အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းနိုင်ငံသို့ လုံခြုံရေးဆိုင်ရာ အပိုထောက်ပံ့မှုအဖြစ် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ပေးအပ်မည်ဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒင်က ဒီဇင်ဘာလ ၃၀ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
သမ္မတဘိုင်ဒင်အစိုးရသည် ရာထူးမှ မထွက်ခွာမီ ယူကရိန်းနိုင်ငံသို့ ဆက်လက် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ယခုပေးအပ်မည့်အပိုထောက်ပံ့မှုတွင် လေကြောင်းကာကွယ်ရေး၊ အမြောက်စနစ်နှင့် အခြားအရေးကြီးလက်နက်စနစ်များ ပါဝင်မည် ဖြစ်ကြောင်း ဂျိုးဘိုင်ဒင်က ထုတ်ပြန်ချက် တစ်စောင်တွင်ပြောသည်။