သတင်းများ

ကက်ရှ်မီးယားဒေသတွင် အိန္ဒိယနှင့် ပါကစ္စတန်တို့ အပြန်အလှန် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း အိန္ဒိယမီဒီယာဆို

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ဧပြီ ၂၅ ရက် ညပိုင်းတွင် ကက်ရှ်မီးယား ဒေသ၌ အပြန်အလှန် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း အိန္ဒိယ မီဒီယာ၏ ဧပြီ ၂၆ ရက် သတင်းဖော်ပြမှုအရ သိရသည်။ ပါကစ္စတန် မီဒီယာဘက်ကမူ လက်ရှိတွင် သက်ဆိုင်ရာ သတင်းထုတ်ပြန်မှုမရှိသလို ပါကစ္စတန်စစ်တပ်ဘက်ကလည်း သက်ဆိုင်ရာ ထုတ်ပြန်ချက် သို့မဟုတ် အကြောင်းကြားစာ မရှိသေးပေ။

ပါကစ္စတန်စစ်တပ်က ဧပြီ ၂၅ ရက် ညပိုင်းတွင် ကက်ရှ်မီးယား အိန္ဒိယ-ပါကစ္စတန် ထိန်းချုပ်ရေးမျဉ်းတစ်လျှောက်ရှိ အိန္ဒိယစစ်တပ် ကင်းစခန်းကို ပစ်ခတ်ခဲ့ရာ အိန္ဒိယဘက်ကလည်း ချက်ချင်း တုံ့ပြန်ခဲ့ကြောင်း၊ သေဆုံး၊ ဒဏ်ရာရမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း အိန္ဒိယ မီဒီယာက သတင်းတွင် ဖော်ပြခဲ့သည်။ ယခုအကြိမ် အသေးစားလက်နက်ဖြင့် အပြန်အလှန်ပစ်ခတ်ခြင်းသည် ပါကစ္စတန်ဘက်မှ အစပြုခြင်းဖြစ်ရာ အိန္ဒိယ ဘက်က “အထိုက်အလျောက် တုံ့ပြန်မှု” ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယ စစ်တပ် သတင်းရင်းမြစ်က ဆိုခဲ့သည်။

အမည်မဖော်လိုသော ပါကစ္စတန်စစ်တပ် တာဝန်ရှိသူတစ်ဦးက ဆင်ဟွာ သတင်းထောက်၏ ဧပြီ ၂၆ ရက် မေးမြန်းမှုတွင် အိန္ဒိယမီဒီယာ၏ သတင်း ဖော်ပြချက်ကို ငြင်းဆိုခဲ့သည်။ ဧပြီ ၂၅ ရက်တွင် ကက်ရှ်မီးယား အိန္ဒိယ-ပါကစ္စတန် ထိန်းချုပ်ရေးမျဉ်းတစ်လျှောက်၌ ပါကစ္စတန်ဘက်က ပစ်ခတ်မှု မပြုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များသည် ဧပြီ ၂၅ ရက် နံနက်အစောပိုင်း၌ ကက်ရှ်မီးယား ဒေသတွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိတွင် သေဆုံး၊ ဒဏ်ရာရမှုဆိုင်ရာ အစီရင်ခံခြင်းမရှိသေးကြောင်း ပါကစ္စတန် နှင့် အိန္ဒိယ တာဝန်ရှိသူများက အဆိုပါနေ့တွင် ပြောကြားခဲ့သည်။ 

ကိုးကား-Xinhua

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အိန္ဒိယ စစ်သင်္ဘောများက ပင်လယ်အတွင်းမှ ဒုံးကျည်များ ပစ်ပြကာ စစ်ပွဲအတွက် အဆင်သင့် ဖြစ်နေကြောင်းပြသ

အာရေဗီယံပင်လယ်အတွင်းရှိ အိန္ဒိယစစ်သင်္ဘောများက ပင်လယ်အတွင်းမှ ဒုံးကျည်များကိုပစ်လွှတ်ပြကာ စစ်ပွဲအတွက် အဆင်သင့်ဖြစ်ပြီ ဖြစ်ကြောင်းပြသခဲ့ပါသည်။ စစ်သင်္ဘောများမှ ရေပြင်မှ ဝေဟင်ပစ်၊ ရေပြင်မှ မြေပြင်ပစ်နှင့် စစ်သင်္ဘောဖျက် ဒုံးများကို ပစ်ပြခတ်ပြခဲ့ခြင်း ဖြစ်သည်။ 

တာဝေးပစ်ဒုံးများပစ်လွှတ်မှုနှင့် ပတ်သက်၍ လေ့ကျင့်ခန်းများကိုလည်း လုပ်ဆောင်ခဲ့သည်။ လတ်တလော စစ်ရေးတင်းမာမှု ဖြစ်နေသည့် ပါကစ္စတန်နှင့် ပတ်သက်သော နိုင်ငံရေး အခြေအနေကို ဖိအားပေးသည့် သဘောကို ဆောင်နေပါသည်။ 

ရေတပ်ပြောခွင့်ရပုဂ္ဂိုလ် က “မိမိတို့ တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေပြီး မိမိတို့၏ ရေပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် အားလုံးနီးပါး ပြင်ဆင်ထားပါကြောင်း၊ မည်သည့်အခြေအနေတွင်မဆို မိမိတို့ ရအောင် ကာကွယ်သွားမည်” ဟု ဆိုပါသည်။

ကိုးကား-Myanmar National Post

၂၄ နာရီအတွင်း ပါလက်စတိုင်း အနည်းဆုံး ၄၀ ဦးသေဆုံးကြောင်း Al Jazeera ပြောကြား

ဂါဇာကမ်းမြောင်တွင် ဧပြီ ၂၆ ရက်(စနေနေ့) ၂၄ နာရီအတွင်း အစ္စရေး စစ်တပ်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၄၀ ဦး သေဆုံး သွားရကြောင်း ကာတာနိုင်ငံ Al Jazeera သတင်းဌာနက ဖော်ပြ ထားသည်။ 

အစ္စရေး ပိတ်ဆို့ထားမှုကြားတွင် ကယ်ဆယ်ရေးအေဂျင်စီများသည်နယ်မြေအတွင်း အစားအစာငတ်မွတ်ခေါင်းပါးမှုအန္တရာယ်နှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်မိကြောင်း သတင်းဌာနက အလေးပေး ပြောကြား ခဲ့သည်။ 

၂၀၂၅ ခုနှစ်၊ မတ် ၁၈ ရက်တွင် အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ပွဲများ ပြန်လည်စတင်ခဲ့ပြီး ပါလက်စတိုင်းနယ်မြေကို ကြီးမားသောတိုက်ခိုက်မှုများ ပြုလုပ်ကာ ဇန်နဝါရီက သဘောတူညီထားသော အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့ပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ရုရှားဗိုလ်ချုပ်ကြီး လုပ်ကြံခံရမှုအတွက် ယူကရိန်းအထူး တပ်ဖွဲ့ဝင်တစ်ဦးကို FSB က ဖမ်းဆီး

ရုရှားစစ်ဦးစီးချုပ်ရုံး၏ အဓိကစစ်ဆင်ရေးဌာန ဒုတိယအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး Yaroslav Moskalik အား လုပ်ကြံသတ်ဖြတ်မှုအတွက် သံသယရှိသူ ယူကရိန်းအထူးတပ်ဖွဲ့၏ အေးဂျင့်တစ်ဦးကို FSB က ဧပြီ ၂၆ ရက်တွင် ဖမ်းဆီးလိုက်ပါသည်။

ဖမ်းဆီးခံရသူ အမည်မှာ အိဂ်နတ် ကုဇင် ဖြစ်ပြီး ယူကရိန်း နေထိုင်ခွင့် လက်မှတ်ကိုင်ဆောင်ထားသူ ၁၉၈၃ ခုနှစ်ဖွား ယူကရိန်းအထူးတပ်ဖွဲ့၏ အေးဂျင့်တစ်ဦးဖြစ်ကြောင်း FSB ပြည်သူ့ဆက်ဆံရေးဌာနက ကြေညာထား ပါသည်။

FSB ၏ စုံစမ်းမှုအရ ကုဇင်သည် ယူကရိန်းအထူးတပ်ဖွဲ့ SBU သို့မဟုတ် GUR နှင့် ဆက်စပ်နေသည်ဟု သံသယရှိကြောင်း ဖော်ပြထားပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ရုရှားစစ်ဦးစီးချုပ်ရုံး၏ အဓိကစစ်ဆင်ရေးဌာန ဒုတိယအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး Yaroslav Moskalik အား လုပ်ကြံသတ်ဖြတ်မှုအတွက် သံသယရှိသူ ယူကရိန်းအထူးတပ်ဖွဲ့၏ အေးဂျင့်တစ်ဦးကို FSB က ဧပြီ ၂၆ ရက်တွင် ဖမ်းဆီးလိုက်ပါသည်။

ဖမ်းဆီးခံရသူ အမည်မှာ အိဂ်နတ် ကုဇင် ဖြစ်ပြီး ယူကရိန်း နေထိုင်ခွင့် လက်မှတ်ကိုင်ဆောင်ထားသူ ၁၉၈၃ ခုနှစ်ဖွား ယူကရိန်းအထူးတပ်ဖွဲ့၏ အေးဂျင့်တစ်ဦးဖြစ်ကြောင်း FSB ပြည်သူ့ဆက်ဆံရေးဌာနက ကြေညာထား ပါသည်။

FSB ၏ စုံစမ်းမှုအရ ကုဇင်သည် ယူကရိန်းအထူးတပ်ဖွဲ့ SBU သို့မဟုတ် GUR နှင့် ဆက်စပ်နေသည်ဟု သံသယရှိကြောင်း ဖော်ပြထားပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

သဘောတူစာချုပ်အရ မြောက်ကိုရီးယားစစ်သားများ Kursk ဒေသစစ်ဆင်ရေးတွင် ပါဝင်ကူညီခဲ့ကြောင်း ရုရှားသံတမန် ထုတ်ဖော်ပြောကြား

၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ချုပ်ဆိုခဲ့သော ပြီးပြည့်စုံသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စာချုပ်၏ အပိုဒ် ၄ အရ Kursk ဒေသ စစ်ဆင်ရေးတွင် မြောက်ကိုရီးယားစစ်သည်များ ပါဝင်ကူညီခဲ့ကြကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Maria Zakharova က ထုတ်ဖော်ပြောကြားလိုက်ပါသည်။ 

“မြောက်ကိုရီးယား မိတ်ဆွေများ၏ စည်းလုံးညီညွတ်မှုသည် မိမိတို့၏ အမှန်တကယ် မဟာမိတ်ဖြစ်ခြင်းဆိုသည်ကို ပြသလိုက်ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါဆက်ဆံရေးသည် အနာဂတ်တွင် ဆက်လက်ပြီး ခိုင်မာ အားကောင်းလာမည်ဟု ယုံကြည်နေပါကြောင်း” သံတမန်က ပြောကြားခဲ့သည်။

ရုရှားတပ်ဖွဲ့သည် Kursk ဒေသတွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၆ ရက်မှ စတင်၍ ပြင်းပြင်းထန်ထန် တိုက်ပွဲဆင်နွှဲခဲ့ရာ နယ်မြေရှင်းလင်းရေး အပြီးသတ်ရန် ၂၆၄ ရက် ကြာမြင့်ခဲ့ပါသည်။ ရုရှားသမ္မတက ဒေသတွင်း လွတ်မြောက်ရေးတွင် ပါဝင်ခဲ့ကြသည့် စစ်မှုထမ်းများကို ချီးကျုး ဂုဏ်ပြုခဲ့ပါသည်။

ယူကရိန်းသို့ တပ်ဖွဲ့ဝင်များစေလွှတ်မည့် အစီအစဉ်ကို ဗြိတိန်ဖျက်သိမ်းမည်

ရုရှားနှင့်ယူကရိန်းတို့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ရပ်ချမှတ်မည်ဆိုပါက    ဗြိတိန်နိုင်ငံအနေဖြင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ယူကရိန်းသို့ စေလွှတ်မည့် အစီအစဉ်ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း အမည်မဖော်လိုသူအရင်းအမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ The  Times  သတင်းစာကဖော်ပြသည်။

ဥရောပရှိ နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယူကရိန်းနိုင်ငံသို့ ၎င်းတို့၏တပ်ဖွဲ့ဝင်များကို စေလွှတ်ရန်အစောပိုင်းတွင် ဆွေးနွေးခဲ့ကြသော်လည်း အဆိုပါနိုင်ငံများ၏ အစီအစဉ်ကို ရုရှားနိုင်ငံက အပြင်းအထန်ကန့်ကွက်ခဲ့သည်။ ထို့ပြင် ယူကရိန်းနိုင်ငံတွင် နေတိုးအဖွဲ့ဝင်နိုင်ငံများမှ တပ်ဖွဲ့ဝင်များအား ဖြန့်ကြက်ခြင်းသည် နေတိုးနှင့် ရုရှားနိုင်ငံတို့ကြား  ထိပ်တိုက်ရင်ဆိုင်မှုများကို ဖြစ်ပေါ်စေနိုင်သည်ဟု ရုရှားအစိုးရက ဧပြီလ ၂၅ ရက်တွင်  အတိအလင်းပြောကြားသည်။

လက်ရှိတွင် နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယခင်က စဉ်းစားခဲ့သည့်အတိုင်း ၎င်းတို့၏ တပ်ဖွဲ့ဝင်များအား ယူကရိန်းနိုင်ငံအတွင်းသို့     ဖြန့်ကြက်ခြင်းမပြုဘဲ ယူကရိန်းစစ်သည်များကို   လေ့ကျင့်သင်ကြားပေးရန် စီစဉ်ထားကြောင်းသိရသည်။ နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့သည် ၎င်းတို့၏လက်နက်များအား ယူကရိန်းသို့ ဆက်လက်ပေးပို့ရန် ဆန္ဒရှိနေကြောင်း The Times သတင်းစာက    ဆက်လက်ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံအတွင်းသို့ နေတိုးအဖွဲ့ဝင်နိုင်ငံများမှ စစ်သည်များအား ဖြန့်ကြက်ခြင်းသည်    အလွန်အန္တရာယ်ကြီးပြီး ဖြန့်ကြက်မည့် တပ်ဖွဲ့ဝင်အရေအတွက်မှာလည်း လုံလောက်မှုမရှိကြောင်း၊ နေတိုးအဖွဲ့ဝင်နိုင်ငံများအနက် ပြင်သစ်နိုင်ငံသည် ယူကရိန်းသို့ ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ရန် ပိုမိုစိတ်အားထက်သန်မှုရှိသည့်နိုင်ငံဖြစ်ကြောင်း အမည်မဖော်လိုသူ အရင်းအမြစ်များ၏  ပြောကြားချက်ကို ကိုးကား၍   သတင်းစာက ဖော်ပြထားကြောင်း သိရသည်။             

Ref: RT

Source: https://myawady.net.mm/

အကြမ်းဖက်သမားနှစ်ဦးရဲ့ မိသားစုနေအိမ်များကို အိန္ဒိယဖောက်ခွဲ

ပါဟယ်ဂမ်မြို့မှာဖြစ်ပွားတဲ့အကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရာဇဝတ်မှုကျူးလွန်သူများအနက် နှစ်ဦးရဲ့ မိသားစုများနေထိုင်ရာ နေအိမ်များကို အိန္ဒိယစစ်သည်များက ဖောက်ခွဲလိုက်တယ်လို့ သိရပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုကို လုပ်သွားတဲ့သူတွေထဲမှာ အိန္ဒိယနိုင်ငံအတွင်းနေထိုင်သူနှစ်ဦး ပါဝင်နေတယ်လို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနိုင်ပြီးနောက် သူတို့နှစ်ဦးရဲ့မိသားစုများကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်တယ်လို့ ရဲအရာရှိတစ်ဦးနဲ့ ဖမ်းဆီးစစ်ဆေးခံရသူများရဲ့ ဆွေမျိုးများကပြောပါတယ်။

အိန္ဒိယလုံခြုံရေး တပ်ဖွဲ့ဝင်များက ဧပြီလ ၂၄ ရက်ညနဲ့ ၂၅ ရက်တစ်ရက်လုံးမှာ အဲဒီနေအိမ်တွေကို ဝိုင်းပတ်ပိတ်ဆို့ပြီး ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် နေအိမ်တွေထဲမှာ ဘယ်သူမှမရှိတော့မှသာ အကြမ်းဖက်သမားများရဲ့   မိသားစုနေအိမ်တွေကို တာဝန်ရှိသူတွေက  ဖောက်ခွဲလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖောက်ခွဲခံလိုက်ရတဲ့ နေအိမ်များထဲမှာ ပါကစ္စတန်နိုင်ငံကိုသွားပြီး အကြမ်းဖက်သင်တန်းတက်ခဲ့သူ အဒေးဟူစီသိုကာရဲ့ နေအိမ်လည်းပါဝင်ပါတယ်။ အိန္ဒိယတာဝန်ရှိသူများက ပါဟယ်ဂမ်အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်သမားတစ်ဦးချင်းကို ဖမ်းဝရမ်းထုတ်ထားကာ သူတို့ကို ဖမ်းဆီးနိုင်ဖို့အတွက် သတင်းပေးနိုင်သူကို အကြမ်းဖက်သမား တစ်ဦးစီအတွက် ရူပီးနှစ်သန်းစီ ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။        

Ref: TOI

H.M

ယူကရိန်းက လုံခြုံရေးအာမခံချက်နှင့် နယ်မြေကိုလဲလှယ်ရန် အသင့်ဖြစ်နေပြီဟုဆို

ယူကရိန်းနိုင်ငံက ငြိမ်းချမ်းရေးအတွက် သတ်မှတ်ချက်များ ပါဝင်သည့် အဆိုပြုချက်အသစ်ကို အမေရိကန်ပြည်ထောင်စုသို့ ပေးအပ်လိုက်ပြီဖြစ်ကြောင်းနှင့် ယင်းသတ်မှတ်ချက်များထဲတွင် ၎င်းအတွက်လုံခြုံရေး အာမခံချက်နှင့် ရုရှားထံသို့ဆုံးရှုံးသွားသောနယ်မြေကိုလဲလှယ်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း The Daily Telegraph သတင်းစာက ဖော်ပြထားသည်။

ထို့ပြင် ယူကရိန်းတို့၏အစီအစဉ်တွင် အချက်ငါးချက်ပါဝင်ကြောင်း၊ ပထမဆုံးအချက်မှာ ခရိုင်းမီးယား ဒေသကိုသာမက ရုရှားနိုင်ငံနှင့်ပေါင်းစည်းသွားသည့် ဒေသများကိုပါ စွန့်လွှတ်မည့်အကြောင်းကို ရေးသားဖော်ပြထားကြောင်း၊ တစ်ချိန်တည်းမှာပင် ယူကရိန်းကိုယ်စားလှယ်များက ၎င်းတို့နိုင်ငံအတွက် ရှင်းလင်းပြီးသေချာမှုရှိသည့် လုံခြုံရေးအာမခံချက်ကိုပေးရန် တောင်းဆိုထားကြောင်း သတင်းစာတွင် ဖော်ပြထားသည်။

သို့သော် ယူကရိန်းက တပ်မတော် သို့မဟုတ် ကာကွယ်ရေးဆိုင်ရာလုပ်ငန်း၏အရွယ်အစားကို လျှော့ချရန် ဆန့်ကျင်ထားပြီး ရုရှားနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများအတွက် အန္တရာယ်တစ်ခုဖြစ်သည်ဟု အမေရိကန်သို့ ပေးသောစာ၌ ဖော်ပြထားသည်။

ယင်းမတိုင်မီက အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းငြိမ်းချမ်းရေးအတွက် အချက်ခုနစ်ချက်ပါသော  အစီအစဉ်ကို တင်ပြခဲ့ရာ   ထိုအထဲတွင်ချက်ချင်းအပစ်အခတ်ရပ်စဲရန်၊ ရုရှားနှင့်ယူကရိန်းတို့ကြားတိုက်ရိုက်တွေ့ဆုံဆွေးနွေးရန် ခရိုင်းမီးယားနှင့်ဒေသအချို့ကို ရုရှားနိုင်ငံပိုင်အဖြစ် သတ်မှတ်ရန်ပါဝင်သည်။           

Ref: Tass

ရုရှားထိပ်တန်း ဒုတိယဗိုလ်ချုပ်ကြီး ကားဗုံးခွဲသတ်ဖြတ်ခံရ

ရုရှားတပ်မတော် ဒုတိယဗိုလ်ချုပ်ကြီး Yaroslav Moskalik သည် မော်စကိုမြို့အနီး ဘာလာရှီခါမြို့ရှိ ၎င်း၏ အိမ်အနီးတွင် ဧပြီ ၂၅ ရက် နံနက်ပိုင်းက ကားဗုံးခွဲခံရသဖြင့် သေဆုံးသွားကြောင်း သိရပါသည်။

အခင်းဖြစ်ပွားမှုအပေါ် ရုရှားစုံစမ်းရေးကော်မတီ (SK) ၏ စစ်ဆေးမှုများအရ စစ်ဗိုလ်ချုပ် Yaroslav Moskalik ၏ နေအိမ်အနီး ရပ်ထားသော Volkswagen Golf ကားအောက်တွင် သံမဏိစများ (Shrapnel) ထည့်ထားသည့် လက်လုပ်မိုင်းထားရှိပြီး အဝေးထိန်းစနစ်ဖြင့် ၄င်းရောက်ရှိ လာချိန်တွင် ဖောက်ခွဲသတ်ဖြတ်ခဲ့သည်ဟု ယူဆထားပါသည်။ 

အခင်းဖြစ်ပွားရာနေရာ၌ မော်တော်ကားလုံးဝပျက်စီးကာ ထိုကားအနီးရှိ စစ်ဗိုလ်ချုပ် Yaroslav Moskalik မှာ ချက်ချင်းသေဆုံးသွားကြောင်း သိရှိ ရပါသည်။ ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ယူကရိန်းသည် ရုရှား၏ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသည်ဟု သတိပေးပြောကြားလိုက်ပါသည်။

သို့ရာတွင်လည်း ဖြစ်စဉ်အတွက် တိုက်ရိုက်သက်သေ (ဥပမာ - ဖမ်းဆီး ထားသော သံသယရှိသူများ၊ CCTV မှတ်တမ်း) ကို ပြသနိုင်ခြင်း မရှိသေးချေ။ လက်ရှိတွင် အဆိုပါဖြစ်စဉ်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ကာ ရာဇဝတ်မှုဆိုင်ရာ ပုဒ်မ ၂၀၅ - အကြမ်းဖက်မှုအဖြစ် သတ်မှတ်၍ အာဏာပိုင်များက စုံစမ်းဖော်ထုတ်လျက်ရှိနေပါသည်။

ယူကရိန်းအစိုးရက ယခုတိုက်ခိုက်မှုနှင့် ဆက်စပ်မှုမရှိဟု ငြင်းဆိုထားခြင်း မရှိသေးချေ။ ယူကရိန်းထောက်လှမ်းရေး (SBU) သည် ယခင်က ရုရှား နယ်တွင်းစစ်ရေးပစ်မှတ်များ (ဥပမာ - ခရုမ်စ်တံတား ဗုံးခွဲမှု) ကို တိုက်ခိုက် ဖူးသည်။ သို့ရာတွင် အရပ်သားနှင့် စစ်ဗိုလ်ချုပ်များကို ပစ်မှတ်ထားသည့် လုပ်ရပ်များကို ယူကရိန်းက တရားဝင်ဝန်ခံလေ့မရှိချေ။

အနောက်နိုင်ငံများဖြစ်သည့် အမေရိကန်၊ ဥရောပသမဂ္ဂတို့က ယခု တိုက်ခိုက်မှုအပေါ် မှတ်ချက်မပြုဘဲ တိတ်ဆိတ်နေကြပါသည်။ ပူတင် အစိုးရက အဆိုပါဖြစ်စဉ်မှာ ယူကရိန်း၏ စစ်ရေးရှုံးနိမ့်မှုကြောင့် လက်စား ချေခြင်းအဖြစ် အသုံးချသည်ဟု ပြောကြားထားပါသည်။

သေဆုံးသူ ဒုတိယဗိုလ်ချုပ်ကြီး ယာရိုဆလပ် မိုစ်ကာလစ် (Lt. Gen. Yaroslav Moskalik) သည် ရုရှားတပ်မတော်၏ အရေးပါသော စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး မကြာသေးမီက စစ်ဆင်ရေးနှင့် နည်းဗျူဟာများကို ဦးဆောင်ခဲ့သူ စစ်ဗိုလ်ချုပ်ကြီး တစ်ဦး ဖြစ်ပါသည်။

ကိုးကား- NBCN

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ဆက်စပ်သတင်း- https://sacministry.gov.mm/my/news/5019

ကမ္ဘာလုံးဆိုင်ရာ ဒရုန်းနည်းပညာဖိုရမ် ရုရှား၌ ကျင်းပမည်

လာမည့် ဩဂုတ်လတွင် ရုရှားနိုင်ငံ၌ ကမ္ဘာလုံးဆိုင်ရာ ဒရုန်းနည်းပညာ ဖိုရမ် ကျင်းပမည်ဖြစ်ကြောင်း ရုရှားစက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဒရုန်းစနစ်နှင့် Robotic နည်းပညာဌာနခွဲ၏ ခေါင်းဆောင် Alexey Serdyuk က ပြည်နယ်ဒူမားတွင် ကျင်းပသော ဆွေးနွေးပွဲ၌ ထုတ်ဖော်ကြေညာလိုက် ပါသည်။ 

ထိုဖိုရမ်ကို ရုရှား တပ်မတော်၏ Army Forum နှင့်အတူ ကျင်းပမည် ဖြစ်ပါသည်။ ရုရှားသည် ယူကရိန်းစစ်ပွဲတွင် Lancet နှင့် Orion ကဲ့သို့သော ဒရုန်းများ အသုံးပြုမှုဖြင့် ကမ္ဘာ့အာရုံစိုက်မှုရရှိခဲ့ရာ အဆိုပါဒရုန်းဖိုရမ်မှာ စိတ်ဝင်စားဖွယ် ကောင်းနေပါသည်။