါအ၀င် အထောက်အပံ့ပစ္စည်း ၇ ဒသမ၂ တန်ကို သယ်ဆောင်သွားသည်။

တီယန်ကျိုး-၉ မစ်ရှင်သည် တရုတ်အမျိုးသား အာကာသအေဂျင်စီ၏ ကိုးကြိမ်မြောက် အာကာသ ထောက်ပို့မစ်ရှင်ဖြစ်ပြီး တရုတ်အမျိုးသားအာကာသ အေဂျင်စီသည် ပထမဆုံးသော တီယန်ကျိုးအာကာသ ကုန်တင်ယာဉ်ကို ၂၀၁၇ ခုနှစ်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။