ယခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို လာမည့် ဖေဖော်ဝါရီ(၉)ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဒီဇင်ဘာ၂၇ရက်တွင် ဗဟန်း မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည့်အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောခဲ့ ခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပမည်ဖြစ်သည့်အတွက် အချိန်အနည်းငယ်သာ ကျန်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေး ပြောကြားထားသည်။