သတင်းများ

German Crisis

ယခုလများအတွင်း Mercedes-Benz ၊ BMW နှင့် Volkswagen ကဲ့သို့ ဧရာမ ကားကုမ္မဏီကြီးများသည် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများကြောင့် မကြုံစဖူး ဖိအားများနှင့် ကြုံတွေ့နေရကြောင်း၊ နည်းပညာမြင့် တရုတ်လျှပ်စစ်ကားထုတ်လုပ်သူများက ဥရောပတွင် ဝင်ရောက်နေရာ ယူလာကြကြောင်း၊ ဥရောပသမဂ္ဂနှင့် တရုတ်နိုင်ငံအကြား အခွန်စည်းကြပ်မှု တင်းမာလာခြင်း ကြောင့် ဂျာမနီမော်တော်ကားကုမ္ပဏီကြီး ၃ ခုတို့၏ အမြတ်အစွန်းများ ကျဆင်းလာကြောင်း ဖော်ပြထား သည်။

ပိုလန်နိုင်ငံရှိ အမေရိကန်နိုင်ငံ၏ဒုံးကျည်ကာကွယ်ရေး အခြေစိုက်စခန်းသစ်သည် စစ်ဖြစ်ပွားပါက ရုရှား၏ ဦးစားပေး ပစ်မှတ်များထဲတွင်ပါဝင်နေကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာဟာရိုဗာကပြောကြား

ပိုလန်နိုင်ငံရှိ အမေရိကန်နိုင်ငံ၏ဒုံးကျည်ကာကွယ်ရေး အခြေစိုက်စခန်းသစ်သည် စစ်ဖြစ်ပွားပါက ရုရှား၏ ဦးစားပေး ပစ်မှတ်များထဲတွင်ပါဝင်နေကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာဟာရိုဗာကပြောကြားခဲ့ကြောင်း သိရှိရသည်။

Photo Credit : Suptnik

ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်သည် HIMARS ဒုံးပျံ ၆ စင်းနှင့် ယူကရိန်းဒရုန်း ၆၇ စင်းတို့ကို လွန်ခဲ့သော၂၄နာရီအတွင်း ပစ်ချနိုင်ခဲ့ကြောင်း၊ တာဝန် ဧရိယာအတွင်း ယူကရိန်းတို့၏ တန်ပြန်တိုက်ခိုက်မှု ၁၁ ကြိမ်ကိုလည်း ချေမှုန်းနိုင်ခဲ့ကြောင်း၊ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ယူကရိန်း အထူးစစ်ဆင်ရေးအတွင်း ရုရှား တပ်ဖွဲ့များသည် ယူကရိန်းတပ်ဖွဲ့ဝင်များနှင့် စက်ပစ္စည်း ၁၄၂ ခုကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ရုရှားတပ်မတော်၏ တောင်ပိုင်းတပ်ဖွဲ့ တာဝန်ယူရာနယ်မြေဇုန်တွင် ယူကရိန်း တပ်ဖွဲ့ဝင် ၃၈၀ ဦးအထိ ဆုံးရှုံးခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁ဝဝ) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနား ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။

ရုရှားတပ်မတော်သည် ယူကရိန်းနိုင်ငံအပေါ် "ကြီးမား သောလေကြောင်းတိုက်ခိုက်မှု" ဖြစ်ပွားနိုင်ကြောင်း ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ရှိ အမေရိကန်သံရုံးက သတိပေးပြောကြား

ရုရှားတပ်မတော်သည် ယူကရိန်းနိုင်ငံအပေါ် "ကြီးမား သောလေကြောင်းတိုက်ခိုက်မှု" ဖြစ်ပွားနိုင်ကြောင်း ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ရှိ အမေရိကန်သံရုံးက နိုဝင်ဘာ ၂၀ ရက်တွင် သတိပေးပြောကြားထားကြောင်း The Guardian သတင်းဆောင်းပါး၌ ဖော်ပြထားသည်။

4 Latin

လက်တင်အမေရိက လေးနိုင်ငံသည် ယူကရိန်း-ရုရှား စစ်ပွဲတွင် လက်နက်ပြိုင်ဆိုင်မှု ပြင်းထန်စေမည့် လုပ်ရပ်များကို ရှောင်ရှားရန် ပူးတွဲကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

ဘရာဇီး၊ ချီလီ၊ ကိုလံဘီယာနှင့် မက္ကဆီကို နိုင်ငံလေးနိုင်ငံတို့က အဆိုပါလုပ်ရပ်များသည် ပဋိပက္ခကို ပိုမို ဆိုးရွားစေသည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြ ထားသည်။

ကိုးကား - Agence France-Presse

NATO

အဆိုပါအစီအစဉ်တွင် ဘီလာရုစ်နိုင်ငံကို အမျိုးသားရေးဝါဒီအုပ်စုများက ပထမဦးစွာ တိုက်ခိုက်မည်ဖြစ်ကြောင်း၊ ပိုလန်နိုင်ငံ၊ လစ်သူယေးနီးယားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့မှ ကြေးစားစစ်သားများနှင့် နေတိုးတပ်ဖွဲ့ဝင်များကို ခေါ်ဆောင်သွားနိုင်သည်ဟု မျှော်လင့်ထားကြောင်း ဖော်ပြထားသည်။ ပိုလန်နိုင်ငံ၏ ထောက်လှမ်းရေးတပ်ဖွဲ့များသည် အဆိုပါတိုက်ခိုက်မှုအတွက် စစ်သွေးကြွများကို လေ့ကျင့်ပေးရာတွင် ကူညီပေးနေကြောင်း ဘီလာရုစ်နိုင်ငံပိုင် ရုပ်မြင်သံကြား ဖော်ပြချက်များအရ သိရှိရသည်။

ကိုးကား - ဘီလာရုစ်နိုင်ငံပိုင် ရုပ်မြင်သံကြား

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ၁၉ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေး၏ ဒုတိယပိုင်းအစည်းအဝေးကဏ္ဍ တွင်ယူကရိန်းနိုင်ငံ၏အကျပ်အတည်းကို အရှိန်လျော့ရန် နှင့် နိုင်ငံရေးအရ ဖြေရှင်းရန် တောင်းဆို

"ယူကရိန်းအကျပ်အတည်းကို အရှိန်လျော့ပြီး နိုင်ငံရေး အရ ပြေလည်မှုရစေရန် ရှာဖွေသင့်ကြောင်း၊ စစ်မြေပြင် များ မချဲ့ထွင်သင့်ကြောင်း၊ ရန်လိုမှုများကို အရှိန်မမြှင့်ဘဲ အခြေခံမူများကို လိုက်နာသင့်ကြောင်း” ဘရာဇီးနိုင်ငံတွင် ကျင်းပခဲ့သည့် ၁၉ ကြိမ်မြောက် G20 ထိပ်သီး အစည်းအဝေး ၏ ဒုတိယပိုင်းအစည်းအဝေးတွင် သမ္မတ ရှီက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

ကိုးကား - ဆင်ဟွာသတင်းအေဂျင်စီ

italy embassy

ကြီးမားသည့် ဒုံးကျည်တိုက်ခိုက်မှု အန္တရာယ်ကြောင့် ယူကရိန်းနိုင်ငံအခြေစိုက် အီတလီသံရုံးကို ပိတ်လိုက် ကြောင်း သိရှိရသည်။

ကိုးကား- Italy Embassy in Ukraine

Top 10 Richest

အမေရိကန်ဘီလျံနာ Tesla, SpaceX ပိုင်ရှင် အီလွန်မတ်စ်ခ် သည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၂၇၄.၇ ဘီလီယံပိုင်ဆိုင်ကြောင်း၊ လာရီအယ်လီဆင် သည် အမေရိကန်ဒေါ်လာ ၂၁၁.၇ ဘီလီယံပိုင်ဆိုင်သည့် ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ ဂျက်ဖ်ဘီးဇော့ဖ် သည် အမေရိကန်ဒေါ်လာ ၂၀၅.၆ ဘီလီယံပိုင်ဆိုင်ပြီး တတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း၊  Facebook နှင့် Instagram ပိုင်ရှင် ဇူကာဘတ်သည် အမေရိကန်ဒေါ်လာ ၁၉၈.၃ ဘီလီယံပိုင်ဆိုင်ပြီး စတုတ္တအချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းတွင် ရပ်တည်နေပါသည်။