သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တစ်နာရီခွဲ ခန့်ကြာမြင့်ပြီး အလွန်အကျိုးရှိသော ဖုန်းစကားပြောဆိုမှုအပြီး ရုရှား သမ္မတ ဗလာဒီမာပူတင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်မည် သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး အမေရိကန်နှင့် ရုရှားတို့၏ ပူးပေါင်း ဆောင်ရွက်မှုများ ကို ရှေ့ဆက်တိုးမြှင့်သွားမည်ဟု ဖော်ပြခဲ့ပါသည်။

သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တစ်နာရီခွဲခန့်ကြာ ဖုန်းပြောဆိုမှုအပြီး ရုရှား နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်မည်သွားမည်ဖြစ်ပြီး အမေရိကန်နှင့် ရုရှားတို့၏ ပူးပေါင်း ဆောင်ရွက်မှုများကို ရှေ့ဆက်တိုးမြှင့်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့ပါသည်။
ဖုန်းပြောဆိုမှုတွင် “ယူကရိန်း၊ အရှေ့အလယ်ပိုင်းဒေသ၊ စွမ်းအင်နယ်ပယ်၊ ဉာဏ်ရည်တုနည်းပညာ (AI)၊ ဒေါ်လာ၏အစွမ်းသတ္တိနှင့် အခြားအကြောင်းအရာများ၊ သက်ဆိုင်ရာနိုင်ငံများ၏ အားသာချက်များနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ရန် အလားအလာကောင်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ယူကရိန်းတွင် အပစ်ခတ်မှုရပ်စဲရန် “မဝေးတော့သည့်အနာဂတ်" တွင်ဖြစ်နိုင်ကြောင်း ယုံကြည်ထားသည်ဟု အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့သော သတင်းဌာနများနှင့် တွေ့ဆုံမေးမြန်းခန်းတွင်ပြောကြားခဲ့ပါသည်။
ယူကရိန်းအား NATO အဖွဲ့ဝင်အဖြစ် ငြင်းပယ်ရေး ပင်တဂွန် စစ်ဌာနချုပ် အကြီးအကဲ၏ အကြံကို ထောက်ခံကြောင်း သမ္မတက ပြောကြားခဲ့ပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဆော်ဒီအာရေဗျတွင် တွေ့ဆုံနိုင်သည်ဟု CBS သတင်းဌာနက ဖော်ပြထားပါသည်။
“ယူကရိန်းပဋိပက္ခအဆုံးသတ်လိုသည့် သမ္မတပူတင်၏ ဆန္ဒနှင့်ပတ်သက်၍ ကြီးမားသောယုံကြည်မှုဖြင့် ပြောဆိုနိုင်ကြောင်းအမေရိကန် သမ္မတက မှတ်ချက်ပြုခဲ့သည်” ဟု တီဗီချန်နယ်က အလေးပေးပြောကြားခဲ့ပါသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးသည် ယူကရိန်းအား ထောက်ပံ့ရန် ရင်းနှီးမြှုပ်နှံထားသော ငွေကြေးများပြန်လည်ရရှိရေး အာမခံချက်ပါသည့် စာရွက်စာတမ်းကို ယူကရိန်းအစိုးရထံမှ ရယူရန် ယူကရိန်းသို့ သွားရောက်ခဲ့ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသည်။
အမေရိကန်သမ္မတက ယူကရိန်းအား အကူအညီဆက်လက် ပေးအပ်သွားမည်ဖြစ်သော်လည်း “မိမိတို့၏ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် အာမခံချက်လိုသည်” ဟု ဖြည့်စွက်ပြောကြားခဲ့ပါသည်။
ကိုးကား - Izvestia

ကိုပင်ဟေဂင် ဖေဖော်ဝါရီ ၁၁
ခေါင်းကိုက်ရောဂါ ခံစားနေရသူများသည် ကိုယ့်ကိုယ်ကို အဆုံးစီရင်နိုင်ခြေ သာမန်လူများထက် ပို၍မြင့်မားနိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်၏ အဆိုကိုကိုးကား၍ ဖေဖော်ဝါရီ ၁၀ ရက်သတင်းများအရ သိရသည်။
ခေါင်းကိုက်ရောဂါကြောင့် အဆက်မပြတ်နာကျင်ကိုက်ခဲနေရသူများသည် ပုံမှန်လူများနှင့် နှိုင်းယှဉ်ပါက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုပမ်းလာနိုင်ခြေ နှစ်ဆပိုမြင့်မားကြောင်း အမေရိကန်နှင့် ဒိန်းမတ်သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။

လန်ဒန် ဖေဖော်ဝါရီ ၁၁
အင်္ဂလန်မြောက်ပိုင်း ဝိုလ်လာမြို့ကလေးကစားကွင်းတစ်ကွင်း မြေအောက်၌ မပေါက်ကွဲသေးသည့် ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံး ၁၇၆ လုံးတူးဖော်တွေ့ရှိခဲ့ရကြောင်း ဗြိတိန်မီဒီယာများက ဖေဖော်ဝါရီ ၁၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ကလေးကစားကွင်းပြန်လည် ပြင်ဆင်မွမ်းမံရေးလုပ်ငန်းများအတွက် မြေပြင်တူးဖော်မှုများပြုလုပ်နေစဉ် ပေါက်ကွဲခြင်းမရှိသေးသည့် အဆိုပါ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

မြောင်းမြ ဖေဖော်ဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော စပါး ၁၆၅၇၃၈ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းကောင်းမွန်ကြောင်း မြောင်းမြမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြောင်းမြမြို့နယ်၌ မိုးစပါး ၁၆၅၇၃၈ ဧကထိ လျာထားစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါစပါးခင်းများကို ၂၀၂၄ ခုနှစ် အောက်တိုဘာလက စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၉၆ ဒသမ ၈၆ တင်းထွက်ရှိကြောင်း သိရသည်။

ရန်ကုန် ဖေဖော်ဝါရီ ၁၁
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) မှ မန္တလေး-ချင်းမိုင် တိုက်ရိုက်ခရီးစဉ်ကို ဖေဖော်ဝါရီ ၁၀ ရက်မှ စတင်၍ အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တိုင်း တစ်ပတ်လျှင်နှစ်ကြိမ် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်သစ် စတင်ပြေးဆွဲသည့် အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပသည်။

ရန်ကုန် ဖေဖော်ဝါရီ ၁၁
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲလှူဒါန်းပွဲတော်နှင့် ထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် အာဇာနည်လမ်းရှိ ထန်းပင်ကုန်း၌ ကျင်းပသည်။