သတင်းများ

နေတိုးအဖွဲ့ဝင် နိုင်ငံများကို ထိခိုက်လာလျှင် ရုရှားကို ချေမှုန်းပစ်မည်ဟု နေတိုးအတွင်းရေးမှူးချုပ် ကြိမ်းဝါး

နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မက်ခ်ရက်တီက ရုရှားသမ္မတ ဗလာ ဒီမာပူတင်အား အမေရိကန်ဦးဆောင်သောစစ်ဘက်အုပ်စု (နေတိုး)၏ အဖွဲ့ဝင်နိုင်ငံများကို တိုက်ခိုက်လာပါက မော်စကိုအား ချေမှုန်းပစ်မည် ဟု ဖေဖော်ဝါရီ ၁၂ ရက်နေ့က သတိပေးခဲ့ပါသည်။ 

မကြာသေးမီနှစ်များအတွင်း ရက်တီ ကဲ့သို့သော နေတိုးအဖွဲ့၏ ထိပ်တန်း အကြီးအကဲများကို ရုရှားက ချုပ်ကိုင်နိုင်ရန်အတွက် အစီစဉ်ချ လုပ်ဆောင် နေကြောင်း စွပ်စွဲထားပြီး ပူတင်က အဓိပ္ပာယ်မရှိသောစွပ်စွဲချက်များဟု ငြင်းဆိုထားခဲ့သည်။ 

ငွေကြေးလိမ်လည်ရန် အဓမ္မခိုင်းစေခံခဲ့ရဖွယ်ရှိသော နိုင်ငံခြားသား ၂၆၀ မြန်မာဘက်မှ ထိုင်းဘက်သို့ ရောက်လာ

မြန်မာနိုင်ငံတွင် ငွေကြေးလိမ်လည်မှုများအတွက် အဓမ္မခိုင်းစေခံခဲ့ ရကြောင်း ယူဆရသည့် နိုင်ငံခြားသား ၂၆၀ ဦးကို ထိုင်းနိုင်ငံဘက်က လက်ခံခဲ့သည်ဟု သိရှိရပြီး ၎င်းတို့သည် နိုင်ငံပေါင်း ၁၉ နိုင်ငံနှင့် ထိုင်ဝမ် မှလာရောက်သူများဖြစ်သည်ဟု ထိုင်းနိုင်ငံကဆိုပါသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့က အဆိုပါနိုင်ငံခြားသားများကို ထိုင်းမြန်မာ နယ်စပ်တစ်နေရာ၌ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက အကာအကွယ် ပေးခဲ့ကြောင်း ပြောသည်။

ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးအသုံးစရိတ် ၂၀၂၄ ခုနှစ်တွင် စံချိန်တင် ခဲ့ကြောင်း ဗြိတိန် ပညာရှင်အဖွဲ့ဆို

ယူကရိန်း-ရုရှား ပဋိပက္ခဖြစ်စဉ်အတွင်း ယခင်နှစ်၏ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးအသုံးစရိတ်သည် အမြင့်ဆုံးပမာဏကို ရောက်ရှိခဲ့ကြောင်း ဗြိတိန် ပညာရှင်အဖွဲ့တစ်ဖွဲ့က ဆိုပါသည်။

International Institute for Strategic Studies က ၎င်းတို့၏ နှစ်ပတ်လည် စစ်ရေးအသုံးစရိတ်နှိုင်းယှဉ်မှုဆိုင်ရာ အစီရင်ခံစာကို ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ကမ္ဘာ့ကာကွယ်ရေး အသုံးစရိတ် သည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၄၆ ထရီလီယံအထိ ရှိလာခဲ့ကာ ယခင်နှစ်ကထက် ၇.၄ ရာခိုင်နှုန်း တိုးလာသည်ဟု အဆိုပါ သုတေသန ဌာနက ဆိုပါသည်။

တရုတ်က ထရမ့်နှင့်ပူတင်တို့၏ ဆွေးနွေးမှုကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလို

ယူကရိန်းပဋိပက္ခအဆုံးသတ်နိုင်ရေး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် အဆိုပြုခဲ့သည်ဟု Wall Street Journal က ခိုင်လုံသော သတင်းရင်းမြစ်များကို ကိုးကား၍ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် မော်စကိုနှင့်ကိယက်ဗ် အကြား ပဋိပက္ခ အဆုံးသတ် နိုင်ရေး အကောင်အထည်ဖော်ဆောင်နိုင်မည့် ငြိမ်းချမ်းရေး အကျိုးဆောင် အဖြစ်ဆောင်ရွက်ရန် လိုလားလျက်ရှိပြီး ၎င်း၏လမ်းပြမြေပုံကို တင်ပြ ထားခဲ့သည်။

EU ခေါင်းဆောင်များသည် ကြောက်တတ်သော ယုန်သူငယ်လေးများ သဖွယ် ဖြစ်နေဟုဆို

အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) အကြား ကုန်သွယ်ရေး ညှိနှိုင်းမှု ပြုရာ၌ အီးယူဘက်မှ အမေရိကန်ကို လိုက်လိုက်လျောလျော ဆက်ဆံ နေခြင်းနှင့်ပတ်သက်၍ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က အီးယူ ခေါင်းဆောင်များသည် သူရဲဘောကြောင်ပြီး ကြောက်တတ်သည့်ယုန်ကလေးများကဲ့သို့ဖြစ်နေသည်ဟုဆိုကာ ပြင်းထန်စွာ ဝေဖန်ခဲ့ပါသည်။ လက်ရှိဖြစ်ပေါ်နေသည့် အီးယူနှင့်အမေရိကန်တို့အကြား ကုန်သွယ်ရေး တင်းမာမှုဖြစ်နေချိန်၌ အချိန်ကိုက်ဝေဖန်လိုက်ခြင်းပင် ဖြစ်ပါသည်။ 

ဗန်းမော်မြို့တိုက်ပွဲ ရက် (၇၀) ကျော်အတွင်း KIA PDFအဖွဲ့ဘက်တွင် အကျအဆုံးများနေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲ ရက်ပေါင်း (၇၀) ကျော်အတွင်း KIA နှင့် PDFအဖွဲ့ဘက်တွင် အကျအဆုံးများနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်မှစတင်ကာ KIA လက်နက်ကိုင်အဖွဲ့က ဗန်းမော်မြို့ကို စတင်တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင် ရက်ပေါင်း (၇၀) ကျော်ကြာမြင့်လာပြီဖြစ်ကြောင်းသိရသည်။

ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်ရေတပ် သင်္ဘောနှစ်စင်း ဖြတ်ကျော်ဝင်ရောက်

အမေရိကန်ရေတပ် သင်္ဘောနှစ်စင်းသည် ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်ခဲ့မှုနှင့်အတူ တရုတ်ဘက်မှ တင်းမာသည့်တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဖြတ်ကျော်ဝင်ရောက်မှုသည် ဒေါ်နယ်ထရမ့် သမ္မတအဖြစ် စတင် တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြတ်ကျော်ဝင်ရောက်မှု တစ်ခုဖြစ်ကြောင်းလည်း သိရှိရပါသည်။

ဂျပန်လမ်းမပေါ်တွင် မြေတွင်းပြိုပြီး ကားတစ်စီးကျွံဝင်မှုမှ ဒရိုင်ဘာ ပျောက်ဆုံးနေဆဲ

ဆိုင်တာမာစီရင်စုရှိ ယိုရှိရွာရှိ ကားလမ်းပေါ်၌ ရုတ်တရက် မြေတွင်း ပေါက်ကြီးဖြစ်ကာ ကားတစ်စင်းထိုးကျသွားသည်မှာ သတင်းပတ်၂ ပတ် ကျော်ရှိသွားသော်လည်း အသက် ၇၄ နှစ်အရွယ် ယာဉ်မောင်း အဖိုးအိုကို ယနေ့အထိရှာမတွေ့သေးကြောင်းနှင့် အဆိုပါတွင်းသည် တဖြည်းဖြည်း ပိုမိုကျယ်လာကာ အနီးအနားရှိအိမ်များကို ရွှေ့ပြောင်းပေးနေရကြောင်း သိရှိရပါသည်။ 

ယူကရိန်း၏ "Contract 18-24" ဆန္ဒအလျောက်စစ်မှုထမ်းရန် လူသစ် စုဆောင်းရေး အစီအစဉ်သည် ယူကရိန်းစစ်တပ်ထဲသို့ ၁၈နှစ် မှ ၂၄ နှစ် အရွယ် ယူကရိန်းလူသစ်စုဆောင်းရေးအတွက် ရည်ရွယ်

ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန (MoD) သည် မကြာသေးမီက “Contract 18-24” ဆန္ဒအလျောက်လူသစ်စုဆောင်းရေး အစီအစဉ် ကို စတင်ခဲ့ပြီး ယူကရိန်းစစ်တပ်ထဲသို့ ၁၈နှစ် မှ ၂၄ နှစ်အရွယ် ယူကရိန်း လူသစ် စုဆောင်းရေးအတွက် ရည်ရွယ်ကြောင်း သိရှိရပါသည်။

အမေရိကန်အစိုးရ၏ လက်နက်ခဲယမ်း အကူအညီထက်ဝက်ခန့်ကို ယူကရိန်းက မှောင်ခိုဈေးကွက်များ၌ ရောင်းချဟုဆို

အမေရိကန်အစိုးရ၏ လက်နက်ခဲယမ်း အကူအညီများအနက်မှ ထက်ဝက်ခန့်ကို ယူကရိန်းနိုင်ငံက မက္ကဆီကို မူးယစ်ဂိုဏ်းများ အပါအဝင် နိုင်ငံတကာ မှောင်ခိုဈေးကွက်များ၌  ရောင်းချခဲ့သည်ဟု အမေရိကန် သတင်းထောက်တစ်ဦးက ပြောသည်။