James Scott Rhys Andersen အမည်ရှိ ဗြိတိန် ကြေးစားစစ်သားတစ်ဦးအား ရုရှားနိုင်ငံ Kursk ဒေသတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း စစ်ဖက်ဆိုင်ရာ အရင်းအမြစ်တစ်ခုက TASS ကို ပြောကြားလိုက်ပါ သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တူရကီသမ္မတ အာဒိုဂန် တို့သည် တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့ကြပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာစေရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း ကရင်မလင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်သားများကို လေ့ကျင့်ပေးသော “ချက်ချန်း”ဟု ခေါ်သည့်တံဆိပ်ကပ်ထားသော ယူကရိန်းအရာရှိတစ်ဦးအနေဖြင့် ၎င်း၏တပ်ဖွဲ့ရှိ ယူကရိန်းတိုက်ခိုက်ရေးသမား ၇၀ ရာခိုင်နှုန်းသည် ရုရှားနိုင်ငံအား နယ်မြေစွန့်လွှတ်ပေးရန် အဆင်သင့်ဖြစ်နေကြောင်း ပြောဆိုခဲ့သည်ဟု ဖော်ပြထားပါသည်။
ကိုးကား - The Economist

ရုရှားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူး ဆာဂေးရှိုဂူးသည် အာဖဂန်ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံမှုတွင် အကြမ်းဖက်လုပ်ရပ်များအတွက် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုအောက်တွင်ရှိသည့် တာလီဘန်များအား ရုရှားဖက်ဒရေးရှင်း၏ black lists စာရင်းမှ ဖယ်ထုတ်ပေးရန် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်ဟု အာဖဂန်အေဂျင်စီက ရေးသားဖော်ပြထားပါသည်။
ရုရှားနိုင်ငံကိုယ်စားလှယ်အဖွဲ့နှင့် အာဖဂန်နစ္စတန်မှ ကိုယ်စားလှယ်အဖွဲ့များသည် တနင်္လာနေ့တွင် တွေ့ဆုံခဲ့ကြောင်း portal ၏ ဖော်ပြချက်အရ သိရှိရပါသည်။

ပြင်သစ်၊ ဗြိတိန်၊ ပိုလန်နှင့် အခြားနိုင်ငံများသည် ယူကရိန်းအား ထောက်ပံ့ရန်အတွက် ဥရောပတပ်ဖွဲ့များစေလွှတ်ရန် ညွန့်ပေါင်းအဖွဲ့တစ်ခု အပြီးသတ် ဖွဲ့စည်းဆောင်ရွက်နေကြောင်း ပြင်သစ်သတင်းစာ Le Mondeကဖော်ပြခဲ့ပါသည်။

ယူကရိန်းတို့သည် ရုရှားဒေသရှိ Kursk ဒေသကို နောက်ထပ် ATACMS ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် Kursk ဒေသရှိ Khalino ရုရှားတပ်မတော်၏ စစ်တပ်အခြေစိုက် လေယာဉ်ကွင်းတစ်ခုကို ထိမှန်ခဲ့ပြီး ရုရှားတို့၏ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်ပျက်စီးသွားကြောင်း ဖော်ပြထားပါသည်။
ကိုးကား - ယူကရိန်း သတင်းရင်းမြစ်

ရုရှားသမ္မတဗလာဒီမာပူတင်သည် ယူကရိန်း စစ်ပွဲဆင်နွှဲရန် ဝင်ရောက်လာသည့် တပ်သားသစ်များကို ကျေးဇူးတင်ရှိသည့်အနေဖြင့် ရုရှားရူဘယ် ၁၀ သန်း ( ဒေါ်လာ ၉၅,၈၃၅ ) စီ ပေးရန် ဥပဒေတစ်ရပ်ကို စနေနေ့က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါသည်။
ထိုတပ်သားသစ်များအနေဖြင့် လာမည့် ဒီဇင်ဘာလ ၁ ရက်မှစ၍ ယူကရိန်းစစ်ပွဲတွင် အနည်းဆုံး တစ်နှစ်ထမ်းဆောင်ရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးရမည်ဟု အဆိုပါဥပဒေတွင် ဖော်ပြထားပါသည်။
ကိုးကား - ရိုက်တာ(မော်စကို)

ရုရှားအနေဖြင့် ယူကရိန်းက မိမိနိုင်ငံအတွင်းကို အမေရိကန်နိုင်ငံထုတ်လက်နက်များ၊ ဗြိတိန်နိုင်ငံထုတ် လက်နက်များနှင့် ပစ်ခတ်တိုက်ခိုက်မှုကို တုံ့ပြန်သည့် အနေဖြင့် ယူကရိန်းရှိ Dnipro မြို့ကို Oreshnik အမည်ရှိ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်သစ်တစ်မျိုးဖြင့် ပစ်လွှတ်လိုက်ပါသည်။ ထိုလက်နက်မျိုး ရုရှားဖက်က ထွက်ပေါ်လာခြင်းသည် ကမ္ဘာတစ်ဝှမ်းကို တုန်လှုပ်ချောက်ခြားစေပါသည်။ ရုရှားက အမေရိကန်နှင့် အနောက်နိုင်ငံများကို သတိပေးလိုက်ခြင်းလည်း ဖြစ်ပါသည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်သည်ဟု သံသယဖြင့် တနင်္လာနေ့တွင် အဖမ်းခံရသည့် နော်ဝေးနိုင်ငံအိမ်ရှေ့မင်းသမီး၏ သားတော် Marius Borg Hoiby သည် ဒုတိယကြိမ်မြောက် အလားတူ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြင့် ထပ်မံအဖမ်းခံလိုက်ရကြောင်း နော်ဝေးရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါသည်။

ရုရှားနိုင်ငံ၊ Kursk ဒေသသို့ တိုက်ခိုက်လာသော ယူကရိန်းစစ်တပ်၏ ဒုံးကျည်နှစ်စင်းနှင့် ဒရုန်း ၂၇ စင်း တို့ကို ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်များက ဖျက်ဆီးနိုင်ခဲ့ကြောင်း ဒေသတွင်းအစိုးရအဖွဲ့အကြီးအကဲ Smirnov က ပြောကြားခဲ့ပါသည်။
ကိုးကား - Kursk ဒေသတွင်းအစိုးရအဖွဲ့