လေကြောင်းစက်မှုလုပ်ငန်းမှာ ပထမဆုံးသော အောင်မြင်မှုတစ်ခုအဖြစ် အလိုအလျောက်ထွက်ခွာစနစ်ကို Embraer က ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။ ဒီစနစ်ဟာ ခရီးသည်တင်လေယာဉ်များအတွက် ကမ္ဘာ့ပထမဆုံးသော အလိုအလျောက် ထွက်ခွာစနစ်လည်း ဖြစ်ပါတယ်။
Embraer ကုမ္ပဏီက သူတို့ရဲ့ E2 အမျိုးအစား ခရီးသည်တင်လေယာဉ်အတွက် အထောက်အပံ့ဖြစ်စေနိုင်ဖို့ အဆင့်မြင့် ထွက်ခွာစနစ်ကို မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။