နိုင်ငံအသီးသီးတွင် အများသူငှာ ဆက်သွယ်ပြောဆိုမှု များကို ကွဲပြားစွာလုပ်ဆောင်ကြောင်း၊ သို့သော် ရုရှား နိုင်ငံတွင် သမ္မတက တစ်ခုခုပြောကြားပါက ယင်းစကား များသည် အချည်းနှီးစကားမဟုတ်ကြောင်း၊ ဆက်သွယ်ရေး လှည့်ကွက်မဟုတ်ကြောင်း၊ အဆိုပါစကား၏ တန်ဖိုးနှင့် အကျိုးဆက်များပါရှိကြောင်း ဟန်ဂေရီဝန်ကြီးချုပ် Orban က Kossuth ရေဒီယိုအစီအစဉ်တွင် ပြောကြား ခဲ့သည်။

ရုရှားတပ်မတော်သည် ယူကရိန်းတို့၏ ၂၀၂၅ ခုနှစ် အတွက် ရန်သူ၏စစ်ဆင်ရေးတစ်ခုလုံးကို အောင်မြင်စွာ ဟန့်တားနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Andrey Belousov က ပြောကြားခဲ့ပါသည်။
ကိုးကား - Tass

ရုရှား-ယူကရိန်းစစ်ပွဲသည် မည်မျှအန္တရာယ်ကြီးကြောင်း ရှင်းရှင်းလင်းလင်း သိသာထင်ရှားလာပြီ ဖြစ်ကြောင်း၊ သမ္မတ ပူတင်က ယူကရိန်းပိုင်နက်ကို တိုက်ခိုက်ရန် တာလတ်ပစ် ဒုံးကျည်များကို အသုံးပြုခဲ့ခြင်းသည် ကြောက်စရာကောင်းသည့် စစ်ရေးတိုးမြင့်လာမှု ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ဂျာမနီသည် ယူကရိန်း အား တာဝေးပစ် Taurus ဒုံးကျည်များ ထောက်ပံ့ ပေးမည်မဟုတ်ကြောင်း၊ ရုရှားပိုင်နက်ရှိ နေရာများကို ပစ်မှတ်ထားရန် ဂျာမန်လက်နက်များ အသုံးပြုရန် ယူကရိန်းကို ခွင့်မပြုထားကြောင်း ဂျာမနီ ဝန်ကြီးချုပ် Scholzက ၎င်း၏ရပ်တည်ချက်နှင့်ပက်သတ်၍ ထပ်လောင်း ပြောကြားခဲ့ကြောင်း

ဇန်နဝါရီ ၂၀ ရက်တွင် အမေရိကန်သမ္မတရာထူး စတင် တာဝန်ယူမည့် ဒေါ်နယ်ထရန့်က အဆိုပြုထားသော အခွန်စည်းကြပ်မှု မူအသစ်သည် ၂၀၂၆ ခုနှစ်အရောက် တွင် အမေရိကန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာနိုင်ကြောင်း မော်ဂန်စတန်လေ၏ Chief Global Economist ဖြစ်သူ Seth Carpenter က ပြောကြားလိုက်ပါသည်။

ပင်တဂွန်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Sabrina Singh က ရုရှားနိုင်ငံမှ "Oreshnik" ဒုံးကျည်စမ်းသပ်မှု နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံအား နျူကလီးယား လုံခြုံရေးလမ်းကြောင်းများမှတစ်ဆင့် သတိပေးထား ကြောင်း အတည်ပြုပြောကြားခဲ့ကြောင်း သိရှိရသည်။
ကိုးကား - ပင်တဂွန်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Sabrina Singh

ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် Oreshnik ဒုံးကျည် မလွှတ်တင်မီ မိနစ် ၃၀ အလိုတွင် အမေရိကန်နိုင်ငံသို့ ရုရှားအမျိုးသား နျူကလီးယားအန္တရာယ် လျှော့ချရေး ဗဟိုဌာနမှတစ်ဆင့် အလိုအလျောက် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က TASS သတင်းအေဂျင်စီသို့ ပြောကြား ခဲ့သည်။
ကိုးကား - TASS သတင်းအေဂျင်စီ

ရုရှားသမ္မတ ပူတင်သည် နိုဝင်ဘာလ ၂၁ ရက်နေ့ ဒေသ စံတော်ချိန် ၂၀၁၀ တွင် ယူကရိန်းအထူး စစ်ဆင်ရေး နှင့်ပတ်သက်၍ နိုင်ငံတော်အဆင့်ထုတ်ပြန်ကြေညာချက် ကို ပြောကြားခဲ့သည်။

ရုရှားတပ်မတော်သည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းနိုင်ငံအပေါ် တိုက်ချင်းပစ်ဒုံးကျည်(ICBM) ကို အသုံးပြုပစ်ခတ်ခဲ့ကြောင်း ယူကရိန်း လေကြောင်းရန် ကာကွယ်ရေးတပ်များက ပြောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံ Adani Group အကြီးအကဲ Gautam Adani အပါအဝင် အခြားပုဂ္ဂိုလ်၇ဦးကို ဒေါ်လာ ဘီလီယံပေါင်းများစွာ လာဘ်ပေးလာဘ်ယူမှုဖြင့် အမေရိကန် အစိုးရကစွဲချက်တင်၍ တရားစွဲဆိုလိုက်ကြောင်း ရိုက်တာသတင်းဌာနနှင့် Bloomberg သတင်းဌာနတို့အပါအဝင် အခြားသတင်းဌာနများက နိုဝင်ဘာလ ၂၁ ရက် တွင် ဖော်ပြလိုက်ကြသည်။
Adani အဖွဲ့အစည်းသည် ဆိုလာစွမ်းအင်စာချုပ်များရရှိစေရန် အိန္ဒိယအရာရှိများကို လာဘ်ထိုးခဲ့သဖြင့် ဗုဒ္ဓဟူးနေ့တွင် တရားစွဲဆိုခံလိုက်ခြင်းဖြစ်ကြောင်း အစိုးရရှေ့နေများက ကြေညာလိုက်သည်။

ဟန်ဂေရီနိုင်ငံသည် ရုရှားနိုင်ငံအတွင်းမှ တာဝေးပစ် တိုက်ခိုက်မှုများအတွက် အမေရိကန်၏ခွင့်ပြုချက်ဖြင့် ယူကရိန်းနယ်စပ်အနီး အရှေ့မြောက်ဘက်တွင် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို တပ်ဖြန့်ချထား ကြောင်း ဟန်ဂေရီနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးက သတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
ကိုးကား - ဟန်ဂေရီကာကွယ်ရေးဝန်ကြီးဌာန