သတင်းများ

အမေရိကန်မှ ပြည်နှင်ဒဏ်ပေးလိုက်သည့် ရာဇဝတ်သားများအား အခကြေးငွေဖြင့် လက်ခံထားနိုင်ဟု အယ်လ်ဆာဗေဒေါနိုင်ငံ သမ္မတပြော

      အယ်လ်ဆာဗေဒေါနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုမှ ပြည်နှင်ဒဏ်ပေးလိုက်သည့် ရာဇဝတ်သားများအား အခကြေးငွေဖြင့် လက်ခံထားနိုင်ကြောင်း ယင်းနိုင်ငံသမ္မတ နာယစ် ဘူကယ်လီက ဖေဖော်ဝါရီလ ၄ ရက်တွင်ပြောသည်။

အမေရိကန်မှ ရာဇဝတ်သားများနှင့် ရွှေ့ပြောင်းနေထိုင်သူများအား နေရာချထားနိုင်ရန်အတွက် နိုင်ငံအတွင်းရှိ အကျဉ်းထောင် အကြီးစားဖြစ်သည့် အကြမ်းဖက်သမားများ ထိန်းသိမ်းရေးစခန်းကို အသုံးပြုရန် အသင့်ရှိကြောင်း နာယစ် ဘူကယ်လီက ၎င်း၏ ဆိုရှယ်မီဒီယာဝက်ဆိုက်တွင် ရေးသားဖော်ပြသည်။

အမေရိကန်၏ အကူအညီကို ဆက်လက်ရယူလိုပါက မြေရှားသတ္တုများကို ပေးအပ်ရမည်ဟု ယူကရိန်းအား ထရမ့်ပြော

မော်စကို၊ စီးပွားရေး

    ယူကရိန်းအနေဖြင့် အမေရိကန်၏ အကူအညီကို ဆက်လက်ရယူလိုပါက မြေရှားသတ္တုများကို အမေရိကန်ပြည်ထောင်စုသို့ ပေးအပ်ရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ကြောင်းသိရသည်။

ယူကရိန်းအစိုးရအနေဖြင့် အမေရိကန် အစိုးရသစ်နှင့် သဘောတူညီချက်သစ် တစ်ရပ်ချမှတ်ရန် လိုအပ်နေပြီး မြေရှားသတ္တုများကို အမေရိကန်ပြည်ထောင်စုသို့ ပေးအပ်နိုင်ရေးကို အာမခံပေးရန် လိုအပ်လျက်ရှိကြောင်း ထရမ့်က ဖေဖော်ဝါရီလ၃   ရက်တွင်    သတင်းထောက်များကို ပြောကြားခြင်းဖြစ်သည်။

အာတိတ်ဒေသအပူချိန် ပျမ်းမျှထက် 20°C (68°F) အထိ မြင့်တက်လာ

မြောက်ဝင်ရိုးစွန်း အာတိတ်ရပ်ဝန်းဒေသအပူချိန်သည် ပျမ်းမျှရှိသင့်သည်ထက် 20°C (68°F) အထိ ရုတ်တရက် မြင့်တက်လာပြီး ရေခဲပျော်မှတ်အပူချိန်ကိုပင် ကျော်လွန်နေပြီဖြစ်ကြောင်း သိရသည်။

“ဤအချက်ကို ငြင်းခုန်စရာမလိုပါ၊ ရေခဲများ ပျောက်ကွယ်သွားမည်ဆိုသည့်အချက်ကိုလည်း ငြင်းခုန်စရာမလိုပါ” ဟု ဟမ်ဘာ့ဂ်တက္ကသိုလ်မှ ရာသီဥတုသိပ္ပံပညာရှင် Dirk Notz က ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ M-Tower ၌ ဂျပန်ပညာရေးပြပွဲ(ရန်ကုန်) ၂၀၂၅ ကို ၂ ရက်ကြာကျင်းပမည်

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိ M-Tower ၌ ဂျပန်ပညာရေးပြပွဲ(ရန်ကုန်) ၂၀၂၅ ကို ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် နံနက် ၁၀ နာရီမှနေ့လည် ၃ နာရီအထိ ၂ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဗီတာမင်ဒီ ဖြည့်စွက်ဆေးပုံမှန်စားပါက Dementia ဖြစ်နိုင်ခြေကို လျှော့ချနိုင်

နယူးယောက်   ဖေဖော်ဝါရီ ၄

ဗီတာမင်ဒီဖြည့်စွက်ဆေးကို နေ့စဉ်ပုံမှန်သုံးစွဲပါက ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းမှုရောဂါ (Dementia) ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း ဖေဖော်ဝါရီ ၃ ရက် သတင်းများအရ သိရသည်။

Dementia ရောဂါသည် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးပိုင်းများတွင် ဖြစ်ပွားတတ်သော ဦးနှောက်ရောဂါတစ်မျိုးဖြစ်သည်။

USAID အဖွဲ့၏ လုပ်ငန်းများကိုရပ်ဆိုင်းပြီး ယာယီအကြီးအကဲအဖြစ် နိုင်ငံခြားရေးဝန်ကြီး မားကို့ ရူဘီယိုက တာဝန်ယူ

ဝါရှင်တန်၊ နိုင်ငံရေး

    အမေရိကန်အစိုးရ၏ အကူအညီပေးရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန (USAID) အဖွဲ့၏ ယာယီအကြီးအကဲအဖြစ် တာဝန်ယူလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မားကို့ ရူဘီယိုက ပြောကြားလိုက်သည်။

အမေရိကန်အစိုးရသည် USAID အဖွဲ့၏ လုပ်ဆောင်ချက်များကို ဖေဖော်ဝါရီလ၃ ရက်မှစ၍ ရပ်ဆိုင်းခဲ့ပြီး ဝါရှင်တန်မြို့ရှိ ရုံးချုပ်ကိုလည်း ပိတ်ပစ်ခဲ့သည်။ ထို့ပြင် USAID အဖွဲ့က လုပ်ဆောင်နေသည့် အစီအစဉ်များကိုလည်း သမ္မတဒေါ်နယ်ထရမ့်ကရက်ပေါင်း ၉၀ ကြာရပ်ဆိုင်းခဲ့သည်။

ရွေးကောက်ပွဲမတိုင်မီ နယ်စပ်အဝင်အထွက်ပိတ်ထားရန် အီကွေဒေါစီစဉ်

ကွီတို    ဖေဖော်ဝါရီ ၄

ယခုရက်သတ္တပတ်ကာလအတွင်း နယ်စပ်အဝင်အထွက်များပိတ်ထားရန်နှင့် နယ်စပ်လုံခြုံရေးမြှင့်တင်ထားရန် အီကွေဒေါအစိုးရက စီစဉ်ထားကြောင်း ဖေဖော်ဝါရီ ၃ ရက် သတင်းများတွင် ရေးသားဖော်ပြထားသည်။

အထွေထွေ ရွေးကောက်ပွဲမကျင်းပမီ နယ်စပ်အဝင်အထွက်များကို ပိတ်ထားရန် အီကွေ‌ဒေါအစိုးရက စီစဉ်ထားခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံ သံဃရာဇာဆရာတော်ကြီးနှင့် အဖွဲ့ဝင်များအား ဖူးမြော်ကြည်ညို

နေပြည်တော် ဖေဖော်ဝါရီ ၄

မြန်မာနိုင်ငံသို့ ဘုရားဖူးခရီးစဉ်ရောက်ရှိပြီး နေပြည်တော်ရှိ KMA Hotel ၌ ခေတ္တသီတင်းသုံးတော်မူလျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိဆရာတော်ကြီးတစ်ပါးဖြစ်သော His Holiness Samdech Preah Abhisiri Sugandha Mohasangharajah Dhipadi Dr. Bour Kry ဦးဆောင်သည့် ဆရာတော်၊ သံဃာတော်များအား ယနေ့ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့်အတူ သွားရောက်ဖူးမြော်ကြည်ညိုသည်။

အမေရိကန်အပေါ် တန်ပြန်စည်းကြပ်ခွန် ကောက်ခံမည်ဟု ကနေဒါဝန်ကြီးချုပ်ကြေညာ

အမေရိကန်၏ ကနေဒါကုန်ပစ္စည်းအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှုကို တုံ့ပြန်ရန် ကနေဒါဒေါ်လာ ၁၅၅ ဘီလီယံ ( ၁ ကန်ဒေါ်လာ = ၁.၄၅ ကနေဒါဒေါ်လာ) တန်ဖိုးရှိသော အမေရိကန်မှ ကနေဒါသို့ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မည်ဖြစ်ကြောင်း ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ထရူးဒိုးက ဖေဖော်ဝါရီ ၁ ရက်တွင် ကြေညာခဲ့သည်။

ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်နိုင်ငံများအား အမေရိကန်က စည်းကြပ်ခွန် ထပ်တိုး ကောက်ခံခြင်းအပေါ် စိတ်မကောင်းဖြစ်ရကြောင်း ဥရောပသမဂ္ဂ ပြောကြား

ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ် နိုင်ငံများအား အမေရိကန်က စည်းကြပ်ခွန်ထပ်တိုးကောက်ခံသည့် ဆုံးဖြတ်ချက်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း ဥရောပကော်မရှင် ပြောရေးဆိုခွင့်ရှိသူကဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။ စည်းကြပ်ခွန်များက မလိုအပ်သည့် စီးပွားရေးကမောက်ကမဖြစ်မှုနှင့် ငွေကြေး ဖောင်းပွမှုကို တွန်းအားဖြစ်စေကြောင်း၊ ယင်းမှာ ဘက်ပေါင်းစုံအတွက် အကျိုးယုတ်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။