တရုတ်နိုင်ငံအခြေစိုက် နာမည်ကျော် ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်းဖြစ်သော TikTokကို ပိုင်ဆိုင်သည့် ကုမ္ပဏီက ဇန်နဝါရီ ၁၉ရက်နေ့မှ စတင် အသက်ဝင် မည်ဖြစ်သည့် TikTok ကို ပိတ်ပင်တားမြစ်သည့် ဥပဒေ ကြောင့် အမေရိကန်နိုင်ငံအတွင်း ဝန်ဆောင်မှုကို ယာယီ ရပ်ဆိုင်းထားကြောင်း အမေရိကန်နိုင်ငံမှ သုံးစွဲသူများကို အသိပေးလိုက်ပါသည်။
အဆိုပါဥပဒေအရ ပိတ်ပင်မှုကို ရှောင်ရှားနိုင်ရန်အတွက် ByteDance ကုမ္ပဏီအနေနှင့် အမေရိကန်မှ စီးပွားရေးလုပ်ငန်းရှင်ထံ ရောင်းချရန်လိုအပ်ကြောင်း သိရှိရ ပါသည်။