ရုရှားလူမျိုး စွန့်ဦးတီထွင်သူစီးပွားရေးလုပ်ငန်းရှင်နှင့် ပရဟိတ ဆောင်ရွက်သူ Moshe (Vyacheslav) Kantor သည် ဗုဒ္ဓဟူးနေ့ (မေ ၂၁) က ဂျေရုဆလင်မြို့တွင် ကျင်းပသော အထွေထွေညီလာခံတွင် မဲအရေအတွက် သုံးပုံနှစ်ပုံနီးပါးရရှိခဲ့ပြီး ဥရောပဂျူးလူမျိုးများ ကွန်ဂရက် (EJC) ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံရသည်။

၂၀၀၇ မှ ၂၀၂၂ အထိ EJC ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ Kantor သည် ယူကရိန်းပဋိပက္ခအလွန် အပြည်ပြည်ဆိုင်ရာ ပိတ်ဆို့မှုစာရင်းများတွင် ပါဝင်လာခြင်းကြောင့် ၎င်း၏စတုတ္ထသက်တမ်းအတွင်း နုတ်ထွက်ခဲ့ရသည်။ ယခုနှစ်အစောပိုင်းတွင် ဥရောပသမဂ္ဂနှင့် ဆွစ်ဇာလန် တို့က ပိတ်ဆို့မှုမှ ဖယ်ရှားပေးခဲ့ပြီးနောက် Kantor သည် ပြန်လည် ဝင်ရောက်ယှဉ်ပြိုင်ကာ ဩစတြီးယားမှ ယာယီဥက္ကဋ္ဌ Ariel Muzicant အား အနိုင်ရခဲ့သည်။
ဗြိတိန်နှင့် အစ္စရေးနိုင်ငံသားလည်းဖြစ်သူ Kantor က ဥရောပတွင် ဂျူး ဆန့်ကျင်ရေးနှင့် လူမှုအဖွဲ့အစည်းအတွင်း ကွဲလွဲမှုများ တိုးပွားလာနေခြင်းကြောင့် ၎င်း၏ပြန်လည်ပါဝင်မှုသည် အရေးတကြီးလိုအပ်နေကြောင်း အားလုံးကိုသိစေခဲ့သည်။
“မိမိတို့ မျက်မြင်သက်သေဖြစ်နေရသည်မှာ ဂျူးလူမျိုးများအပေါ် ခြိမ်းခြောက်မှု သာမက ဥရောပဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်များ ကိုပါ ခြိမ်းခြောက်နေပါသည်” ဟု Kantor က ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။ “အဆိုပါကြီးထွားလာနေသော အမုန်းတရားကိုမထိန်းချုပ်နိုင်ပါက မိမိတို့၏ လူ့အဖွဲ့အစည်းများ၏ အခြေခံဖွဲ့စည်းပုံများ ပျက်စီးသွားမည်ဖြစ်သည်။ အစွန်းရောက်ဝါဒများ အားကောင်းလာပြီး အလယ်အလတ်သမားများ ဖယ်ရှားခံရသည်နှင့်အမျှ လူမှုအဖွဲ့အစည်းအတွင်း ကွဲလွဲမှုများ တိုးပွားလာနေသည်ကို မိမိတို့ မြင်တွေ့နေရပြီ ဖြစ်သည်။” ဟု ၎င်းကဆိုသည်။
EJC သည် ဥရောပတစ်ခွင်ရှိ ဂျူးအမျိုးသားအဖွဲ့အစည်း ၄၀ ကျော်နှင့် ဂျူးလူမျိုး နှစ်သန်းကျော်ကို ကိုယ်စားပြုသည်။ ဘရပ်ဆဲလ်မြို့တွင် အခြေစိုက်သော အဖွဲ့အစည်းသည် ဂျူးဆန့်ကျင်ရေး၊ ဟိုလိုကော့စ်အမှတ်တရ၊ ဘာသာရေးအချင်းချင်းဆွေးနွေးမှုနှင့် လူနည်းစု အခွင့်အရေး များအထိ ကွဲပြားသည့်ကိစ္စရပ်များတွင် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
Kantorက EJC ၏လုပ်ငန်းများကို ချဲ့ထွင်ရန် ကတိပြုခဲ့ပြီး အစ္စရေးနှင့် ညီညွတ်မှု၏အရေးပါမှုကို အလေးထားဖော်ပြခဲ့သည်။ အောက်တိုဘာ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုသည် ဥရောပဂျူးများ၏ ကမ္ဘာ့အခြေအနေအပေါ် အမြင်ကို ပြောင်းလဲစေခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အစ္စရေးတပ်ဖွဲ့ဝင်များသည် ဗုဒ္ဓဟူးနေ့ (မေ ၂၁) က ဂါဇာ အနောက်ဘက်ခြမ်း (ဝက်စ်ဘဂ်) ရှိ ဂျနင်းဒုက္ခသည်စခန်းသို့ လာရောက် လည်ပတ်နေသည့် နိုင်ငံခြားသံတမန်အဖွဲ့အနီးတွင် ပစ်ခတ်မှုပြုခဲ့ပြီး နိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ်များနှင့် သတင်းထောက်များ ထိတ်လန့် တုန်လှုပ်စွာ ထွက်ပြေးနေကြသည့် မြင်ကွင်းကို ဖြစ်စဉ်နေရာမှ ဗီဒီယို မှတ်တမ်းများတွင် မြင်တွေ့ရသည်။

ပါလက်စတိုင်းအာဏာပိုင်များက စီစဉ်ပေးထားသည့် ခရီးစဉ်တွင် ယူကေ၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ တရုတ်၊ ဂျပန်၊ မက္ကဆီကို၊ အီဂျစ်စသည့် နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့သည်။ ဒဏ်ရာရသူ မရှိသော်လည်း ဗီဒီယိုတွင် သံတမန်များ ပစ်ခတ်သံကြားသည်နှင့် ထိတ်လန့်တုန်လှုပ်စွာ ထွက်ပြေးနေကြပုံကို တွေ့ရသည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က သံတမန်အဖွဲ့သည် ကြိုတင် အတည်ပြုထားသည့် လမ်းကြောင်းမှ သွေဖည်ကာ “တိုက်ပွဲဖြစ်ပွားနိုင်သော ဧရိယာ” သို့ ဝင်ရောက်ခဲ့သည်ဟု ပြောဆိုခဲ့သည်။
IDF က “ကနဦးစုံစမ်းစစ်ဆေးမှုအရ သံတမန်အဖွဲ့သည် အတည်ပြုထားသော လမ်းကြောင်းမှ သွေဖည်ကာ ဝင်ရောက်ခွင့်မရှိသည့်နေရာသို့ ရောက်ရှိ လာခဲ့ပါသည်။ ထိုနေရာတွင် တာဝန်ထမ်းဆောင်နေသော IDF တပ်ဖွဲ့ဝင်များက ၎င်းတို့ကို ဝေးရာသို့ဆုတ်ခွာစေရန် သတိပေးပစ်ခတ်မှု ပြုလုပ်ခဲ့ပါသည်” ဟု ပြောဆိုခဲ့ပြီး “ထိတ်လန့်တုန်လှုပ်ခဲ့စေမှုအတွက် တောင်းပန် ပါသည်” ဟု ထည့်သွင်းပြောဆိုခဲ့သည်။
ပါလက်စတိုင်းအာဏာပိုင်များ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ ပစ်ခတ်မှုကို နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုအဖြစ် သတ်မှတ်ခဲ့ပြီး၊ ဂါဇာနှင့်အနောက်ဘက်ခြမ်း (ဝက်စ်ဘဂ်) တွင် အစ္စရေး၏ စစ်ဆင်ရေး များအပေါ် နိုင်ငံတကာမှ ဝေဖန်မှုများ တိုးပွားလာနေချိန်တွင် လူသားချင်း စာနာမှုအခြေအနေများကို အကဲဖြတ်ရန် တရားဝင်အဖွဲ့အစည်းတစ်ခု အနေဖြင့် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုဖြစ်ရပ်သည် “သံတမန်ရေးရာ စံနှုန်းများအားလုံးကို ချိုးဖောက်ခြင်း” ဖြစ်သည်ဟု ပြောကြားခဲ့ပြီး တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မိမိတို့၏သံတမန်များအား သတိပေးပစ်ခတ်မှုကို “ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ကြောင်း” ထုတ်ဖော် ပြောဆိုခဲ့သည်။

အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စရပ်များ၊ ဓားစာခံများပြန်လည်လွှတ်ပေးရေးကိစ္စရပ်များအပေါ် ဟားမက် အစ္စလာမ်မစ်အဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကာတာနိုင်ငံမှ အစ္စရေး ကိုယ်စားလှယ်အများစုအား ပြန်လည်ခေါ်ယူရန် အစ္စရေးဘက်က ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ “စေ့စပ်ညှိနှိုင်းရေးအဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်များကို အစ္စရေးသို့ ပြန်လည် ခေါ်ယူသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော်မည့် ကိုယ်စားလှယ်များသည် ဒိုဟာ၌ ရှိနေမည်ဖြစ်ကြောင်း၊ ကာတာသည် စေ့စပ်ဆွေးနွေးမှု၏ ကြားခံအနေဖြင့်သာရှိမည် ဖြစ်ကြောင်း” အစ္စရေး ဝန်ကြီးချုပ်ရုံးက မေလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဟားမက်တို့က ထာဝရအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုနေသော်လည်း အစ္စရေးဘက်ကမူ အချိန်အတိုင်းအတာ တစ်ခုအတွင်း၌သာ အပစ်အခတ်ရပ်စဲရန် လိုလားလျက်ရှိသဖြင့် နှစ်ဖက်အဖွဲ့များအကြား မတူညီမှုများကို ကျဉ်းမြောင်းအောင် လုပ်ဆောင်နိုင်ရန်မှာ အလှမ်းဝေးနေဆဲပင်ဖြစ်သည်။
အစ္စရေးတပ်ဖွဲ့ဝင်များသည် ဂါဇာကမ်းမြောင်ဒေသကို ထိုးစစ်ဆင်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ပြီးခဲ့သည့် (၁) ရက်အတွင်း လူပေါင်း (၈၂) ဦး သေဆုံးခဲ့ကြောင်း ဂါဇာဒေသရှိ ကျန်းမာရေး အာဏာပိုင် များက မေလ (၂၁) ရက်နေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
အစ္စရေးအနေဖြင့် ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးပစ္စည်းများ တင်ဆောင်လာသည့် ထရပ်ကား (၉၃) စီးကို ဂါဇာဒေသသို့ ဝင်ရောက်ခွင့်ပေးခဲ့ကြောင်း အစ္စရေးအာဏာပိုင် များက မေလ (၂၀) ရက်တွင် ပြောကြားခဲ့သည်။
ဂါဇာဒေသခံများ အသက်ရှင်သန် ရပ်တည်နိုင်ရန်အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပါဝင်သော ထရပ်ကား အစီးရေ (၅၀၀) နေ့စဉ်လိုအပ်လျက်ရှိကြောင်း ဂါဇာဒေသအာဏာပိုင်များက ထုတ်ဖော် ပြောကြားခဲ့မှုကို NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- NHK World

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်ရဲတပ်ဖွဲ့အတွက် ရုရှား၏ အဆင့်မြင့် AK-203 တိုက်ခိုက်ရေးရိုင်ဖယ်များ ပေးပို့မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြား ကုန်သွယ်ရေးကုမ္ပဏီ Rosoboronexport က ကြေညာထားပါသည်။
ထိုသဘောတူညီမှုမှာ အိန္ဒိယ-ရုရှား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသော အဆင့်တစ်ခုဖြစ်ပြီး အိန္ဒိယအား AK-203 ထုတ်လုပ်ရာ တွင် နည်းပညာလွှဲပြောင်းပေးမည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါသည်။

AK-203 ရိုင်ဖယ်များသည် 7.62x39mm ကျည်ဆန်အမျိုးအစား အသုံးပြု ရပြီး ၇၀၀ မီတာအကွာအဝေးအထိ ထိရောက်စွာ ပစ်ခတ်နိုင်ကာ အိန္ဒိယ - ရုရှား ပူးပေါင်းလုပ်ကိုင်သည့် Amethi စက်ရုံတွင် ဆက်လက် ထုတ်လုပ်မည် ဖြစ်ပါသည်။
အထူးသဖြင့် ယခု သဘောတူညီမှုမှာ အိန္ဒိယ၏ ကာကွယ်ရေး စွမ်းရည် မြှင့်တင်ရန်နှင့် Make in India စီမံကိန်းကို အားဖြည့်ရန် ရည်ရွယ်သည် ဟု Rosoboronexport ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြထား ပါသည်။
AK-203 များသည် Naxalite လက်နက်ကိုင်လှုပ်ရှားမှုများနှင့် နယ်စပ် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ရာတွင် ကီရာလာရဲတပ်ဖွဲ့ အတွက် သိသာစွာ အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။
ကိုးကား- Sputnik
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

အစ္စရေးက အီရန်၏နျူကလီးယား စက်ရုံများကိုတိုက်ခိုက်ရန်ပြင်ဆင်ထားသည်ဟု အမေရိကန်ထောက်လှမ်းရေး သတင်းများကဖော်ပြထားကြောင်း အမေရိကန် တာဝန်ရှိသူများ၏ ပြောဆိုမှုကို ကိုးကား၍ CNN သတင်းဌာနကထုတ်ပြန်ထားသည်။
သို့သော် အစ္စရေးအနေဖြင့် အီရန်ကို တိုက်ခိုက်မှုပြုလုပ်ရန် ဆုံးဖြတ်ချက် ချထားခြင်းရှိ၊ မရှိကို တိတိကျကျမသိရသေးကြောင်း၊ ထို့အတူ အစ္စရေး၏ တိုက်ခိုက်မှုလုပ်ရန်ဆုံးဖြတ်ချက်အပေါ်အမေရိကန်အစိုးရအဖွဲ့အတွင်း တာဝန်ရှိသူများက သဘောမတူသည်များလည်း ရှိကြောင်း သတင်းဌာန၏ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

အီရန်နျူကလီးယားစက်ရုံကို အစ္စရေးက တိုက်ခိုက်မှုလုပ်မည့်အလားအလာက ပြီးခဲ့သည့်လများအတွင်း ပိုမိုမြင့်တက်လာကြောင်း၊ အကယ်၍ အမေရိကန်က အီရန်နှင့်သဘောတူညီချက်ရရှိသွားပါက အဆိုပါတိုက်ခိုက်မှုလုပ်နိုင်ခြေသည် ပိုမိုမြင့်တက်လာနိုင်ကြောင်းသိရသည်။
Ref: Xinhua
Photo - KDBC

အိန္ဒိယကွန်မန်ဒိုများသည် မေလ ၂၁ ရက်တွင် နိုင်ငံအလယ်ပိုင်း၌သောင်းကျန်း သူ ၃၀ ခန့်ကို ပစ်ခတ်ချေမှုန်းလိုက်နိုင် ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည်။
အိ န္ဒိယအစိုးရတပ်ဖွဲ့များသည် နာရှာ လိုက်သောင်းကျန်းသူများအဖွဲ့အပေါ် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ထိုးစစ်ဆင်တိုက်ခိုက်မှုများလုပ်ဆောင် လာခြင်းဖြစ်ပြီး ၁၉၆၇ ခုနှစ်နောက်ပိုင်း ဖြစ်ပွားသည့် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၂၀၀၀ ကျော်သေဆုံးထား သည်။

ယခုဖြစ်ပွားသည့် အပြန်အလှန်တိုက် ခိုက်မှုတွင် သောင်းကျန်းသူအင်အား ၃၀ ခန့်ကိုဖြိုခွင်းလိုက်နိုင်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုသည် ချက်တစ်ဂါ့ပြည်နယ် ရှိ တောအုပ်တစ်ခုအတွင်းဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ ထိုတောအုပ်သည် သောင်း ကျန်းသူများအခြေချရာနေရာတစ်ခုဖြစ် ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးကပြော ထားသည်။ ချေမှုန်းခံရသူများတွင် သောင်း ကျန်းသူအဖွဲ့၏ ခေါင်းဆောင်ပိုင်းများ ပါဝင်ကြောင်းသိရသည်။
Ref: Xinhua
Photo- Online

မော်စကို၊ ဆက်ဆံရေး
ရုရှားအစိုးရက မော်စကိုမြို့၌ကျင်းပမည့် နိုင်ငံတကာလုံခြုံရေးဖိုရမ်သို့ အမေရိကန်နိုင်ငံကို ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။ အဆိုပါလုံခြုံရေးဖိုရမ်ကို မေလ ၂၇ ရက်မှ ၂၉ ရက်အထိကျင်းပမည်ဖြစ်ပြီး ထိုဖိုရမ်သို့ အမေရိကန်အပါအဝင် ရုရှား၏ မိတ်ဆွေမဟုတ်သော နိုင်ငံများကိုပါ ဖိတ်ခေါ်ထားကြောင်းနှင့် ထိုနိုင်ငံများကလည်း ဖိုရမ်သို့တက်ရန်စိတ်ဝင်စားသည် ဟုတုံ့ပြန်ထားကြောင်း ရုရှားလုံခြုံရေးကောင်စီ ဒုတိယအတွင်းရေးမှူး အလက်ဇန်းဒါးဗီနီဒစ်တော့ကပြောသည်။

၁၃ ကြိမ်မြောက်အဖြစ်ကျင်းပမည့် ထိုနိုင်ငံတကာလုံခြုံရေးဖိုရမ်ကို ရုရှား လုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂျီ ရွှိုင်ဂူကဦးစီးဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံ ပေါင်း ၁၀၀ ကျော်မှ ကိုယ်စားလှယ်အဖွဲ့ ပေါင်း ၁၂၅ ဖွဲ့ကျော်တက်ရောက်မည်ဖြစ်သည်။
Ref: Sputnik
Source: Myawady Daily Newspaper

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်(လေတပ်)၏ ကြိုတင်သတိပေး စနစ်အကယ်ဒမီမှ သုတေသနပညာရှင် ဝမ်ဘင်းချီ ဦးဆောင်သော အဖွဲ့က အမေရိကန်လေတပ်၏ F-35 နှင့် B-2 လေယာဉ်များထက် စစ်အေးကာလလက်ကျန် B-52 ဗုံးကြဲလေယာဉ်က ပိုမိုအန္တရာယ်များသည်ဟု သတ်မှတ်လိုက်ကြောင်း သိရသည်။

သုတေသနပညာရှင်များသည် တရုတ်ရေယာဉ်စုများ သို့မဟုတ် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်း ပစ်မှတ်များကို အမေရိကန်လေတပ်၏ ထိုးဖောက်တိုက်ခိုက်မှု လေကြောင်းစစ်ဆင်ရေးကို သဏ္ဌာန်တူပြုလုပ်ကာ လေ့လာမှုများ လုပ်ဆောင်ခြင်းဖြစ်သည်။
ထိုသို့ သဏ္ဌာန်တူပြုလုပ် လေ့လာရာတွင် တရုတ်တပ်မတော်က အမေရိကန်၏ နျူကလီးယားလက်နက်များ သယ်ဆောင်နိုင်သော F-35 တိုက်လေယာဉ်နှင့် B-2 ဗုံးကြဲ လေယာဉ်တို့အပြင် ၎င်းတို့နှင့် ပူးတွဲစစ်ဆင်နိုင်သည့် ဒရုန်းများ၏ စွမ်းဆောင်ရည်ကို ထည့်သွင်းလေ့လာခြင်းဖြစ်သည်။
အဆိုပါလေယာဉ်များသည် နျူကလီးယားဖြင့် တိုက်ခိုက်ရာတွင် စိုးရိမ်ရသည့်အဆင့်ရှိသော်လည်း နျူကလီးယားဗုံး လေးလုံးအထိ သယ်ဆောင်နိုင်သည့် B-52 ဗုံးကြဲလေယာဉ်က အခြားလေယာဉ်များထက် ပိုမိုအန္တရာယ်ရှိသည်ကိုတွေ့ရှိရသည်ဟု သုတေသနပညာရှင်များက ထုတ်ပြန်ထားသည်။
အလားတူ သုတေသနပညာရှင်များ ထုတ်ပြန်သော လေ့လာမှုစာရင်း၌ C-17 သယ်ယူပို့ဆောင်ရေး လေယာဉ်များနှင့်B-1B ဗုံးကြဲလေယာဉ်များက ၎င်းတို့၏ အကန့်အသတ်ရှိသော တိုက်ပွဲဝင်နိုင်စွမ်း သို့မဟုတ် အဆင့်မမီတော့သော အီလက်ထရွန်နစ် စနစ်တို့ကြောင့် အန္တရာယ်ရှိမှုတွင် နောက်ဆုံးအဆင့်၌ရှိကြောင်း သုတေသီများ၏ ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။
Source: Myawady Web Portal

ကွန်ချာဆိုတာ တင်စားပြီးပြောထားတဲ့ စကားရပ်တစ်ခုဖြစ်ပေမယ့် သူ့ရဲ့လုပ်ဆောင်ချက်ကတော့ နိုင်ငံကိုကာကွယ်ရေးမှာ တော်တော်လေး အသုံးဝင်စေမယ့် လက်နက်စနစ်တစ်မျိုးဖြစ်ပါတယ်။ ဒီလက်နက်ကို အသုံးပြုမယ့်သူက အမေရိကန်ပြည်ထောင်စုဖြစ်ပြီး အသုံးပြုဖို့အတွက် ခွင့်ပြုလိုက်သူက သမ္မတဒေါ်နယ်ထရမ့်ပဲ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၂၁ ရက်မှာ အိမ်ဖြူတော်ရဲ့ ဘဲဥပုံရုံးခန်းထဲရှိနေစဉ် သူစီစဉ်ထားတဲ့ ရွှေကွန်ချာစနစ် တည်ဆောက်ရေးကို အတည်ပြုလိုက်တာဖြစ်ပါတယ်။ အဲဒီစနစ်ကိုတည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁၇၅ ဘီလီယံ အထိ အသုံးပြုသွားမယ်လို့ တရားဝင်ထုတ်ပြန်လိုက် တာဖြစ်ပါတယ်။ ရွှေကွန်ချာဆိုတဲ့ ဘက်စုံသုံးဒုံးကျည်ကာကွယ်ရေးစနစ်က မြေပြင်၊ ရေပြင်၊ ဝေဟင်မှသာမက အာကာသထဲကပါ ရောက်ရှိလာမယ့် မျိုးဆက်သစ်ဒုံးကျည်တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ကိုယ်တိုင်က သူ့ရဲ့ရွှေကွန်ချာစနစ်ဟာ ကမ္ဘာတစ်ဖက်ခြမ်းကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကိုတောင်မှ ဟန့်တားကာကွယ်နိုင်စွမ်းရှိမယ်လို့ အမွှမ်းတင် ပြောထားတာပါ။
အမေရိကန်ရဲ့ ရွှေကွန်ချာစနစ်က တကယ်တမ်းတော့ အစ္စရေးရဲ့အစွမ်းထက်လှတဲ့ သံကွန်ချာအမည်ရ ဒုံးကျည်ကာကွယ်ရေးစနစ်ကို မှီငြမ်းပြီးအမည်ပေး ထားပေမယ့် ရွှေကွန်ချာကတော့ သံကွန်ချာထက် စွမ်းဆောင်ရည် ပိုမိုမြင့်မားကာ အဆင့်မြင့်ဒုံးကျည်တွေရဲ့အန္တရာယ်ကနေ နိုင်ငံကိုကာကွယ်ပေးနိုင်မယ် လို့ဆိုပါတယ်။ အဲဒီအန္တရာယ်တွေထဲမှာ အသံနှုန်းလွန်ဒုံးကျည်များမှသည် FOBS လို့လူသိများတဲ့ ကမ္ဘာပတ်လမ်းမှ ဗုံးကြဲစနစ်များမှ ပစ်လွှတ်လိုက်သော ဒုံးကျည်ထိပ်ဖူးများအထိ ပါဝင်ပါတယ်။
သံကွန်ချာစနစ်က လူဦးရေထူထပ်တဲ့နေရာတွေကိုသာ တာတိုပစ်ဒုံးကျည်တွေရဲ့အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ ဖန်တီးထားတာဖြစ်ပါတယ်။ အရွယ် အစားအားဖြင့် နယူးဂျာစီပြည်နယ်တစ်ခုမျှလောက်သာရှိတာပါ။ အခုရွှေကွန်ချာစနစ်ကကျတော့ သံကွန်ချာစနစ်က ကာကွယ်နိုင်တဲ့ အရွယ်အစားထက်ကို အဆပေါင်း ၄၅၀ အထိ ကြီးမားတဲ့ နယ်မြေပမာဏကို ကာကွယ်နိုင်စေမှာဖြစ်ပါတယ်။
ဒီစနစ်ထဲမှာ အာကာသအခြေပြု အာရုံခံကိရိယာများမှသည် ဘက်စုံလွှမ်းခြုံ ကာကွယ်နိုင်ရေးအတွက် ကြားဖြတ်ဒုံးကျည်များအထိ နောက်ဆုံးပေါ်ဖြစ်တဲ့ နည်းပညာများ ပေါင်းစပ်ပါဝင်ထားပါတယ်။ ဒီအတွက်ကြောင့် ရွှေကွန်ချာစနစ်က ရန်သူ့ဆီကနေဒုံးကျည် ကိုမပစ်လွှတ်မီ၊ ပစ်လွှတ်စဉ်စတဲ့ အဆင့်အမျိုးမျိုးမှာ ရန်သူ့ဒုံးကျည်တွေကို ဖျက်ဆီးနိုင်စွမ်းရှိစေမယ်လို့ ထရမ့်ကပြောထားပါတယ်။
ဒီစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံကို ကနဦး အသုံးပြုသွားမှာဖြစ်ပြီး အဲဒီငွေကြေးတွေက လက်ရှိအစိုးရရဲ့ မူဝါဒများအရ အသုံးစရိတ် ဖြတ်တောက်မှုနဲ့ အခွန်ကောက်ခံရရှိမှုတွေကနေ ပေးဆောင်သွားမှာဖြစ်ပြီး ဒီစီမံကိန်းကိုဦးဆောင်မယ့်သူက အမေရိကန်အာကာသတပ်ဖွဲ့မှ အာကာသ စစ်ဆင်ရေးများ ဌာနဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး မိုက်ကယ်အေဂူးအက်လိမ်း ဖြစ်ပါတယ်။
ဒီလိုမျိုးရွှေကွန်ချာစနစ်ကို တည်ဆောက်နိုင်ဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်ကို ပြန်တက်လာချိန်မှာပဲ အမိန့်ပေးခဲ့တာပါ။ အခုတော့ ဒီစနစ်ကိုစတင် တည်ဆောက်ဖို့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ထရမ့်က သူ့ရဲ့သမ္မတ သက်တမ်း မကုန်ဆုံးမီမှာ ဒီစနစ်ကြီးအပြီးသတ်စေရမယ်လို့ ဆိုထားပါတယ်။

အမေရိကန်တွင် ဖမ်းဆီးထားသည့် ရွှေ့ပြောင်းနေထိုင်သူများကို သမ္မတ ထရမ့်အစိုးရ၏ ပြည်တွင်းလုံခြုံရေးဌာနက စစ်ဒဏ်သင့်နေသော တောင်ဆူဒန် နိုင်ငံသို့ ပြည်နှင်ဒဏ်ပေးခဲ့ခြင်းသည် ၎င်းတို့အား လုံလောက်သည့် ကန့်ကွက်ခွင့်မပေးဘဲ ပို့ဆောင်ခဲ့သည့်အတွက် တရားရုံး၏ ယခင် ဆုံးဖြတ်ချက်ကို လုံးလုံးလျားလျား ချိုးဖောက်လိုက်ကြောင်း ဖက်ဒရယ် တရားသူကြီး တစ်ဦးက မေလ ၂၁ ရက်က ဆုံးဖြတ်လိုက်သည်။

မြန်မာနိုင်ငံသား ၂ ဦးအပါအဝင် ဖမ်းဆီးခံထားရသူ (၈) ဦးကို အင်္ဂါနေ့ (မေ ၂၁) အစောပိုင်းက လေယာဉ်တစ်စီးပေါ်သို့ ပို့ဆောင်ခဲ့ကြောင်း မက်ဆာချူးဆက် ခရိုင်တရားသူကြီး ဘရိုင်ယန် မာဖီ က ပြောကြားခဲ့ပြီး ဖမ်းဆီးခံများ၏ ရှေ့နေများက အဆိုပါလေယာဥ်မှာ တောင်ဆူဒန်နိုင်ငံသို့ ဦးတည်ထွက်ခွာမည်ဟု ဆိုသည်။
ကိုးကား- CNN