သတင်းများ

Honda ၏ လက်အောက်ခံအဖြစ် ကမ်းလှမ်းမှု Nissan သဘောမတူ

Nissan ၏ အစုရှယ်ယာများကိုဝယ်ယူပြီး ၎င်း၏ ကုမ္ပဏီခွဲတစ်ခုဖြစ်လာရန် Honda Motor ၏ ကမ်းလှမ်းချက်ကို သဘောမတူကြောင်း Nissan Motor က တုံ့ပြန်ပြောကြားခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုပါသည်။

Nissan ၏ ဥက္ကဋ္ဌ Uchida Makoto သည် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် Honda Motor ၏ ဥက္ကဋ္ဌ Mibe Toshihiro နှင့် တွေ့ဆုံခဲ့သည်ဟုယူဆရကြောင်း သတင်းရင်းမြစ် များက ဆိုပါသည်။

အမေရိကန်နိုင်ငံရောက် နေထိုင်ခွင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို အပြန်ခရီးအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် လျှောက်ထားနိုင်ဟုဆို

အမေရိကန်နိုင်ငံတွင် ရောက်ရှိနေသည့် နေထိုင်ခွင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို အပြန်ခရီးအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်လျှောက်ထားနိုင်ကြောင်း အမေရိကန်နိုင်ငံ၊ ဝါရှင်တန် မြို့ ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ အာဂျင်တီးနားလည်း နှုတ်ထွက်ပြီ

Covid-19 ကပ်ရောဂါကာလအတွင်း အခြေခံမူဝါဒ သဘောထားကွဲလွဲမှုများကို ထောက်ပြကာ အာဂျင်တီးနားသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က WHO က နှုတ်ထွက်မည်ဟု ကြေညာအပြီး ရက်ပိုင်းအတွင်း နှုတ်ထွက်ကြောင်း ကြေညာလိုက်ပါသည်။ 

လူအများစု သေစေနိုင်သည့် လက်နက်တပ်ဆင်မှုနည်းပညာများကို ဂူးဂဲလ်တွင် ရှာဖွေနိုင်ပြီ

Google သည် လက်နက်နှင့် ထောက်လှမ်းရေးကိရိယာများ တီထွင်ထုတ်လုပ်ရန်အတွက် နည်းပညာအသုံးပြုမှုဆိုင်ရာ အစောပိုင်းကန့်သတ်ချက်များကို ဖယ်ရှားကာ ၎င်း၏ဉာဏ်ရည်တု (AI) မူများကို သိသိသာသာ ပြန်လည်ပြင်ဆင်ခဲ့ပါသည်။ 

အဆိုပါအဆင့်မြှင်တင်မှုကို ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကြေညာခဲ့ပြီး အလုံးစုံထိခိုက်မှုကိုဖြစ်စေနိုင်သော Application များကို ဆန့်ကျင်သည်ဆိုသည့် ကုမ္ပဏီ၏ ယခင်ရပ်တည်ချက်ကို ပြောင်းလဲလိုက်ခြင်း ဖြစ်ပါသည်။

ဆက်ဆံရေး တိုးမြှင့်ရန်အတွက် ပထမဆုံးခြေလှမ်းကို အမေရိကန်ဘက်မှ စတင်ရမည်ဟု ရုရှားအစိုးရပြော

ရုရှားနှင့်အမေရိကန်ကြား ဆက်ဆံရေးများ တိုးမြှင့်နိုင်ရန်အတွက် အမေရိကန်ဘက်က ပထမဆုံးခြေလှမ်းကို စတင်လှမ်းရမည်ဟု အကြီးတန်းရုရှားသံတမန် တစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ အမေရိကန်အစိုးရနှင့် သဘောတူညီချက်တစ်ခုရရှိရန်အတွက် နိုင်ငံခြားရေး မူဝါဒကို အခြေခံခြင်းက မှားယွင်းသည်ဟုလည်း ရုရှား နိုင်ငံခြားရေးဒုဝန်ကြီး ဆာ‌ဂေးရိုက်ယက်ကော့ဗ်က ပြောကြားခဲ့ပါသည်။

“ခွဲခြားဆက်ဆံခြင်းခံရသည်” ဟူသော အကြောင်းပြချက်ဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ အစ္စရေး နှုတ်ထွက်

အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Gideon Saar သည် အမေရိကန်ခရီးစဉ်မှ ပြန်လည်ရောက်ရှိသည့် အခိုက်အတန့်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC)က ဒီမိုကရေစီနိုင်ငံကိုပုတ်ခတ်ပြီး ဂျူးဘာသာကိုဆန့်ကျင်သော ဝါဒဖြန့်မှုများကြောင့်ဟုဆိုကာ (UNHRC) မှ နှုတ်ထွက်ကြောင်းကြေညာခဲ့သည်။

Gideon Saar က X တွင် အခြားနိုင်ငံများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူခြင်းမရှိဘဲ အစ္စရေးနိုင်ငံကိုသာ ပစ်မှတ်ထားပြီး မျှတမှုကင်းမဲ့စွာ ဝေဖန်တိုက်ခိုက်ခဲ့သည်ဟု ရေးသားထားသည်။

တောင်ကိုရီးယားဝန်ကြီးဌာနများက DeepSeek App ကို အသုံးပြုခွင့်ပိတ်ပင်

လုံခြုံရေးစိုးရိမ်မှုများကြောင့် တောင်ကိုရီးယား စက်မှုဝန်ကြီးဌာနသည် ၎င်း၏ဝန်ထမ်းများအား တရုတ်ထုတ် AI Application DeepSeek ကို အသုံးပြုခွင့် ယာယီ ပိတ်ပင်လိုက်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရပါသည်။

လုပ်ငန်းခွင်အတွင်း DeepSeek နှင့် ChatGPT အပါအဝင် AI ဝန်ဆောင်မှုများကို အသုံးပြုခြင်းနှင့်ပတ်သက်ပြီး သတိထားကြရန် ဝန်ကြီးဌာနများနှင့်အေဂျင်စီများကို တောင်းဆိုသည့် သတိပေးချက်တစ်ခုကို တောင်ကိုရီးယား အစိုးရက ဖေဖော်ဝါရီလ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည် ဟုသိရပါသည်။

ရွှေ့ပြောင်းနေထိုင်သူ ၁၀၄ ဦးကို သယ်ဆောင်လာသည့် အမေရိကန်စစ်လေယာဉ် အိန္ဒိယသို့ ရောက်ရှိ

အိန္ဒိယနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းနေထိုင်သူ ၁၀၄  ဦးကို သယ်ဆောင်လာသည့် အမေရိကန်စစ်လေယာဉ်သည် ဖေဖော်ဝါရီ လ ၅ ရက်တွင်  အမ်ရစ်စတာမြို့လေဆိပ်သို့ ဆိုက်ရောက်လာခဲ့ကြောင်း အစိုးရအဖွဲ့မှ အရာရှိများက ပြောသည်။

ယခုပို့ဆောင်ခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူများသည် အမေရိကန်အစိုးရ၏ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ တိုက်ဖျက်ရေး အစီအစဉ်အရ အိန္ဒိယနိုင်ငံသို့ ပထမဆုံးအသုတ်အဖြစ် ပို့ဆောင်ခြင်းခံရသူများဖြစ်သည်။

အမေရိကန်က ၎င်းတို့၏ တပ်များအား ဆီးရီးယားနိုင်ငံမှ လပိုင်းအတွင်း ပြန်လည်ရုပ်သိမ်းရန် စီစဉ်လျက်ရှိ

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် ၎င်းတို့၏တပ်များအား ဆီးရီးယားနိုင်ငံမှ လပိုင်းအတွင်း ပြန်လည်ရုပ်သိမ်းရန် စီစဉ်လျက်ရှိကြောင်း NBC သတင်းဌာနက ထုတ်ပြန်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အစိုးရအဖွဲ့မှ  အဆင့်မြင့်အရာရှိကြီးများနှင့် စစ်ဘက်အရာရှိကြီးများကြား ဖလော်ရစ်ဒါပြည်နယ် တမ်ပါမြို့၌ တွေ့ဆုံ ဆွေးနွေးပြီးနောက် ထရမ့်က ဆီးရီးယားမှ အမေရိကန်တပ်များကို ပြန်လည်ရုပ်သိမ်းရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အီရန်၏ နျူကလီးယားအစီအစဉ်နှင့် စပ်လျဉ်း၍ ငြိမ်းချမ်းသော သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်မည့် အဆိုပြုချက်ကို ထရမ့်ပြောကြား

အီရန်နိုင်ငံ၏     နျူကလီးယား အစီအစဉ်နှင့်စပ်လျဉ်း၍ ငြိမ်းချမ်းသော သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်မည့် အဆိုပြုချက်တစ်ရပ်ကို ပြောကြားခဲ့သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏လူမှုကွန်ရက်တွင် ဖေဖော်ဝါရီလ ၅ ရက်က ဖော်ပြခဲ့ကြောင်း သိရသည်။