ရန်ကုန် ဖေဖော်ဝါရီ ၈
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၁၉ အမျိုးသားအသင်း နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား ယူဂျီဆေအိုကာကို ခန့်အပ်လိုက်ပြီဖြစ်သည်။
ရန်ကုန် ဖေဖော်ဝါရီ ၈
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၁၉ အမျိုးသားအသင်း နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား ယူဂျီဆေအိုကာကို ခန့်အပ်လိုက်ပြီဖြစ်သည်။
တိုကျို ဖေဖော်ဝါရီ ၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဂျပန်ဝန်ကြီးချုပ် အီရှီဘာတို့သည် ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးကို ဖေဖော်ဝါရီ ၇ ရက်တွင် ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ ဝန်ကြီးချုပ် အီရှီဘာသည် အမေရိကန်တွင် ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး အလေးပေးပြောကြားခဲ့သည်။
ဟနွိုင်း ဖေဖော်ဝါရီ ၈
ဗီယက်နမ်နိုင်ငံက ဇန်နဝါရီလအတွင်း ကော်ဖီတန်ချိန် ၁၅၄၆၃၅ တန် တင်ပို့နိုင်ခဲ့ကြောင်း ဗီယက်နမ်ကော်ဖီ-ကိုကိုးအသင်းက ထုတ်ပြန်ထားသည်။
ကော်ဖီစိမ်း တင်ပို့မှုမှာ ၁၃၇၅၆၈ တန်ရှိပြီး ဒေါ်လာ ၆၉၄ ဒသမ ၉ သန်းရရှိကာ ပြီးခဲ့သည့်နှစ် ဇန်နဝါရီလနှင့် နှိုင်းယှဉ်ကြည့်ပါက တန်ဖိုး ၈ ဒသမ ၈ ရာခိုင်နှုန်း တိုးလာသော်လည်း ပမာဏ ၃၈ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ပြန်ထားသည်။
အလက်စကာ ဖေဖော်ဝါရီ ၈
လူ ၁၀ ဦး လိုက်ပါလာသည့် လေယာဉ်သည် အမေရိကန်ပြည်ထောင်စု အလက်စကာပြည်နယ်ရှိ ရေခဲပြင်ပင်လယ်ထဲသို့ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် အာဏာပိုင်များက ပြောသည်။
ဖေဖော်ဝါရီ ၆ ရက်က အဆိုပါ လေယာဉ်နှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။ အဆိုပါလေယာဉ်သည် အလက်စကာအနောက်ပိုင်း ဘဲရင်းအဲ လေကြောင်းလိုင်းမှဖြစ်ပြီး ယူနာလာကလီးသ်မှ နုမ်းသို့ ဦးတည်ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အီတလီနိုင်ငံမှ ဂန္ထဝင်တယောပညာရှင်နှင့် လက်မှုတူရိယာ ပညာရှင်တစ်ဦးဖြစ်သူ အန်တိုနီယို စထရာဒီဗာရီ၏ သက်တမ်း ၃၁၁ နှစ်ရှိ တယောအား အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့ရှိ Sotheby’s လေလံပွဲ၌ ဒေါ်လာ ၁၁ ဒသမ ၂၅ သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် မြေပြိုမှုဖြစ်ပွားခြင်းကြောင့် လူ ၃၀ ကျော် ပျောက်ဆုံးလျက်ရှိပြီး ဒေသခံပြည်သူ ၂၀၀ ခန့်အား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
မြေပြိုမှုသည် ယီပင်းမြို့ ကျွမ်လျန်ခရိုင်ရှိ ကျင်းပင်းကျေးရွာ၌ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြေပြိုမှုအတွင်း လူနေအိမ် ၁၀ လုံးပြိုကျသွားခဲ့ပြီးနောက် အာဏာပိုင်များက သဘာဝကပ်ဘေးဆိုင်ရာ အမြင့်ဆုံးသတိပေးချက် တစ်ရပ်ကို ပြည်နယ်အတွင်း ထုတ်ပြန်ခဲ့ရသည်။
အမေရိကန်အစိုးရ အနေဖြင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့် ဆက်ဆံရေး ပြန်လည်တည်ထောင်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ကြောင်း သိရသည်။
နိုင်ငံများအကြား ဆက်ဆံရေးတွင် သံခင်းတမန်ခင်းသည် အရေးပါသောကြောင့် အမေရိကန်က မြောက်ကိုရီးယား နိုင်ငံနှင့်သာမက ယင်းနိုင်ငံခေါင်းဆောင်နှင့် ဆက်ဆံရေးကို ပြန်လည်တည်ထောင် သွားမည်ဖြစ်ကြောင်း ထရမ့်က ဖေဖော်ဝါရီလ ၇ ရက်တွင်ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြားသည်။
နေပြည်တော် ဖေဖော်ဝါရီ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန် နှင့်အနောက်နိုင်ငံများသည် ရုရှားကို မဟာဗျူဟာပိုင်းဆိုင်ရာအရ အရှုံးပေးရန် လက်မခံလိုသဖြင့် ယူကရိန်းစစ်ပွဲ ရှည်လျားနေစေခြင်းဖြစ်ကြောင်း စွပ်စွဲလိုက်ပါသည်။
တရားလွှတ်တော်ချုပ်၏ ထုတ်ပြန်ချက်အရ အမေရိကန် ပြည်ထောင်စုတရားသူကြီးတစ်ဦးက ဘဏ္ဍာရေးဌာနရှိ သန်းနှင့်ချီသော အမေရိကန်ပြည်သူများ၏ ငွေကြေးအချက်အလက်များကို Elon Musk ဦးဆောင်သော အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) က ကြည့်ရှုခွင့်မရစေရန် ပိတ်ပင်ခဲ့ပါသည်။
ထို့အပြင် လက်ခံရရှိထားသော မိတ္တူများကို အီလွန်မတ်စ်နှင့် အဖွဲ့က ဖျက်ဆီးရန် ယာယီတားမြစ်သောအမိန့်ကို ဖေဖော်ဝါရီ ၈ ရက်နေ့က အမေရိကန်ပြည်နယ် တရားသူကြီး Paul က ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။