တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် မြန်နှုန်းအမြင့်ဆုံး ကျည်ဆန်ရထား၏ရှေ့ပြေးပုံစံရထားတစ်စင်းကို ဒီဇင်ဘာလ ၂၉ ရက်တွင် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ CR450 မြန်နှုန်းမြင့်ကျည်ဆန်ရထားအား မြို့တော်ပေကျင်းတွင် ပြသခဲ့ခြင်းဖြစ်ပြီး ထိုသို့ပြသစဉ် အဆိုပါမြန်နှုန်းမြင့်ရထားသည် တစ်နာရီလျှင် ၄၀၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်ခဲ့ကြောင်း နိုင်ငံပိုင်တရုတ်မီးရထား ကုမ္ပဏီကထုတ်ပြန်သည်။
အဆိုပါ ကျည်ဆန်ရထားအား မောင်းနှင်စမ်းသပ်စဉ် တစ်နာရီလျှင် ၄၅၀ ကီလိုမီတာအမြန်နှုန်းဖြင့် မောင်းနှင်ခဲ့ကြောင်း သိရသည်။