သတင်းများ

အစာအိမ်ကင်ဆာဖြစ်ပွားစေသော ဗက်တီးရီးယားတစ်မျိုးကြောင့် လာမည့်နှစ်များအတွင်း ကမ္ဘာ့ပြည်သူများစွာ အသက်ဆုံးပါးနိုင်

နယူးယောက်   ဇူလိုင် ၁၀

အစာအိမ်ကင်ဆာရောဂါဖြစ်ပွားစေသော ဗက်တီးရီးယားတစ်မျိုးကြောင့် လာမည့်နှစ်များအတွင်း ကမ္ဘာ့ပြည်သူများစွာတို့ အသက်ဆုံးပါးနိုင်ကြောင်း ဇူလိုင် ၉ ရက် သတင်းများအရ သိရသည်။

နိုင်ငံတကာ ကင်ဆာသုတေသနအေဂျင်စီ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ လက်ရှိ ကမ္ဘာတစ်ဝန်း အစာအိမ်ကင်ဆာရောဂါဖြစ်ပွားမှု၇၆ ရာခိုင်နှုန်းမှာ Helicobactor Pylori (H.Pylori) ခေါ် အထက်ပါ ဗက်တီးရီးယားတစ်မျိုးကြောင့်ဖြစ်ကြောင်း သိရသည်။

H.Pylori ဗက်တီးရီးယားကြောင့် အစာအိမ်တစ်ရှူးများပျက်စီး၍ အစာအိမ်ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သိရသည်။

H.Pylori ဗက်တီးရီးယားပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါက ၂၀၀၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်ကြား မွေးဖွားသည့် ကမ္ဘာ့ပြည်သူ ၁၂ သန်းတို့မှာ H.Pylori ဗက်တီးရီးယားကြောင့် အစာအိမ်ကင်ဆာဖြစ်ပွားလိမ့်မည်ဖြစ်သည်ဟု သုတေသနပညာရှင်များက သတိပေးထားကြောင်း သိရသည်။

ကိုးကား- ရတနာပုံသတင်းစာ

Photo: www.fredhutch.org

ပါမောက္ခချုပ်ဆရာတော်ကြီး ဝါဆိုဝါကပ်တော်မူ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာ၊ ဓမ္မသဟာယသာသနစင်တာ၌ ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး အမှူးပြုသည့် ရဟန်းတော်(၂၄)ပါး၊ ရှင်သာမဏေ(၁၇၆)ပါးနှင့် သီလ ရှင်(၁၈)ပါး(စုစုပေါင်း ၂၁၈ ပါး) ဝါဆိုဝါကပ်တော်မူကြသည်။

Popular Myanmar

တောင်ကိုရီးယား၌ ပြင်းထန်သော အပူလှိုင်းကြောင့် နေထိုင်မကောင်းသူ အရေအတွက် လျင်မြန်စွာ မြင့်တက်လာ

တောင်ကိုရီးယားနိုင်ငံ၌ ပြင်းထန်သော အပူလှိုင်းဖြစ်ပေါ်မှုကြောင့် ယင်းနှင့်ဆက်စပ်၍   နေထိုင်မကောင်းသူ အရေအတွက် လျင်မြန်စွာ မြင့်တက်လာကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ဇူလိုင်လ ၁၀ ရက်တွင် ပြောသည်။ ထို့ပြင် အပူချိန်နှင့်ပတ်သက်၍ ထိခိုက်မခံသူများအနေဖြင့် ကြိုတင်ကာကွယ်မှုများ ပိုမိုလုပ်ဆောင်ရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။

တာဝန်ရှိသူများက အပူချိန်မြင့်တက်မှုနှင့် ဆက်စပ်၍ဖြစ်ပေါ်လာသည့် နေထိုင်မကောင်းသူများကို စောင့်ကြည့်ရေးစနစ် စတင်လုပ်ဆောင်သော မေလလယ်မှစ၍ ဇူလိုင်လ ၉ ရက်အထိ အရေးပေါ်ဌာနများ သို့ရောက်ရှိလာသူ ၁၂၂၈ ဦးအထိရှိသည်ကို တွေ့ရကြောင်း ကိုရီးယားရောဂါ ကာကွယ်ထိန်းချုပ်ရေး ဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ နေထိုင်မကောင်းသူ အရေအတွက်သည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက နှစ်ဆခွဲခန့်မြင့်တက်လာကြောင်း၊ သေဆုံးသူဦးရေမှာလည်း   သုံးဆအထိ မြင့်တက်လာကြောင်း  ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။

နိုင်ငံအတွင်းပျမ်းမျှအပူချိန်သည် ဇွန်လနှောင်းပိုင်းမှစ၍ ယခုအချိန်အထိ ၃၁ ဒီဂရီစင်တီဂရိတ် အထက်တွင်ရှိနေသောကြောင့် တောင်သူလယ်သမားများ၊ တံငါ သည်များနှင့် အမိုးအကာပြင်ပတွင် အလုပ်လုပ်ကိုင်ရသူများ နေရောင်အောက်တွင် အချိန်ကြာမြင့်စွာနေထိုင်ခြင်း မပြုရန်နှင့် ရေဓာတ်ပြည့်ဝစွာ စားသောက်ပြီး မကြာ ခဏအနားယူရန်      ရောဂါကာကွယ် ထိန်းချုပ်ရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။    

MWD Web Portal

ကျောက်ဆည် ၊ ဇူလိုင်-၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍  ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလ ငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာပြီး စာကြည့်တိုက်နှင့် ရင်းနှီး ကျွမ်းဝင်လာစေရန် ရည်ရွယ်ကာ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက တောင်လွှဲကျေးရွာရှိ “မြင့်မိုရ်ရွှေတောင်” စာကြည့်တိုက်၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်ခင်နှင်းရီက ကျောင်းသား၊ ကျောင်းသူ များအား ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ စာပေများဖတ်ရှု့လေ့လာကြရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးလာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း  ဟောပြောခဲ့ပြီး ကဗျာရွတ်၊ ပုံပြော ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

သက်မောင်(ကျောက်ဆည်)

ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)တွင် မန္တလေးမြို့နှင့်အနီးဝန်းကျင်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိ

မန္တလေး ဇူလိုင် ၉

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားသည့် နေ့တစ်နေ့ဖြစ်သည်နှင့်အညီ ယနေ့တွင် နိုင်ငံတစ်ဝန်းရှိဘုရား၊ စေတီ၊ ပုထိုးများအား ဖူးမြော်ကြည်ညိုခြင်း၊ တရားဘာဝနာပွားများအားထုတ်ခြင်း၊ ရပ်ကွက်၊ လမ်းများရှိ ဓမ္မာရုံများ၌ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်ခြင်းတို့ဖြင့် စည်ကားလျက်ရှိသည်။

ကုသိုလ်ကောင်းမှုပြု

နံနက်ပိုင်းမှစတင်၍ မန္တလေး မြို့၏အထင်ကရဖြစ်သော မဟာ မုနိရုပ်ရှင်တော်မြတ်ကြီးသို့ ဒေသခံပြည်သူများသာမက အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူအပေါင်းတို့ လာရောက်ဖူးမြော် ကြည်ညိုကြပြီး ဆွမ်း၊ ရေချမ်း၊ ပန်း၊ ကပ်လှူပူဇော်ခြင်း၊ ဆီမီးပူဇော်ခြင်း၊ ရေသပ္ပာယ်ခြင်းများအပြင် ဥပုသ်သီတင်းသီလဆောက်တည်၍ တရားဘာဝနာ အားထုတ်ခြင်းနှင့် ဘာသာရေး၊ လူမှုရေးဝတ်အသင်းအဖွဲ့များက ဓမ္မစကြာတရားတော်တို့ကို အဖွဲ့လိုက်၊ မိသားစုလိုက်ရွတ်ဖတ်ခြင်း များဆောင်ရွက်ကြပြီး ကုသိုလ်ကောင်းမှုပြုကြသည်။ 

စည်ကားလျက်ရှိ

အလားတူ မန္တလေးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် နံနက်အရုဏ်တက်ချိန်မှစ၍ ဓမ္မစကြာအခါတော်နေ့ ပူဇော်ပွဲ၊ ဝါဆိုဝါကပ်ပွဲ၊ ဝါဆိုပန်း၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းလောင်းလှူဒါန်းခြင်း၊ ဇီဝိတ ဒါနဘေးမဲ့လွတ်ခြင်း စသည့် ကုသိုလ်ကောင်းမှု ပြုသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့မြင် ရသည်။

ထို့အတူမန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ကကြီးမှူး၍ မန္တလေးမြို့ပေါ် ကျောင်းတိုက်အသီးသီး၌ ဝါဆိုဝါကပ်တော်မူကြမည့် သံဃာတော်အရှင်သူမြတ်များအားရည်မှန်း၍ ပင့်သံဃာ ၂၇ ပါးတို့အား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီး၌ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) အလှူအဖြစ် ကျင်းပသည်။

ထို့ပြင် မြို့၊ ရွာ၊ ရပ်ကွက်ရှိ ဓမ္မာရုံများတွင် ဝါဆိုသင်္ကန်း၊ ဆွမ်း၊ ခဲဖွယ်ဘောစဉ်များကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်း ခြင်း၊ သံဃာတော်များက သီလပေးတရားတော်များနှင့် နိဗ္ဗာန် ရောက်ကြောင်း တရားတော်များ ဟောကြားချီးမြှင့်ခြင်းစသည့် တရားဓမ္မသံများဖြင့်လည်း ထုံမွမ်းလျက်ရှိသည်။ 

အလားတူ စန္ဒာမုနိဘုရား၊ ကုသိုလ်တော်ဘုရား၊ မန္တလေးတောင်တော်၊ ဝေရောစနကျောက် စိမ်းစေတီတော်၊ အောင်တော်မူဘုရားနှင့် အခြားဘုရား၊ စေတီတို့တွင်လည်း လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပြီး စေတနာရှင်အလှူရှင်များက စတုဒိသာများ ကျွေးမွေးလှူဒါန်း ဒါနပြုကြသည်။ 

ထို့အတူ မန္တလေးမြို့၏ အထင်ကရနေရာများဖြစ်သော ကမ်းနားလမ်းရှိ မြို့တော်ဥယျာဉ်၊ ရတနာပုံတိရစ္ဆာန်ဥယျာဉ်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အပန်းဖြေ စခန်းများ၊ အမရပူရမြို့နယ်ရှိ ဦးပိန်တံတား၊ တောင်သမန်မယ်ဇယ်လွင်ပြင်အပန်းဖြေစခန်း တို့တွင်လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေအနား ယူကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မောင်အေးချမ်း

MOI

ချောင်းဆိုးပျောက်ဆေး တစ်မျိုးက ဦးနှောက်ပျက်စီးမှုကို နှေးကွေးစေနိုင်

ဆယ်စုနှစ်များစွာကြာ အသုံးပြုလာတဲ့ ချောင်းဆိုးပျောက်ဆေး တစ်မျိုးက စိတ်ဖောက်ပြန်မှုဖြစ်စေတဲ့ ဦးနှောက်ပျက်စီးမှုကို ကာကွယ်ပေးနိုင်စွမ်း ရှိတာကိုတွေ့ ရတယ်လို့ သုတေသနပညာရှင်များက ဆိုပါတယ်။ အဲဒီဆေးကတော့ Ambroxol ဖြစ်ပါတယ်။

သုတေသီများက စိတ်ဖောက်ပြန်မှုဖြစ်နေတဲ့သူတွေကို Ambroxol ဆိုတဲ့ဆေး တိုက်ကျွေးခဲ့ပါတယ်။ ပြီးတဲ့အခါ ဆေးရဲ့အာနိသင်က ဦးနှောက်အထိရောက်ရှိပြီး ဦးနှောက်အတွင်းရှိ ကလာပ်စည်းပျက်စီးမှုလက္ခဏာတွေ လျော့ကျသွားစေတာကို ပညာရှင်များက တွေ့ရှိလိုက်ရတာဖြစ်ပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်စွမ်းရည် ဆိုးဝါးသွားတာမျိုး မရှိဘဲ  တည်ငြိမ်လာတာကို တွေ့ရတယ်လို့  ဗြိတိန်သုတေသီများကပြောပါတယ်။         

ကင်ဆာတိုက်ဖျက်ရေးသမားဖြစ်တဲ့ အမေ့လျော့ခံ ကလာပ်စည်းများ

ခန္ဓာကိုယ်ရဲ့ ပကတိကိုယ်ခံအားစနစ်ကို အသုံးပြုပြီး ကင်ဆာရောဂါများ တိုက်ဖျက်ရေးလုပ်ငန်းဟာ တော်တော်လေးကို အဆင့်မြင့်မားလာပါပြီ။ ဒီကုထုံးကိုတော့ ကိုယ်ခံအား ကုထုံးလို့ခေါ်ပါတယ်။

မကြာသေးမီကပေါ်ထွက်လာတဲ့ အဲဒီကုထုံးက CD8 T ဆိုတဲ့ ကင်ဆာချေမှုန်းရေးကလာပ်စည်းများကို အဓိကပစ်မှတ်ထားတာပါ။ ဒါပေမဲ့ သုတေသနပညာရှင်များက ကိုယ်ခံအား ကုထုံးအတွက် တခြားကလာပ်စည်းတစ်မျိုးကို ရှာဖွေတွေ့ရှိထားပါတယ်။ အဲဒါကတော့ CD4 T ကလာပ်စည်းပါ။ အရင်တုန်းက သူ့ကိုတခြားကလာပ်စည်းတွေကိုသာ အထောက်အပံ့ပေးတဲ့ ကလာပ်စည်းအဖြစ်သာသိရှိပြီး ကင်ဆာတိုက်ဖျက်ရေးမှာ အမေ့လျော့ခံဖြစ်ပါတယ်။ အခုတော့ ဒီကလာပ်စည်းတွေက ကင်ဆာကိုကောင်းစွာ တိုက်ထုတ်နိုင်စွမ်းရှိတာကို  တွေ့လိုက်ရပါတယ်။

နေပြည်တော် ဇူလိုင် ၉

ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာ အခါတော်နေ့) ဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီများ၌ ပြည်သူများသည် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကပ်လှူပူဇော်ခြင်း၊ အလှူဒါနပြုခြင်း၊ ဥပုသ်သီလဆောက်တည်ကြခြင်းနှင့် တရားဘာဝနာပွားများခြင်း စသည့်ကုသိုလ်ကောင်းမှုများကို ပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၌လည်း ဗုဒ္ဓဘာသာ အစဉ်အလာနှင့်အညီ ကုသိုလ်ကောင်းမှု ပြုလုပ်၍ သီတင်းသီလဆောက်တည်ကြသူ ရဟန်းရှင်လူ၊ ပြည်သူများဖြင့် စည်ကားခဲ့သည်။

နံနက်ပိုင်းမှစတင်၍ ပြည်ထောင်စုနယ်မြေ

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ကြည်ညိုသဒ္ဓါပွားများစွာဖြင့် လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားခဲ့သည်။

ထို့ပြင် ဘုရားဖူးလာပြည်သူများသည် အံ့မခန်းဗိသုကာလက်ရာများဖြင့် တည်ဆောက်ပူဇော်ထားသည့် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြား သာသနိကအဆောက် အအုံများကို ဆက်လက်ဖူးမြော် လေ့လာကြည်ညိုကြကာ ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ စနစ်တကျတည်ဆောက်ထားရှိသည့် ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေးနေရာများ၌လည်း မိသားစုအလိုက်နှင့် မိတ်ဆွေသူငယ်ချင်းအစုအဖွဲ့အလိုက် ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံရိုက်နေကြသည့် မြင်ကွင်းကိုလည်း ကြည်နူးဖွယ်ရာတွေ့မြင်ရသည်။

အလားတူ နေပြည်တော်ရှိ လက်လုပ်တောင်၊ ရွှေနန်းသွင်းစေတီတော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယဓာတ်ပေါင်းစုစေတီတော်မြတ်ကြီး၊ ဒက္ခိဏသီရိ မြို့နယ်ရှိ ရန်အောင်မြင်စေတီတော်၊ လယ်ဝေးမြို့နယ်ရှိ ဖောင်တော်ချက်မစေတီတော်၊ ဥတ္တရသီရိမြို့နယ်ရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်ကြီးနှင့် "ဖွား၊ ပွင့်၊ ဟော၊ စံ" သံဝေဇနိယ (၄) ဌာန အပါအဝင် ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းကြီးကျောင်းများနှင့် ဓမ္မရိပ်သာများတွင် ဘုရားဖူးများဖြင့် စည်ကားခဲ့ပြီး ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းများကပ်လှူခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်းတို့ဖြင့် ပြည်သူများ ကုသိုလ်ကောင်းမှု ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်ရသည်။

ထို့အတူ ဝါဆိုလပြည့်နေ့သည် အများပြည်သူ ရုံးပိတ်ရက်လည်းဖြစ်သည့်အတွက် နေပြည်တော်အတွင်း အပန်းဖြေအနားယူရာနေရာများ၌လည်း လွတ်လပ်ပေါ့ပါးပျော်ရွှင်စွာ အနားယူအပန်းဖြေကြသည့် ပြည်သူများဖြင့်လည်း စည်ကားခဲ့သည်။

ဝါဆိုလပြည့်နေ့သည် ဘုရားအလောင်းတော် တုသိတာနတ်ပြည်မှ စုတေကာ လူ့ပြည်၌ ပဋိသန္ဓေ တည်သည့်နေ့၊ သိဒ္ဓတ္ထမင်းသား နိမတ်ကြီးလေးပါးကိုမြင်၍ တောထွက်တော်မူသောနေ့၊ ဘုရားဖြစ်တော် မူပြီး ဓမ္မစကြာတရားဦးကို ဟောကြားတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူပင်ခြေရင်း၌ တိတ္ထိတို့ကို နှိမ်နင်း၍ တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့၊ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့၊ တရားရတနာ စတင်ပေါ်ထွန်းသောနေ့၊ သံဃာရတနာ စတင်ပေါ်သောနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံ သောနေ့နှင့် ဧဟိဘိက္ခုဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်ခြင်းစသည့် ထူးကဲမွန်မြတ်လှ သည့်ဂုဏ်အင်တို့နှင့် ပြည့်စုံသောနေ့ထူးနေ့မြတ်ဖြစ်ကြောင်း သိရသည်။

မင်းကျော်စွာ၊ ဓာတ်ပုံ- ဖိုးပြည့်စုံ

အသက်ကြီးလာသူတွေမှာ အယ်ဇိုင်းမား ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးမယ့် MIND စားသောက်မှုပုံစံ

အသက်အရွယ်ကြီးလာတဲ့နောက်ပိုင်းမှာ စားသောက်မှုပုံစံကို အဆင့်မြှင့်တင်ခြင်းအားဖြင့် အယ်ဇိုင်းမားရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်စေမယ်လို့ ဟာဝိုင်ယီတက္ကသိုလ် ကင်ဆာစင်တာမှ သုတေသီများရဲ့ ထုတ်ပြန်ချက်မှာ   ဖော်ပြထားပါတယ်။

အထူးသဖြင့် MIND လို့အမည်ပေးထားတဲ့   စားသောက်မှုပုံစံအတိုင်း လိုက်နာစားသောက်ခြင်းက အယ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တာပါ။ MINDဆိုတာ Mediterranean-DASH Interve-ntion for Neurodegenerative Delay လို့ခေါ်တဲ့ စားသောက်မှုပုံစံဖြစ်ပါတယ်။

အဲဒီစားသောက်မှုပုံစံက အစိမ်းရောင်အရွက်တွေ၊ ဘယ်ရီသီးတွေ၊ အခွံမာသီးတွေနဲ့ သံလွင်ဆီတို့လိုမျိုး   ဦးနှောက်ကျန်းမာရေးအပေါ် အထောက်အကူပြုတဲ့ အစားအစာတွေကို  အဓိက ဦးစားပေးစားသုံးရတာပါ။

သုတေသနပညာရှင်များက သက်ကြီး ရွယ်အို ၉၃၀၀၀ နီးပါးကိုလေ့လာမှုများ လုပ်ပြီးနောက်မှ သူတို့ရဲ့တွေ့ရှိချက်ကို အခုလိုထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို စားသောက်မှု ပုံစံကိုတော့ သက်လတ်ပိုင်းမှစတင်လို့ သက်ကြီးပိုင်း တွေမှာပါစားသုံး ပေးဖို့ ပညာရှင်များက အကြံပြုထားတာ တွေ့ရပါတယ်။

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်မြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများတွင် ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိ

ရန်ကုန် ဇူလိုင် ၉

ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်မြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) အခမ်းအနားများကို ယနေ့ နံနက် ၅ နာရီမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။

ဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်ပူဇော်ပွဲကို စေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်း၌ကျင်းပရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။

ထို့နောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) အခမ်းအနားကို ဆက်လက်ကျင်းပရာ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်း အဖွဲ့များက စိန်ရောင်ခြည် ဘုရားပင့်ဂါထာတော်ဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ နတ်ဗြဟ္မာများ အား ဖိတ်ကြားခြင်း၊ ရွှေတိဂုံဘုရားရှိခိုးဂါထာတော် ဖြင့် ရှိခိုးပူဇော်ခြင်း၊ ဓမ္မစကြာအမွှမ်း ဂါထာရွတ်ဆို ပူဇော်ခြင်း၊ ဆုတောင်းအမျှဝေခြင်းတို့ကို ဆောင်ရွက် ကြသည်။

ယင်းနောက် စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှစတင်၍ ရွှေကြာ သင်္ကန်း လှည့်လည်ပူဇော်ပွဲအခမ်းအနားကိုကျင်းပ ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များက ဝါဆိုရွှေကြာသင်္ကန်းတော်များကို ကိုင်ဆောင်ကာ ရင်ပြင်တော်တစ်ပတ် လက်ယာရစ် လှည့်လည်ပူဇော်ကြရာ ဘုရားဖူးလာပြည်သူများက အလှူတော်ငွေများလှူဒါန်းကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက စေတီတော်ရင်ပြင် အထက်ပစ္စယာရှိ ပတ္တမြားမျက်ရှင်ဘုရားအား ဝါဆိုရွှေကြာသင်္ကန်းတော်များ ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ် အသင်းအဖွဲ့များနှင့် အလှူရှင်များက အာရုံခံတန်ဆောင်းမုခ်လေးမုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမ မြတ်စွာဘုရားများအား ဝါဆိုရွှေကြာသင်္ကန်းတော်များ ကပ်လှူပူဇော်ကြသည်။

ထို့နောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် (ဓမ္မစကြာအခါတော်နေ့) ရေစက်ချမင်္ဂလာအခမ်းအနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း ၌ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဒေါက်တာဘဒ္ဒန္တ အဂ္ဂသာမိထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျသဘာပတိဦးဘိုးသင်းက အဖွင့်မင်္ဂလာစကား လျှောက်ထားကာ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား ဝါဆိုရွှေကြာသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နိုင်ငံတော်သံဃာ့ ဝန်ဆောင်ဘဒ္ဒန္တသုစိတ္တထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်းချအမျှပေးဝေကြသည်။

ထို့ပြင် ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ ဆူးလေစေတီတော်၊ လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၊ စွယ်တော်မြတ်စေတီတော် (ရန်ကုန်)၊ ရှေးဟောင်းသမိုင်းဝင် အပရာဇိတ ဆံတော်ရှင်ကျိုက်ဝိုင်းစေတီတော်၊ ဆုတောင်းပြည့် မယ်လမုစေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ကိုးထပ်ကြီးဘုရားနှင့် တိလောကဥသျှောင်မုနိရာဇ အောင်မြေသဗ္ဗညုပုထိုးတော်ကြီး (ရန်ကုန်) တို့၌လည်း သက်ဆိုင်ရာစေတီတော် ဂေါပကအဖွဲ့ဝင်များကြီးမှူး၍ သြဝါဒါစရိယဆရာတော်ကြီးများထံ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ပရိတ်တရားတော်နှင့် ရေစက်ချတရား များနာယူခြင်း၊ ဝါတွင်းကာလသီလခံယူခြင်းစသည်ဖြင့် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) အခမ်းအနားများကို ကျင်းပကြသည်။

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ရန်ကုန်မြို့ရှိ ဘုရားစေတီပုထိုး၌ ပြည်တွင်း/ပြည်ပ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ လာရောက်ဖူးမြော်ကြည်ညိုကြကာ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးတိုင်များ ကပ်လှူပူဇော်ခြင်း၊ တရားနာယူခြင်း၊ တန်ဆောင်းများ၌ သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ တရားဘာဝနာပွားများအားထုတ်ခြင်းနှင့် အလှူရှင်များက စတုဒိသာကျွေးမွေးလှူဒါန်းမှုများဖြင့် အထူးစည်ကားများပြားလျက်ရှိကြောင်း တွေ့မြင်ရသည်။

ဇော်မင်းလတ်-MNA