သတင်းများ

ဂျမူး-ကက်ရှ်မီးယား အကြမ်းဖက်တိုက်ခိုက်မှုအပြီး အိန္ဒိယအစိုးရက ပိုမို တင်းကျပ်သော အရေးယူမှုများ ဆောင်ရွက်မည်

ဂျမူး-ကက်ရှ်မီးယားဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ အစိုးရမှ ပိုမိုပြင်းထန်သော အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အိန္ဒိယပါလီမန်ရေးရာဝန်ကြီး Kiren Rijiju က အိန္ဒိယ အစိုးရနှင့် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များနှင့် ကျင်းပပြုလုပ်သော အရေးပေါ်အစည်းအဝေး (CCS Meeting) အပြီးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ကြေညာလိုက်ပါသည်။

လတ်တလောဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုသည် လွန်စွာဝမ်းနည်းဖွယ်ကောင်းပြီး တစ်နိုင်ငံလုံးအနေဖြင့် စိုးရိမ်ပူပင်ကြရကြောင်း၊ အစိုးရအနေဖြင့် ပိုမိုတင်းကျပ်သော အရေးယူမှုများဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ပြီးဖြစ်ပါကြောင်း ပါလီမန်ဝန်ကြီးက ပြောကြားထားပါသည်။ 

အဆိုပါအစည်းအဝေး၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အိန္ဒိယ၏ တုံ့ပြန်မှုများကို ကာကွယ်ရေးဝန်ကြီး Rajnath Singh က အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်ဟု သိရပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ဂျပန်ကအဆင့်မြှင့်တင်ထားသည့်  လျှပ်စစ်သံလိုက်လှိုင်းသုံး Rail Gun ကို ထုတ်ဖော်ပြသ

ဂျပန်နိုင်ငံက အသံနှုန်းလွန်ဒုံးကျည်များကို ကြားဖြတ်ပစ်ချနိုင်ရေးအတွက်ရည်ရွယ်၍အဆင့်မြှင့်တင်ထားသည့် လျှပ်စစ်သံလိုက်လှိုင်းသုံး  Rail Gun ကိုထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေယာဉ်တစ်စင်းပေါ် တင်ဆောင်ထားသည့် Rail Gun ၏ဓာတ်ပုံကိုထုတ်ဖော် ပြသခဲ့ခြင်းဖြစ်သည်။ ထို့နောက် လေ့လာသူများက ဂျပန်နိုင်ငံသည် လေကြောင်းရန်ကာကွယ်ရေးအတွက်အဆင့်မြင့်လက်နက်စနစ်ကိုအသုံးပြုနိုင်သော ရေတပ်များအနက်တစ်ခုဖြစ်လာပြီဖြစ်ကြောင်းပြောထားသည်။

ယခုထုတ်ဖော်ပြသသော Rail Gun သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင်  စမ်းသပ်ပစ်ခတ်မှုလုပ်ဆောင်စဉ် မြင်တွေ့ခဲ့ရသော ရှေ့ပြေးပုံစံထက် များစွာသောပြုပြင်ပြောင်းလဲအဆင့်မြှင့်တင်မှုများ လုပ်ထားသည်ကိုတွေ့ရကြောင်း လေ့လာသူများကဆက်ပြောသည်။

သမားရိုးကျအမြောက်စနစ်များနှင့်နှိုင်းယှဉ်ပါက Rail Gun အတွက်အသုံးပြုသည့် ကျည်များသည် သေးငယ်ပြီးအသံနှုန်းလွန် ဒုံးကျည်များနှင့်အပြိုင်လိုက်ပါနိုင်သော အမြန်နှုန်းရှိကာ ဒုံးကျည်များထက် ကုန်ကျစရိတ်နည်းပါး၍ လျှပ်စစ်သံလိုက်စက်ကွင်းများကို   အသုံးပြုပစ်ခတ်ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံက ယခုကဲ့သို့အဆင့်မြင့်မားသည့် Rail Gun ကိုတီထွင်ဖန်တီးအသုံးပြု လာမည်ဆိုပါက ဂျပန်နိုင်ငံသည်တိုက်စစ် မဟာဗျူဟာလမ်းကြောင်းနောက်သို့လိုက်နေသည်ဟုဆိုနိုင်သောကြောင့်အခြားနိုင်ငံများအတွက် အန္တရာယ်ရှိနိုင်ကြောင်း လေ့လာသူတစ်ဦးကပြောသည်။

Ref: SCMP

Source: https://myawady.net.mm/

မော်စကိုဒေသ ဗလာရှီခါမြို့တွင် ကားဗုံးပေါက်ကွဲမှုကြောင့် ရုရှားထိပ်တန်း ဗိုလ်ချုပ်တစ်ဦး သေဆုံးမှု ဖြစ်ပွား

ရုရှားနိုင်ငံ၊ မော်စကိုဒေသ၊ ဗလာရှီခါမြို့တွင် ကားဗုံးပေါက်ကွဲမှုတစ်ခု ဧပြီ ၂၅ ရက်(သောကြာနေ့) နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုအတွင်း ရုရှားတပ်မတော်မှ ထိပ်တန်းအရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း ရုရှားအာဏာပိုင်များက အတည်ပြု ပြောကြားခဲ့သည်။

ရုရှားလက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်ရုံး၊ စစ်ဆင်ရေးဌာန၏ ဒုတိယအကြီးအကဲဖြစ်သူ ဗိုလ်ချုပ် ယာရိုစလာ့ မော့စကာလစ်သည် Volkswagen Golf ကားတစ်စီး ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ကြောင်း ရုရှား စုံစမ်းရေးကော်မတီက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့ သည်။

ယင်းပေါက်ကွဲမှုသည် သံစများထည့်ထားသော လက်လုပ်ဗုံးတစ်လုံးကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအမှုနှင့်ပတ်သက်၍ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ခဲ့ကြောင်းလည်းစုံစမ်းရေးကော်မတီက ပြောကြား ခဲ့သည်။

မှုခင်းဆေးပညာရှင်များနှင့် ဥပဒေစိုးမိုးရေးအရာရှိများအပါအဝင် စုံစမ်း စစ်ဆေးရေးအဖွဲ့သည် မော်စကိုမြို့၏ အရှေ့ဘက် မိုင် ၂၀ အောက်သာ ဝေးကွာသော ဗလာရှီခါမြို့ရှိ ဖြစ်စဉ်နေရာကို စစ်ဆေးမှုများ စတင်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါဖြစ်စဥ်သည် ရုရှားနိုင်ငံတွင်းလုံခြုံရေးအပေါ် မေးခွန်းထုတ်မှု များစွာ ဖြစ်စေခဲ့သလို ယူကရိန်းစစ်ပွဲများနှင့် ဆက်စပ်နေနိုင်ကြောင်း သုံးသပ်မှု များရှိသော်လည်း ယူကရိန်းကမူ ယခုလက်ရှိအချိန်အထိ ဖြစ်စဥ်အတွက် မှတ်ချက်မပြုပေ။

ကိုးကား- ဒေသတွင်းမီဒီယာ

ဘာသာပြန်ဆိုသူ- Thettant

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက NATO အဖွဲ့ဝင်များအား “အမေရိကန်နှင့် အဆင့်နိမ့်မဟာမိတ်များ” အဖြစ်ခေါ်ဆို

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို သည် NATO အဖွဲ့ဝင်နိုင်ငံများအား ၎င်းတို့၏ ကာကွယ်ရေးအသုံးစရိတ်များ တိုးမြှင့်ရန် ထပ်မံ တိုက်တွန်းလိုက်ပြီး လက်ရှိစစ်ရေးမဟာမိတ်အဖွဲ့၏ ဖွဲ့စည်းပုံကို “အမေရိကန်နှင့် တာဝန်မကျေသော အဆင့်နိမ့်မဟာမိတ်များ” ဟု ရှုတ်ချ ပြောဆိုခဲ့သည်။

ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၃) တွင် The Free Press နှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတွင် ၎င်းက “NATO အဖွဲ့ဝင်ဖြစ်ခြင်းသည် အမေရိကန်၏ အကျိုးစီးပွားနှင့်ကိုက်ညီသော်လည်း အဖွဲ့ဝင်များသည် ၎င်းတို့၏ တာဝန်ဝတ္တရားများကို မျှမျှတတ ထမ်းဆောင်ရပါမည်၊ ထိုသို့မဟုတ်ပါက ၎င်းသည် မဟာမိတ်အဖွဲ့မဟုတ်တော့ဘဲ “မှီခိုခြင်း” တစ်ခုသာ ဖြစ်နေမည်” ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် အမေရိကန်သည် NATO ၏ ဘဏ္ဍာရေးအား အဓိက ထောက်ပံ့နေရပြီး အဖွဲ့ဝင်အချို့သည် GDP ၏ ၂% ကို ကာကွယ်ရေးအတွက် အသုံးပြုရန် သဘောတူညီထားသော ရည်မှန်းချက်ကို မပြည့်မီ ကြသေးပေ။ ရူဘီယိုက အဆိုပါ မညီမျှမှုသည် NATO ၏ ယုံကြည်စိတ်ချရမှုနှင့် စည်းလုံးညီညွတ်မှုကို အားနည်းစေသည်ဟု ပြောဆိုခဲ့သည်။

“NATO သည် အမှန်တကယ်စစ်ရေးမဟာမိတ်အဖွဲ့ဖြစ်နေသရွေ့၊ အမေရိကန် နှင့် တာဝန်မကျေသော အဆင့်နိမ့်မဟာမိတ်များ စုဝေးနေခြင်း မဟုတ် သရွေ့ ကောင်းမွန်ပါသည်” ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် NATO ကို ဆန့်ကျင်သူမဟုတ်ကြောင်း၊ အမေရိကန်သည် အဆိုပါမဟာမိတ်အဖွဲ့တွင် ဆက်လက် ပါဝင်မည်ဖြစ်ကြောင်း ရူဘီယိုက ယခုလအစောပိုင်းတွင် NATO နိုင်ငံခြားရေးဝန်ကြီးများနှင့် ၎င်း၏ ပထမဆုံးအစည်းအဝေးတွင် အာမခံခဲ့သော်လည်း မဟာမိတ်နိုင်ငံများအား စွန့်လွှတ်အနစ်နာခံရန်နှင့် ကာကွယ်ရေးအသုံးစရိတ်ကို ၅% အထိ တိုးမြှင့်ရန် တောင်းဆိုခဲ့သည်။

ရူဘီယို၏ ဝေဖန်မှုသည် အထူးသဖြင့် ဥရောပ NATO အဖွဲ့ဝင်များ (ဂျာမနီ၊ ပြင်သစ် အစရှိသည့် GDP ၏ ၂% အောက်သုံးနေသော နိုင်ငံများ) ကို ဦးတည်နေသည်။

ထရမ့်အာဏာရလာပါက NATO တွင် အမေရိကန်၏ ပါဝင်မှုကို လျှော့ချနိုင်သည်ဟု ခန့်မှန်းချက်များရှိရာ ရူဘီယို၏ အဆိုပါပြောဆိုချက်သည် မဟာမိတ်များအား ဖိအားပေးရန် နိုင်ငံရေးနည်းဗျူဟာတစ်ရပ်လည်း ဖြစ်နိုင်သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

မော်စကို လုံခြုံရေးညီလာခံ နိုင်ငံပေါင်း ၁၅၀ ကျော် ပါဝင် တက်ရောက်မည်ဟု ရုရှားကြေညာ

မော်စကိုတွင် မေလ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် နိုင်ငံတကာ လုံခြုံရေးညီလာခံသို့ နိုင်ငံပေါင်း ၁၅၀ ကျော်မှ အဆင့်မြင့် ကိုယ်စားလှယ်များ တက်ရောက်မည်ဟု ရုရှား လုံခြုံရေးကောင်စီအတွင်းရေးမှူး Sergey Shoigu က TASS သတင်းဌာနသို့ ပြောကြားလိုက်ပါသည်။ 

ထိုညီလာခံတွင် ကမ္ဘာ့တောင်ပိုင်းနှင့် အရှေ့ဖျားဒေသ (Global South & East) နိုင်ငံများနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်၍ အလေးထားဆွေးနွေးမည်ဖြစ်ပါသည်။

ညီလာခံ၌ ရုရှား၏လက်နက်နှင့် စစ်ယာဉ်ပြပွဲ၊ ဆိုက်ဘာလုံခြုံရေး နည်းပညာရပ်ဆိုင်ရာ အထူးပြခန်းများ ဖွင့်လှစ်ပြသမည်ဖြစ်ပါသည်။ ညီလာခံဆွေးနွေးပွဲများကိုလည်း Plenary Session နှင့် Roundtable ပုံစံများဖြင့် ပြုလုပ်မည်ဖြစ်ပါသည်။

ကမ္ဘာ့နိုင်ငံအများစု၏ ပါဝင်သဖြင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကြားတွင် ရုရှားက Global South နိုင်ငံများနှင့် မဟာမိတ်ဖွဲ့ရန် အားထုတ်နေခြင်းကို ထိုညီလာခံက ထင်ဟပ်ပြသနေပါသည်။ 

အမေရိကန်နှင့်ဖိလစ်ပိုင်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တရုတ်အစိုးရ ပြစ်တင်ရှုတ်ချ

ဧပြီလ ၂၁ ရက်နေ့မှ စတင်ခဲ့သည့် အမေရိကန်နှင့်ဖိလစ်ပိုင်တို့၏ ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချခဲ့ပြီး ဒေသတွင်းတည်ငြိမ်မှုကို ပျက်ပြားစေရန်နှင့် ထိုင်ဝမ်အရေး နှင့်ပတ်သက်သည့်တင်းမာမှုများ မြင့်တက်လာစေရန် လှုံ့ဆော်မှုတစ်ခု အဖြစ် စွပ်စွဲပြောဆိုခဲ့ကြောင်း သိရပါသည်။

ဧပြီ ၂၁ မှ မေ ၉ အထိ လုပ်ဆောင်မည့် ၂၀၂၅ ခုနှစ် Balikatan စစ်ရေး လေ့ကျင့်မှုတွင် အမေရိကန်နှင့်ဖိလစ်ပိုင် တပ်ဖွဲ့ဝင် (၁၄,၀၀၀) ကျော် ပါဝင်ပြီး ဩစတြေးလျနှင့်ဂျပန် တပ်ဖွဲ့များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရပါသည်။

ထို့အပြင် အခြားနိုင်ငံအများအပြားသည် အဆိုပါစစ်ရေးလေ့ကျင့်မှုကို လေ့လာရန် စောင့်ကြည့်သူများကို စေလွှတ်ထားကြောင်းလည်း သိရပါသည်။ စစ်ရေးလေ့ကျင့်မှုတွင် တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှု၊ ကုန်းရေ နှစ်သွယ်ဆင်းသက်မှု၊ လေကြောင်းထောက်လှမ်းမှုနှင့် ထိုင်ဝမ်နှင့် နီးကပ်သည့် လူဇွန်ရေလက်ကြားအနီးတွင် ပုံစံတူကျွန်းကာကွယ်ရေး စစ်ဆင်ရေးများ ပါဝင်ကြောင်းလည်း သိရပါသည်။ 

စစ်ဆင်ရေးအတွင်း အမေရိကန်ရေတပ်၏ သင်္ဘောဖျက် ဒုံးကျည်စနစ်များ အပါအဝင်တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများပါဝင်မည်ဖြစ်ကြောင်း အမေရိကန်နှင့် ဖိလစ်ပိုင်စစ်ဘက်အရာရှိများက ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဂူအိုဂျီယာကွန်းက “နိုင်ငံတကာအသိုင်းအဝိုင်းသည် ဒေသတွင်းတည်ငြိမ်ရေးကို ပျက်ပြားစေသည့် Balikatan စစ်ရေးလေ့ကျင့်မှုလိုမျိုး တစ်ဖက်သတ်မူဝါဒ၊ အနိုင်ကျင့်မှုများနှင့် ဩဇာလွှမ်းမိုးမှုများကို ရင်ဆိုင်နေရပါသည်” ဟု ပြောဆိုခဲ့ပါသည်။

ကိုးကား-NSS

ဂါဇာအပစ်အခတ်ရပ်စဲရေး အစီအစဉ်သစ်အတွက် ဆွေးနွေးရန် ဟားမက် ကိုယ်စားလှယ်အဖွဲ့ ကိုင်ရိုသို့ ရောက်ရှိ

ဟားမက်အဖွဲ့အကြီးအကဲ ခါလီ အယ်လ်-ဟေယာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ရေရှည်အပစ်အခတ်ရပ်စဲရေးအတွက် အီဂျစ်နိုင်ငံ၏ အဆိုပြုချက်သစ်နှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ကိုင်ရိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း အီဂျစ် သတင်းရင်းမြစ် တစ်ဦးက ဧပြီ ၂၂ ရက်တွင် ဆင်ဟွာသို့ ပြောကြား ခဲ့သည်။ “အီဂျစ်နိုင်ငံ၏ အစီအစဉ်ကတော့ ငါးနှစ်ကနေ ခုနစ်နှစ်အထိ အပစ်အခတ်ရပ်စဲရေး၊ အစ္စရေးဓားစာခံများနှင့် ပါလက်စတိုင်း အကျဉ်းသား များ အပြည့်အဝလဲလှယ်ရေး၊ ဂါဇာဒေသဆီ လူသားချင်းစာနာမှု အကူအညီ ပေးပို့နိုင်ရေး၊ ဂါဇာဒေသကနေ အစ္စရေးတပ်များ လုံးလုံးလျားလျား ဆုတ်ခွာရေး စသည့်အချက်များကို

ဟားမက်အဖွဲ့အကြီးအကဲ ခါလီ အယ်လ်-ဟေယာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ရေရှည်အပစ်အခတ်ရပ်စဲရေးအတွက် အီဂျစ်နိုင်ငံ၏ အဆိုပြုချက်သစ်နှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ကိုင်ရိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း အီဂျစ် သတင်းရင်းမြစ် တစ်ဦးက ဧပြီ ၂၂ ရက်တွင် ဆင်ဟွာသို့ ပြောကြား ခဲ့သည်။ “အီဂျစ်နိုင်ငံ၏ အစီအစဉ်ကတော့ ငါးနှစ်ကနေ ခုနစ်နှစ်အထိ အပစ်အခတ်ရပ်စဲရေး၊ အစ္စရေးဓားစာခံများနှင့် ပါလက်စတိုင်း အကျဉ်းသား များ အပြည့်အဝလဲလှယ်ရေး၊ ဂါဇာဒေသဆီ လူသားချင်းစာနာမှု အကူအညီ ပေးပို့နိုင်ရေး၊ ဂါဇာဒေသကနေ အစ္စရေးတပ်များ လုံးလုံးလျားလျား ဆုတ်ခွာရေး စသည့်အချက်များကို တောင်းဆိုထားခြင်းဖြစ်ပါသည်” ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

အီဂျစ်နိုင်ငံက ကာတာနိုင်ငံနှင့် ညှိနှိုင်းကာ ပြင်ဆင်ထားသည့် ယင်း အဆိုပြုချက်နှင့် စပ်လျဉ်း၍ ကိုင်ရိုမြို့၌ ဆွေးနွေးမှုများမှာ ဧပြီ ၂၁ ရက် က ပြီးဆုံးသွားပြီးနောက် အစ္စရေးကိုယ်စားလှယ်အဖွဲ့ ပြန်လည် ထွက်ခွာ သွားချိန်တွင် ဟားမက်အဖွဲ့၏ ခရီးစဉ်ပေါ်ပေါက်လာခြင်းဖြစ်သည်။ “အစ္စရေးဘက်က ယင်းအဆိုပြုချက်ကို ဆန်းစစ်သုံးသပ်နေဆဲ ဖြစ်သော် လည်း ဟားမက်အဖွဲ့ကတော့ ကနဦး သဘောတူညီမှုကို ပြသထားပါသည်” ဟု အီဂျစ်သတင်းရင်းမြစ်က ဖြည့်စွက်ပြောကြားခဲ့သည်။ ဂါဇာဒေသမှ သတင်းရင်းမြစ်တစ်ဦးကလည်း ထိုခရီးစဉ်နှင့် စပ်လျဉ်း၍ ဆင်ဟွာ သတင်း ဌာနအား အတည်ပြုခဲ့သည်။ အစ္စ‌ရေးဘက်က ဂါဇာ၌ စစ်ဆင်ရေးများ ယာယီရပ်ဆိုင်းရေး၊ လူသားချင်းစာနာမှု အကူအညီများ ဝင်ရောက်ခွင့်ပြုရေးနှင့် အပြန်အလှန်အနေဖြင့် ဟားမက်အဖွဲ့က ဖမ်းဆီးထားသော အစ္စရေး ဓားစာခံများကို ပြန်လွှတ်ပေးရေးတို့ ပါဝင်သည့် သဘောတူညီချက် တစ်ရပ် ရရှိရန် ကြိုးပမ်းနေသည်ဟု ၎င်းကဆိုသည်။ ဟားမက်အဖွဲ့ ကလည်း ယင်းအား တုံ့ပြန်သည့်အနေဖြင့် ထိန်းသိမ်းထားသော အစ္စရေးဓားစာခံ အားလုံးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ အပြန်အလှန်အနေဖြင့် ဂါဇာ ကမ်းမြောင်ဒေသတွင် တိုက်ခိုက်မှုအားလုံးကို အလုံးစုံရပ်ဆိုင်းရေး၊ စစ်ပွဲ အား အပြည့်အဝအဆုံးသတ်ရေးအတွက် တောင်းဆိုထားသော တန်ပြန် အဆိုပြုချက် တစ်ရပ်ကို အဆိုပြုထားသည်ဟု ၎င်းသတင်းရင်းမြစ်၏ အဆိုအရ သိရသည်။

ကိုးကား-Xinhua

ဟေတီနိုင်ငံ၌ ထိပ်တန်းဆေးရုံတစ်ရုံ လုံခြုံရေးပြဿနာများကြောင့် ပိတ်ထားရ

ပေါ်တိုပရင့်စ်   ဧပြီ ၂၃

ဟေတီနိုင်ငံ၏ ထိပ်တန်းဆေးရုံတစ်ရုံဖြစ်သည့် မိုင်ရီဘယ်လစ်တက္ကသိုလ်ဆေးရုံကြီးမှာ လုံခြုံရေးအခြေအနေယိုယွင်းမှု ဆိုးရွားလာခြင်းကြောင့် ပိတ်ထားလိုက်ရပြီဖြစ်ကြောင်း ဧပြီ ၂၂ ရက်သတင်းများတွင် ဖော်ပြထားသည်။

လက်နက်ကိုင် ဂိုဏ်းအုပ်စုများက မိုင်ရီဘယ်လစ်မြို့အတွင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မိုင်ရီဘယ်လစ်တက္ကသိုလ်ဆေးရုံကြီးကို ပိတ်ထားခဲ့ရခြင်းဖြစ်သည်။

၎င်းဆေးရုံသည် ဧပြီလအစောပိုင်းမှာပင် ပိတ်ထားခဲ့ရခြင်းဖြစ်ကြောင်း ဆေးရုံတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။

ဆေးရုံကိုမပိတ်မီ ဆေးရုံပေါ်ရှိ လူနာအားလုံးကို အခြားဆေးရုံများသို့ တာဝန်ရှိသူများက ခွဲဝေပို့ဆောင်ပေးထားကြောင်း သိရသည်။

မိုင်ရီဘယ်လစ် တက္ကသိုလ် ဆေးရုံကြီးပိတ်ထားရမှုကြောင့် ဟေတီနိုင်ငံ၏ ယိုယွင်းနေသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ အခြေအနေပိုဆိုးလာနိုင်သည်။

၎င်းဆေးရုံသည် ခုတင် ၃၀၀ ဆံ့ ဆေးရုံဖြစ်ပြီး နေ့စဉ် နိုင်ငံတစ်ဝန်းမှ လူနာဦးရေ ၈၅၀ တို့ကို နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့် ဆေးရုံတစ်ရုံဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

ကက်ရှမီးယားဒေသ၌အကြမ်းဖက်သမားများ၏တိုက်ခိုက်မှုကြောင့်သေဆုံးသူ ၂၆ ဦးအထိရှိ

အိန္ဒိယနိုင်ငံဘက်ခြမ်းရှိကက်ရှမီးယား ဒေသ၌ ဧပြီလ ၂၂ ရက်တွင် အကြမ်းဖက်သမားများ၏ပစ်ခတ်တိုက်ခိုက်မှုကြောင့်သေဆုံးသူခရီးသွား၂၆ ဦးအထိမြင့်တက် ပြီး ဒဏ်ရာရရှိသူ ၁၇ ဦးအထိရှိကြောင်း ရဲတပ်ဖွဲ့က ဧပြီလ၂၃ ရက်တွင်ထုတ်ပြန်ထားသည်။

ယခုကဲ့သို့တိုက်ခိုက်မှုသည်၂၀၀၈ ခုနှစ် မွမ်ဘိုင်းတိုက်ခိုက်မှုဖြစ်ပြီးနောက်အကြမ်းဖက်သမားများကြောင့်လူသေဆုံးမှုအများဆုံးသော တိုက်ခိုက်မှုတစ်ခုဖြစ် ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားရာနေရာသည် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်းတိုက်ပွဲများမရှိဘဲငြိမ်းချမ်းနေသည့်ခရီး သွားများကိုဆွဲဆောင်ရာနေရာတစ်ခုဖြစ်သော ပါဟယ်ဂမ်ဒေသ၌ဖြစ်ပွားခြင်းဖြစ်ကြောင်းနှင့် သေဆုံးသူများမှာ အိန္ဒိယနိုင်ငံ သား ၂၅ ဦးနှင့် နီပေါနိုင်ငံသားတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ် ကြောင့် ဆော်ဒီအာရေဗျသို့ခရီးသွားနေသည့် အိန္ဒိယဝန်ကြီးချုပ်က နိုင်ငံသို့ချက် ချင်းပြန်လာကြောင်းသိရသည်။ 

Ref: TST

ကမ္ဘာ့စစ်တပ်များသည် ရုရှားထံမှ သင်ယူနေကြကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြား

ယူကရိန်းပဋိပက္ခသည် စစ်မြေပြင်အတွေ့အကြုံ၏ အဖိုးတန်ရင်းမြစ် ဖြစ်သည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါသည်။

ကမ္ဘာ့စစ်တပ်အားလုံးသည် ယူကရိန်းပဋိပက္ခတွင် ရုရှားအသုံးပြုခဲ့သော နည်းဗျူဟာများနှင့် နည်းပညာများကို နီးကပ်စွာလေ့လာနေကြောင်း သမ္မတပူတင်က ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၃ရက်) တွင် ရုရှား၏ စစ်မှုထမ်းဆောင်ရေး ကော်မရှင်အစည်းအဝေး၌ ထုတ်ဖော်ပြောကြားခဲ့သည်။ ရုရှားသည် ၎င်း၏စစ်မှုထမ်းဆောင်ရေးနယ်ပယ်တွင်အောင်မြင်မှုများကို အခြေခံ၍ ရှေ့ဆက်လုပ်ဆောင်ရမည်ဟု ၎င်းကအလေးထားပြောကြားခဲ့သည်။ 

ရုရှား၏စစ်မြေပြင်အတွေ့အကြုံသည် ကမ္ဘာလုံးဆိုင်ရာစိတ်ဝင်စားမှုကို ရရှိနေကြောင်း၊ “မိမိတို့၏အထူးစစ်ဆင်ရေးလုပ်ငန်းသည် နည်းဗျူဟာရေးရာနှင့် လက်နက်ဖွံ့ဖြိုးရေးအရ ကမ္ဘာ့စစ်တပ်အားလုံး၊ အကြီးဆုံး လက်နက်ထုတ်လုပ်ရေးလုပ်ငန်းရှင်များနှင့် နည်းပညာကုမ္ပဏီများက လေ့လာနေကြသည်” ဟု သမ္မတ ဗလာဒီမာပူတင်က နိုင်ငံ၏ စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းကော်မရှင် အစည်းအဝေးပွဲ၌ ဖွင့်ဟပြောကြားခဲ့ ပါသည်။ ရုရှားသည် “တစ်ဆင့်ပို၍သာလွန်နေရမည်” ဟု ၎င်းက ပြောကြား ခဲ့သည်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှား၏စစ်အင်အားကို အဓိက ထောက်ပံ့ပေးနေသော လုပ်ငန်းများမှဝန်ထမ်းများအား ကျေးဇူးတင်ကြောင်း ပြောကြားရင်း၊ ယခုနှစ်တွင် ၂၀၂၄ ခုနှစ်ထက် ပိုမိုစိန်ခေါ်မှုများ ရင်ဆိုင် ရနိုင်ကြောင်း ထောက်ပြခဲ့ပါသည်။ 

၂၀၂၄ ခုနှစ်အတွင်း ရုရှားတပ်များသည် ဒရုန်း ၁.၅ သန်းကျော်နှင့် သံချပ်ကာယာဉ် ၄,၀၀၀ ကျော်ရရှိခဲ့သော်လည်း၊ ယူကရိန်းပဋိပက္ခတွင် အဓိကအရေးပါလာသော FPV (first person view) ဒရုန်းများ လိုအပ် နေဆဲဖြစ်ကြောင်း သမ္မတက ဖော်ပြခဲ့ပါသည်။ 

ထို့ပြင် ရုရှားသည် မောင်းသူမဲ့သင်္ဘောများ၊ စက်ရုပ်များနှင့် စစ်သုံးလေဆာများ ဖွံ့ဖြိုးရေးကို ဦးစားပေးသင့်ကြောင်း၊ ယခုအခါ ထိုနယ်ပယ်များတွင် တိုးတက်မှုအချို့ရှိလာပြီဖြစ်ကြောင်း ၎င်းကအလေးထား ပြောကြား ခဲ့သည်။ 

၂၀၂၄ ခုနှစ် အမေရိကန်စစ်တက္ကသိုလ်၏ စစ်ပွဲဆိုင်ရာအစီရင်ခံစာတွင် အီလက်ထရောနစ်စစ်ပွဲ၏အရေးပါမှုနှင့် စောင့်ကြည့်ရေးစနစ်များကြောင့် ဖြစ်ပေါ်လာသော စစ်မြေပြင်အမြင်သာမှု စိန်ခေါ်ချက်များအပါအဝင် ယူကရိန်းပဋိပက္ခမှသင်ခန်းစာများကို ဖော်ပြထားသည်။ 

တစ်ချိန်တည်းတွင် ယူကရိန်း၌ တိုက်ခိုက်မှုများ ဆက်လက်ပြင်းထန်နေချိန်၌ ရုရှားသည် နည်းပညာဆိုင်ရာ ထိုးထွင်းသိမြင်မှုများကို ထုတ်ယူပြီး ၎င်း၏ ကိုယ်ပိုင်စစ်မြေပြင်စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်လာစေရန် လေ့လာသုံးသပ်ရန်အတွက် တင့်ကားများ၊ သံချပ်ကာယာဉ်များ၊ သယ်ဆောင်ရလွယ်သော ဒုံးကျည်စနစ်များနှင့် နေတိုးစံချိန်စံညွှန်းမီဆက်သွယ်ရေးစနစ်များအပါအဝင် အနောက်နိုင်ငံများက ပံ့ပိုးပေးထားသော ကိရိယာအမြောက်အမြားကို သိမ်းပိုက်နိုင်ခဲ့ပါသည်။

ကိုးကား - RT