သတင်းများ

အနာဂတ်တိုက်ပွဲများအတွက် မျှော်မှန်းထုတ်လုပ်မယ့် ဥရောပရဲ့ ပဉ္စမမျိုးဆက် ပင်မတိုက်ပွဲဝင်တင့်

အမေရိကန်ရဲ့စစ်လက်နက်ပစ္စည်းများ ကိုအဓိကမှီခိုနေရတဲ့ ဥရောပဟာ သူတို့ ကိုယ်သူတို့အားကိုးတဲ့အနေနဲ့ စစ်လက်နက်ပစ္စည်းများကို အဆင့်မြှင့်တင် ထုတ်လုပ်ဖို့ကြိုးပမ်းလာနေပါတယ်။ ဒီလိုမျိုး ကြိုးပမ်းတဲ့ အထဲမှာ ပဉ္စမမျိုးဆက်ပင်မ တိုက်ပွဲဝင်တင့်လည်း အပါအဝင်ဖြစ်ပါတယ်။

အဲဒီတင့်ကိုထုတ်လုပ်ဖို့အတွက် ဥရောပကာကွယ်ရေး ရန်ပုံငွေထဲကနေယူရိုသန်း ၂၀  ထုတ်ယူသုံးစွဲထားတာဖြစ်ပြီး ထွက်ပေါ်လာမယ့်တင့်ကအနာဂတ်စိန်ခေါ်မှုများကို လိုက်လျောညီထွေရှိစွာ တုံ့ပြန်နိုင်စေမယ့် တင့်ထွက် ရှိလာဖို့ ရည်ရွယ်ထားတာပါ။

ဒီတင့်ကိုအဓိကထုတ်လုပ်မယ့်သူက ဂျာမနီရဲ့ KNDS Deutschland နဲ့ Rhein-metall Landsysteme တို့ဖြစ်ပါတယ်။

သူတို့က    ပူးပေါင်းဆောင်ရွက်တာပါ။ ဒါ့အပြင်  လိုအပ်တဲ့နည်းပညာအတွက် ဥရောပရဲ့ နာမည်ကြီးကုမ္ပဏီကလည်း ပူးပေါင်းပါဝင်ထားပါတယ်။

အဲဒီတင့်ရဲ့ ထူးခြားချက်ကတော့ ဒစ်ဂျစ်တယ်စနစ်နဲ့သွားတာပါ။ တစ်ခုနဲ့တစ်ခုကွန်ရက် ချိတ်ဆက်ပြီး  ရရှိလာတဲ့သတင်း အချက်အလက်တွေကို ပေါင်းစပ်၍ အောင်မြင်မှုကို ရယူသွားမှာဖြစ်ပါတယ်။ ဒါ့အပြင်     လျှပ်စစ်စွမ်းအင်နဲ့မောင်းနှင် လည်ပတ်သွားမှာဖြစ်ပါတယ်။

MWD Web Portal

EV အသိပညာများကို ပြည်သူများအပါအဝင် EV Stakeholder များ၏ လက်ဝယ်အရောက် ထိရောက်ကျယ်ပြန့်စွာ ဖြန့်ဝေပေးနိုင်ရေး အလေးထားဆောင်ရွက်ရန်မှာကြား

နေပြည်တော် ဇူလိုင် ၅

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ညနေပိုင်းတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (TTTC ဘယ်လင်း)တွင် ကျင်းပသည့် EV ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၂/၂၀၂၅)ဆင်းပွဲအခမ်းအနားကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီးက သင်တန်း ဆင်းများသည် EV နည်းပညာများကို လုပ်ငန်းခွင်များတွင် အကျိုးရှိစွာ ပြန်လည်အသုံးချကြရန်နှင့် EV အသိပညာများကို ပြည်သူများအပါအဝင် EV Stakeholder များ၏ လက်ဝယ်အရောက် ထိရောက်ကျယ်ပြန့်စွာ ဖြန့်ဝေပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန်၊ နိုင်ငံ့ EV ကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် သင်တန်းဆင်း တစ်ဦးက သင်တန်းဆင်းများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး (TTTC ဘယ်လင်း) ကျောင်းအုပ်ကြီးက သင်တန်းဆင်းများထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

သင်တန်းတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ UNR 100 ၊ ဗို့အားမြင့်မောင်းနှင်ခြင်းစနစ်၊ ဘက်ထရီနည်းပညာ၊ ထိန်းချုပ်စနစ်၊ Special Hand Tools ကိုင်တွယ် အသုံးပြုပုံ၊ ပြစ်ချက်ရှာဖွေခြင်းနှင့် စမ်းသပ်ခြင်း၊ Traction Battery ဖြုတ်တပ်ခြင်းနှင့်စမ်းသပ်ခြင်း၊ Electrical Power Train စနစ်ဖြုတ်တပ်ခြင်းနှင့် စမ်းသပ်ခြင်းဆိုင်ရာ လက်တွေ့လုပ်ငန်းများကို အဆင့်မြင့်သင်ထောက်ကူမော်ကျူးများဖြင့် Electude Digital Learning Management System နှင့် တွဲဖက်ပြီး ဇွန် ၁၆ ရက် မှ ဇူလိုင် ၄ ရက်အထိ သင်တန်း ကာလ သုံးပတ်အတွင်း တစ်ပတ် လျှင်ငါးရက်၊ တစ်ရက်လျှင် ခြောက်နာရီနှုန်းသင်တန်းချိန် နာရီ ၉၀ ဖြင့် လေ့ကျင့်ပေးခဲ့ပြီး နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ EV ကုမ္ပဏီများနှင့် ကားဝပ်ရှော့များမှ သင်တန်းသား ၂၀ နှင့် ဌာနဆိုင်ရာ သင်တန်းသားခုနစ်ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

MOI

ဝါရှင်တန်   ဇူလိုင်

31/Atlas ဟူ၍ အမည်ပေးထားသည့် နေအဖွဲ့အစည်းအတွင်း ဝင်ရောက်လာသည့် တတိယမြောက် ကြယ်တာရာဟင်းလင်းပြင်ဖြတ် အာကာသဒြပ်ထည်သည် ကြယ်တံခွန်တစ်စင်းဖြစ်နိုင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များက ပြောကြားသည်ဟု ဇူလိုင်  ရက် သတင်းများအရ သိရသည်။

31/Atlas ကြယ်တာရာဟင်းလင်းပြင်ဖြတ် ကြယ်တံခွန်သည် လက်ရှိအချိန်တွင် အင်္ဂါဂြိုဟ်၏ နေပတ်လမ်းကိုကျော်ဖြတ်၍ နေအဖွဲ့အစည်းအတွင်း ဆက်လက်တိုးဝင်နေကြောင်း သိပ္ပံပညာရှင်များ၏ အဆိုအရ သိရသည်။

31/Atlas ကြယ်တံခွန်သည် အရွယ်အစားအားဖြင့် အချင်း ၁၀ ကီလိုမီတာမှ ကီလိုမီတာ ၂၀ ထိရှိနိုင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များက တွက်ချက်ထားကြောင်း သိရသည်။

နေအဖွဲ့အစည်းအတွင်း ဝင်ရောက်ခဲ့ဖူးသော ပထမဆုံးကြယ်တာရာ ဟင်းလင်းပြင်ဖြတ် အာကာသဒြပ်ထည်မှာ အိုမူအာမူအာ ဂြိုဟ်သိမ်ဖြစ်ပြီး ဒုတိယမြောက် အာကာသဒြပ်ထည်မှာ 21/Borisov ကြယ်တံခွန်ဖြစ်ကြောင်းသိရသည်။

ရတနာပုံသတင်းစာ

iPhone 18 နဲ့အတူပွဲထွက်လာမယ့် iPhone ခေါက်ဖုန်းရှေ့ပြေးပုံစံကို စမ်းသပ်နေ

အချိန်များစွာကြာသည်အထိ ကောလာ ဟလအဖြစ်ထွက်ပေါ်ခဲ့တဲ့ iPhone ခေါက် ဖုန်းရဲ့ရှေ့ပြေးပုံစံကို လက်တွေ့စမ်းသပ်မှုတွေလုပ်နေပြီလို့ သတင်းတွေကြားနေရ ပါတယ်။ ဒါ့အပြင် အဲဒီဖုန်းကို လာမယ့်နှစ် မှာထုတ်လုပ်မယ့်   iPhone 18 နဲ့အတူ ပွဲထုတ်သွားမယ်လို့လည်း ခန့်မှန်းရပါတယ်။

ဒီလိုမျိုးရှေ့ပြေးပုံစံစမ်းသပ်မှုက ဒီနှစ် အကုန်ပိုင်းမှာ အပြီးသတ်ဖွယ်ရှိတယ်လို့ Apple နဲ့ပတ်သက်နေတဲ့ သတင်းအရင်း အမြစ်တချို့က ထုတ်ဖော်ပြောလာတာပါ။ အခုလုပ်မယ့်   ရှေ့ပြေးပုံစံစမ်းသပ်မှုကို အင်ဂျင်နီယာ ပိုင်းဆိုင်ရာ အသိအမှတ်ပြုစမ်းသပ်မှုလို့ခေါ်ပါတယ်။ ဒီစမ်းသပ်မှုမှာ အားလုံးက မျှော်မှန်းထားတဲ့အတိုင်းဖြစ်တယ်ဆိုရင် ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာ သမားရိုးကျ iPhone 18 နဲ့အတူ ပွဲထွက်လာမှာကို မြင်တွေ့ရနိုင်ခြေ ရှိတယ်လို့ သတင်း အရင်းအမြစ်တွေက ပြောထားပါတယ်။

iPhone ခေါက်ဖုန်းဟာ ၇ ဒသမ ၈ လက်မရှိမယ့် OLED Display နဲ့ထွက်ရှိ လာမှာဖြစ်ပြီး လက်ဗွေစနစ်ကိုကိုယ်ထည် ဘေးမှာတပ်ဆင်ကာ Face ID တော့ပါဝင် မှာမဟုတ်ဘူးလို့ဆိုပါတယ်။ သူ့ရဲ့ထူးခြားချက်တစ်ခုက ဖုန်းကိုခေါက်ထားချိန်မှာ အထူက ၉ မီလီမီတာ ဝန်းကျင်သာရှိမှာ ဖြစ်ပါတယ်။

Apple က ခေါက်ချိုးနိုင်တဲ့ iPad ကိုပါ ထုတ်လုပ်ဖို့အတွက် မူလကရည်မှန်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီဇိုင်းပိုင်းဆိုင်ရာ အခက်အခဲများ၊ ထုတ်လုပ်မှုဆိုင်ရာ အခက်အခဲများကြောင့်  ဒီအစီအစဉ်ကို ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။

Sp ARCS 1049 ကြယ်စုအစုအဝေးတစ်ခုမှ ထုတ်လွှတ်လိုက်သည့် ထူးဆန်းသည့်ရေဒီယိုလှိုင်းများကို သိပ္ပံပညာရှင်များ ထောက်လှမ်းတွေ့ရှိခဲ့

ဝါရှင်တန် ဇူလိုင် ၃

SP ARCS 1049 အမည်ရှိ ကြယ်စု အစုအဝေး တစ်ခုမှ ထုတ်လွှတ်လိုက်သော ထူးဆန်းသည့် ရေဒီယိုလှိုင်းများကို သိပ္ပံပညာရှင်များက ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ဇူလိုင် ၂ ရက် သတင်း များအရ သိရသည်။

အဆိုပါရေဒီယိုလှိုင်းများသည် Sp ARCS 1049 ကြယ်စုအစုအဝေး အတွင်းရှိ စွမ်းအင်ဆောင်ရုပ်မှုန် များ၊လျှပ်စစ်သံလိုက်စက်ကွင်း များ ပြည့်နေသည့် နေရာတစ်ခုမှ ပေါ်ထွက်လာခြင်းဖြစ်သည်။

၎င်းရေဒီယိုလှိုင်းများသည် ကမ္ဘာဂြိုဟ်သို့ ရောက်ရှိရေး အတွက် နှစ်ပေါင်း ၁ဝ ဘီလီယံထိ အချိန်ယူခဲ့ရကြောင်း အမေရိကန် နိုင်ငံ ဒါဟမ်းတက္ကသိုလ်မှ သိပ္ပံ ပညာရှင်များက ပြောကြားသည်။ 

အမေရိကန်သိပ္ပံပညာရှင်များ သည် လော့ဖာအမည်ရှိ ရေဒီယို တယ်လီစကုပ်ကွန်ရက်ကို အသုံး ပြု၍ အထက်ပါရေဒီယိုလှိုင်းများ ကို ထောက်လှမ်းတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လော့ဖာရေဒီယိုတယ်လီ စကုပ်ကွန်ရက်သည် ဥရောပနိုင်ငံ ရှစ်နိုင်ငံတို့၌ ထားရှိသည့် ရေဒီယို အင်တာနာစနစ် ၁၀ဝဝဝဝ တို့ဖြင့် ဖွဲ့စည်းထားသည့် ရေဒီယိုတယ်လီ စကုပ်ဖြစ်သည်။

Sp ARCS 1049 ကြယ်စု အစုအဝေးမှ ထုတ်လွှတ်လိုက်သော ရေဒီယိုလှိုင်းများကို လေ့လာခြင်း ဖြင့် စကြဝဠာကြီး ဖွဲ့စည်းဖြစ်ပေါ် ပုံအစပိုင်းကာလနှင့်ပတ်သက်၍ သဲလွန်စများ တွေ့ရှိနိုင်ကြောင်း သုတေသန ပညာရှင်များက ပြောကြားသည်။

Ref: Sputnik News

Trs: KKO

နေအဖွဲ့အစည်းပြင်ပရှိ အေးမြသည့်ဂြိုဟ်သစ်တစ်စင်းကို နာဆာကလွှတ်တင်ထားသော တက်စ်ဂြိုဟ်တု၏အကူအညီဖြင့် သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိထား

ဝါရှင်တန် ဇူလိုင် ၃

နေအဖွဲ့အစည်းပြင်ပရှိ အေးမြသည့် ဂြိုဟ်သစ်တစ်စင်းကို အမေရိကန်အစိုးရ အမျိုးသားလေကြောင်းနှင့် အာကာသစီမံခန့်ခွဲရေးအေဂျင်စီ (နာဆာ)က လွှတ် တင်ထားသော တက်စ်ဂြိုဟ်တု၏ အကူအညီဖြင့် သိပ္ပံပညာရှင်များ က ရှာဖွေတွေ့ရှိထားကြောင်း ဇူလိုင် ၂ ရက် သတင်းများအရ သိရသည်။

TOI-4465 b အမည်ရှိ အဆိုပါ နေအဖွဲ့အစည်းပြင်ပ ဂြိုဟ်သစ်သည် ကမ္ဘာမြေနှင့် အလင်းနှစ်၄၀၀ ခန့်တွင် တည်ရှိကြောင်း သိရသည်။ 

TOI -4465 b ဂြိုဟ်သည် ဒြပ်ထုအားဖြင့် ကြာသပတေးဂြိုဟ် ဒြပ်ထုထက် ခြောက်ဆပိုများပြီး အရွယ်အစားအရ ကြာသပတေး ဂြိုဟ်ထက် ၁ ဒသမ ၂၅ ဆ ပိုကြီးမားကြောင်း သိပ္ပံပညာရှင်များ ပြောကြားသည်။

၎င်းဂြိုဟ်သည် TOI-4465 အမည်ရှိ ကြယ်ကို ကမ္ဘာနှင့် နေအကြား အကွာအဝေး၏ သုည ဒသမ ၄ ဆ အကွာမှတစ်ဆင့် ဗဟိုပြု၍ ကမ္ဘာမြေ ရက်အားဖြင့် ၁၀၂ ရက်လျှင် တစ်ပတ်ကျ လှည့်ပတ်လျက်ရှိသည်။

TOI- 4465 b ဂြိုဟ်၏ မျက်နှာပြင် အပူချိန်မှာ ၂၀၀ ဒီဂရီဖာရင် ဟိုက်နှင့် ၄၀၀ ဒီဂရီဖာရင်ဟိုက် ကြားရှိကြောင်း သိပ္ပံပညာရှင်များ က တွက်ချက်ထားသည်။

သို့ဖြစ်ရာ TOI-4465 b ဂြိုဟ်သည် အရွယ်အစားလွန်စွာကြီးမား၍ သိပ်သည်းဆကြီးမားသော်လည်း အထိုက်အလျောက်အေးမြ သည့် ရှားပါးဂြိုဟ်တစ်စင်းဖြစ် ကြောင်း သိပ္ပံပညာရှင်များက သုံးသပ်ထားသည်။

Ref: Russia Today

YDNB Newspaper

အနောက်နိုင်ငံများမှကုမ္ပဏီကြီးများ တရုတ်ထုတ် AI ကို ပြောင်းလဲ အသုံးပြုလာ

Wall Street ဂျာနယ်၏ သတင်းထုတ်ပြန်ချက်အရ အနောက်နိုင်ငံ ကုမ္ပဏီကြီးများသည် တရုတ်၏ AI မော်ဒယ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်းဖြင့် အမေရိကန်၏ AI ဈေးကွက်ကြီးစိုးမှုကို စိန်ခေါ်လျက်ရှိပြီး ကမ္ဘာ့ AI လုပ်ငန်းတွင် အမေရိကန်၏ အမြတ်အစွန်းများကိုပါ ခြိမ်းခြောက်လာနေသည်။

ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂) ထုတ် WSJ အစီရင်ခံစာအရ HSBC၊ Standard Chartered နှင့် Saudi Aramco အပါအဝင် အဓိကကုမ္ပဏီကြီးများသည် DeepSeek နှင့် Alibaba တို့ဖန်တီးထုတ်လုပ်ထားသော တရုတ် AI စနစ်များကို စမ်းသပ်အသုံးပြုလာကြသည်။ အမေရိကန်အခြေစိုက် Cloud ဝန်ဆောင်မှုများဖြစ်သည့် Amazon Web Services၊ Microsoft နှင့် Google တို့ပင် ၎င်းတို့၏ဖောက်သည်များအတွက် DeepSeek ကို ဝန်ဆောင်မှုပေးနေကြပြီး အိမ်ဖြူတော်၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက် များကို ကျော်လွန်နေသည်။

တရုတ် AI ကုမ္ပဏီများသည် အမေရိကန်၏ ထိပ်တန်း AI မော်ဒယ်များ နှင့် ရည်ရွယ်ချက်တူညီသော်လည်း ကုန်ကျစရိတ်အလွန်သက်သာသည့် စွမ်းဆောင်ရည်များကို ပေးစွမ်းနိုင်ခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ စိတ်ဝင်စားမှု မြင့်တက်လာခြင်းဖြစ်သည်။ Sensor Tower သုတေသန အဖွဲ့အစည်း၏ အချက်အလက်များအရ ChatGPT သည် ဒေါင်းလုဒ်ဆွဲယူမှု ၉၁၀ သန်း ရှိပြီး DeepSeek သည် အချိန်တိုအတွင်း ၁၂၅ သန်းအထိ ရောက်ရှိပြီ ဖြစ်သည်။

တရုတ် AI ဖွံ့ဖြိုးရေးကုမ္ပဏီများသည် ၎င်းတို့၏ AI မော်ဒယ်များကို open-source အဖြစ်ထုတ်ပေးခြင်းဖြင့် ကမ္ဘာတစ်ဝှမ်းရှိ အသုံးပြုသူများအား အလွယ်တကူ စိတ်ကြိုက်ပြင်ဆင်အသုံးပြုနိုင်စေရန် အားပေးလျက် ရှိသည်။

တောင်အာဖရိကရှိ Witwatersrand တက္ကသိုလ်သည် DeepSeek ၏ Offline အလုပ်လုပ်နိုင်စွမ်းနှင့် open-source ချိန်ညှိနိုင်မှုတို့ကြောင့် ၎င်းကို စမ်းသပ်သုတေသနစီမံကိန်းတစ်ခုအတွက် ရွေးချယ်ခဲ့သည်။ အလားတူပင် ဂျပန်၏ စီးပွားရေးဝန်ကြီးဌာနသည် အမေရိကန်ထုတ် AI မော်ဒယ်များအစား Alibaba ၏ Qwen မော်ဒယ်ကို ရွေးချယ် အသုံးပြု ခဲ့သည်။ Latenode ကဲ့သို့သော ပလက်ဖောင်းများတွင် ကမ္ဘာတစ်ဝှမ်းရှိ အသုံးပြုသူများ၏ ငါးပုံတစ်ပုံခန့် သည် AI ကိရိယာများ တည်ဆောက် ရာတွင် DeepSeek ကို ပိုမိုနှစ်သက်လာကြောင်း သိရသည်။

စက်မှုလုပ်ငန်းကျွမ်းကျင်သူများက အဆိုပါအလေ့အထသည် အမေရိကန် ၏ ကမ္ဘာလုံးဆိုင်ရာ AI စံနှုန်းများသတ်မှတ်ရေး ဩဇာလွှမ်းမှုကို လျော့နည်း စေနိုင်ကြောင်း သုံးသပ်ထားသည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

Mytel မှ ပထမဦးဆုံး AI နည်းပညာသုံး Brand Ambassador အဖြစ် “Mi Mi” နှင့် “Mike Mike” တို့ကိုမိတ်ဆက်

မြန်မာနိုင်ငံ၏ ထိပ်တန်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သော Mytel သည် ဇွန်လ (၉) ရက်တွင် Mytel (၇)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားနှင့်အတူ Mytel၏ ပထမဦးဆုံး AI နည်းပညာသုံး Brand Ambassador များဖြစ်ကြသော “Mi Mi” နှင့် “Mike Mike” တို့ကို အောင်မြင်စွာ တရားဝင် မိတ်ဆက်ခဲ့သည်။

“Mi Mi” နှင့် “Mike Mike” တို့ကို မိတ်ဆက်ခြင်းသည် ရုပ်ပုံများ ထည့်သွင်းခြင်းသက်သက်မဟုတ်ဘဲ၊ Mytel ၏ သုံးစွဲသူများနှင့် ပိုမိုအပြန်အလှန်ချိတ်ဆက်နိုင်ရန်၊ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုနှင့် ပိုမိုထိရောက်သော ဆက်ဆံရေးများအတွက် AI နည်းပညာကို ကောင်းမွန်စွာ အသုံးချခြင်းဖြစ်သည်။

“Mi Mi” နှင့် “Mike Mike” တို့ဟာ Mytel နဲ့ သုံးစွဲသူတွေကြားကို ချိတ်ဆက်ပေးမှာဖြစ်သလို၊ ဝန်ဆောင်မှုတွေ ပေးမယ်၊ ဗဟုသုတတွေ မျှဝေပေးမယ်၊ ပြီးတော့ သုံးစွဲသူတွေရဲ့ ပြဿနာတွေကိုလည်း ကူညီဖြေရှင်းပေးသွားမှာ ဖြစ်ပါတယ်။

သုံးစွဲသူတွေနဲ့ အပြန်အလှန် ဆက်သွယ်ပြောဆိုခြင်း၊ Mytel ရဲ့ ဝန်ဆောင်မှုအသစ်များ မိတ်ဆက်ခြင်း၊ ပျော်စရာကောင်းတဲ့ လှုပ်ရှားမှုတွေနဲ့ ပရိုမိုးရှင်းတွေမှာ အတူတကွ ပူးပေါင်းပါဝင်ခြင်းတွေကို “Mi Mi” နှင့် “Mike Mike” တို့က Mytel ရဲ့ ကိုယ်စားလှယ်တွေအဖြစ် အတူတကွ လုပ်ဆောင်သွားကြမှာပါ။ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ပိုမိုနားလည်နိုင်ဖို့နဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ အမြဲတမ်း ပူးပေါင်းဆောင်ရွက်သွားမှာပါ။ “Mi Mi” နှင့် “Mike Mike” တို့ကို သင့်ရဲ့ သူငယ်ချင်းကောင်း၊ အကူအညီပေးသူနဲ့ ပျော်ရွှင်မှုတွေ မျှဝေပေးသူအဖြစ် မြင်စေချင်ပါတယ်။ Mytel ရဲ့ နည်းပညာအသစ်တွေ၊ ဝန်ဆောင်မှုတွေနဲ့ ပရိုမိုးရှင်းတွေကို အတူတူ လေ့လာပြီး ရှေ့ဆက်မယ့် ခရီးစဉ်မှာ ပါဝင်ဖို့ ဒီကနေပဲ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။

“Mi Mi” နှင့် “Mike Mike” တို့နဲ့အတူ Mytel ရဲ့ Brand Awareness ကို မြှင့်တင်ဖို့နဲ့ သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝတွေကို ပိုမိုလွယ်ကူချောမွေ့စေဖို့ ဆောင်ရွက်သွားမှာပါ။ ဒါကြောင့် Mytel ရဲ့ AI Brand Ambassador များဖြစ်တဲ့ “Mi Mi” နှင့် “Mike Mike” တို့နဲ့အတူ ဒီစိတ်လှုပ်ရှားစရာ ခရီးစဉ်မှာ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။

Popular Myanmar

ဇူကာဘတ်က နည်းပညာအသစ် 'Superintelligence Laboratory' ကို မိတ်ဆက်

Meta CEO မတ်ခ် ဇူကာဘတ်က လူသားစွမ်းရည်ထက် သာလွန်သည့် AI စနစ်များ တည်ဆောက်ရန် ရည်ရွယ်ထားသော "Meta Superintelligence Labs (MSL)" အစီစဉ်သစ်ကို ကြေညာခဲ့သည်။ ဇွန်လ ၁ ရက်နေ့တွင် ကြေညာခဲ့သည့် အဆိုပါလုပ်ငန်းစဉ်သည် Meta ၏ အဓိက AI သုတေသနနှင့် ထုတ်လုပ်မှုအဖွဲ့များကိုစုစည်းကာ "လူတိုင်းအတွက် စူပါ ဉာဏ်ရည်မြင့် AI" ကို ရရှိရန် ရည်မှန်းထားသည်။

ယင်းနည်းပညာမြှင့်တင်မှု အစီစဉ်သစ်ကို Scale AI ၏တည်ထောင်သူ နှင့် အသက် ၂၈ နှစ်သာ ရှိသေးသည့် Alexandr Wang ဦးဆောင်မည် ဖြစ်ပြီး ၎င်းသည် Meta ၏ အကြီးတန်း AI အရာရှိချုပ် (Chief AI Officer) အဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ Meta က Wang ၏ ဒေတာ စီမံခန့်ခွဲမှုကုမ္ပဏီတွင် ဒေါ်လာ ၁၄ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်ဟု သိရသည်။

ထို့အပြင် GitHub ၏ ယခင်အမှုဆောင်အရာရှိချုပ် Nat Friedman နှင့် OpenAI၊ DeepMind နှင့် Anthropic တို့မှ အဆင့်မြင့် AI အင်ဂျင်နီယာ များပါ ပူးပေါင်းလုပ်ကိုင်မည်ဖြစ်သည်။

"AI နည်းပညာ အရှိန်မြင့်လာသည်နှင့်အမျှ စူပါဉာဏ်ရည်မြင့် AI ဖွံ့ဖြိုးရေး သည် မဝေးတော့ပါ ၊ ထိုအရာသည် လူသားမျိုးနွယ်အတွက် ခေတ်သစ်တစ်ခု၏ အစဖြစ်လာမည်ဟု မိမိယုံကြည်ပါသည်၊ Meta အနေဖြင့် အဆိုပါ လမ်းကြောင်း၏ ရှေ့ဆောင်ဖြစ်ရန် အပြည့်အဝ ကတိပြုထားပါသည်" ဟု ဇူကာဘတ်က မှတ်ချက်ရေးသားခဲ့ပြီး ၎င်းကို သမိုင်းဝင် အလှည့်အပြောင်း တစ်ခု အဖြစ် ဖော်ပြခဲ့သည်။

MSL စတင်ခြင်းသည် အမေရိကန်နည်းပညာလုပ်ငန်းကြီးများကြား ပြိုင်ဆိုင်မှုများ တိုးလာနေချိန်နှင့် တရုတ်နှင့် ပြိုင်ဘက်ကြီးများ ပိုမို ထက်မြက်လာသည့် အချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဇန်နဝါရီလ အတွင်းက တရုတ် AI စတင်တည်ထောင်သည့် DeepSeek ၏ ရုတ်တရက် ပေါ်ထွန်းလာမှုက အနောက်နိုင်ငံများရှိ နည်းပညာမြှင့်တင်ရေး ကြိုးပမ်း နေသူများနှင့် ရင်းနှီးမြှုပ်နှံသူများကို လှုပ်ခတ်သွားစေခဲ့သည်။ DeepSeek က ၎င်း၏ AI ထုတ်ကုန်သည် OpenAI ၏ ChatGPT ထက် လုပ်ဆောင် စရိတ် ပိုမိုသက်သာပြီး ထိရောက်မှုရှိကြောင်း ကြေညာခဲ့သည်။

အစောပိုင်းကာလမှာပင် သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန် နိုင်ငံ အနေဖြင့် စူပါဉာဏ်ရည်မြင့် AI နယ်ပယ်တွင် ဦးဆောင်နိုင်ရန် ဒေါ်လာ ၅၀၀ ဘီလီယံ တန်ဖိုးရှိသည့် "Stargate" အစီအစဉ်ကို ကြေညာခဲ့သည်။ ထရမ့်၏ အကြံပေးအဖွဲ့များက AI နည်းပညာကို ၎င်းတို့ခေတ်၏ Manhattan Project (အမေရိကန်၏ ပထမဆုံး အဏုမြူဗုံးစီမံကိန်း) နှင့် နှိုင်းယှဉ်ကာ၊ "လူသားအဖွဲ့အစည်း၏ အနာဂတ်သည် အမေရိကန်လက်ထဲတွင် ရှိရမည်" ဟု အခိုင်အမာပြောဆိုခဲ့သည်။ OpenAI CEO Sam Altman ကလည်း ၎င်း၏ကုမ္ပဏီအနေဖြင့် ဒီမိုကရေစီတန်ဖိုးများကို ကာကွယ်ရန်အတွက် အမေရိကန်၏ AI ဦးဆောင်မှုကို အစိုးရနှင့်အတူ ထိန်းသိမ်းမည်ဟု ကတိပြုခဲ့သည်။ 

လတ်တလောနှစ်များအတွင်း OpenAI နှင့် Google DeepMind တို့ထံ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် ဈေးကွက်အား ပြန်လည်ရယူရန် Meta က ကြိုးစားနေသည်ဟု သတင်းများအရသိရသည်။ MSL သည် Meta ၏ လက်ရှိ AI မော်ဒယ်များဖြစ်သည့် Llama 4.1 နှင့် 4.2 တို့ကို ဘာသာ စကား၊ အမြင်အာရုံ၊ အသံနှင့် ဗီဒီယိုနားလည်မှု စသည့် နယ်ပယ်များသို့ ပိုမိုကျယ်ပြန့်စွာ ပေါင်းစပ်သွားမည်ဖြစ်သည်။ Meta သည် ၎င်း၏ ကြီးမားသော GPU အရင်းအမြစ်များ နှင့် တွက်ချက်မှုစွမ်းအားကို အသုံးပြုကာ မျိုးဆက်သစ် AI စနစ်များ လေ့ကျင့်ရန် ရည်မှန်းထားသည်။ ဇူကာဘတ်က "Meta သည် စူပါဉာဏ်ရည်မြင့် AI ကို ကမ္ဘာသို့ ပို့ဆောင်ရန် အကောင်းဆုံးအနေအထားတွင် ရှိနေသည်" ဟု ဂုဏ်ယူစွာ ကြေညာခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အပိုးဖစ်ဂြိုဟ်သိမ်ကို ကျုဆက်ဂြိုဟ်တုသစ်အုပ်စုတစ်စုဖြင့် လေ့လာရေးအတွက် တရုတ်သိပ္ပံပညာရှင်များက စီစဉ်နေ

ပေကျင်း ဇွန် ၃၀

၂၀၂၉ ခုနှစ်တွင် ကမ္ဘာဂြိုဟ်ကို အနီးကပ်ဖြတ်သန်းမည့် အပိုးဖစ် ဂြိုဟ်သိမ်ကို ကျူဆက်ဂြိုဟ်တု သစ်အုပ်စုတစ်ခုဖြင့် လေ့လာရေး အတွက် တရုတ်သိပ္ပံပညာရှင် များက စီစဉ်နေကြောင်း ဇွန် ၂၉ရက် သတင်းများအရ သိရသည်။

ဆင်ဟွာတက္ကသိုလ်နှင့် ဆွန်ယက်ဆင် တက္ကသိုလ်အပါ အဝင် တရုတ်တက္ကသိုလ်များမှ သိပ္ပံပညာရှင်များသည် အပိုးဖစ် ဂြိုဟ်သိမ်ကို ကျူဆက်ဂြိုဟ်တု ငယ်အုပ်စုတစ်ခု လွှတ်တင်ရန် လေ့လာမည့်အစီအစဉ်တစ်ရပ်ကို အဆိုပြုထားကြောင်း သိရသည်။

ARS (Apophis Recon Swarm) အမည်ရှိ အဆိုပါမစ်ရှင် အတွင်း ကျုဆက်ဂြိုဟ်တုငယ်များ သည် အပိုးဖစ်ဂြိုဟ်သိမ်၏ဒြပ်ထု၊ မျက်နှာပြင်ဖွဲ့စည်းပုံး မွှတ်မွှတ် လည်မှုနှုန်းနှင့်အတွင်းပိုင်းဖွဲ့စည်း ပုံတို့ကို လေ့လာမည်ဖြစ်ကြောင်း တရုတ် သိပ္ပံပညာရှင်များက ပြောကြားသည်။

အပိုးစစ်ဂြိုဟ်သိမ် ကမ္ဘာမြေကို အနီးကပ်ဖြတ်ကျော်ပျံသန်းချိန်သည် ဂြိုဟ်နက္ခတ်သိပ္ပံပညာ လောကအတွက် ရှားရှားပါးပါး အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း တရုတ် သိပ္ပံပညာရှင်များက ပြောကြားထားသည်။

တရုတ် သိပ္ပံပညာရှင်များကဲ့သို့ပင် ဥရောပအာကာသအေဂျင်စီ သိပ္ပံပညာရှင်များကလည်း အပိုးဖစ်ဂြိုဟ်သိမ်ကို ရမ်မဆေး အမည်ရှိ မစ်ရှင်ဖြင့် လေ့လာ ရေးအတွက် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
 
အရွယ်အစားအားဖြင့် အချင်း မီတာ ၃၄၀ ထိ ရှိသော အပိုးဖစ် ဂြိုဟ်သိမ်သည်   ၂၀၂၉ ခုနှစ် ဧပြီ ၁၃ ရက်တွင် ကမ္ဘာဂြိုဟ်ကို ကီလိုမီတာ ၃၀၆၀၀ အကွာမှတစ် ဆင့် ဖြတ်ကျော်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

Ref: Xinhua News