သတင်းများ

ရုရှားတပ်ဖွဲ့များသည် ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်နက်စ်ခ်ဒေသရှိ နိုဗိုဒမီထရစ်ကာ နယ်မြေကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာ

ရုရှားတပ်ဖွဲ့များသည် ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒွန်နက်စ်ခ်ဒေသရှိ နိုဗိုဒမီထရစ်ကာ နယ်မြေကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအန်ဒရီ ဗျဲလူးဆော့ဗ်က အဆိုပါသိမ်းပိုက်နိုင်မှုသည် ရုရှားတပ်မတော်၏ စစ်မြေပြင်အရှိန်မြှင့် တိုးတက်မှု၏ နောက်ဆုံး ရလဒ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ကိုးကား - Reuters

အမေရိကန်ရွေးကောက်ခံ သမ္မတသစ် ဒေါ်နယ်ထရမ့် သည် ရုရှား-ယူကရိန်းပဋိပက္ခအတွက် အထူးသံတမန်အဖြစ် ၎င်း၏ ထောက်လှမ်းရေးအကြီးအကဲဟောင်း Richard Grenell ကိုရွေးချယ်ရန်စဉ်းစားနေ

အမေရိကန် ရွေးကောက်ခံသမ္မတသစ် ဒေါ်နယ်ထရမ့်သည် ရုရှား-ယူကရိန်းပဋိပက္ခအတွက် အထူးသံတမန်အဖြစ် ၎င်း၏ထောက်လှမ်းရေးအကြီးအကဲဟောင်း Richard Grenell ကိုရွေးချယ်ရန်စဉ်းစားနေကြောင်း ယုံကြည်ရသည့် သတင်းရင်းမြစ်လေးခုမှ ကိုးကား၍ Sputnik သတင်းအေဂျင်စီက ဖော်ပြထားပါသည်။

ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံ Kursk ဒေသအား ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့

ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်များ အဆိုပါ တိုက်ခိုက်မှုကိုဟန့်တားရန် ဆောင်ရွက်ခဲ့ကြောင်း Kursk ဒေသ အစိုးရအဖွဲ့အကြီးအကဲ က ပြောကြားခဲ့ ပါသည်။ 

ယူကရိန်းတပ်မတော်က အသုံးပြုသည့် ဒုံးကျည်အမျိုးအစားကို မသိရသေးကြောင်းနှင့် ကနဦး သတင်းများအရ ယူကရိန်းတို့သည် အမေရိကန်နိုင်ငံထုတ် ATACMS ဒုံးကျည် ၅ စီး ကို အသုံးပြုခဲ့ကြောင်း သိရှိရပါသည်။

ကိုးကား - Kursk ဒေသအစိုးရအဖွဲ့

Ford က အလုပ်သမား ၄၀၀၀ လျှော့ချမည်

Ford ကားကုမ္ပဏီသည် ၂၀၂၇ ခုနှစ်အကုန်တွင် ဥရောပ နှင့်ဗြိတိန်၌  အလုပ်သမား ၄၀၀၀ လျှော့ချသွားရန် စီစဉ် လျက်ရှိကြောင်း ကြေညာလိုက်ပါသည်။ ဥရောပကား စျေးကွက် ပြင်ဆိုင်မှုများလာခြင်း၊ စီးပွားရေးရိုက်ခတ်မှု ဒဏ်ခံနေရခြင်း၊ မျှော်မှန်းထားသလို လျှပ်စစ်ကားများ မရောင်းချရခြင်း စသည့်အခက်အခဲများကြောင့် ထိုသို့ ဆုံးဖြတ်ခဲ့သည်ဟု သိရှိပါသည်။ ယခုအခါ အလုပ်သမား လျှော့ချရေးကိစ္စအတွက် သက်ဆိုင်ရာ အလုပ်သမား ကိုယ်စားလှယ်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ် လျက်ရှိပါသည်။

၂၀၂၄ ခုနှစ် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေကြေးအမျိုး အစား (၁၀)မျိုး

၂၀၂၄ ခုနှစ် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးငွေကြေးမှာ ကူဝိတ် နိုင်ငံ၏ “ဒီနာ” ငွေကြေးဖြစ်ပါသည်။ ကူဝိတ်နိုင်ငံသည် စီးပွားရေး တည်ငြိမ်၍ ရေနံကြွယ်ဝသည့် နိုင်ငံဖြစ်ပြီး ထိုငွေကြေးကို ၁၉၆၀ ပြည့်နှစ်တွင် စတင်ထုတ်ဝေ ခဲ့သည်။ အမေရိကန်ဒေါ်လာ ၃.၂၅ နှင့်ညီမျှသည်။

ဒုတိယတန်ဖိုးအမြင့်ဆုံးမှာ ရေနံနိုင်ငံ ဘာရိန်း၏ “ဒီနာ” ငွေကြေးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂.၆၅ နှင့်ညီမျှ သည်။ 

နိုင်ငံစီးပွားရေးတည်ငြိမ်ပြီး ရေနံကြွယ်ဝသည့် အိုမန် ငွေကြေးသည် တတိယအခိုင်မာဆုံး ငွေကြေးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂.၆၀ နှင့်ညီမျှသည်။

“ဒုံးကျည်တိုက်ခိုက်မှု ရှိလာနိုင်သည်” ဟူသည့် ခြိမ်းခြောက်မှုကြောင့် ယနေ့ ယူကရိန်းပါလီမန် အစည်းအဝေးဖျက်သိမ်း
- Sat, 23-Nov-2024

“ဒုံးကျည်တိုက်ခိုက်မှုရှိလာနိုင်သည်”ဟု ခြိမ်းခြောက်မှု ရှိနေသဖြင့် ယနေ့ပြုလုပ်မည့် ယူကရိန်းနိုင်ငံ ပါလီမန် အစည်းအဝေးကို ဖျက်သိမ်းလိုက်ကြောင်း ဥပဒေပြုရေး ဆိုင်ရာတာဝန်ရှိသူများက ပြောကြားပါသည်။ 

မနေ့က Dnipro ကို ရုရှားက ဆန်းသစ်တီထွင်လိုက်သည့်  စစ်ဖက်ဆိုင်ရာ တာလတ်ပစ်ဒုံးကျည်ဖြင့် တိုက်ခိုက်ပြီး နောက်တစ်နေ့တွင် ထိုခြိမ်းခြောက်မှုရှိလာခဲ့ကြောင်း ပြောကြားကြပါသည်။ 

ထရန့်အစိုးရသစ်အတွက် ရှေ့နေချုပ်ရာထူး ကြေညာ

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် အစိုးရသစ်အတွက် ဝါရင့်ရှေ့နေတစ်ဦးဖြစ်သူ Pam Bondi အား ရှေ့နေချုပ် ရာထူးခန့်အပ်ရန် ရွေးချယ် သတ်မှတ်လိုက်ပါသည်။ 

Pam Bondi သည် တရားဥပဒေစိုးမိုးရေးလုပ်ငန်း များကို ကာလရှည်ကြာဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်ပြီး ယခင်ကဖလော်ရီဒါပြည်နယ် ရှေ့နေချုပ်အဖြစ် တာဝန် ထမ်းဆောင်ဖူးသူလည်း ဖြစ်ပါသည်။ 

နေတိုးဆိုင်ရာ အမေရိကန်သံအမတ်ကြီးရာထူးအတွက် Matthew Whitaker ကို ထရန့်ကြေညာ

အမေရိကန်သမ္မတရာထူးကို တာဝန်ယူမည့် ဒေါ်နယ် ထရန့်သည် ၎င်း၏ ပထမအကြိမ် သမ္မတ တာဝန်ယူစဉ် က ယာယီရှေ့နေချုပ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူ Matthew Whitaker ကို နေတိုးဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရာထူးအတွက် ရွေးချယ်လိုက်ပါသည်။

“Matt က ရဲရင့်သည့်စစ်သားတစ်ဦးဖြစ်သကဲ့သို့ သစ္စာရှိ သောမျိုးချစ်စိတ်ဓာတ်ရှိသူတစ်ဦးလည်း ဖြစ်ကြောင်း၊ အမေရိကန်၏ အမျိုးသားအကျိုးစီးပွားကို စွမ်းစွမ်းတမံ ကာကွယ်ပေးပြီး ပိုမိုတိုးတက်အောင် လုပ်ပေးနိုင်မည် ဖြစ်ကြောင်း” ထရန့်က ဗုဒ္ဓဟူးနေ့ က ပြောကြားလိုက် သည်။ 

ထရန့်၏တကျော့ပြန်ရွေးကောက်ပွဲအပြီး ကမ္ဘာ့အချမ်း သာဆုံးပုဂ္ဂိုလ် (၁၀)ဉီး ပိုမိုချမ်းသာလာ

ပြီးခဲသည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲအပြီးတွင်  ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်(၁၀)ဦး၏ ကြွယ်ဝမှုဓနအင်အား ခုန်ပျံမြင့်တက်သွားကြောင်း၊ အကျိုးအမြတ်အများဆုံး ရရှိသူသည် လက်ရှိကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပြီး ရွေးကောက်ပွဲတစ်လျှောက် ဒေါ်နယ်ထရန့်ဘက် မှရပ်တည်ပြောကြားသူ Elon Musk  ဖြစ်ကြောင်း၊ ယခင် ၂၇၀ ဘီလီယံမှ နိုဝင်ဘာ ၆ ရက်၊  ဗုဒ္ဓဟူးနေ့တွင် ဒေါ်လာ ၂၆.၅ ဘီလီယံ ထပ်မံမြင့်တက်သွားသဖြင့် ယခု ၎င်း၏ပိုင်ဆိုင်မှုသည် ဒေါ်လာ ၂၉၀ ဘီလီယံ ဖြစ်သွား ပါကြောင်း၊ အမေဇုန်တည်ထောင်သူ Jeff Bezo ၏ ဓနအင်အားသည် ၇.၁ ဘီလီယံ ထပ်မံမြင့် တက်သွား ပါကြောင်း၊ ထရန့်ကို အ

အမေရိကန်နိုင်ငံသားပိုင် ကုမ္ပဏီများ အသွင်ဆောင်ကာ အသုံးပြုနေသည့် မြောက်ကိုရီးယားနိုင်ငံသားများ၏ တရားမဝင် website များကို FBI က ဖမ်းဆီး

အမေရိကန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ စီးပွားရေးလုပ်ငန်းများ ၏တရားဝင် websiteများ အသွင်ဆောင်ကာ မြောက် ကိုးရီးယား နျူကလီးယားတပ်ဖွဲ့လုပ်ငန်းအတွက် ငွေကြေး ရှာဖွေပေးနေသည်ဟု ယူဆဖွယ်ရာရှိသော မြောက်ကို ရီးယား နိုင်ငံသားများ၏  website အမြောက်အမြားကို FBI က ဖမ်းဆီးလိုက်ကြောင်း အဆိုပါကိစ္စကို ဖော်ထုတ် စစ်ဆေးခဲ့သည့် လုံခြုံရေးဆိုင်ရာ သုတေသနပညာရှင် များ၏ဝက်ဆိုက်တွင် ထုတ်ပြန်ထားသည့်ကြေညာချက် အရ သိရှိရပါကြောင်း CNN က ဖော်ပြထားပါသည်။

ကိုးကား-CNN