သတင်းများ

ဂျာမနီနိုင်ငံမှ အီတလီနိုင်ငံသို့ ပျံသန်းလာသည့် လေယာဉ်တစ်စင်း လေထန်မှုကြောင့်လှုပ်ယမ်း၊ ကိုးဦးဒဏ်ရာရ

ဂျာမနီနိုင်ငံမှ အီတလီနိုင်ငံသို့ပျံသန်းလာသည့် ခရီးသည်တင် လေယာဉ်တစ်စင်းသည် ပျံသန်းနေစဉ် လေထန်ပြီး လှုပ်ယမ်းသွား ခဲ့ခြင်းကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ကိုးဦး ဒဏ်ရာရရှိသွားကြောင်း ဂျာမနီသတင်းစာကြီးတစ်စောင်ဖြစ်သည့် Die Zeit က ဇွန်လ ၅ ရက်တွင် ဖော်ပြသည်။

ဘာလင်မြို့မှ အီတလီနိုင်ငံ မီလန်မြို့သို့ ပျံသန်းလာသည့် အဆိုပါ လေယာဉ်ပေါ်တွင် ခရီးသည် ၁၈၅ ဦးလိုက်ပါလာခဲ့ပြီး ဒဏ်ရာရရှိသူ များတွင် လေယာဉ်အမှုထမ်း ရှစ်ဦးနှင့် ခရီးသည်တစ်ဦး ပါဝင်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအနက် သုံးဦးကို တာဝန်ရှိသူများက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Ref: Ivz

အနောက်တောင်ပစိဖိတ်ဒေသအတွင်း အဏ္ဏဝါအပူလှိုင်းများ ဖြတ်သန်းမှုကြောင့် သန္တာကျောက်တန်းများပျက်စီးကာ ရေခဲမြစ်များ အရည်ပျော်လျက်ရှိ

ဝါရှင်တန်   ဇွန် ၅

အနောက်တောင် ပစိဖိတ်ဒေသတွင် အဏ္ဏဝါအပူလှိုင်းများ ဖြတ်သန်းမှုကြောင့် သန္တာကျောက်တန်းများပျက်စီးကာ ရေခဲမြစ်များ အရည်ပျော်လျက်ရှိသည်ဟု အမေရိကန်အခြေစိုက် ကုလသမဂ္ဂမိုးလေဝသအဖွဲ့ (WMO) က ယနေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင်လည်း အဏ္ဏဝါအပူလှိုင်းဖြတ်သန်းမှုများဖြစ်ပေါ်ကာ အပူချိန်များမြင့်တက်နေဆဲဖြစ်သောကြောင့် သန္တာကျောက်တန်းများ ထပ်မံပျက်စီးကာ ရေခဲမြစ်များ အရည်ပျော်ခဲ့သည့်အပြင် သမုဒ္ဒရာအတွင်း နေထိုင်ကျက်စားသော အဏ္ဏဝါသတ္တဝါများလည်း သေကျေပျက်စီးပြီး မျိုးသုဉ်းလုနီးပါးဖြစ်လာကြောင်း WMO မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဘလိုင်ယာထရီဝင် က ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း အဏ္ဏဝါအပူလှိုင်းဖြတ်သန်းမှုကြောင့် မြင့်တက်လာသော သမုဒ္ဒရာတွင်းအပူချိန်သည် သမုဒ္ဒရာ၏ စတုရန်းကီလိုမီတာ သန်း ၄၀ ကို ထိခိုက်ပျက်စီးစေခဲ့ကြောင်း၊ ထိုသို့ သမုဒ္ဒရာအတွင်း အပူချိန်မြင့်တက်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံ၌ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ဆိုင်ကလုန်းမုန်တိုင်းများ ဖြစ်ပွားနိုင်သည်ဟု ကြိုတင်သတိပေးချက် ထုတ်ပြန်ထားသည့်အပြင် အင်ဒိုနီးရှားနိုင်ငံတွင်ရှိသော ရေခဲမြစ်များသည်လည်း အပူချိန်မြင့်တက်မှုကြောင့် ထက်ဝက်နီးပါး အရည်ပျော်ကျသွားခဲ့ရကာ ယခုနှုန်းအတိုင်း အပူချိန်များ ဆက်တိုက်မြင့်တက်နေပါက ၂၀၂၆ ခုနှစ်တွင် ရေခဲမြစ်များသည် လုံးဝ ပျောက်ကွယ်သွားနိုင်ဖွယ်ရှိကြောင်း ဂြိုဟ်တုအချက်အလက်များကို ကိုးကား၍ ကမ္ဘာ့မိုးလေဝသအဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာ၌ ဖော်ပြထားသည်။

Source: ရတနာပုံသတင်းစာ

ယူကရိန်းက ပြည်နှင်ဒဏ်ပေးခံထားရသည့် ဇီလန်စကီး ဝေဖန်သူ တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်ချမှတ်

ယူကရိန်းတရားရုံးတစ်ရုံးက သမ္မတ ဗလာဒီမာ ဇီလန်စကီးကို ဝေဖန်သူ တစ်ဦးဖြစ်သူ စပိန်နိုင်ငံတွင် အခြေစိုက်နေထိုင်သည့် သတင်းထောက် Anatoly Shariy အား သစ္စာဖောက်မှုစွဲချက်ဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်။ Shariy က အဆိုပါအမိန့်ကို ကိယက်ဗ်အား သစ္စာခံ သည့် တရားစီရင်ရေးစနစ်မှ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် စီစဉ်ခဲ့သည့် လှည့်စားမှုသာဖြစ်သည်ဟု ပယ်ချခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ဥရောပသမဂ္ဂမှ နိုင်ငံရေးခိုလှုံခွင့်ရရှိခဲ့သူ Shariy သည် အစပိုင်းတွင် ဇီလန်စကီး၏ ၂၀၁၉ သမ္မတရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးကို ထောက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် အစိုးရအား အာဏာရှင်စနစ်ဘက်သို့ ယိမ်းယိုင်လာပြီး အစွန်းရောက် အမျိုးသားရေး ဝါဒီများနှင့် ပူးပေါင်းလာသည်ဟု စွပ်စွဲကာ ဆန့်ကျင်လာခဲ့သည်။ ၎င်းသည် YouTube တွင် ၎င်း၏နိုင်ငံရေးသုံးသပ်ချက်များဖြင့် ကျော်ကြားလာခဲ့ပြီး ဖော်လိုဝါ ၃.၃ သန်းကျော် ရှိလာခဲ့သည်။

ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု (SBU) က ထုတ်ပြန်ချက်တွင် Vinnitsa မြို့တရားရုံးသို့ အရေးပါသော သက်သေအထောက်အထားများ တင်ပြခဲ့ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။ ထို့အပြင် Shariy ၏ YouTube ချန်နယ်အား သိမ်းဆည်းရန် အမိန့်ထုတ်ပြန်ခဲ့သည့် တရားစီရင်ချက်၏ ထူးဆန်းသောအပိုင်းကိုလည်း SBU က ထောက်ပြခဲ့သည်။

ရှာရီက အဆိုပါမှုခင်းသည် ၂၀၂၂ ခုနှစ်၊ မေလက ၎င်းတင်ခဲ့သော ဗီဒီယို တစ်ခုပေါ်တွင် အခြေခံသည်ဟုဆိုပြီး အဆိုပါဒီဗီဒီယိုတွင် ရုရှားက ဖမ်းဆီးထားသည့် ယူကရိန်းစစ်သားတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခု ပါဝင်ခဲ့သည်။ ၎င်းက ကြည့်ရှုသူများအား ဝေဖန်ပိုင်းခြား စဉ်းစားရန် သတိပေးစကားနှင့် မိတ်ဆက်ခဲ့ပါသည်။ အဆိုပါစစ်သားက မာရီယူပိုး တိုက်ပွဲအတွင်း ယူကရိန်းစစ်ခေါင်းဆောင်များက တပ်သားများကို စွန့်ခွာသွားခဲ့သည်ဟု စွပ်စွဲခဲ့ပါသည်။

SBU က Shariy သည် ရုရှားတပ်ဖွဲ့များအား အလားတူ အင်တာဗျူး များကို ရိုက်ကူးရာတွင် ပိုမိုအကျိုးသက်ရောက်မှုရှိစေရန် အကြံပေး ခဲ့သည်ဟု စွပ်စွဲခဲ့သည်။၎င်းသည် အဆိုပါဖိုင်များကို ဗင်းနစ်ဆာမြို့ ရဲအကြီးအကဲဟောင်းတစ်ဦးထံမှ ရရှိခဲ့ကြောင်းလည်း SBU က ဆိုပြီး ယင်းအကြီးအကဲဟောင်းကိုလည်း အဆိုပါတရားစွဲဆိုမှုမှာပင် သစ္စာဖောက်မှု နှင့် အပြစ်ရှိကြောင်း ချမှတ်ခဲ့ပါသည်။

ဇီလန်စကီးအစိုးရသည် ဝေဖန်သူများနှင့် လွတ်လပ်သည့်မီဒီယာများကို “ရုရှားဘက်တော်သား” ဟု သတ်မှတ်ပြီး ၎င်းတို့၏ ပြောဆိုမှုများကို ဖိနှိပ်ခဲ့သည်ဟု ကြာမြင့်စွာ စွပ်စွဲခံနေရသည်။ ဇီလန်စကီးဦးဆောင်သည့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီသည် ပြည်နှင်ဒဏ်ပေးခံ ထားရသည့် အတိုက်အခံခေါင်းဆောင် Viktor Medvedchuk၊ သမ္မတ ဟောင်း Pyotr Poroshenko ၊ ဇီလန်စကီး၏အကြံပေးဟောင်းဖြစ်ပြီး နောက်ပိုင်းတွင် ဇီလန်စကီးကို ပြင်းပြင်းထန်ထန်ဝေဖန်သူဖြစ်လာသည့် Aleksey Arestovich တို့အပေါ် ဒဏ်ခတ်အရေးယူမှုများ ချမှတ်ခဲ့ ပါသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အာကာသအတွင်းသို့ သွားရောက်ခဲ့သည့် ပထမဆုံးသောကနေဒါနိုင်ငံသားကွယ်လွန်

ကနေဒါနိုင်ငံသားများအနက် အာကာသအတွင်းသို့ ပထမဆုံး သွားရောက်ခဲ့သည့် မာ့ခ်ဂါနူးသည် ၇၆ နှစ် အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

ဂါနူးသည် ၁၉၈၄ ခုနှစ်တွင် နာဆာမှစီစဉ်သည့် အာကာသ မစ်ရှင်တွင်ပါဝင်ခဲ့ပြီးနောက်ကနေဒါနိုင်ငံသားများအနက်အာကာသသို့ ပထမဆုံးသွားရောက်ခဲ့သူဖြစ်လာသည်။ ၎င်းသည် ဇွန်လ ၄ ရက်တွင် မိသားစုဝင်များနှင့်အတူရှိနေစဉ် သေဆုံးသွားခြင်းဖြစ်သည်။

ဂါနူးသည် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ကနေဒါအာကာသ အေဂျင်စီ၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခေတ္တထမ်းဆောင်ခဲ့သူဖြစ် ကြောင်းသိရသည်။

Ref: Ivz

MWD Web Portal

Photo - The New York Times

ဂိုဏ်းဖွဲ့ရာဇဝတ်မှု ကျူးလွန်သူများက ဗြိတိန်အခွန်နှင့် အကောက်ခွန်ဌာနမှ စတာလင်ပေါင် ၄၇ သန်းကို ခိုးယူ

ဂိုဏ်းဖွဲ့ရာဇဝတ်မှု ကျူးလွန်သူများသည် ဗြိတိန်နိုင်ငံ အခွန်နှင့် အကောက်ခွန်ဌာန (HMRC) မှ စတာလင်ပေါင် ၄၇ သန်း (ဒေါ်လာ ၆၄ သန်း) ကို ခိုးယူသွားခဲ့ကြောင်း သိရသည်။

ရာဇဝတ်မှုကျူးလွန်သူများသည်  လူပေါင်း ၁၀၀၀၀၀ ကျော်ထံသို့ အီးမေးနှင့် မက်ဆေ့များပေးပို့၍ ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များနှင့် စာရင်းများကို ခိုးယူ၍ ငွေများကို လိမ်ညာထုတ်ယူ သွားခြင်းဖြစ်ကြောင်း HMRC မှ ဒုတိယ ညွှန်ကြားရေးမှူး   အိန်ဂျဲလာ မက်ဒေါ်နယ် မက်ဒေါ်နယ်က ပြောသည်။

ပြစ်မှုကျူးလွန်သူများသည် ငွေကြေးများကို  သုံးကြိမ် ထုတ်ယူသွားခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်သည် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းဌာနကြီးတစ်ခုက  ဇွန်လ ၄ ရက်တွင် ဖော်ပြထားသည်။

ငွေကြေးများကို  ခိုးယူသွားခဲ့သူများသည် HMRC မှ ပြည်သူများ၏  ကိုယ်ရေးအချက် အလက်များကို ရယူနိုင်ရန်အတွက် အီးမေးနှင့် မက်ဆေ့များပေးပို့၍ လိမ်ညာသည့်နည်းလမ်း ကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နယ်သာလန်နိုင်ငံတွင်လည်း ထိုကဲ့သို့သော ဖြစ်စဉ်မျိုးဖြစ်ပွားခဲ့ကြောင်း ယင်းနိုင်ငံမှ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ BNR ရေဒီယို အသံလွှင့်ဌာနက ဖော်ပြခဲ့ကြောင်း  သိရသည်။

မော်တော်ယာဉ် အစင်းပေါင်း ၃ဝဝဝ ကျော်ကို တင်ဆောင်လာသည့် သင်္ဘောတစ်စင်း ပစိဖိတ်သမုဒ္ဒရာအတွင်း မီးလောင်ကျွမ်း

မော်တော်ယာဉ်အစင်းပေါင်း ၃၀၀၀ ကျော်ကို တင်ဆောင်လာသည့် သင်္ဘောတစ်စင်းသည် ပစိဖိတ်သမုဒ္ဒရာအတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

The Morning Midas ဟုအမည်ပေးထားသည့် အဆိုပါသင်္ဘော ပေါ်တွင် လျှပ်စစ်ကားများကို တင်ဆောင်လာခဲ့ပြီး အလက်ဆကာ ကမ်းလွန်တွင် ဇွန်လ ၃ ရက်က မီးစွဲလောင်ခြင်းဖြစ်သည်။ မီးလောင် ကျွမ်းမှုကြောင့် သင်္ဘောပေါ်တွင်လိုက်ပါလာသည့် ရေယာဉ်အမှုထမ်း ၂၂ ဦးစလုံးကို အနီးအနားမှ ဖြတ်သန်းသွားသည့် ကုန်တင်သင်္ဘော တစ်စင်းက ကယ်ဆယ်နိုင်ခဲ့သည်။

The Moming Midas သင်္ဘောသည် တရုတ်နိုင်ငံမှ မေလ ၂၆ ရက် တွင် ထွက်ခွာလာပြီး မက္ကဆီကိုနိုင်ငံ၊ လာဇာရို ကာဒီးနက်ဇ် ဆိပ်ကမ်း သို့ မောင်းနှင်လာခြင်းဖြစ်ကြောင်းသိရသည်။

Ref: Ivz

Photo - Seatrade Maritime News

Myawady Daily Newspaper

အာကာသခရီး သွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရန် ထွက်ပေါ်လာမည့် ရုရှားအာကာသစခန်း

ကမ္ဘာပတ်လမ်းအတွင်းရှိ နိုင်ငံတကာ အာကာသစခန်း (ISS)၏ နေရာတွင် အစားထိုး၍ အာကာသခရီးသွားလာရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်နိုင်မည့် ရုရှားအာကာသစခန်း (ROS) တစ်ခုကို တည်ဆောက်ရန် ရုရှားနိုင်ငံက စီစဉ်လျက်ရှိသည်။

ROS အနေဖြင့် လက်ရှိ နိုင်ငံတကာ အာကာသစခန်း၏ နေရာတွင် အစားထိုးသွားမည်ဖြစ်ပြီး အဆိုပါ ရုရှားအာကာသစခန်းကို အသုံးပြုခြင်းအားဖြင့် အာကာသခရီး သွားလာရေးလုပ်ငန်းကို ဖော်ဆောင်ရန် စီစဉ်လျက် ရှိကြောင်း ရုရှားအာကာသအေဂျင်စီ အကြီးအကဲဖြစ်သူ   ဒီမီထရီ ဘာကာနော့ဗ်က ဇွန်လ  ၃  ရက်တွင် ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် ညီလာခံ တစ်ခုတွင် ပြောကြားသည်။

လက်ရှိအစီအစဉ်အရ ရုရှားနိုင်ငံသည် ရုရှားအာကာသစခန်းကို ပတ်လမ်းအတွင်း၌   ၂၀၂၇ ခုနှစ်မှစ၍  ၂၀၃၃ ခုနှစ်အထိ လည်ပတ်မည်ဖြစ်ပြီး ယင်းစီမံကိန်းအား အကောင်အထည်  ဖော်ဆောင်နိုင်ရေး အတွက် ကြိုးပမ်းလျက် ရှိသည်။

ထို့ပြင် ပတ်လမ်းအတွင်းသို့ လွှတ်တင်မည့် ရုရှားအာကာသစခန်းအား လူလိုက်ပါသည့် အာကာသယာဉ်များ လွှတ်တင်ရေးအတွက်လည်း   အသုံးပြုမည်ဖြစ်သည်။

Google က ဟက်ကာများသည် Salesforce App ကို ပြုပြင်ပြောင်းလဲပြီး ဝန်ထမ်းများကို လှည့်ဖြားကာ ကုမ္ပဏီများအား ငွေညှစ်ယူနေကြောင်း ပြောကြား

Google က ဗုဒ္ဓဟူးနေ့ (ဇွန် ၄) တွင် ထုတ်ပြန်ချက်အရ ဟက်ကာ များသည် ဥရောပနှင့် အမေရိကရှိ ကုမ္ပဏီများ၏ ဝန်ထမ်းများကိုSalesforce နှင့်ဆက်စပ်သော အပလီကေးရှင်း၏ ပြုပြင်ထားသည့် ဗားရှင်း ကို တပ်ဆင်စေရန် လှည့်ဖြားနေပြီး ၎င်းတို့အား အချက်အလက်များ ခိုးယူခြင်း၊ အခြားကော်ပိုရိတ် Cloud ဝန်ဆောင်မှုများသို့ ဝင်ရောက်ခွင့် ရယူခြင်းနှင့် ကုမ္ပဏီများအား ငွေညှစ်ခြင်းများ ပြုလုပ်နေကြောင်း ဖော်ပြ ခဲ့သည်။ 

Google ၏ Threat Intelligence Group က UNC6040 အဖြစ် ခြေရာခံ ထားသော ဟက်ကာအဖွဲ့သည် Salesforce ၏ Data Loader (Salesforce သို့ အချက်အလက်များကို အစုလိုက်ထည့်သွင်းရန် အသုံးပြုသည့် ကိရိယာ) ၏ ပြုပြင်ထားသည့် ဗားရှင်းကို တပ်ဆင်ရန် ဝန်ထမ်းများအား ပိပိရိရိ လှည့်ဖြားနိုင်ခဲ့ကြောင်း သုတေသီများက ဆိုသည်။

ဟက်ကာများသည် အလုပ်သမားများအား အတုအယောင် Salesforce ချိတ်ဆက်ထားသော အပလီကေးရှင်း စနစ်ထည့်သွင်းမှုစာမျက်နှာသို့ သွားရောက်စေပြီး၊ ၎င်းတို့ကိုယ်တိုင် ဖန်တီးထားသော Data Loader အတုကို အတည်ပြုခိုင်းကာ အသုံးပြုစေခဲ့သည်။

ဝန်ထမ်းများက အဆိုပါအက်ပ်ကို တပ်ဆင်မိပါက ဟက်ကာများသည် ၎င်းတို့ဖန်တီးထားသည့် Salesforce ၏ Data Loader မှတစ်ဆင့် ဝယ်ယူသူများ၏ အရေးကြီးသောအချက်အလက်များကို ရယူခြင်း၊ ရှာဖွေခြင်းနှင့် ခိုးယူခြင်း စွမ်းရည်များကို ရရှိသွားမည်ဖြစ်ကြောင်း သုတေသီ များက ပြောကြားခဲ့သည်။

ထို့အပြင် ခွင့်ပြုချက်ရရှိပါက ဟက်ကာများသည် ဝယ်ယူသူ၏ ကွန်ရက် အတွင်း လှည့်လည်သွားလာနိုင်ပြီး အခြား Cloud ဝန်ဆောင်မှုများနှင့် ကုမ္ပဏီ၏ အတွင်းပိုင်းကွန်ရက်များကိုပါ ထပ်မံတိုက်ခိုက်နိုင်သည်ဟု ဆိုသည်။

အဆိုပါလှုပ်ရှားမှုနှင့်သက်ဆိုင်သော နည်းပညာဆိုင်ရာ အခြေခံ အဆောက် အအုံများသည် “The Com” ဟုလူသိများသည့် အင်တာနက် မှောင်ခို လှုပ်ရှားမှုများနှင့် တစ်ခါတစ်ရံ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်လေ့ ရှိသော အုပ်စုငယ်များပါဝင်သည့် လျော့ရဲသော ဂေဟစနစ်နှင့် ဆက်စပ် နေသော လက္ခဏာများရှိကြောင်း သုတေသီများက ဖော်ပြခဲ့သည်။

Google ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Reuters သို့ ပြောကြားရာတွင် UNC6040 ၏ လှုပ်ရှားမှုကြောင့် အဖွဲ့အစည်း ၂၀ ခန့် ထိခိုက်ခဲ့ပြီး ယခုနှစ် လွန်ခဲ့သည့် လအနည်းငယ်အတွင်း ထိုကဲ့သို့ဖြစ်စဉ်များကို မြင်တွေ့ခဲ့ရကြောင်း ဖော်ပြခဲ့သည်။ ထိုအဖွဲ့အစည်းများအနက် အချို့မှာ အချက်အလက်များ အောင်မြင်စွာ ခိုးယူခြင်းခံခဲ့ရသည်ဟု ၎င်းက ဆိုသည်။

Salesforce ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း အီးမေးလ်ဖြင့် Reuters သို့ ပြန်ကြားရာတွင် “ဖော်ပြပြီးသော ပြဿနာသည် မိမိတို့၏ ပလက်ဖောင်း၏ အားနည်းချက်တစ်ခုကြောင့် မဟုတ်ကြောင်း” ထုတ်ပြန် ခဲ့သည်။ ၎င်းက ဝန်ထမ်းများအား လှည့်ဖြားရန် အသုံးပြုသည့် ဖုန်းခေါ်ဆိုမှုများသည် လူမှုရေးရာ နည်းပညာဆိုင်ရာ လှည့်ကွက်များ (social engineering scams) ဖြစ်ပြီး တစ်ဦးချင်းအသုံးပြုသူများ၏ ဆိုက်ဘာ လုံခြုံရေး အသိပညာနှင့် အကောင်းဆုံးအလေ့အကျင့်များ၏ ကွာဟချက် များအား အခွင့်ကောင်းယူထားခြင်းသာဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ထို့အပြင် ၎င်းက ထိခိုက်ခံရသည့် ဖောက်သည်အရေအတွက်ကို တိတိ ကျကျ ဖော်ပြရန် ငြင်းဆိုခဲ့သော်လည်း၊ “ထိခိုက်ခံရသည့် ဖောက်သည် အနည်းငယ်သာ ရှိပြီး ကြီးကြီးမားမား ပြဿနာတစ်ခု မဟုတ်ကြောင်း” ပြောကြားခဲ့သည်။

Salesforce သည် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ထုတ်ပြန်ခဲ့သော ဘလော့ဂ်ပို့စ်တွင် ဖုန်းဖြင့်လှည့်ဖြားခြင်း (vishing) တိုက်ခိုက်မှုများနှင့် Data Loader ၏ ပြုပြင်ထားသော အန္တရာယ်ရှိဗားရှင်းများကို အလွဲသုံးစား ပြုမှုများအား ဖောက်သည်များအား သတိပေးခဲ့သည်။

ကိုးကား- CNN

india

အိန္ဒိယနိုင်ငံတောင်ပိုင်း ဘန်ဂါလူရူမြို့ရှိ ခရစ်ကက်ကစားကွင်းတစ်ခု၏ အပြင် ဘက်တွင် ဇွန်လ ၄ရက်က လူအုပ်ပြိုကျမှုဖြစ်ပွားရာ အနည်းဆုံးလူ ၁၁ ဦးသေဆုံးပြီး ၅၀ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်သည် M. Chinnaswamy ကစားကွင်းပြင်ပ၌ အားပေးသူထောင်ပေါင်း များစွာက အောင်ပွဲရ ခရစ်ကက်အသင်းအား အားပေးထောက်ခံနေစဉ် ဖြစ်ပွားခြင်း ဖြစ်ပြီး အားပေးသူ ပရိသတ်များက အလုအယက်တိုးဝှေ့ရာမှ လူအုပ်ပြိုကျမှုဖြစ်ပွား ခြင်းဖြစ်ကြောင်းသိရသည်။

Ref: Xinhua, Abc

Photo - Aljazzera

ဘိုင်ကိုနောအာကာသစခန်းကို အသုံးပြုနိုင်ရေးက အဓိကဦးစားပေး ကိစ္စရပ်ဖြစ်ဟု ဗလာဒီမာပူတင်ပြော

ကာဇက်စတန်ရှိ ဘိုင်ကိုနော အာကာသစခန်းကို အသုံးပြုနိုင်ရေးသည် အဓိကဦးစားပေးကိစ္စရပ်ဖြစ်ကြောင်း  သမ္မတဗလာဒီမာပူတင်က ယခုရက်သတ္တပတ် အတွင်းကျင်းပသည့်  (၇၀) ကြိမ်မြောက် အာကာသစခန်း နှစ်ပတ်လည်အခမ်းအနား တွင် ပြောကြားသည်။

ရုရှားနိုင်ငံအနေဖြင့်   ကာဇက်စတန်နိုင်ငံတွင် တည်ရှိသည့် ဘိုင်ကိုနော အာကာသစခန်း တိုးတက်ဖွံ့ဖြိုးရေးနှင့် ၎င်းစခန်းအား ဆက်လက် အသုံးပြုနိုင်ရေးအတွက် အဓိကဦးစားပေး အဖြစ် လုပ်ဆောင်မည်ဖြစ်ပြီး အဆိုပါ အာကာသ စခန်းသည် ယခုအခါ ကမ္ဘာပေါ်ရှိ အကြီးမားဆုံးနှင့် တိုးတက်မှုအရှိဆုံး အာကာသစင်တာများအနက်  တစ်ခုအပါအဝင် ဖြစ်ကြောင်း ပူတင်က ဆက်လက်ပြောကြားသည်။

အဆိုပါအာကာသစခန်းတွင် အမှုထမ်းနေသည့် အမှုထမ်းအရေအတွက်သည် ၇၀၀၀ ခန့်ရှိပြီး ယင်းအာကာသစခန်းသည် ရုရှားနိုင်ငံ၏ အာကာသအစီအစဉ်များ အတွက် အလွန်အရေးပါသည့်  စင်တာတစ်ခုဖြစ်သည်။

ရုရှားနိုင်ငံသည် ဘိုင်ကိုနောအာကာသ စခန်းကို အသုံးပြု၍ အာကာသယာဉ်လွှတ် တင်မှုအကြိမ်ပေါင်း ၂၅၀၀ လုပ်ဆောင်ခဲ့ပြီး  ပတ်လမ်းအတွင်းသို့    အာကာသယာဉ်မှူး ၂၀၀ ကျော်ကို ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။

ထို့ပြင် အဆိုပါ အာကာသစခန်းမှ တစ်ဆင့် အခြားနိုင်ငံများကလည်း ၎င်းတို့၏ အာကာသယာဉ် အများအပြားကို လွှတ်တင်ခဲ့သည့်အပြင် နိုင်ငံတကာမှ သိပ္ပံ ပညာရှင်များကလည်း သုတေသန လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိသည်။