၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် စတင်တာဝန် ယူမည့် အမေရိကန်အစိုးရအဖွဲ့၏ ပညာရေးဝန်ကြီးနေရာ အတွက် Linda McMahon အမည်ကို ရွေးကောက်ပွဲနိုင် သမ္မတလောင်း ဒေါ်နယ်ထရန့်က နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာလိုက်သည်။

ယူကရိန်းတပ်များ၏ Storm Shadow ခရုဇ်ဒုံးကျည်များ ဖြင့် တိုက်ခိုက်မှုတွင် Kursk ဒေသရှိ Maryino နန်းတော် အနီးနေရာတစ်ခုအား ထိမှန်ခဲ့ကြောင်း ယူကရိန်း မီဒီယာများက ဖော်ပြခဲ့သည်။

နိုဝင်ဘာ လ ၂၀ ရက်နေ့တွင် ယူကရိန်းနိုင်ငံက ရုရှား နိုင်ငံပိုင်နက်ထဲသို့ UK Storm Shadow ဒုံးကျည်များ ပစ်လွှတ်ခဲ့ကြောင်း အမည်မဖော်လိုသည့် အနောက်တိုင်း အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Bloomberg သတင်းအေဂျင်စီက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ပါသည်။
ဝန်ကြီးချုပ် Keir Starmer ၏ ပြောရေးဆိုခွင့်ရှိသူက ၎င်း၏ ရုံးသည် အစီရင်ခံစာများ သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှုကိစ္စရပ်များအပေါ် မှတ်ချက်ပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ကြီးမားသည့် ဒုံးကျည်တိုက်ခိုက်မှု အန္တရာယ်ကြောင့် ယူကရိန်းနိုင်ငံအခြေစိုက် အီတလီသံရုံးကို ပိတ်လိုက် ကြောင်း သိရှိရသည်။
ကိုးကား- U.S Embassy in Ukraine

ယူကရိန်း သမ္မတ ဇယ်လင်စကီးသည် နိုဝင်ဘာလ ၂၀ ရက်နေ့က ၎င်း၏ဗီဒီယိုမိန့်ခွန်းတွင် ယူကရိန်း တပ်များ အား မြေမြှုပ်မိုင်းများ ထောက်ပံ့ပေးအပ်ခြင်းအတွက်အမေရိကန်နိုင်ငံနှင့် သမ္မတ ဘိုင်ဒင်အား ကျေးဇူးတင်ရှိကြောင်း နှင့်၎င်းတို့သည် ရုရှား၏ တိုက်ခိုက်မှုများကို ရပ်တန့်ရန် အတွက် မရှိမဖြစ် လိုအပ်သည်အရာများဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဌာနနှင့် အခြားအမေရိကန်အေဂျင်စီများသည် အမေရိကန်၏ ပြိုင်ဘက်နိုင်ငံများအား မှန်ကန်ပြီး ခိုင်မာသော တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်သင့်ကြောင်း ရေတပ်ဒုတိယ ဗိုလ်ချုပ်ကြီး Thomas Buchanan က ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာတွင် ပြောကြားခဲ့သည်။
ကိုးကား - Tass သတင်းအေဂျင်စီ

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် လူမှုမီဒီယာ အိက်စ်တည်ထောင်သူ အီလွန်မတ်စ်၏ SpaceX မှ တီထွင်ထားသည့် ဧရာမ အာကာသယာဉ် စမ်းသပ်ပစ်လွှတ်မှုကို ယမန်နေ့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
SpaceX အာကာသနည်းပညာကုမ္ပဏီသည် အမေရိကန်တောင်ပိုင်း တက္ကဆက်ပြည်နယ်ရှိ အာကာသယာဉ်လွှတ်တင်ရေးစခန်းမှ Starship ဒုံးပျံကို နိုဝင်ဘာ ၁၉ ရက်တွင် လွှတ်တင်ခဲ့သည်။

အမေရိကန်နိုင်ငံထုတ် တာဝေးဒုံးကျည်ဖြင့် ယူကရိန်းက ရုရှားနိုင်ငံကို တိုက်ခိုက်ရန် အမေရိကန်သမ္မတဘိုင်ဒန်က မီးစိမ်းပြလိုက်ပြီး ၂ ရက်အကြာတွင် ရုရှားသမ္မတပူတင်က နျူကလီးယားလက်နက် အသုံးချမှုဆိုင်ရာမူဝါဒကို ပြောင်းလဲလိုက်ပါသည်။

ရုရှားတပ်မတော်၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ Sumy ဒေသရှိ Shostka မြို့၏ ကာကွယ်ရေး စက်ရုံအနီးတွင် ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဒေသတွင်း သတင်း Channel များက "Impulse" စက်ရုံ၏ ဧရိယာတွင် အားပြင်းသော ပေါက်ကွဲသံကို ကြားခဲ့ပြီး ထို့နောက်တွင် ဆင့်ပွားပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ ပေါက်ကွဲမှုကြောင့်မီးအလင်းရောင်သည် နာရီပေါင်းများစွာကြာမြင့်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ကိုးကား- ဒေသတွင်းမီဒီယာ

ရုရှားနိုင်ငံ၏ Belgorod၊ Voronezh နှင့် Bryansk ဒေသများတွင် နိုဝင်ဘာလ ၁၉ ရက်နေ့ည၌ ယူကရိန်း က ကြီးမားသော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
Voronezh ဒေသတွင် ဒုံးပျံများ နှင့် UAV များ ပေါင်းစပ် ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး Voronezh ဒေသတွင် Mayonnaise စက်ရုံတစ်ရုံ ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
ကိုးကား - SPUTNIK