သတင်းများ

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာကသိရှိစေရန် ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် သနပ်ခါးနှင့်ပတ်သက်၍ အများပြည်သူ၏ သဘောထားစစ်တမ်း ကောက်ခံခြင်းကို ဆောင်ရွက်လျက်ရှိပြီး မတ်လမတိုင်မီ ယူနက်စကိုသို့ တင်ပြသွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ သိရသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ငြိမ်းချမ်းရေးသဘောတူညီချက်ကို ငြင်းပယ်ပါက ဒဏ်ခတ်အရေးယူမှုများနှင့် အမေရိကန်စစ်သားများကို ယူကရိန်းသို့ စေလွှတ်မည်ဟု အမေရိကန် ဒုသမ္မတ ဂျေဒီ ဗန့်စ် က ပြောကြား

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ယူကရိန်းငြိမ်းချမ်းရေး သဘော တူညီချက်ကို စိတ်ရင်းမှန်ဖြင့် ညှိနှိုင်းဆွေးနွေးရန် ပျက်ကွက်ပါက၊ ဝါရှင်တန်သည် မော်စကိုအပေါ် ပိုမိုတင်းကြပ်သော ဒဏ်ခတ်အရေးယူမှု များချမှတ်နိုင်ပြီး အမေရိကန်စစ်သားများကို ယူကရိန်းသို့ စေလွှတ်နိုင် ကြောင်း အမေရိကန်ဒုသမ္မတ J.D. Vance က ဖေဖော်ဝါရီ ၁၄ ရက် (သောကြာနေ့)တွင် ထုတ်ဝေသော Wall Street Journal နှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပါသည်။ 

“ရုရှား၊ ယူကရိန်းနှင့် အမေရိကန်တို့၏ ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မြူးနစ်လုံခြုံရေးညီလာခံ၌ ရုရှား-ယူကရိန်း ပဋိပက္ခအဖြေရှာရေး ဆွေးနွေးမှုများ ပြုလုပ်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က မြူးနစ်လုံခြုံရေးညီလာခံ၏ ဘေးဘက်တွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့၌ ရုရှား၊ ယူကရိန်းနှင့် အမေရိကန်မှ အဆင့်မြင့် တာဝန်ရှိသူများ ပါဝင်သည့် အစည်းအဝေး တစ်ရပ် ကျင်းပမည်ဟု ပြောကြားခဲ့ပါသည်။ ၂၀၂၂ ခုနှစ်ကတည်းက ရုရှားအရာရှိများသည် အဆိုပါညီလာခံသို့ တက်ရောက်လာခြင်းမရှိကြောင်း သိရှိရပါသည်။ အမေရိကန်၊ ရုရှားနှင့် ယူကရိန်း ကိုယ်စားလှယ်များသည် ရုရှားနှင့် ယူကရိန်းအကြား ပဋိပက္ခ ဖြေရှင်းရေးကိစ္စရပ်များကို မြူးနစ်ညီလာခံ၏ဘေးဘက်၌ ဆွေးနွေးမည်ဟု သမ္မတဒေါ်နယ်ထရမ့် က ဝါရှင်တန်တွင် သတင်းထောက်များအား ပြောကြားခဲ့ပါသည်။ 

အမေရိကန်သမ္မတသည် ရုရှားအား G8 အဖွဲ့အတွင်း ပြန်လည် ပါဝင်စေရန် အလွန်လိုလား ကြောင်း ထုတ်ဖော်ပြောကြား

“ရုရှားနိုင်ငံကို G7 အဖွဲ့သို့ ပြန်လည်ပါဝင်စေလိုပါကြောင်း၊ ၎င်းတို့သည် စားပွဲဝိုင်းတွင် ပြန်လည်ထိုင်သင့်သည်ဟု ယုံကြည်ပါကြောင်း၊ ရုရှား သမ္မတ ဗလာဒီမာပူတင်လည်း ပြန်လာရန် အလွန်လိုလားမည်ဟုထင်ပါကြောင်း၊ အကယ်၍ G8 အဖြစ် ဆက်ရှိနေခဲ့ပါက ယူကရိန်းနှင့် ပတ်သက်သော ပြဿနာများ ဖြစ်ပွားခဲ့မည်မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါသည်။ 

TikTok ကို အမေရိကန်မှာ ပြန်ဒေါင်းလို့ရပြီ

အမေရိကန် Apple နဲ့ Google ရဲ့ app store တွေမှာ TikTok ကို ကြာသပတေးနေ့က စပြီး ပြန်ဒေါင်းလို့ရပြီလို့ သိရပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က TikTok ပိတ်ပင်တားမြစ်မှုအကောင်အထည်ဖော်ခြင်းကို ရက်ရွှေ့ဆိုင်းလိုက်တဲ့နောက်ပိုင်းမှာ ခုလို ပြန်လည်ရရှိလာတာပါ။

Bloomberg နဲ့ CNBC သတင်းဌာနတွေကလည်း TikTok ကို ကြာသပတေးနေ့ညနေပိုင်းမှာ app store တွေကနေ ပြန်ဒေါင်းလို့ရလာကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ CNN က ဖုန်းအမျိုးမျိုးမှာ app ကို ဒေါင်းလုဒ်လုပ်ဖို့ ကြိုးစားကြည့်တဲ့အခါ app store တွေမှာ ကြာသပတေးနေ့ညနေပိုင်းမှာ ဒေါင်းလို့ရလာတယ်လို့ ဆိုပါတယ်။

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း မစောတံတားတွင် ခရီးသွားယာဉ် ရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွား

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီးမစောတံတား၌ ယနေ့ ဖေဖော်ဝါရီ (၁၄)ရက်တွင် ခရီးသွားယာဉ်နှင့် ကုန်တင်ယာဉ်များ ရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ထိုသို့ ပိတ်ဆို့ရခြင်းမှာ ယာယီသံဘေလီတံတားအစားကွန်ကရစ်တံတားအသစ်ဆောက်လုပ်ရန် ဘေလီတံတားကို ဖြုတ်ချထားသည့်အတွက် လမ်းလွှဲမှတဆင့် ဖြတ်သန်းသွားလာနေရခြင်းကြောင့် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းဖြတ်သန်းနေကြရကြောင်း ဆိုသည်။

အစ္စရေး သို့မဟုတ် အမေရိကန်က တိုက်ခိုက်ခဲ့မည်ဆိုပါက နျူကလီးယား စက်ရုံအမြောက်အမြား တည်ထောင်မည်ဟု အီရန်ကြေညာ

တီဟီရန်၊ နျူကလီးယားနည်းပညာ

အီရန်နိုင်ငံအား အစ္စရေး သို့မဟုတ်အမေရိကန်က တိုက်ခိုက်ခဲ့မည်ဆိုပါက နိုင်ငံအတွင်း၌   နျူကလီးယားစက်ရုံအမြောက်အမြားကို တည်ထောင်မည်ဖြစ်ကြောင်း အီရန်အစိုးရက ဖေဖော်ဝါရီလ ၁၃  ရက်တွင် ကြေညာသည်။

Deepseek အပလီကေးရှင်းက အသုံးပြုသူ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို စုဆောင်းပြီး သိုလှောင်ထားသည့် အချက်အလက်များကိုလည်း အစိုးရသို့ ထုတ်ပြန်ပေးနိုင်ဟု NIS ပြော

တရုတ်နိုင်ငံမှထုတ်လုပ်သည့် Deep- seek အပလီကေးရှင်းသည် အသုံးပြုသူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို စုဆောင်းပြီး ကီးဘုတ်မှရိုက်သွင်းလိုက်သည့်  အချက်အလက်များကိုလည်း အသုံးပြုလျက်ရှိသည်ဟု တောင်ကိုရီးယားအမျိုးသားထောက်လှမ်းရေး အေဂျင်စီ (NIS) ကပြောသည်။

ထို့ကြောင့် အစိုးရအဖွဲ့အစည်းများမှ တာဝန်ရှိသူများအနေဖြင့် Deepseek AI အပလီကေးရှင်းကို အသုံးပြုရာတွင် သတိထားကြရန် NIS က အာဏာပိုင်အဖွဲ့ထံသို့ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း၌ တရားဝင်အသိပေးခဲ့သည်။

ဒိုင်လူကြီးများကို ဝေဖန်မှုများအတွက် ရီးယဲလ်မက်ဒရစ် အသင်းကို အရေးယူပေးရန် တော်ဝင်စပိန်ဘောလုံး အဖွဲ့ချုပ်ထံ တောင်းဆို

မက်ဒရစ်   ဖေဖော်ဝါရီ   ၁၂

စပိန်လာလီဂါအဖွဲ့ချုပ်က ဒိုင်လူကြီးများကို ပြင်းထန်စွာ ဝေဖန်မှုများအတွက် ရီးယဲလ်မက်ဒရစ် အသင်းကို  ဥပဒေအရ  အရေးယူပေးရန်   တော်ဝင် စပိန်ဘောလုံး အဖွဲ့ချုပ်ထံ တောင်းဆိုမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

     တံတားဦးမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ

တံတားဦး ၊ ဖေဖော်ဝါရီ - ၁၂

၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင် အခမ်းအနားကို  တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမရှေ့၌ ယင်းနေ့ နံနက်(၅)နာရီခွဲ အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား လွှင့်တင်ရာတံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များ ဌာန ဆိုင်ရာများစုစုပေါင်း(၉၅)ဦးတို့ တက်ရောက်ပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။