သတင်းများ

ရုရှားနိုင်ငံ၌ တားမြစ်ထားသည့် သတင်းအချက်အလက်များကို ၎င်း၏ စာမျက်နှာမှဖယ်ရှားရန် ငြင်းဆန်ခဲ့သည့် တယ်လီဂရမ်အား ဒဏ်ရိုက်

မော်စကို နိုဝင်ဘာ ၂၆

လူမှုမီဒီယာတစ်ခုဖြစ်သည့် တယ်လီဂရမ်သည် ရုရှားနိုင်ငံတွင် တားမြစ်ထားသည့် သတင်းအချက်အလက်များကို ၎င်း၏ စာမျက်နှာမှဖယ်ရှားရန် ငြင်းဆန်ခဲ့သည့်အတွက် ရုရှားတရားရုံးတစ်ရုံးက တယ်လီဂရမ်အား ဒဏ်ငွေ ရူဘယ် ခုနစ်သန်းဒဏ်ရိုက်ခဲ့ကြောင်း အဆိုပါ တရားရုံးသတင်းထုတ်ပြန်ရေးအဖွဲ့က နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။

တားမြစ်ရန်ပျက်ကွက်

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် ၎င်းတို့၏ နျူကလီးယားတားဆီးရေး မဟာဗျူဟာကို ပြင်ဆင်ရန် ကြေညာ

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် ၎င်းတို့၏ နျူကလီးယားတားဆီးရေး မဟာဗျူဟာကို ပြင်ဆင်ရန် ကြေညာထားပြီး၊ ၎င်းတွင်နျူကလီးယားလက်နက်များ တပ်ဆင်ထားသော Ohio အမျိုးအစား ရေငုပ်သင်္ဘော များ၏အသင့်ဖြစ်မှုကိုတိုးမြှင့်ခြင်း၊ B-61 နျူကလီးယား ဆွဲငင်အားဗုံး၏အမျိုးအစားသစ် ထုတ်လုပ်မှုတိုးမြှင့်ခြင်း နှင့်အမေရိကန်၏ မဟာမိတ်များအပေါ် တိုးချဲ့သော တားဆီးရေးကတိကဝတ်များကို အားကောင်းစေခြင်းတို့ ပါဝင်ကြောင်း သိရှိရပါသည်။

ကိုးကား - DOD News

ရွှေဘိုမြို့နယ်တွင် ဆိုင်ကယ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီး

နေပြည်တော်၊ နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ်(၈) ရပ်ကွက်ရှိ လက်ဝဲသုန္ဒရလမ်းပေါ်၌ ဆိုင်ကယ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

UID နံပါတ်အတုများဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားသူများကို ဖော်ထုတ်အရေးယူမည်

နိုဝင်ဘာလ ၁၈ ရက်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားတစ်ဦးချင်းစီအတွက် ထုတ်ပေးလျက်ရှိသည့် UID (Unique Identification Number)များကို နံပါတ်အတုများ အသုံးပြု၍ နိုင်ငံကူးလက်မှတ်လျှောက်ထားမှုများအား ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

လူမှုစီးပွားမြှင့်တင်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

နိုဝင်ဘာလ ၁၈ ရက်

နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ (၂၈)လမ်း (မြောက်ဘက်)၊ အောင်သာယာရပ်ကွက်တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော လူမှုစီးပွားမြှင့်တင်ရေးပါတီကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉နှင့်အညီ မှတ်ပုံတင်ခွင့်ပြု‌ကြောင်းနှင့် ယင်းပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၅၄)ဖြစ်ကြောင်း UEC ကကြေညာလိုက်သည်။

Source- Myanmar National Post

မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် မိသားစုဝင်များအား တရုတ်နိုင်ငံ၌ ခြောက်လ နေထိုင်ခွင့်ရှိမည့် ဗီဇာအမျိုးအစားများကို နိုဝင်ဘာ ၁၈ ရက်တွင် စတင်ထုတ်ပေးမည်

မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် မိသားစုဝင်များအား တရုတ်နိုင်ငံ၌ ခြောက်လ နေထိုင်ခွင့်ရှိမည့် ဗီဇာအမျိုးအစားများကို နိုဝင်ဘာ ၁၈ ရက်တွင် စတင်ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်များနှင့် မိသားစုဝင်များအနေဖြင့် တရုတ်နိုင်ငံတွင် ရက်ပေါင်း ၁၈၀ (ခြောက်လ) အထိ နေထိုင်နိုင်မည့် ‘လန်ချန်း - မဲခေါင် ဗီဇာ’ ကို နိုဝင်ဘာ ၁၈ ရက်မှစ၍ ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာခဲ့ခြင်း ဖြစ်သည်။

MI ပြန်လည်ဖွဲ့စည်းမည်ဆိုသောကိစ္စဖြစ်လာရန်မရှိကြောင်း ထောက်လှမ်းရေးအရာရှိဟောင်းအချို့ ဖွင့်ဟ

နိုဝင်ဘာ ၁၄

မြန်မာ့စစ်ထောက်လှမ်းရေးအဖွဲ့ MI (Military Intelligence) ကို ပြန်လည်ဖွဲ့စည်းတော့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း ပြန်လည်ဖွဲ့စည်းရန် အစီအစဉ်မရှိကြောင်းနှင့် ထောက်လှမ်းရေးအရာရှိဟောင်းများကလည်း ပြန်လည်ပါဝင် ဖွယ်မရှိကြောင်း အရာရှိဟောင်းအချို့က ထုတ်ဖော်ပြောကြားသည်။

အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်သော အမျိုးသားအဆင့်တွေ့ဆုံဆွေးနွေးပွဲများ လုပ်ဆောင်ပေးရန် မြန်မာအစိုးရကို အင်ဒိုနီးရှားနှင့် အမေရိကန်သမ္မတတို့ တောင်းဆို

အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်သော အမျိုးသားအဆင့်တွေ့ဆုံဆွေးနွေးပွဲများကို မြန်မာနိုင်ငံတွင် လုပ်ဆောင်ပေးရန် လက်ရှိမြန်မာအစိုးရကို အင်ဒိုနီးရှားနှင့် အမေရိကန်သမ္မတတို့က တောင်းဆိုလိုက်သည်။

အင်ဒိုနီးရှားသမ္မတသစ် ဆူဘီယန်တိုနှင့် မကြာခင် တာဝန်ပြီးဆုံးမည့် အမေရိကန်သမ္မတဘိုင်ဒန်တို့ နိုဝင်ဘာ ၁၂ ရက်က အိမ်ဖြူတော်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်နိုင်ငံသဘောတူကြေညာချက်ထုတ်ပြန်မှုအတွင်း အင်ဒိုနီးရှားနှင့် အမေရိကန်သမ္မတတို့၏ နှစ်ဦးသဘောတူတောင်းဆိုချက်ကို အိမ်ဖြူတော်က ထည့်သွင်းထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

AA အဖွဲ့က ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖော်ဆောင်နေပြီး ပြည်နယ်တစ်ခုလုံးမှာလက်နက်ကိုင်ပဋိပက္ခတွေဆက်လက်ကြီးထွားနေလို့ စစ်တွေမြို့အပါအဝင် ရခိုင်ပြည် နယ်တစ်ခုလုံးမှာ ယနေ့အထိ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ လုံးလုံးမရ

၁၄.၁၁.၂ဝ၂၄
စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ယနေ့အထိ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ လုံးလုံးမရလို့ ဒေသနေ ပြည်သူတွေအနေနဲ့ အခက်တွေ့နေရတယ်လို့ MT News က စုံစမ်းသိရှိရပါတယ်။

ဒါ့အပြင် ရခိုင့်လက်နက်ကိုင် AA အဖွဲ့က ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေကို ဖော်ဆောင်နေပြီး ပြည်နယ်တစ်ခုလုံးမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ကြီးထွားနေတာကြောင့် ဆက်သွယ်ရေးလိုင်းတွေဟာလည်း ယနေ့အထိပြန်လည်ကောင်းမွန်လာခြင်းမျိုးမရှိဘူးလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

တောင်ကိုရီးယားက ယူကရိန်းနိုင်ငံကို လက်နက်ထောက်ပံ့မှုအား ရုရှားအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် တုံ့ပြန်သွားမည်

ယူကရိန်းနိုင်ငံသို့ တောင်ကိုရီးယားဘက်က လက်နက်ထောက်ပံ့ပေးပို့မှုသည် ဆိုးလ်နှင့် မော်စကိုကြားက ဆက်ဆံရေးကို လုံးဝပျက်ပြားစေမည်ဖြစ်ပြီး ရုရှားအနေဖြင့် လိုအပ်သလို နည်းလမ်းမျိုးစုံဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရုရှားဖက်ဒရေးရှင်း၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Andrey Rudenko က TASS ကို ပြောကြားလိုက်ပါသည်။ “ရုရှားနိုင်ငံသားတွေကို သတ်ဖို့အတွက် တောင်ကိုရီးယားလက်နက်တွေ အသုံးပြုခွင့်ပေးလိုက်တာက နှစ်နိုင်ငံကြားဆက်ဆံရေး လုံးဝ ပျက်ပြားစေမှာဆိုတာ သိထားရပါမယ်”  ဟု Andrey Rudenko က ပြောကြားထားပါသည်။