သတင်းများ

ထရမ့်က ၎င်း၏အစိုးရသက်တမ်းကာလအတွင်း မျိုးဆက်သစ်ဒုံးလက်နက် ကာကွယ်ရေးစနစ်သစ် ထုတ်လုပ်မည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ အစိုးရသက်တမ်းကာလ ကုန်ဆုံးမည့် ၂၀၂၉ ခုနှစ်၊ ဇန်နဝါရီလ၌ မျိုးဆက်သစ်ဒုံးလက်နက်ကာကွယ်ရေးစနစ်သစ်ကို စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ယခုထုတ်လုပ်မည့် Golden Dome စနစ်သည် အာကာသမှ ပစ်လွှတ်တိုက်ခိုက်သည့် ဒုံးလက်နက် များကိုပင် ဟန့်တားကာကွယ်နိုင်စွမ်းရှိကြောင်း၊ Golden Dome တည်ဆောက်မည့်အစီအစဉ်ကို အာကာသတပ်ဖွဲ့၏ ဗိုလ်ချုပ်ကြီး မိုက်ကယ်ဂတ်လိုင်းအား ကြီးကြပ်ဆောင်ရွက်စေမည်ဖြစ်ကြောင်း၊ Golden Dome စနစ်ကို မြေပြင်၊ ရေပြင်တွင်သာမက အာကာသတွင်လည်း ဖြန့်ကြက်ချထား သွားမည် ဖြစ်ကြောင်း သတင်းထောက်များအား ထုတ်ဖော်ပြောကြားခဲ့ပါသည်။

တရုတ်နှင့် ရုရှားတို့၏ ဒုံးလက်နက် ခြိမ်းခြောက်မှုအပေါ် စိုးရိမ်မှုများ မြင့်တက်နေစဉ်အတွင်း ဒေါ်လာ ၁၇၅ ဘီလီယံ ကုန်ကျမည့် Golden Dome ဒုံးလက်နက်ကာကွယ်ရေးစနစ် ထုတ်လုပ်မည့် အစီအစဉ်ကို ထရမ့်က ကြေညာခဲ့ခြင်းဖြစ်ကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- NHK World

အလွတ်သဘောဘာသာပြန်သူ- ဦးထက်ထက်အောင်၊ နစက-၄

Kursk ဒေသတွင် မြေမြှုပ်မိုင်းရှင်းလင်းမှု အရှိန်မြင့်တင်ရန် ပူတင် တိုက်တွန်း

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က Kursk ဒေသတွင် မြေမြှုပ်မိုင်းများ ရှင်းလင်းရေးလုပ်ငန်းကို အရှိန်မြှင့်တင်ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပြီး ဒေသခံများ အမြန်ဆုံး မိမိတို့အိမ်များသို့ ပြန်လည်နေထိုင်နိုင်ရေး မိမိ အာမခံကြောင်း ယာယီအုပ်ချုပ်ရေးမှူး Alexander Khinshtein နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ပါသည်။

ပူတင်သည် ဧပြီလ ၂၆ ရက်က ရုရှားနယ်စပ်ဖြစ်သည့် Kursk ဒေသသို့ သွားရောက်ပြီးနောက် ယခုအခါ ထပ်မံ၍ မေလ ၂၀ ရက်နေ့တွင် ယင်းဒေသသို့ ထပ်မံရောက်ရှိနေခြင်း ဖြစ်ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ရုရှားတပ်မတော်က ယူကရိန်းလေ့ကျင့်ရေးစခန်းကို ပစ်ခတ် ချေမှုန်း

ဆူမီဒေသရှိ ရှော့စကာရွာတွင် ရုရှားတပ်မတော်၏ ကင်းထောက် ရှာဖွေမှုများအရ ယူကရိန်းတပ်မတော် တပ်မဟာ ၁ အထူးတပ်ဖွဲ့၏ လေ့ကျင့်ရေးစခန်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

ရရှိလာသော ကိုသြဒိနိတ်များကို အခြေခံ၍ ချေမှုန်းရေးတပ်ဖွဲ့ဝင်များသည် Iskander ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကို စတင်ခဲ့သည်။

ပစ်ခတ်မှု ရလဒ်အနေဖြင့် သင်တန်းပို့ချသူ နည်းပြအရာရှိ ၂၀ ဦး အပါအဝင် လက်နက်သိုလှောင်ရုံတစ်ခုနှင့် စစ်လက်နက်စက်ကိရိယာ ၁၀ ခု အပါအဝင် ယူကရိန်းစစ်သား ၇၀ ဦးအထိ ချေမှုန်းဖျက်ဆီးနိုင်ခဲ့သည်။

ရင်းမြစ် - ရုရှားကာကွယ်ရေးဝန်ကြီးဌာန

Photo: Al Jazeera

တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်-အမေရိကန်တို့ ပူးတွဲရေကြောင်းလေ့ကျင့်မှု ပြုလုပ်

ဖိလစ်ပိုင်နှင့် အမေရိကန်နိုင်ငံတို့၏ ကမ်းခြေစောင့်ရေယာဉ်များသည် ရေတပ်၊ လေတပ်တို့နှင့် ပူးပေါင်း၍ ရေပိုင်နက်နယ်နိမိတ် အငြင်းပွားရာ တောင်တရုတ်ပင်လယ်တွင် ပထမဆုံးအကြိမ် ပူးတွဲရေကြောင်း လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ဖိလစ်ပိုင်တပ်မတော်က မေလ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

အဆိုပါ လေ့ကျင့်မှုကို မေ ၂၀ ရက်၊ အင်္ဂါနေ့တွင် ပါလာဝမ်ကျွန်းနှင့် Occidental Mindoro ကမ်းလွန် ပင်လယ်ပြင်၌ ပြုလုပ်ခဲ့ပြီး ဖိလစ်ပိုင် ရေတပ်၊ လေတပ်နှင့် ကမ်းခြေစောင့်တပ်တို့က အမေရိကန် ကမ်းခြေစောင့်သင်္ဘော Stratton နှင့် အမေရိကန် ရေတပ်၏ P-8A Poseidon ရေကြောင်း စောင့်ကြည့်လေယာဉ်တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် ၎င်း၏ မဟာမိတ်နိုင်ငံများနှင့် ရေကြောင်း ပူးပေါင်းဆောင်ရွက်မှုကို ၂၀၂၃ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး ယခုလေ့ကျင့်မှုသည် ၆ ကြိမ်မြောက်ဖြစ်ကာ ၂၀၂၅ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် လေ့ကျင့်ခြင်းဖြစ်သည်။ အဆိုပါလေ့ကျင့်မှုများတွင် ဆက်သွယ်ရေးဆိုင်ရာ လေ့ကျင့်မှုများနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာလေ့ကျင့်မှုများ ပါဝင်ကြောင်း ဖိလစ်ပိုင် စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

“ဤကဲ့သို့သော ရေကြောင်းပူးပေါင်းဆောင်ရွက်မှုများသည် ဖိလစ်ပိုင် တပ်မတော်၏ စစ်ရေးစွမ်းရည်များ ခေတ်မီတိုးတက်စေရန်၊ မဟာမိတ်နိုင်ငံများနှင့် ကာကွယ်ရေးစနစ် ခိုင်မာအားကောင်းစေရန်၊ နိုင်ငံတော်နှင့် ဒေသတွင်း ရေကြောင်းအကျိုးစီးပွားကို ကာကွယ်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း” ဖိလစ်ပိုင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Romeo Brawner က ပြောကြားခဲ့သည်။ 

တောင်တရုတ်ပင်လယ်သည် နှစ်စဉ်ရေကြောင်းကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၃ ထရီလီယံကျော် ဖြတ်သန်းရာ လမ်းကြောင်းဖြစ်ပြီး ရေပိုင်နက် နယ်နိမိတ်အငြင်းပွားမှုများကြောင့် ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာမှုများ ရှိခဲ့သည်။ 

၂၀၁၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာအငြင်းပွားမှုဖြေရှင်းရေးခုံရုံးက အပြည်ပြည်ဆိုင်ရာ ဥပဒေအရ တရုတ်နိုင်ငံ၏ တောင်းဆိုမှုမှာ အခြေအမြစ် မရှိကြောင်း ဆုံးဖြတ်ခဲ့သော်လည်း တရုတ်နိုင်ငံအနေဖြင့် အဆိုပါ ဆုံးဖြတ်ချက်ကို အသိအမှတ်မပြုဘဲ တောင်တရုတ်ပင်လယ်အတွင်း မဟာဗျူဟာအရ အရေးပါသည့် ရေကြောင်းနယ်နိမိတ်အများစုကို ဆက်လက် တောင်းဆိုလျက်ရှိသည်။

ကိုးကား -CNA

ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

အီရန်နျူကလီးယား အခြေခံအဆောက်အအုံများကို အစ္စရေး တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း CNN ပြောကြား

ဝါရှင်တန်နှင့် တီဟီရန်တို့အကြား ဆွေးနွေးညှိနှိုင်းမှုများ ရှိနေသော်လည်း အစ္စရေးတပ်ဖွဲ့များက အီရန်၏ နျူကလီးယား အခြေခံအဆောက်အအုံများကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း အမေရိကန်အုပ်ချုပ်ရေး အရာရှိ များ၏ ထုတ်ဖော်ပြောဆိုချက်ကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြထားပါသည်။

အစ္စရေးဘက်မှ အီရန်၏ နျူကလီးယား စက်ရုံကို တိုက်ခိုက်နိုင်ခြေသည် လွန်ခဲ့သော လအနည်းငယ်အတွင်း သိသိသာသာ မြင့်တက်လာခဲ့ပြီး ထရမ့် ညှိနှိုင်းသော အမေရိကန်-အီရန် သဘောတူညီချက်တွင် အီရန်၏ ယူရေနီယမ်အားလုံးကို ဖယ်ရှားမထားပါက တိုက်ခိုက်နိုင်ခြေပိုမို မြင့်မား လာနိုင်သည် ဟု အမေရိကန် ထောက်လှမ်းရေးအချက်အလက်များကို သိရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အရင်းအမြစ်များက ပြောဆိုချက်အရ အစ္စရေးက တိုက်ခိုက်ရန် ပြင်ဆင်မှုနှင့် အချက်ပြမှုများတွင် လေတပ်လက်နက်ပစ္စည်းများ ရွေ့လျားမှုနှင့် လေ့ကျင့်ခန်းတစ်ခု ပြီးဆုံးခြင်းတို့ ပါဝင်သည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ထရမ့်က လေကြောင်းရန်ကာကွယ်ရေးစနစ် Golden Dome အကောင်အထည်ဖော်မည်ဟု ကတိပြု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် Golden Dome အမည်ရှိ ကမ္ဘာ့မည်သည့်နေရာမှပစ်လွှတ်သည့် ဒုံးပျံများကိုမဆို ချေမှုန်းနိုင်မည့် အာကာသပေါင်းစပ် ကာကွယ်ရေးစနစ်သစ်ကို တရားဝင်ကြေညာခဲ့သည်။

ထရမ့်က ခန့်မှန်းကုန်ကျမှု အမေရိကန်ဒေါ်လာ ၁၇၅ ဘီလီယံရှိမည့် နောက်ဆုံးပေါ်ကာကွယ်ရေးစနစ်သည် အမေရိကန်ကာကွယ်ရေးကဏ္ဍတွင် သမိုင်းဝင်ထိုးဖောက်ဆောင်ရွက်မှု အဆင့်မြင့်စီမံကိန်းတစ်ခု ဖြစ်ကြောင်း Oval office တွင် အင်္ဂါနေ့ (မေ ၂၀) က ရှင်းပြခဲ့သည်။

Golden Dome ဒီဇိုင်းသည် လက်ရှိကာကွယ်ရေးစွမ်းရည်များနှင့် ပေါင်းစပ်မည်ဖြစ်ပြီး ၎င်း၏ သမ္မတသက်တမ်း မကုန်ဆုံးမီ အပြည့်အဝ လည်ပတ်နိုင်ရန်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ပြီးစီးပါက ကမ္ဘာ့တစ်ဖက်စွန်းမှ (သို့မဟုတ်) အာကာသမှပစ်လွှတ်သည့် ဒုံးပျံများကိုပါ ချေမှုန်းနိုင်မည် ဖြစ်သည်ဟု ထရမ့်က ပြောကြားခဲ့သည်။

ဤဒုံးပျံကာကွယ်ရေးစနစ်တွင် လက်ရှိစနစ်များနှင့် မြေပြင်၊ရေကြောင်းနှင့် အာကာသအနှံ့ ဖြန့်ကြက်ထားမည့် နောက်ဆုံးမျိုးဆက် နည်းပညာများဖြစ်သည့် ဂြိုဟ်တုအာရုံခံစနစ်များ၊ ကြားဖြတ်ချေမှုန်းရေးစနစ်များ ပေါင်းစပ်ပါဝင်မည်ဟု ထရမ့်က ဆိုသည်။

မော်စကိုက အဆိုပါစီမံကိန်းကို အာကာသအတွင်း လက်နက်များ တပ်ဆင်ခြင်းဖြင့် မတည်မငြိမ်ဖြစ်စေမည့် အစီအမံအဖြစ် ယခင်က ဝေဖန်ခဲ့ဖူးသည်။

ထရမ့်က Golden Dome စနစ်၏ လုပ်ဆောင်ပုံနည်းပညာ အသေးစိတ် ကို မဖော်ပြဘဲ “ယခုလိုနည်းပညာမျိုး အမေရိကမှာပဲရှိပါသည်၊ တခြား မည်သည့်နိုင်ငံမှာမှ ယခုလောက်မြင့်မားသည့်စနစ်မရှိပါ” ဟု ဂုဏ်ယူ ဝင့်ကြွားစွာ ပြောကြားခဲ့သည်။

အမေရိကန် Space Force ၏ အာကာသစစ်ဆင်ရေး ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး Michael Guetlein က အဆိုပါစီမံကိန်းကို “မန်ဟက်တန် ပရောဂျက် (နျူကလီယားဗုံးဖန်တီးခဲ့သည့် သမိုင်းဝင်စီမံကိန်း) အဆင့်အတန်း ရှိသည့် ကြိုးပမ်းမှု” အဖြစ် ဖော်ပြခဲ့ဖူးသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

မော်စကိုလုံခြုံရေးဖိုရမ်သို့ အာဖရိကမှ ကိုယ်စားလှယ်အဖွဲ့ ၄၀ ကျော် ပါဝင်တက်ရောက်မည်

ရုရှားနိုင်ငံ မော်စကိုတွင် မေလ ၂၇ ရက် မှ ၂၉ ရက်အထိကျင်းပမည့် ၁၃ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလုံခြုံရေး အဆင့်မြင့်တာဝန်ရှိသူများ ဖိုရမ်သို့ အာဖရိကနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ၄၀ ကျော် ပါဝင် တက်ရောက်မည်ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့် ရှိသူက TASS သို့ ပြောကြားလိုက်ပါသည်။

အာဖရိကနိုင်ငံ ၄၀ ကျော်နှင့် အာဖရိကသမဂ္ဂ (African Union) ၊ အစိုးရ အချင်းချင်း ဖွံ့ဖြိုးရေးအာဏာပိုင် (IGAD) အပါအဝင် အာဖရိကရှိ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့ ၄၅ ဖွဲ့က ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး Sergey Shoigu ဦးဆောင်မည့် အဆိုပါ လုံခြုံရေးဖိုရမ်သို့ တက်ရောက်ရန် အတည်ပြုထားကြောင်း သတင်း ထုတ်ပြန်ချက်အရ သိရပါသည်။

ယင်းဖိုရမ်အတွင်း ရုရှား-အာဖရိကထိပ်သီးအစည်းအဝေးများ၏ ရလဒ်များနှင့်အညီ ရုရှားနှင့် အာဖရိကနိုင်ငံများကြား ဆက်ဆံရေးကို နက်ရှိုင်းစွာ တိုးမြှင့်နိုင်ရေး နည်းလမ်းများကိုအဓိကထား ဆွေးနွေးသွားမည်ဖြစ်ပါသည်။ 

ကမ္ဘာ့တောင်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများ၏ အကျိုးစီးပွားကို ကြီးမားသော ပထဝီနိုင်ငံရေးအပြောင်းအလဲများက တိုက်ရိုက်သက်ရောက်မှုရှိခဲ့ပါကြောင်း၊အာဖရိကနိုင်ငံများ၏ အသံသည် ပိုမိုကျယ်လောင်စွာ ကြားရလာပြီး၎င်းတို့သည် မိမိပြည်သူများ၏ အကျိုးစီးပွားအတွက် နိုင်ငံခြားရေးမူဝါဒများကို ဆောင်ရွက်ရန်နှင့် ရှေ့ဆက်လျှောက်လှမ်းမည့် နည်းလမ်းများကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ကာကွယ်ရန် ကြိုးပမ်းလျက် ရှိပါကြောင်း ရုရှားလုံခြုံရေးကောင်စီက ဖော်ပြထားပါသည်။ 

ရုရှားအနေဖြင့် မိတ်ဖက်အာဖရိကနိုင်ငံများ၏ အချုပ်အခြာအာဏာ၊ အမျိုးသားအကျိုးစီးပွားနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးစနစ်အတွင်း တရားဝင်အခန်းကဏ္ဍများကို ကာကွယ်ရာ၌ အမြဲတမ်းကူညီခဲ့သည် ဟု သတင်းထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားပါသည်။

ကိုးကား- Tass

နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကိုယ်စားလှယ်အဖွဲ့ ၁၂၅ ဖွဲ့သည် မော်စကို မြို့တွင် ကျင်းပမည့် ၁၃ ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ အစည်းအဝေးတွင် ပါဝင်တက်ရောက်မည် ဖြစ်ကြောင်း ရုရှား လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်

၂၀၂၅ ခုနှစ် မေလ ၂၇ ရက်မှ ၂၉ ရက်အထိ ရုရှားနိုင်ငံ မော်စကိုမြို့ Rossiya National Center ၌ ကျင်းပမည့် ၁၃ ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်များ အစည်းအဝေးသို့ ကမ္ဘာ့တောင်နှင့် အရှေ့ခြမ်းရှိ နိုင်ငံများ၊ CIS နိုင်ငံများ၊ CSTO၊ EAEU စသည့် နိုင်ငံပေါင်း ၁၀၀ ကျော်မှ နိုင်ငံတကာ အဖွဲ့အစည်း ၁၄ ခု၊ ကိုယ်စားလှယ် အဖွဲ့ ၁၂၅ ဖွဲ့ တက်ရောက်မည်ဖြစ်သည်။ ဖိုရမ်ကို ရုရှားဖက်ဒရေးရှင်း လုံခြုံရေးကောင်စီအတွင်းရေးမှူး Sergei Shoigu က သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါအခမ်းအနားတွင် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးဆိုင်ရာ သိပ္ပံဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ရပ်ကို ကျင်းပမည်ဖြစ်သည်။

သိပ္ပံဆိုင်ရာ ကျွမ်းကျင်သူကောင်စီ၏ ဦးဆောင်ပါဝင်မှုဖြင့် ရုရှားလုံခြုံရေးကောင်စီမှ ဝန်ထမ်းများက ပထမဆုံးအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတကာမှ ကိုယ်စားလှယ်အဖွဲ့ ၁၀၀ ကျော် တက်ရောက်မည်ဖြစ်သည်။ 

“နိုင်ငံတကာ လုံခြုံရေးနှင့် နိုင်ငံတော် အချုပ်အခြာအာဏာကို ထိခိုက်စေသည့် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ အရေးအပါဆုံး နိုင်ငံခြားရေးပေါ်လစီ ဆုံးဖြတ်ချက်တွေ ချမှတ်ရေး လုပ်ငန်းစဉ်သည် သိပ္ပံနည်းကျ မှန်ကန်သည့် အယူအဆများ၊ ချဉ်းကပ်မှုများ၊ မြင်ကွင်းများနှင့် တိုးတက်မှုများ၏ ခန့်မှန်းချက်များကို အခြေခံပြီး သေချာပေါက် လုပ်ဆောင် ရမည်ဖြစ်ပါသည်” ဟု ရုရှား လုံခြုံရေးကောင်စီ၏ သတင်းစာ ရှင်းလင်းပွဲ တွင် မှတ်ချက်ပြုခဲ့သည်။

ဖိုရမ်အတွင်း BRICS၊ ASEAN၊ SCO နှင့် CIS နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များ၏ အလွတ်သဘော အစည်းအဝေးများ ကျင်းပမည်ဖြစ်ပြီးလုံခြုံရေးနယ်ပယ်တွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်သည်။ အထူးသဖြင့် ပိုမိုမျှတပြီး ခေတ်သစ် ဖြစ်ရပ်မှန်များနှင့်အညီ တန်းတူညီမျှနှင့် ခွဲခြားမရနိုင်သော လုံခြုံရေးဆိုင်ရာ ဗိသုကာအသစ်ကို ဖွဲ့စည်းတည်ဆောက်ခြင်း ပြုလုပ်မည်ဖြစ်သည်။

ကိုးကား- ရုရှားဖက်ဒရေးရှင်းလုံခြုံရေးကောင်စီရုံး သတင်းထုတ်ပြန်ရေး အဖွဲ့

ဂါဇာတစ်ခုလုံးကို ထိန်းချုပ်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ် ပြော

ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို အစ္စရေးက ထိန်းချုပ်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

ဂါဇာကမ်းမြောင်ဒေသတွင်းကို အကူအညီများဝင်ရောက်ခွင့်ပေးရန် နိုင်ငံတကာက အစ္စရေးကို ဖိအားပေးမှုများရှိနေချိန်မှာပင် နေတန်ရာဟု ၏ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ လွန်ခဲ့သော ရက်ပိုင်းအတွင်း စစ်ဆင်ရေးအသစ်ကို ထုတ်ပြန်ကြေညာခဲ့သည့် အစ္စရေး စစ်တပ်သည် တိုက်ခိုက်မှုတစ်ခုကို ပြင်ဆင်ထားမှုနှင့်အတူ Khan Younis မြို့ရှိ ဒေသခံများကို ဘေးလွတ်ကင်းရာဖြစ်သော ကမ်းရိုးတန်းဘက်သို့ ချက်ချင်း ပြောင်းရွှေ့ကြရန် မေလ ၁၉ ရက်က သတိပေးခဲ့ကြောင်းလည်း သိရ ပါသည်။

နေတန်ရာဟုက “ကြီးမားသည့် ထိုးစစ်ဆင်မှုတွေရှိလာပါလိမ့်မယ်။ ဂါဇာ၏ အစိတ်အပိုင်းတွေအားလုံးကို မိမိတို့အနေဖြင့် ထိန်းချုပ်သွားမှာပါ” ဟု ပြောဆိုခဲ့ပါသည်။ ဂါဇာကမ်းမြောင်ဒေသတွင်းကို အကူအညီများ ဝင်ရောက်ခွင့်ပေးရန် အစ္စရေးအပေါ် ဖိအားပေးမှုများ ရှိခဲ့ပြီးနောက် အကူအညီပေးရေးထရပ်ကားများ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းကို ဦးတည်သွားသည်ကို တွေ့မြင်ခဲ့ရကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။ ထို့အပြင် ဂါဇာကမ်းမြောင်ဒေသ၌ ထိုးစစ်ဆင်မှုအသစ်ကို စတင်ခဲ့သည့် အစ္စရေး၏လုပ်ရပ်ကို နိုင်ငံအများအပြားက ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း သိရပါသည်။

ကိုးကား- NP News

အစ္စရေးက ဂါဇာဒေသတစ်ခုလုံးကို ထိန်းချုပ်သွားမည်ဟု ဝန်ကြီးချုပ် နေတန်ယာဟုပြော

အစ္စရေးက ဂါဇာဒေသတစ်ခုလုံးကို ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီး ချုပ်နေတန်ယာဟုက မေလ ၁၉ ရက် တွင်ပြောသည်။ အစ္စရေးတပ်မတော်က ဂါဇာဒေသ၌ စစ်ဆင်ရေးကို တိုးမြှင့်လုပ်ဆောင်လာနေစဉ်   နေတန်ယာဟုက ယခုကဲ့သို့ပြောလာခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဂါဇာကမ်းမြောင်ဒေသသို့ အခြေခံစားကုန်များသာ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း အစ္စရေးအစိုးရက ထုတ်ပြန်ကြေညာပြီးနောက် ထိုသို့ဆုံးဖြတ်ရခြင်းသည် သံတမန်ရေး အကြောင်းပြချက်များအတွက် အငတ်ဘေးဆိုက်မှု ကိုကာကွယ်ရန် လိုအပ်ခြင်းကြောင့်ဖြစ်သည်ဟု နေတန်ယာဟုက ပြောသည်။

"အခုဆိုရင် ကျွန်တော်တို့ရဲ့တိုက်ခိုက်မှုက ပိုမိုပြင်းထန်လာနေပြီး တိုးတက်မှုတွေလည်း ရရှိနေပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကမ်းမြောင်ဒေသတစ်ခုလုံးကို ထိန်းချုပ်သွားမှာပါ" ဟု နေတန်ယာဟု ပြောထားခြင်းဖြစ်သည်။

အစ္စရေးနိုင်ငံသည် ၎င်းတို့၏အဓိက အမာခံထောက်ပံ့သူဖြစ်သည့် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာ၏ ဖိအားများကို ရင်ဆိုင်နေရကာ လွန်ခဲ့သော နှစ်လခန့်ကတည်းက ဂါဇာဒေသအပေါ် ဝိုင်းပတ်ပိတ်ဆို့ထားမှုများကို ဖယ်ရှားပေးရန် နိုင်ငံတကာက တောင်းဆိုထားခြင်း ဖြစ်သည်။

ဂါဇာဒေသ၌ အစ္စရေးတို့၏ ပိတ်ဆို့ထားမှုများကြောင့် အငတ်ဘေး ဆိုက်လုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း၊ ဂါဇာရှိ ပါလက်စတိုင်းပြည်သူ ၂၂ ရာခိုင်နှုန်းမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ နှင့်မိတ်ဖက်အဖွဲ့များက မေလတွင် ထုတ်ပြန်ထားသည်။ အစ္စရေးက ထိုကဲ့သို့ပိတ်ဆို့ထားခြင်းသည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်အဖွဲ့အနေဖြင့် အလျှော့ပေးလာစေရန်ဖြစ်ကြောင်း အစ္စရေး အစိုးရကပြောထားသည်။  

Source: https://myawady.net.mm/