သတင်းများ

အမေရိကန်တွင် လူအစုလိုက် ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် ဒေါ်နယ်ထရမ့်က အမျိုးသား အစောင့်တပ်ဖွဲ့ကို စေလွှတ်ခဲ့ရ

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့တွင်  လူအစုလိုက် ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် သမ္မတဒေါ်နယ်ထရမ့်က အမျိုးသားအစောင့်တပ်ဖွဲ့ကို စေလွှတ်ခဲ့ရကြောင်း အိမ်ဖြူတော်က ဇွန်လ ၈  ရက်တွင် ထုတ်ပြန်ထားသည်။

အစုလိုက်ဆန္ဒပြမှုများသည် ရဲတပ်ဖွဲ့က ကယ်လီဖိုးနီးယား ပြည်နယ်အတွင်းရှိ တရားမဝင် နေထိုင်သူများ၏ နေအိမ်များအတွင်းသို့ စီးနင်းရှာဖွေခဲ့ပြီးနောက် ဖြစ်ပွားခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့၏ စီးနင်းမှုအတွင်း လူ ၄၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း  သိရသည်။ 

စီးနင်းမှုများဖြစ်ပွားပြီးနောက်ပိုင်းတွင် အဓိကရုဏ်းများ ဖြစ်ပွားခဲ့ခြင်းကြောင့် ထရမ့်က ထောင်ပေါင်းများစွာသော အမျိုးသားအစောင့် တပ်ဖွဲ့ဝင်များအား   လော့စ်အိန်ဂျလိစ်မြို့သို့ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း Fox သတင်း ဌာနက ဖော်ပြသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဒေသတွင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူများအား ထရမ့်က ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရသည်။

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် လော့စ်အိန်ဂျလိစ် မြို့တော်ဝန်တို့မှာ ၎င်းတို့၏ လုပ်ငန်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်း မရှိသောကြောင့် အစိုးရအဖွဲ့က ဝင်ရောက်ဖြေရှင်းရခြင်းဖြစ်ကြောင်း  ထရမ့်က ၎င်း၏ ဆိုရှယ်မီဒီယာပေါ်တွင်   ရေးသားဖော်ပြသည်။

လက်ရှိတွင် အခြေအနေများ ပိုမိုဆိုးရွားလာပါက ကမ်းတပ်ဖွဲ့အား စေလွှတ်ရန် ကာကွယ်ရေးဝန်ကြီးက အသင့်ပြင်ဆင်ထားကြောင်း သိရသည်။

MWD Web Portal

အမေရိကန်က ကိယက်ဗ်အတွက် စစ်ရေးအထောက်အပံ့များကို အရှေ့ အလယ်ပိုင်းဒေသသို့ လွှဲပြောင်းပေးနေကြောင်း ဇီလန်စကီး ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရသည် ယခင်သမ္မတ ဘိုင်ဒင်က ကိယက်ဗ်ကို ကတိပေးခဲ့သည့် များစွာသောစစ်ရေးအကူအညီများကို အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့များထံသို့ လွှဲပြောင်း ပို့ဆောင်ခဲ့သည်ဟု ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက ABC သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ရုရှား၏ တာဝေးပစ် ဒုန်းကျည် များကို ကြားဖြတ်တိုက်ခိုက်နိုင်ရန်အတွက် အရေးတကြီးလိုအပ်နေသည့် လေကြောင်းရန်ကာကွယ်ရေးစနစ်သုံး ဒုံးကျည်အမြောက်အမြား ပါဝင်သည်ဟု ၎င်းက ဆိုပါသည်။

ယူကရိန်းခေါင်းဆောင်က အဆိုပါကိစ္စကို တနင်္ဂနွေနေ့ (ဇွန် ၈) က ထုတ်လွှင့်ခဲ့သည့် ABC သတင်းဌာန၏ Martha Raddatz နှင့် တွေ့ဆုံ မေးမြန်းမှုတွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပြီး အမေရိကန် ထောက်ပံ့မှု ၏ အရေးပါမှုနှင့်ပတ်သက်၍ မေးမြန်းမှုတွင် ဇီလန်စကီးက ယူကရိန်းစစ်တပ်သည် ရုရှားဒရုန်းများ၏တိုက်ခိုက်မှုကို ၎င်းတို့အစွမ်းနှင့်သာ ရုန်းကန် ကာကွယ်နေရသည်ဟု ဝန်ခံခဲ့ပါသည်။

အီရန်က ရုရှားကို ထောက်ပံ့ပေးထားသည့် Shahed ဒရုန်းများ၏ တိုက်ခိုက်မှုကို အသဲအသန်ကာကွယ်နေရကြောင်းပြောဆိုခဲ့ပြီး ရုရှားနှင့် အီရန်နှစ်နိုင်ငံလုံးက အဆိုပါ ဒရုန်းများနှင့် ပတ်သက်သည့် အချက်ကို ယခင်က ငြင်းဆိုခဲ့ဖူးသည်။

ယခင်သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်၌ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ Lloyd Austin က အထူးနည်းပညာကိုအခြေခံသည့် ဒရုန်းကြားဖြတ်တိုက်ခိုက်ရေးဒုံးကျည် ၂၀,၀၀၀ ကို ယူကရိန်းကို ပေးအပ်ရန် ကတိပေးခဲ့ကြောင်း ဇီလန်စကီးက ဆိုပါသည်။ 

လက်ရှိကာကွယ်ရေးဝန်ကြီးက အမေရိကန်၏ အဆိုပါလက်နက်များကို အရှေ့အလယ်ပိုင်းဒေသကို ရွှေ့ပြောင်းလိုက်သည်ဟု ဇီလန်စကီးက ပြောကြားခဲ့ပြီး အမေရိကန်၏ စစ်ရေးအကူအညီမရှိပါက ရုရှားသည် စစ်ပွဲတွင်အနိုင်ရရန် အခွင့်အလမ်းပိုများပြီး ယူကရိန်းအနေဖြင့် ဆုံးရှုံးမှု များ ပိုမိုများပြားလာမည်ဟု ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ယခုသီတင်းပတ်အစောပိုင်းတွင် Wall Street Journal က ပင်တဂွန်သည် ယူကရိန်းအတွက် သတ်မှတ်ပေးထားသည့် ဒရုန်းကြားဖြတ် တိုက်ခိုက်ရေး လက်နက်များကို အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့များထံ လွှဲပြောင်းပေးပို့နေသည်ဟု ဖော်ပြခဲ့ပါသည်။

သမ္မတထရမ့်သည် ယူကရိန်းကို စစ်ရေးဆက်လက်ထောက်ပံ့မှုနှင့် ပတ်သက်၍ မကြာခဏမေးခွန်းထုတ်လေ့ရှိပြီး မော်စကိုနှင့် ကိယက်ဗ်အား ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် တွန်းအားပေး ဆောင်ရွက်လျက် ရှိသည်။

ယူကရိန်းပဋိပက္ခ၌ အမေရိကန်ပါဝင်မှုကို ဝေဖန်ပြောဆိုခဲ့သူ ကာကွယ်ရေးဝန်ကြီး Pete Hegseth သည် ယူကရိန်းကို စစ်ရေး အကူအညီ ပေးအပ်မှုအပေါ် ညှိနှိုင်းမည့် NATO အစည်းအဝေးကို တက်ရောက်ခြင်း မရှိခဲ့ပေ။ Wall Street Journal ၏ဖော်ပြချက်အရ ထရမ့်အစိုးရသည် ယူကရိန်းကို ဒေါ်လာ ၃.၈၅ ဘီလီယံတန်လက်နက်များပေးအပ်ရန် ယခင် အစိုးရက ကတိပြုခဲ့မှုကို ဖယ်ရှားခဲ့သည်ဟု ဆိုသည်။

မော်စကိုက ကိယက်ဗ်ကို ဥရောပ၏လက်နက်တင်ပို့ထောက်ပံ့မှုများကို အဆက်မပြတ်ရှုတ်ချခဲ့ပြီး ယင်းသို့တင်ပို့ခြင်းသည် ပဋိပက္ခကို မပြီးဆုံး စေဘဲ ပိုမိုဆိုးရွားလာစေပြီး ဘေးဒုက္ခများဆီသို့ တွန်းပို့ သကဲ့သို့ ဖြစ်စေ သည်ဟု ဆိုပါသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဂျပန်နိုင်ငံတောင်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်း၌ ပေါက်ကွဲမှုဖြစ်ပွားပြီး ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိ

ဂျပန်နိုင်ငံတောင်ပိုင်း၊ အိုကီနာဝါခရိုင် ၊ ရိုမီတန်ကျေးရွာရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွင် ဇွန်လ ၉ ရက် (တနင်္လာနေ့)က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ပါသည်။ 

အဆိုဖြစ်စဉ်သည် မ‌ပေါက်ကွဲသေးသည့်ဗုံးများ ယာယီထားရှိရာ သိုလှောင်ရုံ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါသိုလှောင်ရုံသည် ကဒဲနား ခဲယမ်းသိုလှောင်ရာ ဧရိယာအတွင်း တည်ရှိပြီး ခရိုင်အစိုးရအဖွဲ့၏ ကြီးကြပ်မှုအောက်တွင်ရှိကြောင်းနှင့် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးမှာ အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်း အိုကီနာဝါခရိုင် တာဝန် ရှိသူများက ပြောကြားခဲ့မှုကို NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။ 

ကိုးကား- NHK 

အလွတ်သဘောဘာသာပြန်ဆိုသူ- ဦးထက်ထက်အောင်၊ နစက (၄)

ယူကရိန်းသည် အာရှရှိ ရုရှားသင်္ဘောများကို ဒရုန်းဖြင့် တိုက်ခိုက်ရန် အစီအစဉ်ရှိဟု Washington Post ဖော်ပြ

ယူကရိန်းသည် ရုရှား၏ နျူကလီးယား ဗုံးတင်ဆောင်နိုင်သော မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များရှိရာ လေတပ်စခန်းများကို တိုက်ခိုက် ခဲ့သည့်နည်းတူ အာရှ-ပစိဖိတ်ဒေသရှိ ရုရှားစစ်သင်္ဘောများကို ဒရုန်း များဖြင့် တိုက်ခိုက်ရန် အစီအစဉ်ရှိကြောင်း Washington Post သတင်းစာက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ (ဇွန် ၁) က ယူကရိန်းသည် အာတိတ်ဒေသရှိ Murmansk မှ ဆိုက်ဘီးရီးယားရှိ Irkutsk အထိ ရုရှားနိုင်ငံတစ်ဝှမ်းရှိ လေတပ်စခန်းများကို ပေါင်းစပ်တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ယင်းတွင် ကွန်တိန်နာကားများအတွင်း ဒရုန်းများထည့်သွင်းကာ တိုက်ခိုက် ခဲ့သည်။ ကိယက်ဗ်က ၎င်း၏ “Operation Spiderweb” ဟုခေါ်သော စစ်ဆင်ရေးဖြင့် Tu-95 နှင့် Tu-22 အပါအဝင် နျူကလီးယား တင်ဆောင် နိုင်သည့် ရှည်လျားသော ဗုံးကြဲလေယာဉ်များအပါအဝင် ရုရှားစစ်လေယာဉ်များစွာကို ပျက်စီးစေခဲ့သည်ဟု ဆိုသည်။ မော်စကိုကမူ ဝင်ရောက် လာသည့် ဒရုန်းအများစုကို ပစ်ချခဲ့ပြီး ထိခိုက်ခံရသည့် ရုရှား လေယာဉ်များထဲမှ တစ်စီးမှ ပြန်လည်မပြုပြင်နိုင်အောင် ပျက်စီးခြင်းမရှိဟု ဆိုသည်။

Washington Post က ပြီးခဲ့သည့် ကြာသပတေးနေ့ (ဇွန် ၅) တွင် ထုတ်ဝေခဲ့သော ဆောင်းပါးတစ်ခုတွင် “ယူကရိန်းသည် လွန်ခဲ့သော တစ်ပတ်က ရုရှားစခန်းများကို အသုံးပြုခဲ့သည့် လျှို့ဝှက် တိုက်ခိုက်မှု နည်းဗျူဟာ၏ Naval Version ကို စဉ်းစားခဲ့သည်” ဟု ဖော်ပြခဲ့သည်။

သတင်းစာ၏ အရင်းအမြစ်များအရ ကိယက်ဗ်၏ ထောက်လှမ်းရေးအဖွဲ့များသည် “မြောက်ပစိဖိတ်ဒေသရှိ ရုရှားနှင့် ၎င်း၏မဟာမိတ်များ၏ သင်္ဘောများကို တိုက်ခိုက်ရန် ကုန်တင်ကွန်တိန်နာများတွင် ဝှက်ထားသော ရေအောက်ဒရုန်းများ ပို့ဆောင်ရန် စဉ်းစားခဲ့သည်” ဟု ဆိုသည်။

“သို့သော် ယခုအချိန်ထိ ၎င်းတို့သည် ထိုစစ်ဆင်ရေးများကို စတင်ခြင်း မရှိသေးဟု သိရသည်” ဟု WaPo က ဖြည့်စွက်ဖော်ပြခဲ့သည်။

ရုရှား၏ Pacific Fleet ရေတပ်စခန်းချုပ်၏ အချက်အခြာမြို့မှာ Vladivostok ဖြစ်ပြီး နိုင်ငံ၏ အရှေ့ဖျားဒေသတွင် တည်ရှိသည်။ ၎င်းမြို့ သည် တရုတ်နိုင်ငံနှင့် နယ်စပ်မှ ၄၅ ကီလိုမီတာခန့်နှင့် မြောက်ကိုရီးယား နယ်စပ်မှ ၁၃၄ ကီလိုမီတာ ခန့် ကွာဝေးသည်။

အမေရိကန်သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့ (ဇွန် ၄) တွင် ရုရှားသမ္မတ Vladimir Putin က ၎င်းအား ဖုန်းဖြင့်ပြောကြားချက်အရ ကိယက်ဗ်၏ မဟာဗျူဟာမြောက် လေတပ်အား ပစ်မှတ်ထားသည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို မော်စကိုက “တုံ့ပြန်မည်” ဟု ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့သည်။

ယခုသီတင်းပတ်အတွင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းရှိ ကာကွယ်ရေးစက်မှုလုပ်ငန်းများ၊ စစ်လေယာဉ်ကွင်းများ၊ ဒရုန်း ထုတ်လုပ်ရေး၊ သိုလှောင်ရေးနှင့် လွှတ်တင်ရာနေရာများ၊ လက်နက်သိုလှောင်ရုံများ အပြင် ယူကရိန်းစစ်တပ်နှင့် နိုင်ငံခြားမှ ကြေးစားစစ်သားများ စုဝေးရာ နေရာများကို ဒရုန်းများနှင့် တာဝေးပစ်လက်နက်ကြီးများဖြင့် ပြင်းထန် သော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အစ္စရေးက Greta Thunberg ကို ဂါဇာကူညီထောက်ပံ့ရေး သင်္ဘော ပေါ်တွင် ဖမ်းဆီး

အစ္စရေးရေတပ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များ သယ်ဆောင်လာသည့် ဂါဇာသို့ဦးတည်နေသော "Madleen" အရပ်ဘက်သင်္ဘောကို တားဆီးကာ သင်္ဘောသားများအား ဖမ်းဆီးလိုက် သည်။ တယ်လ်အဗစ်မှ အဆိုပါသင်္ဘောကို “Selfie yacht” ဟု သရော်၍ခေါ်ဝေါ်ခဲ့သည်။ ယင်းသင်္ဘောပေါ်တွင် ရာသီဥတု အရေး လှုပ်ရှားသူဂရီတာ သွန်းဘာ့ဂ် (Greta Thunberg) ၊ ပြင်သစ်လွှတ်တော်အမတ် ရီမာ ဟက်ဆန် (Rima Hassan) နှင့် အိုင်ယာလန်မင်းသား လီယမ် ကန်နင်ဂမ် (Liam Cunningham) တို့ အပါအဝင် အခြားသူများ ပါဝင်နေခဲ့သည်။

နိုင်ငံတကာရေပိုင်နက်တွင် တနင်္လာနေ့ (ဇွန် ၉) နံနက်စောစောက ဖမ်းဆီးခံခဲ့ရပြီး Freedom Flotilla Coalition (FFC) အဖွဲ့မှ ဆောင်ရွက် ခဲ့သည့် အဆိုပါသင်္ဘောကို အစ္စရေးနိုင်ငံ Ashdod ဆိပ်ကမ်းသို့ ဆွဲခေါ် သွားခဲ့သည်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ဖမ်းဆီးမှု အတည် ပြုကာ ၎င်းအဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ မိခင်နိုင်ငံများသို့ ပြန်ရန် မျှော်လင့်ထားကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

 “Selfie yacht” ပေါ်ရှိ ခရီးသည်အားလုံး ဘေးကင်းလုံခြုံစွာရှိနေပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိပါ။ ၎င်းတို့အား အစားအစာနှင့် ရေများ ထောက်ပံ့ ပေးထားပါသည်။ ဤဇာတ်လမ်း ပြီးဆုံးသွားပါပြီ ဟု အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးဌာနက X တွင် ရေးသားဖော်ပြခဲ့သည်။

လော့စ်အိန်ဂျလိစ် ဆူပူမှုများကို ထိရောက်စွာ ကိုင်တွယ်ရန် ထရမ့်က တာဝန်ရှိသူများကို ညွှန်ကြား

သမ္မတ ဒေါ်နယ်ထရမ့်က Los Angeles ၌ ရက်ပေါင်းများစွာ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုနှင့် အဓိကရုဏ်းများကို အဆုံးသတ်နိုင်ရေး အစိုးရ ဌာနဆိုင်ရာ အကြီးအကဲများကို လိုအပ်သည့် လုပ်ဆောင်မှုအားလုံး ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီး National Guard တပ်ဖွဲ့ဝင်များကို စေလွှတ်ကာ ရာဇဝတ်မှုကျူးလွန်သူ ရွှေ့ပြောင်းနေထိုင်သူများ၏ ကျူးကျော် ဝင်ရောက်မှုမှ မြို့တော်ကို လွတ်မြောက်စေမည်ဟု ကတိပြုခဲ့ပါသည်။

“တစ်ခါက အမေရိကန်၏ ကြီးကျယ်ခမ်းနားသည့် မြို့တော် Los Angeles သည် တရားမဝင် ဝင်ရောက်နေထိုင်သူများနှင့်  ရာဇဝတ်သမားများ၏ ကျူးကျော်သိမ်းပိုက်ခြင်းကို ခံနေရပါပြီ” “ယခုဆိုရင် အကြမ်းဖက် ဆူပူ အုံကြွမှု လုပ်ဆောင်နေသူများသည် မိမိတို့၏ တရားမဝင် ခိုးဝင်လာ သူများကို ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်တွေကို ရပ်တန့်ရန် ဖက်ဒရယ် အေးဂျင့်တွေကို ဝိုင်းပြီး တိုက်ခိုက်နေကြပါသည်။ သို့သော် ဤဥပဒေမဲ့ မင်းမဲ့စရိုက်အခြေအနေများသည် မိမိတို့၏ စိတ်ဓာတ်ကို ပိုမို ခိုင်မာစေ ပါသည်။မြို့တော်တွင် ငြိမ်းချမ်းရေး ပြန်လည်ထူထောင်မည်၊ တရားမဝင် နေထိုင်သူများကို နှင်ထုတ်မည်၊ Los Angeles ကို လွတ်မြောက်စေမည်” ဟု ထရမ့်က တနင်္ဂနွေနေ့ (ဇွန် ၈) တွင် Truth Social ၌ ရေးသား ခဲ့ပါသည်။

သမ္မတ က Homeland Security ဝန်ကြီး Kristi Noem၊ ကာကွယ်ရေး ဝန်ကြီး Pete Hegseth နှင့် ရှေ့နေချုပ် Pam Bondi တို့ကို ဖက်ဒရယ် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး အကြမ်းဖက်မှုနှင့် အဓိကရုန်းများကို ထိထိရောက်ရောက်ထိန်းသိမ်းရန် ညွှန်ကြားခဲ့ကြောင်း ပြောကြားခဲ့ ပါသည်။

စစ်ရေးအကူအညီ စံချိန်တင်လက်ခံရရှိဟု ယူကရိန်း ကာကွယ်ရေးဝန်ကြီး ထုတ်ဖော်ပြောကြား

ယခု ၂၀၂၅ ခုနှစ်သည် ယူကရိန်းနိုင်ငံသို့ အခြားနိုင်ငံများက ပေးအပ်သည့် စစ်ရေးအကူအညီ စံချိန်တင်မြင့်တက်လာသည့် နှစ်ဖြစ်ကြောင်း  ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရက်တမ်အူမာရော့ဗ် ကပြောသည်။

ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးအရ အကူအညီပေးအပ်မှုသည် ယခင်နှစ်များက ပေးအပ်သည့် အကူအညီပမာဏထက် ပိုမိုမြင့်တက်လာကြောင်း အူမာရော့ဗ်က ဇွန်လ ၈ရက်တွင် ပြောကြားခြင်းဖြစ်သည်။ ယူကရိန်းနိုင်ငံသို့  ပေးအပ်မည့် စစ်ရေးအကူအညီများတွင်  ဂျာမနီနိုင်ငံက ယူရို  ၅  ဘီလီယံ၊  ဘယ်ဂျီယံက  ယူရို ၁ ဘီလီယံ၊ နော်ဝေနိုင်ငံက ယူရိုသန်း ၇၀၀၊ ဆွီဒင်နိုင်ငံက ယူရို သန်း ၄၄၀၊ နယ်သာလန်နိုင်ငံက ယူရို သန်း ၄၀၀ နှင့် ကနေဒါနိုင်ငံက ဒေါ်လာ ၄၅ သန်း ပေးအပ်ရန် လျာထားသည်။

လက်ရှိတွင် အမေရိကန်အစိုးရသည် ယူကရိန်းနိုင်ငံသို့ ပေးအပ်နေသည့် စစ်ရေး အကူအညီများအား လျှော့ချ သို့မဟုတ် ရပ်ဆိုင်းသွားနိုင်ပြီး သမ္မတဒေါ်နယ်ထရမ့် အနေဖြင့် အမေရိကန်၏ အကျိုးစီးပွား ကာကွယ်ရေးကိုသာ လုပ်ဆောင်နိုင်ဖွယ်ရှိသောကြောင့် ယူကရိန်းနိုင်ငံ၏ ဥရောပ မဟာမိတ်နိုင်ငံများက ဆက်လက်ထောက်ပံ့ ရနိုင်ဖွယ်ရှိကြောင်း ရုရှားစစ်ရေး ကျွမ်းကျင်သူ အငြိမ်းစား ဗိုလ်မှူးကြီး အန်တိုလီ မက်ဗီချက်က ဇွန်လ ၆ ရက်တွင် ပြောကြားထားသည်။  

ပါကစ္စတန်သို့ တရုတ်က ပဉ္စမမြောက် မျိုးဆက်သစ် J-35A အမျိုးအစား တိုက်လေယာဉ်များ ပေးပို့

အိန္ဒိယနှင့်ပါကစ္စတန် နယ်စပ်အငြင်းပွားမှု လက်ရှိဆက်လက် ဖြစ်ပွားနေစဉ်အတွင်း တရုတ်နိုင်ငံက ၎င်းတို့၏ ပဉ္စမမြောက်မျိုးဆက်သစ် J-35A အမျိုးအစား ကိုယ်ပျောက်တိုက်လေယာဉ်များကို ပါကစ္စတန် နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။

အဆိုပါ ကိုယ်ပျောက်တိုက်လေယာဉ်များကို ပါကစ္စတန်နိုင်ငံသို့ ပေးပို့လိုက်ခြင်းသည် အိန္ဒိယလေတပ်မတော်အတွက် ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ထွက်ပေါ်လာခဲ့ကြောင်း Army Recognition Group. က ဇွန်လ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

ပါကစ္စတန်လေတပ်မတော် အနေဖြင့် အဆိုပါကိုယ်ပျောက် တိုက်လေယာဉ်များအား အကန့်အသတ်ဖြင့်သာ လက်ခံရရှိခဲ့သော်လည်း ယင်းနိုင်ငံ၏ လေကြောင်းစစ်ပွဲ ဆင်နွှဲမှုတွင် အိန္ဒိယနိုင်ငံအား သာလွန်သွားဖွယ်ရှိကြောင်း Army Recognition Group. ကဖော်ပြထားသည်။

ပါကစ္စတန်လေတပ်မတော်သည် အဆိုပါ J-35A တိုက်လေယာဉ်များကို အသုံးပြု၍ နက်ရှိုင်းသည့် လေကြောင်း တိုက်ခိုက်မှုများကို လုပ်ဆောင်နိုင်သည့်အပြင် ၎င်းတိုက်လေယာဉ်သည် တရုတ်နိုင်ငံလုပ် နောက်ဆုံး မျိုးဆက်ဖြစ်သည့် ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်များကိုပါ  ပေါင်းစပ် အသုံးပြုနိုင်သည်။

အိန္ဒိယနိုင်ငံသည် လက်ရှိတွင် အဓိကအားဖြင့် Su-30MKနှင့် MiG-29UPG လေယာဉ်များကိုသာ အသုံးပြုလျက်ရှိပြီး ပါကစ္စတန် လေတပ်မတော်၏ လေကြောင်းစွမ်းရည်ကို အမီလိုက်ရန်အတွက် ပြင်သစ် နိုင်ငံလုပ် အဆင့်မြင့်နည်းပညာသုံး နောက်ဆုံးမျိုးဆက်  Rafale  F3R  ဘက်စုံသုံး တိုက်လေယာဉ် လိုအပ်လျက်ရှိသည်။

အစ္စရေးစစ်တပ်က ဟားမက်အဖွဲ့ခေါင်းဆောင် မိုဟာမက် စင်ဝါ၏ ရုပ်အလောင်းကို ရရှိခဲ့ကြောင်း ကြေညာ

အစ္စရေးစစ်တပ်က ဂါဇာတောင်ပိုင်းရှိ ဥရောပဆေးရုံအောက်ရှိ ဥမင် လိုဏ်ခေါင်းအတွင်းမှ ဟားမက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ မိုဟာမက် စင်ဝါ၏ ရုပ်အလောင်းကို ပြန်လည်ရရှိခဲ့ကြောင်း ကြေညာလိုက်ပါသည်။ အစ္စရေးကာကွယ်ရေးတပ် (IDF) က ရုပ်အလောင်းကို မှတ်တမ်းနှင့်တိုက်ဆိုင်စစ်ဆေးပြီးနောက် တနင်္ဂနွေနေ့ (ဇွန် ၈) တွင် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

စင်ဝါသည် လွန်ခဲ့သော အောက်တိုဘာလအတွင်း အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုကြောင့် တောင်ဂါဇာ၌ သေဆုံးခဲ့သည့် ဟားမက်အဖွဲ့၏ ယခင်ခေါင်းဆောင် ယာဟီယာ စင်ဝါ၏ ညီငယ်လည်းဖြစ်ပါသည်။ ၎င်း၏ သေဆုံးမှုသည် အဖွဲ့၏ခေါင်းဆောင်ပိုင်းကို ပြင်းထန်စွာ ထိုးနှက်မှု ဖြစ်စေခဲ့သည့် လုပ်ကြံသတ်ဖြတ်နိုင်ခဲ့မှုဖြစ်သော်လည်း ဂါဇာဒေသအတွင်း ဝန်းရံထားသော အာဏာထိန်းချုပ်မှုကိုမူ မချိုးဖျက်နိုင်သေးပေ။ 

ဖမ်းဆီးရန် အလွန်ခက်ခဲသည့် စင်ဝါကို မေလ ၁၃ ရက်နေ့တွင် ခန်းယူ နစ်မြို့ရှိ ဆေးရုံကို လေကြောင်းမှ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီတစ်ရက်က Hamas မှ အစ္စရေး-အမေရိကန် စစ်သား Edan Alexander ကို ပြန်လည် လွှတ်ပေး ခဲ့သည့် အချိန်နှင့် နီးကပ်စွာ ဆက်စပ်နေသည်။ သို့သော် ထိုတိုက်ခိုက်မှု တွင် စင်ဝါအသေအပျောက်ရှိကြောင်း အစ္စရေးဘက်မှ အတည်ပြု ကြေညာရန် ရက်ပေါင်း ၂၀ ကျော်ကြာမြင့်ခဲ့သည်။

စစ်ပွဲ၏ ၆၀၀ ရက်မြောက်နေ့တွင် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က အဆိုပါသတင်းကို ကြေညာခဲ့ခြင်းဖြစ်ပြီး “မိမိတို့သည် အရှေ့ အလယ်ပိုင်း ဒေသ၏ အခြေအနေကို ပြောင်းလဲစေခဲ့သည်။ အကြမ်းဖက်သမား များကို မိမိတို့၏နယ်မြေများမှ မောင်းထုတ်ခဲ့ပြီး ဂါဇာကမ်းမြှောင်သို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ကာ ထောင်နှင့်ချီသော အကြမ်းဖက် သမားများကို သုတ်သင်ခဲ့သည်။ (မိုဟာမက်) ဒေ့ဖ်၊ (အစ်စမာအီလ်) ဟာနီယေး၊ ယာဟီယာ စင်ဝါနှင့် မိုဟာမက် စင်ဝါတို့ကို သုတ်သင် နိုင်ခဲ့သည်” ဟု နေတန်ယာဟုက အစ္စရေးလွှတ်တော် (ခနက်ဆက်) တွင် မိန့်ခွန်းပြောကြားခဲ့သည်။

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ထိုတိုက်ခိုက်မှု ကြောင့် ပါလက်စတိုင်း ၂၈ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိ ခဲ့သည်ဟု ဆိုသည်။

ကိုးကား- CNN

အစ္စရေး-အီရန် ပဋိပက္ခသည် နျူကလီးယား ဘေးအန္တရာယ် ဖြစ်နိုင်ခြေ ရှိသည်ဟု နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့သတိပေး

အစ္စရေးက အီရန်၏နျူကလီးယားအစီအစဉ်ကို ခြိမ်းခြောက်မှုများသည် “ကပ်ဘေးဆိုက်ရောက်နိုင်သော” အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အကြီးအကဲ Rafael Grossi က ပြောကြားခဲ့သည်။

အမေရိကန်နှင့် အီရန်ကြားတွင်ဖြစ်ပွားနေသော ဆွေးနွေးမှုများ ပျက်ပြား ပါက အီရန်၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်ရန် အလားအလာကို အနောက်ဂျေရုဆလင်မှ ဖယ်ထားခြင်းမရှိသေးပေ။ အစ္စရေးနှင့် အီရန်ကြား တင်းမာမှုများ မြင့်တက်နေသော်လည်း အမေရိကန်သမ္မတ Donald Trump က အီရန်၏နျူကလီးယားလုပ်ဆောင်မှုများကို ထိန်းချုပ်ရန် သဘောတူညီချက်ရရှိရေး လုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်သည့် မည်သည့် စစ်ရေးလုပ်ဆောင်မှုကိုမဆို မပြုလုပ်ရန် အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကို သတိပေးခဲ့သည်ဟု သတင်းများအရသိရသည်။

အစ္စရေး၏ခြိမ်းခြောက်မှုများသည် “အီရန်၏နျူကလီးယားကိစ္စသည် ကပ်ဘေးဆိုက်ရောက်နိုင်သည့် အလားအလာ အလွန်မြင့်မားသည်။ အကယ်၍ ဆွေးနွေးမှုများ ပျက်ပြားပါက စစ်ရေးလုပ်ရပ်များ ဖြစ်ပွားလာနိုင်သည်” ဟု Grossi က သောကြာနေ့ (ဇွန် ၆) တွင် ထုတ်ဝေခဲ့သည့် Financial Times နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ထို့အပြင် တစ်ကြိမ်တည်း တိကျသောတိုက်ခိုက်မှုတစ်ခုဖြင့် အီရန်၏ ခိုင်ခံ့သော နျူကလီးယားပစ်မှတ်များကို အပြီးတိုင် ဖျက်ဆီးနိုင်မည် မဟုတ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“အထိခိုက်မခံနိုင်သောနေရာများသည် မြေအောက် မိုင်ဝက်ခန့် (ခန့်မှန်းခြေ အားဖြင့် ၈၀၀ မီတာ) အနက်တွင် တည်ရှိသည်။ မိမိကိုယ်တိုင် အကြိမ် များစွာ ရောက်ဖူးသည်။ ထိုနေရာသို့ရောက်ရန် ခရုပတ် ဥမင်လိုဏ်ခေါင်း များကို ဆင်းခဲ့ရသည်” ဟု Grossi က ရှင်းပြခဲ့သည်။

“လက်ရှိအချိန်တွင် အီရန်၌ နျူကလီးယားလက်နက် မရှိသေးသော်လည်း ယင်းကို ထုတ်လုပ်နိုင်သည့် ကုန်ကြမ်းပစ္စည်းတွေတော့ ရှိနေပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

Grossi သည် ယခင်ကလည်း တီဟီရန်၏ ယူရေနီယမ်သန့်စင်မှု လုပ်ငန်းစဉ်များ တိုးမြင့်လာနေခြင်းနှင့်ပတ်သက်၍ စိုးရိမ်မှုများ ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။

အီရန်၏နျူကလီးယားအစီအစဉ်သည် လုံးဝငြိမ်းချမ်းစွာအသုံးပြုရန် ရည်ရွယ်ချက်သာဖြစ်ကြောင်း သက်သေပြရန် ရည်ရွယ်ထားသည်ဟု နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က အီဂျစ်ရုပ်မြင်သံကြား Nile News နှင့် သောကြာနေ့တွင် ထုတ်ဝေခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ အီရန်အနေဖြင့် အာဏာရှင် Ayatollah Ali Khamenei ၏ နျူကလီးယားလက်နက်များကို ဘာသာရေးအရ တားမြစ်ထားမှုကို ချိုးဖောက်ရန် မဖြစ်နိုင်ဟု ၎င်းက ဆိုသည်။

သို့သော်လည်း အီရန်သည် မိမိတို့၏ ပြည်တွင်း ယူရေနီယမ် သန့်စင် နိုင်စွမ်းကို စွန့်လွှတ်ရမည့် သဘောတူညီချက်မျိုးကို လက်မခံနိုင်ဟုAraghchi က ဗုဒ္ဓဟူးနေ့ (ဇွန် ၄) က ပြောကြားခဲ့သည်။ “ယူရေနီယမ် သန့်စင်ခွင့် မပေးလျှင် သဘောတူညီချက် မရနိုင်ပါ။ နျူကလီးယား လက်နက် မလိုချင်ဘူးဆိုရင်တော့ သဘောတူညီမှု ရနိုင်ပါသည်” ဟု ၎င်းက ရှင်းပြခဲ့သည်။