ကာ့စ်ခ်(Kursk)ဒေသ၌ ယူကရိန်းတိုက်ခိုက်ရေးသမားများကို ချေမှုန်းသုတ်သင်ခြင်းသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ မကြာမီကာလအတွင်း ထိုဒေသ၏နယ်မြေတစ်ခုလုံးကို ချေမှုန်းသုတ်သင်သွားမည်ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုးဂူ က TASS သတင်းဌာန နှင့်အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။ “အကြမ်းဖက် တိုက်ဖျက်ရေးစစ်ဆင်ရေး၏ မူဘောင်အတွင်း ကာ့စ်ခ်ဒေသရှိ တိုက်ခိုက်ရေး သမားများကို ချေမှုန်းသုတ်သင်ခြင်းသည် ပြီးဆုံးလုနီးပါးဖြစ်နေပြီ ဖြစ် ပါသည်။ မဟာဗျူဟာမြောက်ဓာတ်ငွေ့ပိုက်လိုင်း အူရင်ဂွိုင်း-ပိုမာရီ-ဥဇ်ဂိုရော့ဒ် အပိုင်းကို အသုံးပြုကာ ‘ပိုတော့’ စစ်ဆင်ရေးကို

ကာ့စ်ခ်(Kursk)ဒေသ၌ ယူကရိန်းတိုက်ခိုက်ရေးသမားများကို ချေမှုန်းသုတ်သင်ခြင်းသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ မကြာမီကာလအတွင်း ထိုဒေသ၏နယ်မြေတစ်ခုလုံးကို ချေမှုန်းသုတ်သင်သွားမည်ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုးဂူ က TASS သတင်းဌာန နှင့်အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။ “အကြမ်းဖက် တိုက်ဖျက်ရေးစစ်ဆင်ရေး၏ မူဘောင်အတွင်း ကာ့စ်ခ်ဒေသရှိ တိုက်ခိုက်ရေး သမားများကို ချေမှုန်းသုတ်သင်ခြင်းသည် ပြီးဆုံးလုနီးပါးဖြစ်နေပြီ ဖြစ် ပါသည်။ မဟာဗျူဟာမြောက်ဓာတ်ငွေ့ပိုက်လိုင်း အူရင်ဂွိုင်း-ပိုမာရီ-ဥဇ်ဂိုရော့ဒ် အပိုင်းကို အသုံးပြုကာ ‘ပိုတော့’ စစ်ဆင်ရေးကို ထူးချွန်စွာ ဆောင်ရွက်ခဲ့ပါသည်။
ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးက အထူးစစ်ဆင်ရေးဇုန်ရှိ အခြေအနေများသည် နိုင်ငံတကာနှင့် ရုရှားအတွင်းရှိအခြေအနေများကို အများဆုံးသက်ရောက်နေသည့် အဓိကအချက်ဖြစ်ကြောင်း မှတ်ချက်ပြု ခဲ့ပါသည်။
“ယနေ့အချိန်တွင် ရုရှားဖက်ဒရေးရှင်း၏ ကာကွယ်ရေးတပ်ဖွဲ့များသည် လူဂန့်ပြည်သူ့သမ္မတနိုင်ငံ၏ နယ်မြေ ၉၉% ကျော်နှင့် ခါဆွန်ဒေသ၊ ဒိုနက်ဇ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဇာပေါ်ရိုရှီယာဒေသ၏ သုံးပုံနှစ်ပုံခန့်ကို လွတ်မြောက်စေခဲ့ပြီးဖြစ်ပါသည်။ လက်ရှိတွင် ရုရှားတပ်ဖွဲ့များသည် တိုက်ခိုက်ရေးထိတွေ့မှုမျဉ်းတစ်ခုလုံးတွင် တက်ကြွစွာ ထိုးစစ်ဆင် တိုက်ခိုက် နေကြပြီး မြို့ရွာအသစ်များကို လွတ်မြောက်စေလျက်ရှိပါသည်။ “အခြေ အနေများသည် နေ့စဉ်မိမိတို့ဘက်သို့ အကျိုးရှိစေပြီး ပြောင်းလဲနေ ပါသည်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။
ယူကရိန်းနှင့် အခြားနိုင်ငံများမှ အကြမ်းဖက်သမားများက ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအပြင် ၎င်းတို့က ဖြစ်ပေါ်စေခဲ့သော ထိခိုက် ပျက်စီးမှုများကို ချက်ချင်းမှတ်တမ်းတင်ရန် အရေးကြီးကြောင်း ရုရှား လုံခြုံရေးကောင်စီအတွင်းရေးမှူးက အလေးအနက်ပြောကြားခဲ့ပါသည်။ “ကာ့စ်ခ်နယ်မြေတွင် တိုက်ခိုက်ရေးသမားများက ရက်စက် ကြမ်းကြုတ်စွာ ပြုလုပ်ခဲ့သော လုပ်ရပ်များကိုထောက်ရှု၍ မည်သူ့ကိုမျှ သက်ညှာခွင့် ပေးမည်မဟုတ်ပါ။ အသက်ရှင်ကျန်ရစ်သူများကို အကြမ်းဖက်သမားများအဖြစ် တရားစီရင်မည်ဖြစ်ပြီး ၎င်းတို့တစ်ဦးစီသည် ထိုက်တန်သော ပြစ်ဒဏ်ကို ခံယူရမည်ဖြစ်ပါသည်” ဟု ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရှိုးဂူက ကောက်ချက်ချပြောဆိုခဲ့သည်။
ကိုးကား - Tass

ရုရှားသမ္မတဗလာဒီမာ ပူတင်က ယူကရိန်းစစ်သားများသည် စားသောက်ဆိုင်များတွင် အရက်သေစာသောက်စားပျော်ပါးခြင်းကို ပြုလုပ်နေပါက ၎င်း နေရာများသည် စစ်ရေးပစ်မှတ်များဖြစ်လာနိုင်ကြောင်း သတင်းထောက် များအား ပြောကြားခဲ့သည်။

“ပြစ်ဒဏ်ချမှတ်ခံရန် အလားအလာအရှိဆုံးပုဂ္ဂိုလ်များမှာ စားသောက်ဆိုင်များတွင် ဗော်ကာအရက်များ သောက်စား၍ ညီလာခံများ၊ အစည်းအဝေး များ ပြုလုပ်နေသူများ ဖြစ်ကြပါကြောင်း၊ ထိုနေရာများကို တစ်ခါ ပစ်ခတ် ခဲ့ဖူးပါကြောင်း၊ ထိုကဲ့သို့နေရာက အရပ်သားနေရာဖြစ်သော်လည်း ပစ်မှတ် အနေဖြင့် စစ်ရေးပစ်မှတ်ဖြစ်သွားပါကြောင်း၊ ထိုကိစ္စကို နှစ်နိုင်ငံညှိနှိုင်းမှုများဖြင့် ဖြေရှင်းရန် လိုအပ်ပါကြောင်း၊ ယင်းအချက်ကို စိစစ်ပြီး သင့်လျော်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရမည်ဖြစ်ပါကြောင်း” ပူတင်က ပြောကြားခဲ့ပါသည်။
ဧပြီ ၄ ရက်က ရုရှားတပ်များသည် ခရီဗွိုင်ရော့မြို့ရှိ စားသောက်ဆိုင် တစ်ခုကို ပစ်ခတ်ခဲ့ရာ ကရိန်းစစ်ဗိုလ်များနှင့် အနောက်နိုင်ငံမှ လေ့ကျင့် သင်ကြားပေးသူ ၈၅ ဦးခန့် သေဆုံးခဲ့ပြီး ယာဉ် ၂၀ ခန့် ပျက်စီးခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ဥရောပသည် စေ့စပ်ညှိနှိုင်းမှုကိုမဟုတ်ဘဲ စစ်ကိုသာလိုလားနေပါကြောင်း၊ လက်ရှိအချိန်အထိ ရုရှားနှင့် သဘောထားကိုက်ညီမှု မရှိပါကြောင်း ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကိုဗ်က ပြင်သစ် သတင်းစာ Le Point ကို ပြောကြားလိုက်ပါသည်။
“ဥရောပက စစ်ကိုသာ လိုလားနေပြီး ညှိနှိုင်းမှုကို မလိုလားပါ။ မိမိတို့ဘက်ကလည်း ၎င်းတို့ကို အတင်းအကျပ် ဆွဲခေါ်ထားမည်မဟုတ်ပါ” ဟု ၎င်းက ဆိုသည်။

ဥရောပတစ်ခုလုံးသည် ဘိုင်ဒင်အစိုးရအတွက် အလုပ်လုပ်နေသကဲ့သို့ ဖြစ်နေပါကြောင်း၊ ဥရောပသည် အချုပ်အခြာအာဏာပိုင် မဟုတ်ဘဲ၊ဘိုင်ဒင်အစိုးရ၏ အမိန့်အတိုင်း လိုက်နာဆောင်ရွက်နေခြင်းသာ ဖြစ်ကြောင်း၊ ထို့အတူ သမ္မတတိုင်း၊ ဝန်ကြီးချုပ်တိုင်းသည် ဘိုင်ဒင်၏ အကြံပေးများ သဖွယ် ဖြစ်နေပါကြောင်း၊ ယခုအချိန်အထိ ဝါရှင်တန်ကသာ အဓိက အခန်းကဏ္ဍမှဝင်နေပါကြောင်း ပက်စကိုဗ်က ထောက်ပြထားပါသည်။
ကိုးကား- ကရင်မလင်

ရုရှား၏ နိုင်ငံခြားရေးဝန်ကြီးဌာန (Kremlin) က ဖင်လန်နိုင်ငံတွင် NATO ၏ စစ်ရေးတပ်ဖွဲ့များ တိုးချဲ့တည်ဆောက်မှုအား “ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်သည့် အဆင့်မြင့် စစ်ရေးလှုပ်ရှားမှု” အဖြစ် သတ်မှတ်ကာ လိုအပ်ပါက ထိရောက်သောတုံ့ပြန်မှုများ ပြုလုပ်မည်ဟု ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၃) တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်တွင် NATO အဖွဲ့ဝင် ဖြစ်လာပြီးနောက် ဖင်လန်နိုင်ငံသည် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လျက်ရှိသည်။ ယခုလတွင်း ဖင်လန်နှင့် NATO တပ်ဖွဲ့များ၏ ပူးတွဲလေ့ကျင့်မှုများနှင့် စစ်လက်နက်သစ်များ တပ်ဆင်မှုတို့ကို ရုရှားက “နယ်စပ်ဒေသ မတည်ငြိမ်မှုကို ဖြစ်စေနိုင်” ဟု ဝေဖန်ခဲ့သည်။
ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ် (Dmitry Peskov) က “NATO ၏ ဖင်လန်ရှိ စစ်အခြေစိုက်စခန်း တိုးချဲ့မှုသည် ရုရှား၏ အကျိုးစီးပွားနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေပြီး မိမိတို့၏ နယ်နိမိတ် အနီး စစ်ရေးအခြေအနေကို ပိုမိုတင်းမာစေသည်"ဟု ပြောကြားခဲ့သည်။ ထို့အပြင် “အဆိုပါလုပ်ရပ်များအတွက် ရုရှားက စစ်ရေးနှင့် နည်းဗျူဟာ ဆိုင်ရာ တုံ့ပြန်မှုများ ဆောင်ရွက်မည်” ဟု သတိပေးခဲ့သည်။
ဖင်လန်နိုင်ငံခြားရေးဝန်ကြီးက “မိမိတို့၏ ကာကွယ်ရေးလုပ်ငန်းစဉ်များသည် ကာကွယ်ရေးဆိုင်ရာသာဖြစ်ပြီး မည်သည့်နိုင်ငံကိုမျှ ခြိမ်းခြောက်ရန် ရည်ရွယ်ခြင်းမရှိ” ဟု ပြန်လည်ငြင်းဆိုခဲ့သည်။
NATO အထွေထွေအတွင်းရေးမှူး ဂျန်းစ် စတော်လင်ဘာ့ဂ် (Jens Stoltenberg) ကလည်း “ဖင်လန်၏ အဖွဲ့ဝင်အခွင့်အရေးများကို လေးစားပြီး မည်သည့် ခြိမ်းခြောက်မှုကိုမဆို ပူးပေါင်းကာကွယ်မည်” ဟု ထုတ်ပြန်ခဲ့သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ကျဲကျန်းပြည်နယ်၊ ကျင်ဟွာမြို့ရှိ စာသင်ကျောင်းတစ်ကျောင်း အပြင်ဘက်၌ အင်္ဂါနေ့ (ဧပြီလ ၂၂ ရက်) က လူအများအပြား စုဝေးနေချိန် လူအုပ်ကို ကားတစ်စီးက ဝင်တိုက်ခဲ့ခြင်းကြောင့် ကလေးငယ်များအပါအဝင် လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် အသံလွှင့် ဌာနတစ်ခုမှ ဖော်ပြချက်အရ သိရပါသည်။
ကျောင်းအပြင်ဘက် လမ်းသွားလမ်းလာများနှင့် ကျောင်းသားများ များစွာ ရှိနေချိန်တွင် ကားက လူအုပ်ကြား တိုးဝင်ရောက်လာခြင်းဖြစ်သည်ဟု ယာဉ်ကြောပိတ်ဆို့မှုဆိုင်ရာ ရေဒီယိုအစီအစဉ်တစ်ခုက ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၃) တွင် ပြောကြားခဲ့ပါသည်။

X နှင့် CNN ၌ ဖော်ပြထားသည့် ဗွီဒီယိုအရ အခင်းဖြစ်ပွားရာနေရာတွင် ကျောင်းသားသုံးဦး အပါအဝင် လူငါးဦးထက်မနည်း မြေပြင်ပေါ်၌ လဲကျ နေသည်ကိုတွေ့ရပါသည်။ ထိခိုက်ဒဏ်ရာရသူအရေအတွက်နှင့် ဒဏ်ရာ ပြင်းထန်မှုကို မသိရှိရသေးပေ။ ထို့အပြင် အဆိုပါဖြစ်ရပ်သည် မတော်တဆမှု သို့မဟုတ် တမင်တကာလုပ်ရပ် ဆိုသည်ကိုလည်း ရှင်းလင်း ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရပါသည်။
တရုတ်နိုင်ငံတွင် လွန်ခဲ့သည့်နှစ်များအတွင်း နိုင်ငံတစ်ဝှမ်း သာမန် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်သည့် အကြမ်းဖက်မှုများ ခပ်စိပ်စိပ် တွေ့ရှိလာရပါသည်။ လွန်ခဲ့သောနှစ် နိုဝင်ဘာလအတွင်းတွင် တရုတ် နိုင်ငံအရှေ့ပိုင်းရှိ ကောလိပ်ကျောင်းဝင်းထဲ၌ အစုလိုက်အပြုံလိုက် ဓားထိုးမှုတစ်ခုကြောင့် လူ ၈ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ပါသည်။
ကိုးကား-NSS

ပါကစ္စတန် အမျိုးသားလုံခြုံရေးကောင်စီ (NSC) ၏ ဆုံးဖြတ်ချက်အရ အိန္ဒိယ-ပါကစ္စတန် နယ်စပ်ရှိ ဝါဂါဂိတ်စခန်းကို အရေးပေါ် ပိတ်သိမ်းမည် ဖြစ်ပြီး အိန္ဒိယပိုင် (သို့) အိန္ဒိယလေကြောင်းလိုင်းများအား ပါကစ္စတန် လေကြောင်းနယ်နိမိတ် အသုံးပြုခွင့်ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဧပြီ ၂၄ တွင် ကြေညာချက်ထုတ်ပြန်လိုက်ပါသည်။
ထိုဆုံးဖြတ်ချက်မှာ ဂျမူးနှင့်ကက်ရှ်မီးယား ပဋိပက္ခဒေသ (အိန္ဒိယထိန်းချုပ် ဧရိယာ) တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုအား အိန္ဒိယက တုံ့ပြန်မှုများကြောင့် ဖြစ်ပါသည်။

ဝါဂါနယ်စပ်ဂိတ် အရေးပေါ်ပိတ်သိမ်းခြင်းကြောင့် အိန္ဒိယမှ နယ်စပ် ဖြတ်ကျော် ခရီးသွားလာမှု အားလုံးကို ချက်ချင်းရပ်ဆိုင်းမည်ဖြစ်ပြီး ပုံမှန် သက်တမ်းဗီဇာဖြင့် ဖြတ်ကျော်ထားသူများသာ ဧပြီ ၃၀ မတိုင်မီ ပြန်လည် ဖြတ်သန်းခွင့်ပေးထားမည်ဖြစ်ပါသည်။ ထို့ပြင် ပါကစ္စတန်၏ လေကြောင်း နယ်နိမိတ်အား အိန္ဒိယလေယာဉ်များ အသုံးပြုခွင့် ချက်ချင်း ရုပ်သိမ်း ရမည် ဖြစ်ပါသည်။
ဧပြီ ၂၂ တွင် အိန္ဒိယထိန်းချုပ် ကက်ရှ်မီးယားဒေသ (ပါဟာဂမ်မြို့) ၌ လက်နက်ကိုင် အကြမ်းဖက်သမားများက ခရီးသွားများအား ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အိန္ဒိယနိုင်ငံသား ၂၅ ဦးနှင့် နီပေါမှ ခရီးသွား ၁ ဦး သေဆုံးခဲ့သည်။ The Times of India ၏ ထုတ်ဖော်ချက်အရထိုတိုက်ခိုက်မှုကို The Resistance Front (TRF) က စီစဉ်ခဲ့ပြီး ၎င်းသည် ပါကစ္စတန်အခြေစိုက် Lashkar-e-Taiba (LeT)အဖွဲ့၏ လက်ခွဲအဖွဲ့ဖြစ်ပါသည်။
အိန္ဒိယက ပါကစ္စတန်အပေါ် ပစ်မှတ်ထား ဝေဖန်မှုများ ပြုလုပ်နိုင်ခြေရှိပြီး၊ ပါကစ္စတန်က တာဝန်မရှိဟု ငြင်းဆိုလေ့ရှိသည်။ ဝါဂါဂိတ်ပိတ်ခြင်းနှင့်လေကြောင်းပိတ်ခြင်းတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုဆိုးရွားစေ နိုင်ပြီး ကုန်သွယ်ရေး၊ ခရီးသွားလာရေးနှင့် ဒေသတွင်း လုံခြုံရေးအပေါ် သက်ရောက်မှုရှိလာမည်ဖြစ်ပါသည်။
အဆိုပါအခြေအနေသည် ၂၀၁၉ ခုနှစ်က ပါကစ္စတန်က အိန္ဒိယ လေကြောင်း ပိတ်ပင်ခဲ့သည့် Balakot အရေးအခင်းနှင့် ဆင်တူနေပါသည်။

မတ်လတွင်စတင်ခဲ့သည့် ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် အမေရိကန်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးများကြောင့် အကြီးတန်းအရာရှိများအပါအဝင် ဟူသီလက်နက်ကိုင်အဖွဲ့ဝင် (၅၀၀) ကျော် သေဆုံးခဲ့ကြောင်း ထောက်လှမ်းရေးနှင့် နီးစပ်သော သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရပါသည်။

လွန်ခဲ့သောသီတင်းပတ်(၅)ပတ်ကျော်အတွင်း အမေရိကန်သည် ဟူသီ လက်နက်ကိုင်အဖွဲ့အပေါ် လေကြောင်းနှင့် ရေကြောင်းမှ ပစ်ခတ် တိုက်ခိုက်မှု များကို နေ့စဉ်နီးပါးလုပ်ဆောင်ခဲ့သော်လည်း ရလဒ်များနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိခဲ့ကြောင်း သိရပါသည်။ သို့သော်လည်း နောက်ဆုံးရ သတင်းအချက်အလက်များ အရအမေရိကန်၏ တိုက်ခိုက်မှုများကြောင့် ဟူသီလက်နက်ကိုင် အဖွဲ့ဝင် (၅၀၀)မှ(၆၀၀)ကြားသေဆုံးခဲ့ပြီး အများစုသည် ဒုံးကျည်စနစ် အော်ပရေတာ များနှင့် ဒရုန်းကျွမ်းကျင်သူများ အပါအဝင် အဆင့်မြင့်အရာရှိများ ဖြစ်သည်ဟု သိရပါသည်။
ထို့အပြင် ယီမင်၏ဒေသအသစ်များဆီသို့ အမေရိကန်၏ စစ်ဆင်ရေး တိုးချဲ့လာမှုများကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ခြေရှိသည်ဟု အဆိုပါကိစ္စနှင့်ရင်းနှီးသည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါသည်။ အမေရိကန်၏လေကြောင်းနှင့်ရေကြောင်းမှ ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ဟူသီလက်နက်ကိုင်အဖွဲ့၏ လေ့ကျင့်ရေးစခန်း အများအပြား ပျက်စီးခဲ့ပြီး တိုက်ခိုက်ခံရသည့်နေရာများတွင် အသက်ရှင် ကျန်ရစ်သူမရှိကြောင်း အဆိုပါသတင်းရင်းမြစ်ကပြောကြားခဲ့ပါသည်။
ကိုးကား-NP News

ကက်ရှ်မီးယားအကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ဒေသတွင်းခရီးသည်များ လာရောက်လည်ပတ်မှုအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်ဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်ကြပါသည်။ အိန္ဒိယနှင့် ပါကစ္စတန်ကြား အငြင်းပွား နယ်မြေအဖြစ် ထင်ရှားသကဲ့သို့ လှပသည့်တောင်များ၊ ချိုင့်ဝှမ်းများနှင့် ဆီးနှင်းများဖုံးလွှမ်းနေသည့် လွင်ပြင်ကျယ်များကြောင့် ကျော်ကြားသော ဒေသတွင် ဖြစ်ပျက်ခဲ့မှုက ကမ္ဘာလှည့်ခရီးသွားများကို ထိတ်လန့်စေခဲ့ကြောင်း The Strait Times က ဖော်ပြခဲ့ပါသည်။ ပြီးခဲ့တဲ့နှစ်က ကက်ရှ်မီးယားကို ခရီးသည် ၃ သန်းအထိ လာရောက်ခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယသည် ပါကစ္စတန်သံအမတ်များကို တစ်ပတ်အတွင်း ဒေလီက ထွက်ခွာရန် အသိပေးလိုက်ပြီး အစ္စလာမ္မာဘတ်က အိန္ဒိယသံရုံး ဝန်ထမ်းအားလုံးကိုလည်း ပြန်လာရန် ညွှန်ကြားလိုက်ကြောင်း သတင်းများအရ သိရှိရပါသည်။
ကိုးကား- ဒေသတွင်းမီဒီယာ

အီရန်နိုင်ငံက နိုင်ငံအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကိုသာ ဖယ်ရှားပေးမည်ဆိုပါက ၎င်းတို့၏ နျူကလီးယားအစီအစဉ်ကို ပိုမို ပွင့်လင်းမြင်သာမှုရှိစေရေး လုပ်ဆောင်ရန်အသင့်ရှိကြောင်း အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဖာတီမာမိုဟာ ဂျီရာနီက ဧပြီလ ၂၂ ရက်တွင်ပြောသည်။

ပိတ်ဆို့မှုများကိုဖယ်ရှားပေးခြင်းက ပြည်သူများ၏ဘဝများအပေါ် အပြု သဘောဆောင်သည့် သက်ရောက်မှုများရှိစေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပိတ်ဆို့မှုကို ဖယ်ရှားခြင်းနှင့် အီရန်၏နျူကလီးယားအစီအစဉ်အပေါ် ပိုမို ယုံကြည်လာစေရေး၊ ပွင့်လင်းမြင်သာမှုရှိစေရေး ဆောင်ရွက်ခြင်းတို့ကို အပြန်အလှန်လဲလှယ်သွားမည်ဖြစ်ကြောင်း မိုဟာဂျီရာနီက ပြောကြား ခဲ့သည်။
ထိုသို့လုပ်ဆောင်မည်ဆိုပါက အချိန်တိုအတွင်းမှာပင် အမေရိကန်နှင့် နျူကလီးယားသဘောတူညီချက်တစ်ခုကို ရရှိနိုင်ကြောင်း ၎င်းက ဆက်ပြောထားသည်။
ထို့ပြင် မကြာသေးမီက လုပ်ဆောင်ခဲ့သည့် အီရန်-အမေရိကန် ဒုတိယ အကျော့ဆွေးနွေးမှုသည် အပြုသဘောဆောင်ပြီး တိုးတက်မှုရှိကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူ က ပြောထားသည်ဟု Sputnik သတင်းဌာန ဖော်ပြချက်အရ သိရှိရပါသည်။
ကိုးကား- Sputnik

ပါဟာဂမ်မြို့အနီးတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ အိန္ဒိယသမ္မတ ဒရိုပေါဒီ မူရ်မူ နှင့် နိုင်ငံတော်ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီတို့အား ရုရှားသမ္မတ ဗလာဒီမာပူတင်က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။

သဝဏ်လွှာတွင် “ပါဟာဂမ်မြို့အနီးတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်လုပ်ရပ်ကြောင့် မတူညီသည့်နိုင်ငံများမှ ပြည်သူများ အသက်ဆုံးရှုံးရမှုအတွက် မိမိ၏ နက်ရှိုင်းသောဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့လိုက် ပါသည်။ ထိုရက်စက်ကြမ်းကြုတ်သောပြစ်မှုအား မည်သည့်ဆင်ခြေမျှရှိနိုင်မည်မဟုတ်ပါ။ အဆိုပါလုပ်ရပ်၏စီစဉ်သူများနှင့် လုပ်ဆောင်သူ များသည် ထိုက်တန်သောပြစ်ဒဏ်ကို ခံယူရလိမ့်မည်ဟု မိမိတို့ မျှော်လင့်ပါသည်” ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။
ရုရှားနိုင်ငံသည် အိန္ဒိယနှင့်အတူ အကြမ်းဖက်မှုအားလုံးကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့ရန် အသင့်ရှိကြောင်းလည်း သမ္မတ ဗလာဒီမာပူတင်က ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် “သေဆုံးသူများ၏ဆွေမျိုးများနှင့် မိတ်ဆွေများထံ မိမိ၏ စိတ်ရင်းမှန်ဖြင့် စာနာမှုနှင့် ထောက်ခံမှုစကားများပေးပို့ပေးပါရန်နှင့် ဒဏ်ရာရသူ အားလုံး အမြန်ဆုံးသက်သာလာပါစေကြောင်း ဝန်ကြီးချုပ်မှတစ်ဆင့် ဆန္ဒပြုပေးပါရန် မေတ္တာရပ်ခံပါသည်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။
ဧပြီ ၂၂ ရက်(အင်္ဂါနေ့)တွင် အိန္ဒိယမြောက်ပိုင်း ပါဟာဂမ်မြို့၌ အကြမ်းဖက် သမားများက ကာကီရောင်ဝတ်စုံများ ဝတ်ဆင်ကာ AK-47 သေနတ်များဖြင့် ဘိုင်ဆာရန်တောင်ကြားလွင်ပြင်ရှိ ခရီးသွားများကို ပစ်ခတ် တိုက်ခိုက်ခဲ့ ပါသည်။ ပစ်ခတ်သူများသည် ထွက်ပြေးသွားခဲ့ပြီး အိန္ဒိယ လုံခြုံရေး တပ်ဖွဲ့ များက ဧရိယာကို ဝိုင်းရံထိန်းသိမ်းထားကာ စုံစမ်းရှာဖွေမှုများ ဆောင်ရွက် နေပါသည်။ သေဆုံးသူများတွင် နိုင်ငံခြားသား အနည်းဆုံး နှစ်ဦး ပါဝင်ကြောင်း သိရှိခဲ့ရသည်။ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများ အနက်တွင် ရုရှားနိုင်ငံသားများပါဝင်သည်ဟု သတင်းမရရှိသေးကြောင်း အိန္ဒိယရှိ ရုရှားသံရုံးက အသိပေးခဲ့ပါသည်။