ဂျာမဏီ မော်တော်ကားကုမ္ပဏီ Volkswagen ၏ ၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာရောင်းအား ကျဆင်းသွားခဲ့ပြီး ၎င်း၏ပြိုင်ဖက် ဂျပန်ကားကုမ္ပဏီ Toyota Motor က ၅ နှစ်ဆက်တိုက် ထိပ်ဆုံးနေရာကို ရယူရန်ရှိနေကြောင်း သိရှိရပါသည်။
ယမန်နှစ်က ကမ္ဘာတစ်ဝန်း၌ ကားအစီးရေ ၉.၀၂ သန်း ရောင်းချခဲ့ရကြောင်း Volkswagen ကားကုမ္ပဏီက ဇန်နဝါရီ ၁၄ ရက်နေ့တွင် ကြေညာခဲ့ပါသည်။ အချက်အလက်များအရ ၂၀၂၃ ခုနှစ်ကထက် ၂.၃ % ကျဆင်းသွားခဲ့ရခြင်းဖြစ်ပါသည်။