မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြိုင်သာယာရွာနှင့် ဒေါင့်ဘိုးရွာကို ဒီဇင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေကြောင်း တွေ့ရှိရသည်။

အဇာဘိုင်ဂျန်လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းသည် ဒီဇင် ဘာလ ၂၅ ရက် အစောပိုင်းတွင် ကာဇက်စတန်နိုင်ငံ၌ ပျက်ကျမှုဖြစ်ပွားကြောင်း သိရသည်။
လေယာဉ်အမှုထမ်းငါးဦးနှင့် ခရီးသည် ၆၂ ဦးကိုတင်ဆောင်ပြီး ဘာကူမြို့မှ ရုရှားနိုင်ငံ ဂရော့ဇနီမြို့သို့ ပျံသန်းလာသည့် ထိုလေယာဉ်သည် ကာဇက်စတန်နိုင်ငံ အက်တာအူလေဆိပ်မှ သုံးကီလိုမီတာအကွာ၌ ပျက်ကျခြင်းဖြစ်သည်။

ရုရှားတပ်ဖွဲ့များက ဒီဇင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် ယူကရိန်းနိုင်ငံရှိ စစ်ရေး ပစ်မှတ်များကို တိကျမှုရှိသော တာဝေး တိုက်ခိုက်မှုများ လုပ်ဆောင်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယခုစစ်ဆင်ရေးတွင် ယူကရိန်းနိုင်ငံရှိ စစ်ဘက်စက်မှုလုပ်ငန်းများသို့ လျှပ်စစ်ဓာတ်အားပေးနေသော စွမ်းအင်အခြေခံအဆောက်အအုံများကို ဒုံးကျည်များနှင့် ဒရုန်းများအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရည်မှန်းချက်များအားလုံးကို အောင်မြင်စွာဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

US Steel ကို ဝယ်ယူနိုင်ရေးအတွက် အမေရိကန် သမ္မတ Joe Biden ကို ဆုံးဖြတ်ခွင့်ပြုရန် အမေရိကန် အစိုးရ၏ ကော်မတီတစ်ခုက ဆုံးဖြတ်လိုက်သည်ဟုဂျပန်၏ Nippon Steel က ပြောကြားသည်။ အဆိုပါအရောင်းအဝယ်သဘောတူညီချက်ကို ဆန့်ကျင်ကြောင်းသမ္မတ Biden က အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုခဲ့ ပါသည်။

ကော်လိုရာဒိုပြည်နယ်မှာ အခြေစိုက်ထားတဲ့ Radia ကုမ္ပဏီက လေတာဘိုင်များကိုသယ်ဆောင်ပေးနိုင်မယ့် ကမ္ဘာ့အရှည်ဆုံးလေယာဉ်ကြီးကို ဖန်တီးလိုက် နိုင်ပါတယ်။ လေတာဘိုင်ကြီးတွေကို သယ်ယူပို့ဆောင်ရေးလုပ်ငန်းဟာ အင်မတန်ခက်ခဲတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ကုန်ကျစရိတ်လည်း မြင့်မားတဲ့လုပ်ငန်း တစ်ခုဖြစ်ပါတယ်။

လေကြောင်းနည်းပညာမှာ သန့်ရှင်းစွမ်းအင်ကို အသုံးပြုမှုက တဖြည်းဖြည်းနဲ့မြင့်မားလာတာနဲ့အမျှ လေကြောင်း ကုမ္ပဏီတွေကလည်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို တိုးမြှင့်အသုံးပြုလာနိုင်ဖို့ကြိုးစားလာကြပါတယ်။
ဒီအချိန်မှာ ဂျိုဘီလေကြောင်းကုမ္ပဏီက ဟိုက်ဒရိုဂျင်နဲ့ လျှပ်စစ်စွမ်းအင်အသုံးပြုတဲ့ ဝေဟင်တက္ကစီတစ်မျိုးကို ထုတ်ဖော်မိတ်ဆက်ထားတာရှိပါတယ်။ သူ့ရဲ့ အောင်မြင်မှုကလည်း တကယ့်ကိုအံ့မခန်းပါပဲ။

Boom ကုမ္ပဏီရဲ့ အသံထက်မြန် လေယာဉ်နည်းပညာက အသံထက်မြန်ခရီးသည်တင် လေယာဉ်များစွာကို ပြန်လည်ထွက်ပေါ်လာစေမှာဖြစ်ပါတယ်။ အဓိက အကြောင်းရင်းကတော့ သူတို့ရဲ့စမ်းသပ်ဆဲ XB-1 လေယာဉ်က အမြင့်နှုန်းမှာသာမက အမြန်နှုန်းမှာပါ စံချိန်အသစ်တင်နိုင်လိုက်ခြင်းကြောင့်ဖြစ်ပါတယ်။
အဲဒီလေယာဉ်က အမြင့်ပေ ၂၅၀၄၀ အထိရောက်ရှိတဲ့အတွက် ဒါဟာ သူ့ရဲ့စံချိန်တွေထဲမှာ အမြင့်ဆုံးဖြစ်ပါတယ်။၅၄ မိနစ်ကြာပျံသန်းခဲ့တဲ့ XB-1 ရဲ့ အမြန်နှုန်းက အသံထက် သုည ဒသမ ၈၂ ဆမြန်တဲ့နှုန်းနဲ့ဖြစ်ပါတယ်။

Koenigsegg ဆိုတဲ့ မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီက သူတို့ရဲ့နောက်ဆုံးထုတ် ပြိုင်ကားအမျိုးအစားနဲ့အတူ ကမ္ဘာ့စံချိန်အသစ်ကို တင်လိုက်နိုင်တာ တွေ့ရပါတယ်။
အဲဒီပြိုင်ကားအမျိုးအစားက Jesko Absolut ပါ။ ဒီပြိုင်ကားက အရှိန်နှုန်း သုည ကနေ မိုင် ၂၅၀ အထိကို ၁၉ ဒသမ ၂ စက္ကန့် အတွင်း အရှိန်တင်နိုင်တာဖြစ်ပါတယ်။
သုညကနေ မိုင် ၂၅၀၊ မိုင် ၂၅၀ ကနေ သုည အထိ အရှိန်တင်၊ အရှိန်လျှော့ခြင်းကို ၂၈ ဒသမ ၂၇ စက္ကန့်အတွင်း လုပ်ဆောင်နိုင်တာပါ။

ဂျေရုဆလင် ဒီဇင်ဘာ ၂၅
ယီမင်နိုင်ငံမှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်တစ်စင်းကို အစ္စရေးလေကြောင်းရန် ကာကွယ်ရေးစနစ်ဖြင့် ဒီဇင်ဘာ ၂၅ ရက်တွင် ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးတပ်မတော်က သတင်းထုတ်ပြန်သည်။
အစ္စရေးနယ်မြေအတွင်းသို့မရောက်မီ အဆိုပါ ဒုံးကျည်ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးတပ်မတော်က ပြောသည်။
ကြားဖြတ်ဟန့်တားမှုမှ အမြောက်ဆန်အပိုင်းအစများကျလာနိုင်သည့်အတွက် အစ္စရေးနိုင်ငံအလယ်ပိုင်းတွင် အချက်ပေးသံများ ထွက်ပေါ်လာခဲ့သည်။

ကျိုက်ထို ဒီဇင်ဘာ ၂၅
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေအထိ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်မှ ဘုရားဖူးပြည်သူများစည်ကားသိုက်မြိုက်စွာဖြင့် နေ့စဉ်လာရောက်ဖူးမြော်နေကြပြီး ယခု(ဒီဇင်ဘာလ)တွင် လာရောက်ဖူးမြော်သူ ၂၂၈၉၂၉ ဦးရှိကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။