ဆွီဒင်နိုင်ငံ၊ အိုရေဘရူမြို့ရှိ Campus Risbergska တွင် အရွယ်ရောက်ပြီးကျောင်းသားများ တက်ရောက်ရာကျောင်းတစ်ကျောင်း၌ ဖေဖော်ဝါရီ ၄ ရက် ဒေသစံတော်ချိန် ၁၂:၃၀ ခန့်တွင် အကြမ်းဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ပျမ်းမျှ လူ ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်တွင် တရားခံဟု သံသယရှိသူသည်လည်း သေဆုံးသူများအနက်ပါဝင်နိုင်ကြောင်း ယူဆရပြီးဒေသဆိုင်ရာ အာဏာပိုင်များက အတည်ပြုရန် ဆက်လက်စစ်ဆေး လျက်ရှိပြီး ပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကိုလည်း စုံစမ်းစစ်ဆေးဆဲဖြစ်ပါသည်။