သတင်းများ

ဂျပန်နိုင်ငံ တောင်တန်းဒေသတွင် တောမီးဆက်လက်လောင်လျက်ရှိ

ဂျပန်နိုင်ငံ တောင်တန်းဒေသတွင် လောင်ကျွမ်းနေသည့်  တောမီးကိုလက်ရှိအချိန်အထိငြှိမ်းသတ်နိုင်ခြင်းမရှိသေးဘဲ ဆက်လက်လောင်ကျွမ်းလျက်ရှိကြောင်း NHK သတင်းဌာနက ဇန်နဝါရီလ ၁၉ ရက်တွင် ဖော်ပြသည်။ တောမီးသည်  ယာမာနာရှီစီရင်စုအတွင်းရှိ ကိုဖူမြို့နှင့် ဖူဖူကူးမြို့တို့တွင်ဇန်နဝါရီလ ၁၈ ရက် ဒေသစံတော်ချိန်မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က   စတင်လောင်ကျွမ်းခြင်းဖြစ်သည်။ တောမီးလောင်ကျွမ်းရာဒေသများသို့ အာဏာပိုင်အဖွဲ့က ရဟတ်ယာဉ်များစေလွှတ်၍ မီးကိုထိန်း ချုပ်နိုင်ရန်ကြိုးပမ်းခဲ့သော်လည်း   မီးကိုအပြီးသတ်ငြှိမ်းသတ်နိုင်ခြင်းမရှိသေးကြောင်း သတင်းဌာနကဆက်လက်ဖော်ပြသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ မြင်းကပါ ကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှ တူးဖော်ရရှိသည့် ရှေးဟောင်းရွှေထည်ပစ္စည်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချခဲ့သူများအား ပြစ်ဒဏ် အသီးသီးချမှတ်

ညောင်ဦး ၊ ဇန်နဝါရီ ၁၇

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ မြင်းကပါ ကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေမြောင်းဖောက်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်စဉ် တူးဖော်ရရှိခဲ့သည့် ရှေးဟောင်းရွှေထည်ပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချ၍ ကိုယ်ကျိုးစီးပွားအတွက် ခွဲဝေအသုံးပြုခဲ့သူများအား ညောင်ဦးမြို့နယ်တရားရုံးက ဇန်နဝါရီ ၁၃ ရက်နေ့တွင် ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။

MNDAA နှင့် တပ်မတော်အကြား အပစ်အခတ်ရပ်စဲ

တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုအရ MNDAA ကိုးကန့်တပ်ဖွဲ့နှင့် တပ်မတော်အကြား တရားဝင်အပစ်အခတ်ရပ်စဲရေးရရှိသွားပြီဖြစ်ကြောင်း၊ နှစ်ဖက်အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ၇ ကြိမ် တိုင်တိုင် ပြုလုပ်ခဲ့ပါကြောင်း၊ နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်၍   ဇန်နဝါရီလ ၁၈ ရက်နေ့၊ ပေကျင်း စံတော်ချိန်၊ နေ့လယ် ၁၂ နာရီမှစ၍ အပစ်အခတ်ရပ်စဲမည်ဖြစ်ကြောင်းကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်နှင့်အမေရိကန်တို့ တောင်တရုတ် ပင်လယ် တွင် ပူးတွဲ ရေကြောင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်

ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်နေ့က ဖိလစ်ပိုင်နှင့် အမေရိကန်တို့သည် တောင်တရုတ်ပင်လယ်တွင် ပဥ္စမအကြိမ်မြောက် ပူးတွဲ ရေကြောင်း စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ကြသည်။ 

ထိုပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်ဘက်က Carl Vinson Carrier Strike Group၊ ပဲ့ထိန်းဒုံးကျည် နှစ်စင်း၊ ရဟတ်ယာဉ်နှစ်စင်းနှင့် F-18 Hornet လေယာဉ် နှစ်စင်းတို့ ပါဝင်ကြောင်း၊ ဖိလစ်ပိုင်ဘက်က Antonio Luna ဖရီးဂိတ်သင်္ဘော၊ Andres Bonifacio ကင်းလှည့်သင်္ဘော၊ FA-50 တိုက်လေယာဉ်နှစ်စင်းနှင့် လေတပ် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို ဖြန့်ကျက် ချထားခဲ့ကြောင်း သိရပါသည်။ 

အီရန် တရားလွှတ်တော်ချုပ်ရုံးရှိ   အကြီးတန်း တရားသူကြီး ၂ ဦး ပစ်သတ်ခံရ

ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်(စနေနေ့) နံနက်ပိုင်းက အီရန်နိုင်ငံ မြို့တော်တီဟီရန်ရှိ တရားလွှတ်တော်ချုပ်ရုံးမှ အကြီးတန်းတရားသူကြီးနှစ်ဦးသည် ရုံးချိန် အတွင်း တာဝန်ထမ်းဆောင်နေချိန် သေနတ်သမားတစ်ဦး၏ လက်ချက်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း၊ အဆိုပါသေနတ်သမားမှာလည်း မိမိကိုယ်ကို အဆုံး စီရင်သွားကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရပါသည်။ 

မက္ကဆီကိုပင်လယ်ကွေ့ အစား အမေရိကန် ပင်လယ်ကွေ့ ဟု ခေါ်ဝေါ်မည်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ ပြန်ရောက်ရှိလာချိန်တွင် မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကန်ပင်လယ်ကွေ့ဟု ပြောင်းလဲခေါ်ဝေါ်မည့် စီမံအုပ်ချုပ်ရေးအမိန့်ကို လက်မှတ်ရေးထိုးထုတ်ပြန်ရန် စီစဉ်နေကြောင်း Fox News က ဖော်ပြထားပါသည်။ 

သတင်းအရင်းအမြစ်တစ်ခုအရ ဒေါ်နယ်ထရမ့်သည် ဇန်နဝါရီ ၂၀ ရက် သမ္မတကျမ်းသစ္စာဆိုပွဲပြီးနောက် မက္ကဆီကို ပင်လယ်ကွေ့အမည်ပြောင်းလဲခြင်း အမိန့် အပါအဝင် စီမံအုပ်ချုပ်ရေးအမိန့် ၂၀၀ ကျော် လက်မှတ်ရေးထိုးမည်ဖြစ်သည်။ 

အမေရိကန်တွင် TikTok ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်သဖြင့် ဒေါ်နယ်ထရမ့်အား ကျေးဇူးတင်ကြောင်း ပြောကြား

အမေရိကန်ပြည်ထောင်စုတွင် အမျိုးသားလုံခြုံရေးကို အကြောင်းပြ၍ TikTok ပိတ်ပင်သော ဉပဒေ အတည်ပြုခဲ့သောကြောင့် ခဏတာ ရပ်ဆိုင်းခဲ့သော TikTok မှာ ဇန်နဝါရီ ၁၉ ရက်တွင် အမေရိကန်ပြည်ထောင်စု၌ ပြန်လည် အသုံးပြုနိုင်ခဲ့ပြီဖြစ်ပါသည်။

ဇန်နဝါရီ ၁၉ ရက်တွင် ရာထူး သက်တမ်းကုန်သွားပြီ ဖြစ်သည့် ဘိုင်ဒင်အစိုးရ၏ ပိတ်ပင်မှုအပေါ် ပြောင်းပြန်ဖြစ်သွားစေရန် ဆောင်ရွက်ပေးသည့်အတွက် ဒေါ်နယ်ထရမ့် ကို TikTok က ချီးကျူးလိုက်ပါသည်။ 

ကနေဒါနိုင်ငံဝန်ကြီးချုပ် ရာထူးနေရာအတွက် ဘဏ္ဍာရေး ဝန်ကြီးဟောင်း၏ မဲဆွယ်စည်းရုံးရေး ကမ်ပိန်းတွင် ပါလက်စတိုင်းထောက်ခံသူများက ဆန္ဒပြ

ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း Chrystia Freeland သည် လာမည့် လစ်ဘရယ်ပါတီခေါင်းဆောင်နှင့် ၀န်ကြီးချုပ်ရာထူးနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရန် မဲဆွယ်စည်းရုံးရေးကမ်ပိန်းများ ပြုလုပ်လျက်ရှိသည်။

ကိုလံဘီယာတွင် ငြိမ်းချမ်းရေးဆွေးနွေးမှု မအောင်မြင် လူ ၈၀ ကျော်သေဆုံး

ကိုလံဘီယာအစိုးရနှင့် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (Rebel National Liberation Army/ ELN) သူပုန်တပ်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရ၏ကြိုးပမ်းမှုမအောင်မြင်ဘဲ ပြီးခဲ့သည့် သီတင်းပတ်ကုန်က နိုင်ငံအရှေ့မြောက်ပိုင်းတွင် အနည်းဆုံး လူ ၈၀ ကျော်သေဆုံးသွားကြောင်း ကိုလံဘီယာအရာရှိတစ်ဦး က ပြောကြားလိုက်ပါသည်။ 

သမ္မတရှီကျင့်ဖျင်နှင့် ဒေါ်နယ်ထရမ့်တို့ ဖုန်းဖြင့် ဆွေးနွေး

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ဇန်နဝါရီ ၁၇ ရက် (သောကြာနေ့)က ဖုန်းဆက်သွယ်ပြောကြားခဲ့ပါသည်။ ထိုဖုန်းပြောဆိုမှုသည် ၎င်းတို့နှစ်ဦး၏ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ဖုန်းတိုက်ရိုက် ပြောဆိုကြခြင်း ဖြစ်ပါသည်။ 

ဒေါ်နယ်ထရမ့် သမ္မတကျမ်းသစ္စာဆိုပွဲမတိုင်မီ ရက်အနည်းငယ်အလိုတွင် ထရမ့်နှင့် ရှီတို့က TikTok ကိစ္စ၊ fentanyl နှင့် Taiwan ကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။