သတင်းများ

Trump ၏ တူးမြောင်းထိန်းချုပ်ရေး တောင်းဆိုမှုကို Panama မှပယ်ချ

ပနားမားတူးမြောင်းကို ပြန်လည်ထိန်းချုပ်ရန် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုကို ပနားမားသမ္မတ Jose Raul Mulino က ပယ်ချလိုက်သည်။ Mulino က ရေလမ်းသည် ပနားမားနိုင်ငံ၏ အမျိုးသားအမွေအနှစ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ဖော်ပြခဲ့ပြီး ၎င်း၏ ပိုင်ဆိုင်မှု သည် ညှိနှိုင်းရန်မလိုကြောင်း အလေးပေး ပြောကြား ခဲ့သည်။ 

မကြာသေးမီက ထရမ့်သည် တူးမြောင်းကို ဖြတ်ကျော် သည့် အမေရိကန်သင်္ဘောများအတွက် ကောက်ခံသည့် အခကြေးငွေနှုန်းထားသည် အလွန်များကြောင်း ပြောဆို ခဲ့ပြီး မဟာဗျူဟာကျသော ရေလမ်းကြောင်းသည် တရုတ်သြဇာလွှမ်းမိုးမှုအောက်သို့ ကျဆင်းသွားသည် ဟု ဝေဖန်ခဲ့သည်။ 

နေတန်ယာဟု၏ဇနီးအား စုံစမ်းစစ်ဆေးရန် အစ္စရေး ထိပ်တန်းအစိုးရရှေ့နေများကအမိန့်ပေးခဲ့

အစ္စရေးအာဏာပိုင်များသည် ခင်ပွန်းဖြစ်သူ ဝန်ကြီးချုပ် Benjamin Netanyahu ၏ အကျင့်ပျက်ခြစားမှုဆိုင်ရာ တရားခွင်တွင် သက်သေတစ်ဦးကို သြဇာလွှမ်းမိုးရန် ကြိုးပမ်းခဲ့သည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်၍ ၎င်း၏ဇနီး Sara Netanyahu အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

ကာ့ဒ်လူမျိုးလက်နက်ကိုင်အဖွဲ့ လက်နက် မဖျက်သိမ်း ပါက လက်နက်နှင့်အတူ မြေမြှုပ်သင်္ဂြိုဟ်ခံ ရဖွယ်ရှိနေ ဟု တူရကီသမ္မတ သတိပေး

ကာ့ဒ်လူမျိုး လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကာ့ဒ် YPG အဖွဲ့အနေဖြင့် လက်နက်ဖျက်သိမ်းခြင်းမပြုပါက လက်နက်များနှင့်အတူ မြေမြှုပ်သင်္ဂြိုဟ်ခံရမည်ဟု တူရကီသမ္မတ အာဒိုဂမ်က သတိပေးလိုက်ပါသည်။

တူရကီသမ္မတက ခွဲထွက်ရေးလက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် Kurdish YPG အဖွဲ့အနေဖြင့် လက်နက် ဖျက်သိမ်းမည် သို့မဟုတ် လက်နက်များနှင့်အတူ မြေမြှုပ်သင်္ဂြိုဟ်ခံမည်လားဆိုသည်ကို စဉ်းစားရမည် ဖြစ်ကြောင်း၊ တူရကီနှင့်ကာ့ဒ်လူမျိုးများအကြား သွေးထွက်သံယိုမှုများဖြစ်ရန်ဖန်တီးနေသည့် Kurdish YPG အကြမ်းဖက်အဖွဲ့ကို ဖြိုခွင်းသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထာင်စု၏ ဘိုင်ဒင်အစိုးရသည် ယူကရိန်းအတွက် ဒေါ်လာ ၁.၂၅ ဘီလီယံတန်ဖိုးရှိသည့် စစ်ဘက်ဆိုင်ရာထောက်ပံ့ရေး အစီအစဉ်သစ်ကို ခွဲဝေပေးမည်

အမေရိကန်ပြည်ထာင်စု၏ ဘိုင်ဒင်အစိုးရသည် ယူကရိန်းအတွက် ဒေါ်လာ ၁.၂၅ ဘီလီယံတန်ဖိုးရှိသည့် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး အစီအစဉ်သစ်ကို ခွဲဝေ ပေးမည်ဖြစ်ကြောင်း Associated Press က ဖော်ပါ သည်။

သမ္မတဘိုင်ဒင်အစိုးရအဖွဲ့သည် ယူကရိန်းနိုင်ငံအတွက် အဆိုပါ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး အစီအစဉ် သစ်ကို လာမည့်သီတင်းပတ်တွင် ကြေညာရန် ရည်ရွယ် ထားကြောင်းသိရှိရပါသည်။

ယူကရိန်းတွင် ယခင်အမေရိကန်ပြည်ထောင်စုမှ ထောက်ပံ့ ပေးခဲ့သည့် တာဝေးပစ် ATACMS ဒုံးကျည် အစင်း ၅၀၀ မှာ ယခုလက်ရှိအချိန်တွင် အစင်း ၅၀ ခန့်သာ ကျန်ရှိ

ယူကရိန်းတွင် ယခင်အမေရိကန်ပြည်ထောင်စုမှ ထောက်ပံ့ ပေးခဲ့သည့် တာဝေးပစ် ATACMS ဒုံးကျည် အစင်း ၅၀၀ မှာ ယခုလက်ရှိအချိန်တွင် အစင်း ၅၀ ခန့်သာ ကျန်ရှိကြောင်း၊ အမေရိကန်နှင့် နေတိုးအရာရှိများက ယူကရိန်းသည် အမေရိကန်၏ တာဝေးပစ် ATACMS ဒုံးကျည်များကို တိုက်ခိုက်မှုအတွက် အသုံးပြုရာတွင် ပစ်မှတ်အရေအတွက်နှင့် ရွေးချယ်မှုများကို ပိုမိုဂရုတစိုက် လုပ်ဆောင်သင့်ကြောင်း အမေရိကန် သတင်းစာ New York Times က ဖော်ပြထားပါသည်။

ကိုးကား- New York Times

ရုရှားက ယူကရိန်းပဋိပက္ခကို ထရမ့်နှင့်ဆွေးနွေးရန်အသင့်ရှိ

ရုရှားအစိုးရအနေဖြင့် လက်ရှိဖြစ်ပွားနေသော ယူကရိန်းပဋိပက္ခကို မကြာမီ အမေရိကန်သမ္မတအဖြစ်တာဝန်ယူမည့် ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးသွား ရန်အသင့်ရှိကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ရော့က ဒီဇင်ဘာလ ၂၆ ရက်တွင်ပြောသည်။

ထို့ပြင် ထရမ့်၏ ရုရှားနှင့်ယူကရိန်းဆိုင် ရာအထူးကိုယ်စားလှယ် ကိပ်ကဲလော့ပါဝင်သောအဖွဲ့အနေဖြင့် ယူကရိန်းပဋိပက္ခ ဖြစ်ပွားရသည့်အကြောင်းရင်းဇာစ်မြစ်ကို သိရှိပြီးဖြေရှင်းနိုင်မည်ဟု ရုရှားအစိုးရက မျှော်လင့်ကြောင်း နှစ်ကုန်သတင်းစာရှင်းလင်းပွဲ၌ လက်ရော့ကပြောထားခြင်းဖြစ်သည်။

အာကာသစူးစမ်းလေ့လာရေးယာဉ် Parker Solar Probe နေနှင့် အနီးကပ်ဆုံး ရောက်ရှိနိုင်သည့် စံချိန်သစ်တင်နိုင်ဖွယ်ရှိ

ဝါရှင်တန်   ဒီဇင်ဘာ ၂၆

နာဆာ(NASA)၏ အာကာသစူးစမ်းလေ့လာရေးယာဉ်တစ်ခုဖြစ်သည့် Parker Solar Probe သည် ဒီဇင်ဘာ ၃၁ ရက်တွင် နေနှင့်အနီးကပ်ဆုံး ချဉ်းကပ်ရောက်ရှိနိုင်သည့် စံချိန်သစ်တင်နိုင်ဖွယ်ရှိကြောင်း သိရသည်။

Parker Solar Probe အာကာသယာဉ်သည် ဒီဇင်ဘာ ၃၁ ရက်တွင် နေ၏ မျက်နှာပြင်မှ မိုင် ၃ ဒသမ ၈ သန်း(ကီလိုမီတာ ၆ ဒသမ ၁ သန်း) အတွင်းဖြတ်သန်းလှည့်ပတ်သွားလာနိုင်မည်ဟု မျှော်လင့်ရပြီး ယခင်လုပ်ဆောင်ခဲ့သည့် မစ်ရှင်များထက် ခုနစ်ဆပိုမိုနီးကပ်ကြောင်း နာဆာကဆိုသည်။

သာယာဝတီမြို့နယ်၌ တောင်သူများ စိုက်ပျိုးထားသည့် ဖူးစားပြောင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိ

ပဲခူးတိုင်းဒေသကြီး  သာယာဝတီမြို့နယ်ရှိ   ကျေးရွာများ၌ ယခုနှစ်တွင်ဖူးစားပြောင်းဧက   ၂၀၀၀  ကျော်   စိုက်ပျိုးထားကာ   အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း    ပြောင်းစိုက်ပျိုးသူများ၏ ပြောပြချက်အရ သိရသည်။

ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ဂျပန်လေကြောင်းလိုင်း နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်

တိုကျို   ဒီဇင်ဘာ ၂၆

ဂျပန်လေကြောင်းလိုင်း ဆိုက်ဘာတိုက်ခိုက်ခံရသည့်အတွက် ပြည်တွင်းနှင့် ပြည်ပခရီးစဉ်အချို့ နှောင့်နှေးကြန့်ကြာမှုများ ပေါ်ပေါက်ခဲ့ရသည်ဟု ဂျပန်လေကြောင်းလိုင်းက ပြောသည်။

ကလိန်အောင်မြို့တွင် သစ်သီးဝလံ ဟင်းသီးဟင်းရွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

တနင်္သာရီတိုင်းဒေသကြီး   ထားဝယ်ခရိုင်   ကလိန်အောင်မြို့ရှိ  တောင်သူများသည် တစ်နှစ်ပတ်လုံး မြေအောက်ရေဖြင့် ဟင်းသီးဟင်းရွက်   သစ်သီးဝလံသီးနှံပင်များ မျိုးစုံစိုက်ခင်းကို စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းပြီး အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးရောင်းချသူ တစ်ဦးထံမှ သိရသည်။