ပြီးခဲ့တဲ့ဇူလိုင်လတုန်းက Lucid Air Grand Touring က ကမ္ဘာပေါ်မှာတစ်ကြိမ်အား သွင်းရုံနဲ့ ခရီးအဝေးဆုံး သွားနိုင်တဲ့ လျှပ်စစ်စွမ်းအင်သုံးကား(EV)အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ထားတာရှိပါတယ်။ အဲဒီအချိန်တုန်းက သူသွား ခဲ့တဲ့ခရီး အကွာအဝေးဟာ ၁၂၀၅ ကီလိုမီတာရှိပြီး တစ်ကြိမ်အားသွင်းရုံနဲ့ ဆွစ်ဇာလန်ကနေ ဂျာမနီ ကိုရောက်ခဲ့တာပါ။

ဩဂုတ်လမှာတော့ Lucid Air Grand Touring မှာတပ်ဆင်ထားတဲ့ ဘက်ထရီနဲ့ပတ်သက်ပြီး ထုတ် ပြန်ကြေညာမှုတစ်ခုထွက်လာပါတယ်။ ဘာကြောင့် လဲဆိုရင် အခုလိုမျိုးတစ်ကြိမ် အားသွင်းရုံနဲ့ အဝေးဆုံးခရီးကို သွားနိုင်တယ်ဆိုတာ ကောင်းမွန်လှတဲ့ ဘက်ထရီ စွမ်းရည်ကြောင့်ဖြစ်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဒါကြောင့်ပဲ အဲဒီဘက်ထရီကိုထုတ်လုပ် သူက သူတို့အနေနဲ့ Lucid Air Grand Touring အတွက် ဘက်ထရီကို ထုတ်လုပ်ခဲ့တာဖြစ်တယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ အဲဒီဘက်ထရီကို ထုတ်လုပ်ထားသူကတော့ ဆမ်ဆောင်းကုမ္ပဏီပဲ ဖြစ်ပါတယ်။
အဲဒီ Lucid Air Grand Touring ထဲမှာ ဘက်ထရီ အလုံးပေါင်း ၂၁၇၀၀ ပါတဲ့ဘက်ထရီကို တပ်ဆင်ပေးထားတာဖြစ်ပါတယ်။ သူ့ရဲ့အဆင့်မြင့်နည်းပညာ၊ ထုပ်ပိုးမှုပုံစံနဲ့ အလွန်လျင်မြန်လှတဲ့ အားသွင်းမှုစနစ် တွေကြောင့် ၁၆ မိနစ် အားသွင်းရုံနဲ့ ကီလိုမီတာ ၄၀၀ အထိသွားနိုင်မယ်လို့ ဆမ်ဆောင်းက ထုတ်ပြန်ထား ပါတယ်။ ဆမ်ဆောင်းနဲ့ Lucid ကုမ္ပဏီတို့ရဲ့ ပူးပေါင်းမှုကနေတစ်ဆင့် အခုလိုမျိုးစွမ်းဆောင်ရည်မြင့်မား လှတဲ့ ဘက်ထရီထွက်ပေါ်လာတာဖြစ်ပြီး ဒါဟာ အနာဂတ်အတွက် တော်တော်လေးကို အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်းမှုဖြစ်လာပါတယ်။
MWD

ဒိန်ချဉ်ဆိုတာ ကျန်းမာရေးအတွက်များစွာ ကောင်းကျိုးပြုတဲ့ အစားအစာတစ်ခုဖြစ်တာ အားလုံးအသိပါ။ အထူးသဖြင့် သူ့မှာ လူသားတွေအတွက် လိုအပ်တဲ့ အကျိုးပြုဗက်တီး ရီးယားလေးတွေ များစွာပါဝင်တာကြောင့် ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာတစ်ခုဖြစ်နေတာပါ။ အခုတော့ ကိုလံဘီယာအင်ဂျင်နီယာ တက္ကသိုလ်မှ သိပ္ပံပညာရှင်များရဲ့တီထွင်ဖန်တီးမှု အရ ဒိန်ချဉ်ကို အစားအစာတစ်ခု အနေနဲ့သာမဟုတ်ဘဲ တစ်သျှူးတွေကိုကုသရာမှာလည်း အသုံးပြုနိုင် တော့မှာ ဖြစ်ပါတယ်။

ကိုလံဘီယာအင်ဂျင်နီယာတက္ကသိုလ်မှ သုတေသနပညာရှင်များက ဒိန်ချဉ်ကနေပြီး ဂျယ်တစ်မျိုးကို ထုတ်လုပ်လိုက်တာပါ။ အဲဒီဂျယ်ကို လူ့ခန္ဓာကိုယ်ထဲ ထိုးသွင်းနိုင်ပါတယ်။ အထူးသဖြင့် ပညာရှင်များက နို့မှရရှိတဲ့ extracellular vesicles လေးတွေကို ကောင်းစွာအသုံးချထားခြင်းဖြစ်ပါတယ်။ သူတို့ရဲ့ အသုံးချမှုကြောင့် ထွက်ပေါ်လာတဲ့အရာက သက်ရှိ တစ်သျှူးများနဲ့ တစ်ပုံစံတည်းတူညီကာ သဘာဝ အလျောက်ပြန်လည် ဖြစ်ပေါ်ခြင်းကို အားပေးနိုင်စေတဲ့ ဂျယ်တစ်မျိုးကိုရရှိလာတာ ဖြစ်ပါတယ်။
ပညာရှင်များက သူတို့ဖန်တီးထားတဲ့ဂျယ်ကို ကြွက်များမှာစမ်းသပ်ရာ တခြားဓာတုပစ္စည်းတွေ ထပ်ထည့်စရာ မလိုဘဲနဲ့ သွေးကြောလေးတွေဖြစ် တည်မှုနဲ့ တစ်သျှူးကို ပြန်လည်ပြုပြင်မှုတို့ကို ပိုမို အားကောင်းစေတာ တွေ့ရပါတယ်။ ဒါဟာအောင်မြင်မှု တစ်ခုလည်း ဖြစ်ပါတယ်။ ဘယ်လိုအောင်မြင်မှု
လဲဆိုရင် နောင်တစ်ချိန်မှာ လူ့ခန္ဓာကိုယ်ကို ကုသမှုအတွက် အစားအစာတွေကနေ ထွက်ပေါ်လာတဲ့ ဇီဝနည်းပညာက အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်လာနိုင်တဲ့အောင်မြင်မှု ဖြစ်ပါတယ်။ လက်ရှိမှာတော့အဲဒီဂျယ်နဲ့ ကိုယ်ခံအားတုံ့ပြန်မှုတို့က တစ်သျှူးတွေ ပြန်လည်ဖြစ်ပေါ်မှုကို ဘယ်လိုမျိုး ကူညီပေးနိုင်တယ် ဆိုတာနဲ့ ပတ်သက်လို့ ပညာရှင်များက ဆက်လက်လေ့လာနေဆဲ ဖြစ်ပါတယ်။
Ref: SD
ကိုထက်
MWD Web Portal

၂၀၂၇ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ လျှပ်စစ် စွမ်းအင်သုံး ဝေဟင်တက္ကစီများထွက်ပေါ် လာမည်ဖြစ်ကြောင်း Airline ANA ကုမ္ပဏီ က ဩဂုတ်လ ၇ ရက်တွင် ထုတ်ပြန်ထား သည်။ Airline ANA သည် အမေရိကန်မှ Joby Aviation နှင့်ပူးပေါင်း၍ လူငါးဦးလိုက်ပါနိုင်သော ဝေဟင်တက္ကစီအစီးရေ ၁၀၀ ကျော်ကို ထုတ်လုပ်အသုံးပြုနိုင်ရေးအတွက် အကျိုးတူကုမ္ပဏီထူထောင်ထားသည်။

ယင်းဝေဟင်တက္ကစီကို လေယာဉ်မှူး တစ်ဦးကမောင်းနှင်ကာ ခရီးသည်လေးဦး ကိုတင်ဆောင်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၃၂၀ နှုန်းဖြင့်ပျံသန်းနိုင်စေမည်ဖြစ်သည်။ အဆိုပါဝေဟင်တက္ကစီကို နရီတာ နှင့် ဟာနဲဒါလေဆိပ်တို့မှ တိုကျိုမြို့သို့ပြေး ဆွဲသွားမည်ဖြစ်သည်။ လက်ရှိ နရီတာမှ တိုကျိုမြို့သို့ ကား သို့မဟုတ် ရထားဖြင့် သွားလျှင် တစ်နာရီကြာမည်ဖြစ်ပြီး ဝေဟင်တက္ကစီဖြင့်ဆိုပါက ၁၅ မိနစ်သာကြာမည်ဖြစ်ကြောင်း သိရသည်။
Ref: ST

NASA ဆိုတဲ့ အမေရိကန်အာကာသအေဂျင်စီကြီးက အာကာသနည်းပညာမှာ ပြိုင်ဘက်တွေဖြစ်တဲ့ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့ထက် ခြေတစ်လှမ်းသာအောင် အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ဖို့ ရှိနေပါတယ်။ အဲဒီအစီအစဉ်ကတော့ လပေါ်မှာနျူကလီးယားဓာတ် ပေါင်းဖို တည်ဆောက်သွားမည့် အစီအစဉ်ဖြစ်ပါတယ်။ အဲဒီနျူကလီးယားဓာတ်ပေါင်းဖိုက လျှပ်စစ် ဓာတ်အားပမာဏ ၁၀၀ ကီလိုဝပ်အထိထုတ်လုပ် ပေးနိုင်မယ်လို့ ဆိုပါတယ်။

NASA က သူတို့အနေနဲ့ နေအိမ် ၃၃ လုံးအထိကို လျှပ်စစ်ဓာတ်အားပေးနိုင်တဲ့ ကီလိုဝပ် ၄၀ ထွက် အသေးစား နျူကလီးယားဓာတ်ပေါင်းဖိုကို လပေါ်မှာ တည်ဆောက်ဖို့စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ နျူကလီး ယားဓာတ်ပေါင်းဖိုဆောက်မယ့် အတူတူတော့ လျှပ်စစ်ဓာတ်အားပိုမိုထွက်ရှိတဲ့ဓာတ်ပေါင်းဖိုကိုဆောက် ဖို့အတွက် စဉ်းစားလိုက်ဟန်တူပါတယ်။ ဒါကြောင့်ပဲ ၂၀၃၀ ပြည့်နှစ်ကာလအရောက်မှာ လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၁၀၀ ထွက်ရှိတဲ့ ဓာတ်ပေါင်းဖိုကို လပေါ်လွှတ်တင်တည်ဆောက်သွားဖို့ စီစဉ်လိုက်တာပါ။
လပေါ်မှာ ဘာကြောင့်နျူကလီးယားဓာတ်ပေါင်း ဖိုကိုတည်ဆောက်ဖို့ ဆုံးဖြတ်ရလဲဆိုရင် လူသားတွေ အနေနဲ့ လပေါ်မှာအခြေချတဲ့အခါ ယုံကြည်ကိုးစား ရတဲ့ လျှပ်စစ်စွမ်းအင်အရင်းအမြစ်ကို ရရှိစေဖို့ဖြစ် တယ်လို့ဆိုပါတယ်။ တကယ်လည်းဟုတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လပေါ်မှာကျတော့ ဆိုလာစွမ်းအင်လိုမျိုး စွမ်းအင်တွေက တည်ငြိမ်မှုမရှိနိုင်ပါဘူး။ ဒါကြောင့်ပဲ နျူကလီးယားစွမ်းအင်ကိုရွေးချယ်ကြတာဖြစ်ပါတယ်။
အခုလက်ရှိ တရုတ်နဲ့ရုရှားတို့ ပူးပေါင်းပြီး လပေါ်မှာ နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ဖို့ လုပ်ဆောင်နေပါတယ်။ ဒီအချိန်မှာ အမေရိကန်ကလည်း လပေါ်မှာနျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ဖို့ကိုလုပ်ဆောင်လာတာဖြစ်ပါတယ်။
Ref: IE

ဩစတြေးလျနိုင်ငံမှာရှိတဲ့ Waratah Super Battery အမည်ရှိ လျှပ်စစ်ဓာတ်အားပေး စနစ်ကြီးက စတင်အလုပ်လုပ်နေပြီပဲဖြစ် ပါတယ်။ တရားဝင်အသုံးပြုမှုကိုတော့ ဒီနှစ်အကုန် ပိုင်းမှာလုပ်ဆောင်သွားမှာပါ။ အဲဒီအချိန်ရောက်ရင် ဒီစနစ်ကြီးက ကမ္ဘာပေါ်မှာ စွမ်းအားအမြင့်ဆုံးနဲ့ အကြီးဆုံးသော ဘက်ထရီစနစ်ကြီး ဖြစ်လာမှာဖြစ်ပါတယ်။

ဩစတြေးလျအစိုးရအနေနဲ့ နိုင်ငံထဲမှာရှိတဲ့ ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တွေကို ၂၀၃၅ ခုနှစ်အရောက်မှာ အပြီးပိတ်သိမ်းဖို့ ရှိနေပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့မဟာဓာတ် အားလိုင်းစနစ်ကို တည်ငြိမ်စေဖို့အတွက် အခုလိုမျိုး စွမ်းဆောင်ရည်မြင့်မားတဲ့ ဘက်ထရီကိုဖန်တီးလာ တာပါ။ BlackRock’s Akaysha Energy ကုမ္ပဏီက ဖန်တီးထားတဲ့ အဲဒီဘက်ထရီဟာ မဂ္ဂါဝပ်နာရီစုစု ပေါင်း ၁၆၈၀ အထိကို ထုတ်လုပ်ပေးနိုင်မှာ ဖြစ်တဲ့အတွက် အိမ်ခြေတစ်သန်းကို တစ်နာရီကြာသည်အထိ လျှပ်စစ်ဓာတ် အားပေးထားနိုင်မှာပါ။
အဲဒီဘက်ထရီစနစ်ကြီးကို နယူးဆောက်ဝေး ပြည်နယ်မှာ တည်ဆောက်ထားတာပါ။ လက်ရှိမှာ တော့ မဂ္ဂါဝပ် ၃၅၀ အထိသာထုတ်လုပ်ပေးနိုင်သေး တာဖြစ်ပါတယ်။ ဒီစနစ်ကြီးက မမျှော်လင့်ထားတဲ့ အခြေအနေမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်သွား ခဲ့ရင် အရန်ဓာတ်အားပေးစနစ်အနေနဲ့ ကောင်းစွာ အသုံးဝင်မှာဖြစ်တယ်လို့ နယူးဆောက်ဝေးပြည်နယ် အစိုးရရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ ဩစတြေးလျအစိုးရအနေနဲ့ အလားတူ ဧရာမဘက်ထရီစီမံကိန်းတွေကို ဆက် လက်အကောင်အထည်ဖော်နေတာ ရှိပါတယ်။ အဲဒီစီမံကိန်းတွေထဲမှာ မဂ္ဂါဝပ်နာရီပေါင်း ၂၈၀၀ အထိ ရှိတဲ့ဘက်ထရီစွမ်းအင်စီမံကိန်းလည်း အပါအဝင် ဖြစ်ပါတယ်။ အရင်တုန်းက ဒီလိုမျိုးစွမ်းအင်စီမံကိန်းတွေထဲမှာ ဩစတြေးလျနိုင်ငံက နောက်မှာပဲရှိနေ တာပါ။ အခုတော့ ဩစတြေးလျနိုင်ငံက တခြားအင်အားကြီး နိုင်ငံတွေထက် ဒီနေရာမှာသာလွန်သွားပြီပဲ ဖြစ်ပါတယ်။

ဆိုလာစွမ်းအင်လို့ခေါ်တဲ့ နေရောင် ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ် အားထုတ်ယူမှုဟာ အခုခေတ် မှာ သိပ်ကို ရေပန်းစားလာပါတယ်။ ဘယ်နေရာကိုပဲ ကြည့်လိုက်ကြည့်လိုက်ဆိုလာ ပြားတွေတန်းစီပြီး ခင်းထားတာကိုမြင် တွေ့ကြမှာပါ။

နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်ယူမှုမှာ အားသာချက်ရှိသလို အားနည်းချက်လည်း ရှိနေပါတယ်။ အဓိကအားနည်းချက်က မြေနေရာလိုအပ်ချက်များတာပေါ့။ သူ့အတွက်နေရာ အများကြီး ပေးရလေ့ ရှိပါတယ်။ နောက်တစ်ချက်က သမားရိုးကျအားဖြင့်ဆိုရင် ဆိုလာပြားတွေကို အရပ်မျက်နှာ တစ်ခုတည်းမှာပဲ လှည့်ထားလို့ရပါတယ်။ ဒါကြောင့် ဆိုလာပြားရဲ့စွမ်းရည်ကို အပြည့်အဝအသုံးမချနိုင်ဘူးဖြစ် နေတာပေါ့။
ဒီအချိန်မှာပဲ တိုကျိုတက္ကသိုလ်မှသုတေသီများက သူတို့ရဲ့လေ့လာတွေ့ရှိချက်ကို Photonics for Energy ဆိုတဲ့ဂျာနယ်မှာ ဖော်ပြလာတာ တွေ့ရပါတယ်။ အဲဒါကတော့ ဆိုလာပြားတွေကို နေရာချထားဖို့အတွက် နေရာလည်းမစားသလို ဆိုလာပြားအနေနဲ့ နေရှိရာအရပ်မျက်နှာတိုင်းကို လိုက်ပါမျက်နှာမူနေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။
သူတို့ရဲ့နည်းလမ်းက ဆိုလာပြားတွေကို လယ်ကွင်းပြင်ထဲမှာနေရာချထားခြင်း ဖြစ်ပါတယ်။ ဒီလိုနေရာ ချထားရာမှာလည်း မြေပြင်ကနေ အထက် ၃ မီတာအမြင့်မှာ ဝင်ရိုးနှစ်ခုပါတဲ့တန်းပေါ် ဆိုလာပြားတွေကို တင်ထားတာ ဖြစ်ပါတယ်။ ဒီလိုတပ် ဆင်လိုက်ခြင်းအားဖြင့် စပါးပင်တွေကို လည်းထိခိုက်စေခြင်းမရှိသလို လယ်မြေကိုလည်း အပြည့်အဝအသုံးပြုနိုင်မှာဖြစ် တဲ့အပြင် ဆိုလာပြားရဲ့ စွမ်းဆောင်ရည်ကိုလည်း အကောင်းဆုံး အသုံးချနိုင်လာတဲ့ အတွက် လျှပ်စစ်ဓာတ်အားရရှိမှုကိုများစွာ အထောက်အပံ့ဖြစ်စေပါတယ်။
ဒီနေရာမှာ သူတို့အသုံးပြုတဲ့စနစ်မှာ အခြားအားသာချက်တစ်ခုလည်း ရှိနေပါသေးတယ်။ ဘာလဲဆိုတော့ စပါးပင်တွေ စတင် စိုက်ပျိုးချိန်နဲ့ ကြီးထွားချိန်မှာ စပါးပင် တွေအပေါ် နေရောင်ခြည်ကောင်းစွာရရှိ အောင် ဆိုလာပြားတွေကို လှည့်ပေးထားမှာဖြစ်ပြီး စပါးရိတ်သိမ်းပြီးချိန်မှာဆိုရင် တော့ ဆိုလာပြားက စွမ်းအားပြည့်အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
အခုလက်ရှိ သူတို့ကရှေ့ပြေးစီမံကိန်း အဖြစ်အကောင်အထည်ဖော်နေတာဖြစ်ပြီး ဒီလိုအကောင်အထည် ဖော်မှုမှာတင်ပဲ သူတို့ရဲ့လယ်ကွင်းထဲမှ ဆိုလာပြားတွေဟာ တစ်နှစ်ကို ကီလိုဝပ်နာရီစုစုပေါင်း၄၄၀၀၀ နီးပါးထုတ်ပေးနိုင်တာ တွေ့ရပါတယ်။
သုတေသီများက ဘာကြောင့်အခုလို မျိုးစမ်းသပ်မှုတွေလုပ်ရလဲဆိုရင် သူတို့နိုင်ငံမှာ မြေယာရှားပါးမှုဖြစ်နေလို့ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ လျှပ်စစ်ဓာတ် အားထုတ်လုပ်မှုအတွက် ပြည့်ဖြိုးမြဲစွမ်းအင်ကို ပိုမိုတိုးတက် အသုံးပြုလာရတာကြောင့် ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံမှ iPhone Ticker ဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်အရ Apple ကုမ္ပဏီသည် iPhone 17 မော်ဒယ်အသစ်နှင့် အထူးပါးလွှာသော "Air" ဗားရှင်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့တွင် တရားဝင် မိတ်ဆက် သွားမည်ဟု သိရသည်။ ဂျာမနီနိုင်ငံရှိ အချို့သော မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူများအား ယခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် iPhone အသစ်မိတ်ဆက်ပွဲ ပြုလုပ်မည့်အကြောင်း အသိပေးထားပြီး ဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် Apple Insider ၏ ဖော်ပြချက်အရ Apple သည် စက်တင်ဘာ ၁၁ ရက်နေ့ (အမေရိကန်နိုင်ငံတွင် ၂၀၀၁ ခုနှစ်က ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကြီးအား အောက်မေ့သောနေ့) တွင် မည်သည့် ပွဲတော်ကိုမျှ ကျင်းပခြင်းမပြုရန် ရှောင်ကြဉ်မည်ဖြစ်ရာ iPhone 17 အား စက်တင်ဘာ ၉ ရက်နေ့တွင် ကြေညာမိတ်ဆက်ပြီး စက်တင်ဘာ ၁၀ ရက်မှစတင်၍ အကြိုမှာယူမှုများ လက်ခံကာ စက်တင်ဘာ ၂၀ ရက်နေ့ တွင် ဝယ်ယူသူများထံသို့ စတင်ပို့ဆောင်ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။
TF Securities ၏ နာမည်ကြီး အဆင့်မြင့်နည်းပညာ ဆန်းစစ်သူ Ming-Chi Kuo ၏ အဆိုအရ ၂၀၂၅ ခုနှစ်သည် အက်ပဲလ်မှ iPhone 17 မော်ဒယ်အားလုံးဖြစ်သည့် iPhone 17, 17 Pro, 17 Pro Max နှင့် အထူး ပါးလွှာသော 17 Air ကို တစ်ပြိုင်နက် မိတ်ဆက်သည့် နောက်ဆုံးနှစ် ဖြစ်လာနိုင်သည်။ ၂၀၂၆ ခုနှစ်မှစ၍ ကုမ္ပဏီသည် iPhone မော်ဒယ် များကို နှစ်ကြိမ်ခွဲ၍ ထုတ်လုပ်သွားမည်ဖြစ်ပြီး ၂၀၂၆ စက်တင်ဘာ တွင် iPhone 18 Pro, 18 Pro Max နှင့် 18 Air မော်ဒယ်များ မိတ်ဆက်ကာ ၂၀၂၇ ခုနှစ် အစောပိုင်းတွင် iPhone 18 နှင့် iPhone 18e (စျေးနှုန်း ချိုသာသော မော်ဒယ်) တို့ကို ထုတ်လုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
ထိုနည်းတူ ၂၀၂၇ ခုနှစ် ဆောင်းဦးရာသီတွင် Apple သည် iPhone 19 Pro, 19 Pro Max, 19 Air နှင့် ခေါက်နိုင်သော iPhone Fold ကို မိတ်ဆက် မည်ဖြစ်ပြီး iPhone 19 ကိုမူ ၂၀၂၈ ခုနှစ် အစောပိုင်းတွင် စတင် ရောင်းချ မည်ဟု မျှော်မှန်းထားသည်။
အချို့သော အရင်းအမြစ်များအရ iPhone 17 Pro နှင့် 17 Pro Max မော်ဒယ်များသည် ဒီဇိုင်းအသစ်တစ်ခုသို့ ပြောင်းလဲသွားမည် ဖြစ်သည် ဟု ဆိုသည်။ ကိုယ်ထည်အား အလူမီနီယမ်ဖြင့် ပြန်လည်အသုံးပြုမည် (ယခင်က stainless steel ဖြင့် ပြုလုပ်ခဲ့သည်) ဖြစ်ပြီး ကင်မရာ အစုအဝေး အား Google Pixel 9 Pro ၏ ဒီဇိုင်းနှင့် ဆင်တူသည့် စတုဂံပုံစံ အကျယ် သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်းနှင့် အခြားစွမ်းဆောင်ရည်အသစ်များ ပါဝင်မည်ဟု ဆိုသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

ဖန်လုံအိမ်ဓာတ်ငွေ့ဆိုတာ ကမ္ဘာကြီးဖြစ် တည်ရှင်သန်မှုအတွက် အကျိုးမပြုတဲ့ ဓာတ်ငွေ့အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ ဒီလိုသတ်မှတ်ခံရတာက တကယ်ကို ပဲ အသုံးမဝင်တော့လို့ လားဆိုတာ မေးခွန်းထုတ်စရာပါ။ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ သူ့ကို တခြားနည်းနဲ့ပြန်ပြောင်းအသုံးပြုလို့ရပါတယ်။ နည်း လမ်းကိုတော့ ရှာဖွေရမှာပေါ့လေ။

စင်ကာပူအမျိုးသားတက္ကသိုလ်မှ ဓာတုဗေဒပညာရှင်များက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ များကို တန်ဖိုးကြီးတဲ့ ဟိုက်ဒရိုကာဗွန်အရည်အဖြစ် ပြောင်းလဲပေးနိုင်မယ့် နည်းလမ်းတစ်ခုကို ဖန်တီး လိုက်နိုင်ပါတယ်။ ဟိုက်ဒရိုကာဗွန်အရည်ဆိုတာ လေယာဉ်ဆီထုတ်လုပ်ရာမှာ အင်မတန်မှအရေး ကြီးတဲ့ပါဝင်ပစ္စည်းဖြစ်ပါတယ်။ ပညာရှင်များက နီကယ်ကိုအခြေခံထားတဲ့ ကုန်ကြမ်းပစ္စည်းကိုအသုံး ပြုပြီး ဓာတ်ပြောင်းလဲစေခြင်းနည်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကိုလျှော့ချကာ ဟိုက်ဒရိုကာဗွန် အရည်ကို ထုတ်ယူတာပါ။
အခုလိုမျိုးလေ့လာ တွေ့ရှိမှုဟာ တကယ့်ကိုပဲ အောင်မြင်မှုကြီးတစ်ခုပါ။ ဒီလိုအောင်မြင်မှုကြီးရ လာဖို့ဆိုရင် လက်တွေ့အကောင်အထည်ဖော်သူများနဲ့ အယူအဆသမားတို့ကြား အကောင်းဆုံးပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ခဲ့ကြရတာဖြစ်တယ်လို့ စင်ကာပူအမျိုးသားတက္ကသိုလ် ဓာတုဗေဒဌာနမှ တွဲဖက်ပါမောက္ခဘွန်ဆန်းယိုက ပြောထားပါတယ်။
အခုဖြစ်စဉ်မှာ ပညာရှင်များအနေနဲ့အသုံးပြုတဲ့ နည်းလမ်းက လျှပ်စစ်ဓာတ်ခွဲနည်းဖြစ်ပါတယ်။
ဒီနည်းလမ်းထဲမှာ ကာဗွန်အက်တမ်ငါးလုံးနဲ့အထက် ရှိတဲ့ ဟိုက်ဒရိုကာဗွန်ပမာဏကို သိသိသာသာတိုး မြှင့်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ သမားရိုးကျနည်း လမ်းနဲ့နှိုင်းယှဉ်ရင် ရာခိုင်နှုန်း ၄၀၀ ကျော်တိုးတက် မှုရရှိလာတာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ဒါ့အပြင် နီကယ်ဓာတ်ကူပစ္စည်းထဲမှာပါဝင်တဲ့ ဖလိုရိုက်ကလည်း အောက်ဆီဂျင်ဓာတ်ပြုမှုအခြေ အနေကိုထိန်းချုပ်ရာမှာ ကူညီပေးပြန်ပါတယ်။ ဒီလို ကူညီပေးမှုကြောင့် ပိုမိုရှည်လျားတဲ့ဟိုက်ဒရိုကာဗွန်ကွင်းဆက်ဖြစ်ပေါ်လာရတာပါ။ ဒီနေရာမှာ သုတေ သနပညာရှင်များအနေနဲ့ လျှပ်စစ်စွမ်းအင်ကိုအသုံး ပြုခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်မှ တိကျစွာ ထိန်းချုပ်ထားတဲ့ ဟိုက်ဒရိုကာဗွန်ဖွဲ့စည်းပုံကို ထွက် ပေါ်လာစေတဲ့နည်းလမ်းကို ဖော်ထုတ်လိုက်နိုင်တာ လည်းဖြစ်ပါတယ်။
ဒီနည်းလမ်းဟာ လေကြောင်းသယ်ယူပို့ဆောင် ရေးအတွက်လိုအပ်နေတဲ့ လေယာဉ်ဆီများကိုထုတ် လုပ်ပေးနိုင်မည်သာမက ဓာတုဗေဒဆိုင်ရာရှေ့ပြေး နိမိတ်ကိုထွက်ပေါ်နိုင်စေဖို့အတွက် အခွင့်အလမ်း အသစ်များကိုဖန်တီးပေးရာလည်းရောက်တယ်လို့ ပညာရှင်များကပြောထားပါတယ်။

ပင်လယ်စင်ရော်တွေဆိုတာ တောင်ပံ တစ်ချက်ဖြန့်လိုက်ရုံနဲ့ အလွန်ဝေး ကွာတဲ့ခရီးရှည်ကြီးကို ပျံသန်းနိုင်သူ တွေပါ။ ကမ္ဘာ့အကြီးဆုံးငှက်မျိုးစိတ်ဝင်တစ်မျိုးဖြစ် တဲ့ပင်လယ်စင်ရော်တွေရဲ့အတောင်ပံအလျားက ၁၁ ပေအထိရှိပါတယ်။ ဒါကြောင့်လည်း သူတို့တွေဟာ သမုဒ္ဒရာတွေကိုတောင်မှ ဖြတ်ကျော်ပျံသန်းမှုတွေ လုပ်နိုင်တာပါ။ သူတို့ရဲ့စွမ်းဆောင်ရည်တစ်ခုက သူ တို့အနေနဲ့ တောင်ပံတစ်ချက်မခတ်ဘဲနဲ့ ဝေးကွာလှ တဲ့ခရီးကိုသွားနိုင်တာဖြစ်ပါတယ်။ ဒီအချက်က တကယ့်ကိုစိတ်ဝင်စားစရာပါပဲ။

အမေရိကန်နိုင်ငံမှ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ဆာမီအယ်ဆာဆိုသူဟာ ပင်လယ်စင်ရော်ရဲ့ပုံစံကို အတုယူပြီး မောင်းသူမဲ့လေယာဉ်များ ဖန်တီးပေးဖို့အတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကနေ ရန်ပုံငွေအဖြစ် ဒေါ်လာခုနစ်သိန်း ရရှိထားပါတယ်။ သူဖန်တီးပေးရမယ့်နည်းပညာကိုတော့ ဇီဝဗေဒဖြစ် တည်မှုနဲ့သဏ္ဌာန်တူအရာဝတ္ထုနည်းပညာလို့အမည် ပေးထားပါတယ်။
ပင်လယ်စင်ရော်တွေအနေနဲ့ အခုလောက်အထိ ဝေးကွာတဲ့ခရီးမိုင်တွေကို ကောင်းစွာ ပျံသန်းနိုင်ခြင်းဟာ ရွေ့လျားအား အသုံးပြုဝဲပျံခြင်း နည်းစနစ်ကို သုံးထားလို့ဖြစ်ပါတယ်။ ပင်လယ်စင်ရော်တွေက ပထမ ဆုံးလေနဲ့အတူစီးမျောလိုက်ပါတယ်။ ရွက်လှေလိုမျိုး ပေါ့။ အဲဒီကနေမှတစ်ဆင့် အမြင့်ကိုတက်နိုင်ကာ လျင်မြန်လှတဲ့ လေစီးကြောင်းထဲကိုဝင်ရောက်သွား ခြင်းအားဖြင့် ပျံသန်းမှုကိုလုပ်ဆောင်တာဖြစ်ပါတယ်။
ဒါကြောင့် ပင်လယ်စင်ရော်များက တောင်ပံကိုတစ်ချက်မခတ်ရပါဘဲ လေထဲမှာအချိန်ကြာမြင့်စွာ နေနိုင်နေတာပါ။
“ပင်လယ်စင်ရော်တွေက တကယ့်ကိုအံ့ဩဖို့ ကောင်းတဲ့ငှက်တွေခင်ဗျ။ သူတို့ကိုလေ့လာမှုအရ ပြောရမယ်ဆိုရင် သူတို့တစ်သက်တာမှာပျံသန်းတဲ့ မိုင်ပေါင်းအရေအတွက်က ကမ္ဘာနဲ့လရဲ့ကြားမှာရှိတဲ့ အကွာအဝေးရဲ့အဆ ၂၀ လောက်ကိုရှိတာပါ။ ကမ္ဘာ့ အဆင့်မြင့်ကွန်ပျူတာတွေက အကောင်းဆုံးပျံသန်းမှု လမ်းကြောင်းကို အချိန်နဲ့တစ်ပြေးညီမထုတ်ပေးနိုင် သေးပေမယ့် ပင်လယ်စင်ရော်တွေကတော့ သူတို့ရဲ့ နှာခေါင်းအကူအညီနဲ့ ပျံသန်းမှုလမ်းကြောင်းမှန်ကို ကောင်းစွာတွက်ချက်နိုင်ပါတယ်” လို့ ဆာမီအယ်ဆာ ကပြောပါတယ်။
ပင်လယ်စင်ရော်များက လေကိုစွမ်းအင်အဖြစ် အသုံးချသွားချိန်မှာ မောင်းသူမဲ့လေယာဉ်များက လည်း လေကိုအားသာချက် တစ်ခုအဖြစ် အသုံးချ နိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုမျိုးအသုံးချနိုင်မယ်ဆိုရင် သာမန်မောင်းသူမဲ့လေယာဉ်များနဲ့နှိုင်း ယှဉ်ပါက စွမ်းအင်အသုံးပြုမှုလည်း လွန်စွာနည်းပါး စေမှာပါ။ နောက်တစ်ချက်က အခုလေ့လာမှုအောင်မြင်သွားရင် လေကြောင်းအာကာသနည်းပညာကိုလည်း ပိုမိုတိုးတက်လာစေမှာဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

မှန်တွေဆိုတာ အဆောက်အအုံတစ်လုံးရဲ့ အလှအပကိုဖော်ကျူးပေးသလို ညစ်ပေ သွားပြီဆိုရင်လည်း အဲဒီအဆောက်အအုံ ရဲ့အလှအပကို အရုပ်ဆိုးအကျည်းတန်စေပါတယ်။ ဒါကြောင့် မှန်တပ်ထားတဲ့အဆောက်အအုံတွေမှာ ဆိုရင် မှန်တွေအတွက် သန့်ရှင်းရေးကို တကူးတက အချိန်ပေးပြီးလုပ်ကြရတာပါ။ အဲဒီလိုသန့်ရှင်းရေး လုပ်ရတဲ့အတွက် ရေလည်းကုန်သလို ဓာတုပစ္စည်း တွေကိုလည်းအသုံးပြုရပါတယ်။ တစ်နည်းပြောရရင် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိလာ တာပေါ့။

ဒါကြောင့် တရုတ်သိပ္ပံပညာရှင်များက ဘယ်လိုအရင်းအမြစ်မှမလိုအပ်ဘဲ အလိုအလျောက်သန့်ရှင်း ရေးလုပ်ပေးနိုင်မယ့် မှန်အမျိုးအစားကို ဖန်တီးလိုက်ပါတယ်။ ဒီမှန်ကိုဖန်တီးလိုက်သူများက ကျဲကျန်း တက္ကသိုလ်မှ ပညာရှင်များ ဖြစ်ပါတယ်။ သူတို့ဖန်တီးလိုက်တဲ့မှန်က လျှပ်စစ်စက်ကွင်းတွေကို အသုံးပြုထားတာဖြစ်ပြီး တခြားဓာတုပစ္စည်းတွေကိုအသုံး ပြုထားခြင်းမျိုး မရှိပါဘူး။ ဒါဟာ လူအများစုရင်ဆိုင် ကြုံတွေ့နေရတဲ့ ပြဿနာကြီးတစ်ရပ်ကို ရိုးရှင်းပြီး ထိရောက်မှုရှိစွာ ဖြေရှင်းလိုက်နိုင်ခြင်းလည်း ဖြစ်ပါတယ်။
သူတို့ရဲ့လက်တွေ့စမ်းသပ်မှုများမှာဆိုရင် လျှပ်စစ်ဓာတ်အားပေးထားတဲ့ အမှုန်လေးများက တခြားသောလျှပ်စစ်စက်ကွင်းနဲ့တွေ့တဲ့အခါမှာ မမျှော်လင့်ထားတဲ့နည်းလမ်းများနဲ့ တုံ့ပြန်နိုင်တယ်ဆိုတာကို တွေ့ရပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် လျှပ်စစ်ဓာတ် အားပေးထားတဲ့အမှုန်လေးများက ဘေးတိုက်သွားရမယ့်အစား ပြောင်းပြန်ဦးတည်ချက်အတိုင်းသွား တာကိုလည်းတွေ့ရပါတယ်။ ဒါ့အပြင် မျက်နှာပြင် တစ်ခုလုံးပြည့်အောင် ခုန်ပြီးသွားတာကိုလည်းတွေ့ ရပါတယ်။
ဒါကြောင့် တရုတ်သိပ္ပံပညာရှင်များက အထူအားဖြင့် သုည ဒသမ ၆၂ မီလီမီတာသာရှိတဲ့ ဖောက်ထွင်း မြင်မှန်တစ်မျိုးကို ဖန်တီးတီထွင်ပြီး အဲဒီထဲမှာလျှပ်စစ်စက်ကွင်းထည့်ကာ စမ်းသပ်ကြည့်တဲ့အခါ အဲဒီမှန်က သူ့အပေါ်မှာလာတင်တဲ့ အမှုန်အားလုံးကို ၉၈ ရာခိုင်နှုန်းအထိ ပြောင်စင်အောင်သန့်ရှင်းပေးနိုင်တယ်ဆိုတာ မြင်တွေ့လိုက်ရပါတယ်။
အခုဖန်တီးလိုက်တဲ့မှန်က သူ့အပေါ်မှာလာတင် နေတဲ့အမှုန်များကို ဖယ်ရှားပေးရုံသာမက နောက်ထပ်အမှုန်တွေ ထပ်မတင်အောင်လည်း တားဆီးကာကွယ်ပေးနိုင်ပါတယ်။ အကြောင်းရင်းကတော့ လျှပ်စစ်စက်ကွင်းကို ဖွင့်ထားတဲ့အခါ မှန်ဆီကိုပြေးဝင်လာတဲ့အမှုန်များက မှန်အနားကိုပင်မကပ်နိုင်ဘဲ လွင့်သွားရလို့ဖြစ်ပါတယ်။ ဒါကြောင့် အခုဖန်တီး လိုက်တဲ့မှန်ဟာ သန့်ရှင်းရေးလုပ်ဖို့ အလွန်လိုအပ်လှတဲ့ ဖန်သားပြင်တွေနေရာမှာ အစားထိုးနိုင်မယ့် မှန်တွေဖြစ်လာမှာ ဖြစ်ပါတယ်။