သတင်းများ

ရိုးစင်းသည့် နည်းလမ်းနှစ်မျိုးဖြင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်

နယူးယောက်  ဇွန် ၂၁

ရိုးစင်းသည့် နည်းလမ်းနှစ်မျိုးကိုအသုံးပြု၍ အူမကြီးကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သုတေသနပညာရှင်များက ဇွန် ၂၀ ရက်တွင် ပြောကြားသည်။

နေ့စဉ်သတ်မှတ်ချိန် ရှစ်နာရီအတောအတွင်း၌သာ အစာစားခြင်းနှင့် တရားထိုင်ခြင်းတို့သည် အူမကြီးကင်ဆာရောဂါနှင့် ဆက်စပ်နေသော အဆီဓာတ်များကို ဖယ်ရှားပေးနိုင်ပြီး အစာခြေလမ်းကြောင်းစနစ် ရောင်ရမ်းမှုကိုလည်း လျှော့ချပေးနိုင်ကြောင်း အမေရိကန်သုတေသနပညာရှင်များက ပြောကြားသည်။

အမေရိကန် သုတေသနပညာရှင်များသည် အထက်ပါနည်းလမ်းနှစ်မျိုးကို အသက် ၁၈ နှစ်နှင့် ၄၀ ကြားရှိသူများဖြင့် သီတင်းရှစ်ပတ်ကြာ လက်တွေ့စမ်းသပ်မှုများပြုလုပ်ခဲ့သည်။

စမ်းသပ်မှုမှ ပေါ်ထွက်လာသည့် ရလဒ်များအရ စမ်းသပ်မှုတွင် ပါဝင်သူများ၌ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းလာမှုကြောင့် ရောင်ရမ်းမှုပြဿနာကျဆင်းသွားသည်ကို တွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

ထို့ပြင် နေ့စဉ် သတ်မှတ်ချိန် ရှစ်နာရီအတွင်း အစာစားသုံးခြင်း၊ တရားထိုင်ခြင်းတို့သည် Visceral Fat ခေါ် အူမကြီးကင်ဆာနှင့် ဆက်စပ်နေသော အဆီဓာတ်များ စုစည်းမှုကိုလည်း လျှော့ချပေးနိုင်ကြောင်း သိရသည်။

ရောင်ရမ်းမှုပြဿနာနှင့် Visceral Fat အဆီဓာတ်များသည် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေမြင့်တက်လာနိုင်မှုနှင့် ဆက်စပ်နေသော ပြဿနာနှစ်ရပ်ဖြစ်ကြောင်း သိရသည်။

ကိုးကား : ရတနာပုံသတင်းစာ

နေပြည်တော် ဇွန် ၂၁

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော ပညာတတ်အရင်းအမြစ်များ ပေါကြွယ်ဝရေးအတွက် မျိုးဆက်သစ်ကျောင်းသားလူငယ်များ၏ ပညာရေးကဏ္ဍတိုးတက်မြင့်မားရေးကို အဓိကထားအလေးပေးဆောင်ရွက်လျက်ရှိသည်နှင့်အညီ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရမည့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့မှ ကျောင်းသား ကျောင်းသူများအား ဇွန် ၁၆ ရက်မှ စတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များမှ စာစစ်ဌာနအသီးသီး၌ စာမေးပွဲများ ကျင်းပပေးလျက်ရှိသည်။

ယနေ့တွင် သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ စာစစ်ဌာန ၁၉၅ ခု၌ ဝင်ရောက်ဖြေဆိုလျက်ရှိရာ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၆၂၇၈၈ ဦး (ဖြေဆိုရာခိုင်နှုန်း ၉၈ ဒသမ ၆၁ ရာခိုင်နှုန်း) ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး ကျောင်းသား ကျောင်းသူများနှင့် လိုက်ပါပို့ဆောင်ပေးသည့် မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

စာမေးပွဲများ ပြန်လည်ကျင်းပနေစဉ် ကာလအတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာမေးပွဲများကျင်းပနေသည့် မြို့နယ်များအလိုက် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားလိုအပ်သည်များကို စနစ်တကျစီမံဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

MOI

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြတ်တောက်သွားသော လက်ဖဝါးအား ပြန်ဆက်ပေးသည့်ခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရွက်

ရန်ကုန် ဇွန် ၂၀

ဘားအံမြို့နေ အသက်(၂၇)နှစ်အရွယ် အမျိုးသားတစ်ဦးသည် မေ ၂၄ ရက် နံနက် ၁၁ နာရီခန့်တွင် ဓားဖြင့်ခုတ်ခံရခြင်းကြောင့် ဘယ်ဘက်လက်ဖဝါး ပြတ်တောက်သွားရာ ပြည်သူ့ဆေးရုံကြီး-ဘားအံမြို့၌ အရေးပေါ်ကုသမှုပေးကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး လက်ဖဝါးအား ပြန်ဆက်ပေးသည့်ခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါလူနာအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်လူနာဌာန၌ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများပြုလုပ်၍ ပြတ်တောက်သွားသော လက်ဖဝါးအား ပြန်ဆက်သည့်ခွဲစိတ်ကုသမှု(Replantation Surgery)ကို ည ၁၀ နာရီခွဲမှ စတင်၍ ဆောင်ရွက်ခဲ့ရာ မေ ၂၅ ရက် နံနက် ၅ နာရီခွဲတွင် အောင်မြင်စွာဆောင်ရွက် ပြီးစီးခဲ့သည်။

အဆိုပါလူနာသည် ကျန်းမာရေးကောင်းမွန်ပြီး ခွဲစိတ်ကုသထားသည့် လက်၏သွေးလည်ပတ်မှုကောင်းမွန်သဖြင့် ဇွန် ၁၁ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိပြီး ဇွန် ၁၆ ရက် ရက်ချိန်းပြန်လည်ပြသရာ၌လည်း လက်အခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။

အဆိုပါခွဲစိတ်ကုသမှုကို လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှုပါရဂူဘွဲ့ (ဒုတိယနှစ်) သင်တန်းသား အထူးကုဆရာဝန်များဖြစ်သော ဒေါက်တာရဲနိုင်ဦးနှင့် ဒေါက်တာအောင်လှိုင်ဖုန်း၊ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှု ပါရဂူဘွဲ့(တတိယနှစ်) သင်တန်းသူ ဒေါက်တာခိုင်မေဦး၊ လက်ထောက် ဆရာဝန်(အရိုး) ဒေါက်တာရာဇာအောင်စောဝင်း၊ ဆေးပညာမဟာ သိပ္ပံ(ဒုတိယနှစ်) ဘွဲ့လွန်သင်တန်းသား ဒေါက်တာ စိုင်းသီဟတို့ပါဝင်သော လက်ပိုင်းဆိုင်ရာ ခွဲစိတ်မှုဆရာဝန်များအဖွဲ့၊ လက်ထောက်ဆရာဝန် (မေ့ဆေး) ဒေါက်တာဒေလီယာစိုးဝင်းနှင့် မေ့ဆေးဆရာဝန်များအဖွဲ့၊ သူနာပြုဆရာမကြီး ဒေါ်မို့မို့အောင် ဦးဆောင်သည့် သူနာပြုများအဖွဲ့နှင့် ဆက်စပ်ဌာနများဖြစ်သည့် ဓာတ်ခွဲ၊ ဓာတ်မှန် ကျွမ်းကျင်ဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ၂၀၂၂ ခုနှစ်တွင် လက်ဖျံပြန်ဆက်သည့် ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့သူ တစ်ဦး၊ ၂၀၂၃ ခုနှစ်တွင် လက်မောင်းပြန်ဆက်သည့် ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သူ တစ်ဦး၊ ၂၀၂၄ ခုနှစ်တွင် လက်မပြန်ဆက်သည့် ခွဲစိတ်ကုသမှုဆောင်ရွက် ပေးနိုင်ခဲ့သူ တစ်ဦး၊ ၂၀၂၅ ခုနှစ် ယခုအချိန်အထိ လက်ဖဝါးပြန်ဆက်သည့် ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သူတစ်ဦးတို့ကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထိုသို့ လက်ပြတ်တောက်သွားသည့် လူနာကဲ့သို့ ပြတ်တောက်သွား သောလက်ကို ခွဲစိတ်ကုသမှုဆောင်ရွက်ရန်အတွက် ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းပေးပို့မည်ဆိုပါက ပြတ်တောက်သွားသောလက်ကို ရေသန့်သန့် သို့မဟုတ် အကြောဆေးရည် (Normal Saline or Ringer Lactate) ဖြင့်ဆေးပြီး အကြောဆေးရည်ဖြင့် စိုစွတ်အောင်စိမ်ထားသော ခွဲစိတ်ခန်းသုံး အဝတ်စ (Gauze)ဖြင့်ပတ်၍ သန့်ရှင်းသော ပလတ်စတစ်အိတ် သို့မဟုတ် ဘူးထဲသို့ထည့်၍လည်းကောင်း၊ အကြောဆေးရည် ထည့်ထားသော သန့်ရှင်းသည့် ပလတ်စတစ်အိတ် သို့မဟုတ် ဘူးထဲသို့ထည့်၍လည်းကောင်း လုံခြုံစွာပိတ်ပြီး ရေခဲထည့်ထားသော ရေခဲပုံးအတွင်းထည့်၍ အမြန်ဆုံးလွှဲပြောင်းပေးပို့နိုင်ကြောင်း သိရသည်။

၂၀၂၅ - ၂၀၂၆ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဩဂုတ်လ ၁၆ ရက်မှ ၂၀၂၆ ခုနှစ် မေလ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

လန်ဒန် ဇွန် ၁၉

၂၀၂၅-၂၀၂၆ ဘောလုံးရာသီပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ်လ ၁၆ ရက်မှ ၂ဝ၂၆ ခုနှစ် မေလ ၂၄ ရက်အထိ ကျင်းပမည် ဖြစ်ပြီး ပွဲစဉ်ဇယားများ ထုတ်ပြန်ကြေညာ အပြီး ပွဲစဉ်(၁) အဖွင့်ပွဲစဉ်တွင် လီဗာပူး အသင်းနှင့်ဘုန်းမောက်အသင်းတို့ တွေ့ဆုံနေကြောင်းသိရသည်။

ယခုဘောလုံးရာသီတွင် ပရီးမီးယား လိဂ်ပြိုင်ပွဲမှ လက်စတာအသင်း၊ အစ်ဝှစ်ချ် အသင်းနှင့် ဆောက်သမ်တန်အသင်းတို့ တန်းဆင်းခဲ့ရပြီး အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲမှ ဘန်လေအသင်း၊ လိဒ်ယူနိုက်တက်အသင်းနှင့် ဆန်းဒါးလန်းအသင်းတို့က ပရီးမီးယားလိဂ်ပြိုင်ပွဲ သို့ တန်းတက်လာခဲ့ကြသည်။

လာမည့် ၂ဝ၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယား လိဂ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံလီဗာပူးအသင်း၊ ဘုန်းမောက်၊ အာဆင်နယ်၊ အက်စ်တွန်ဗီလာ၊ ဘရန့် ဖို့ဒ်၊ ဘရိုက်တန်၊ ဘန်လေ၊ ချယ်လ်ဆီး၊ ခရစ္စတယ်ပဲလေ့စ်၊ အဲဗာတန်၊ ဖူလ်ဟမ်၊ လိဒ်ယူနိုက်တက်၊ မန်စီးတီး၊ မန်ယူ၊ နယူးကာဆယ်၊ နော်တင်ဟမ်၊ ဆန်းဒါးလန်း၊ စပါး၊ ဝက်စ်ဟမ်းနှင့် ဝုဗ်အသင်း စုစုပေါင်း အသင်းပေါင်း ၂၀ ဖြင့်ကျင်းပမည်ဖြစ်ပြီး လက်ရှိချန်ပီယံ လီဗာပူးအသင်းအနေဖြင့် ပွဲစဉ်(၁) အဖွင့်ပွဲစဉ်တွင် ဘုန်းမောက်အသင်းနှင့် ကစားရမည် ဖြစ်သည်။

၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁)အဖွင့်ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ လီဗာပူး အသင်းနှင့် ဘုန်းမောက်အသင်းတို့က သြဂုတ်လ ၁၆ ရက်တွင် စတင်ကစားမည်ဖြစ်ပြီး အဆိုပါပွဲစဉ် အပြီး သြဂုတ်လ ၁၆ ရက်တွင် အက်စ်တွန်ဗီလာ အသင်းနှင့် နယူးကာဆယ်အသင်း၊ ဘရိုက်တန် အသင်းနှင့် ဖူလ်ဟမ်အသင်း၊ နော်တင်ဟမ်အသင်း နှင့် ဘရန့်ဖို့ဒ်အသင်း၊ ဆန်းဒါးလန်းအသင်းနှင့် ဝက်စ်ဟမ်းအသင်း၊ စပါးအသင်းနှင့် ဘန်လေအသင်း၊ ဝုဗ်အသင်းနှင့် မန်စီးတီးအသင်းတို့ကစားရမည် ဖြစ်သည်။

သြဂုတ်လ ၁၇ ရက်တွင် ချယ်လ်ဆီးနှင့် ခရစ္စတယ်ပဲလေ့စ်အသင်း၊ မန်ယူနှင့်အာဆင်နယ် အသင်း၊ သြဂုတ်လ ၁၉ ရက်တွင် လိဒ်ယူနိုက်တက် အသင်းနှင့်အဲဗာတန်အသင်းတို့ ကစားရမည်ဖြစ် သည်။

၂ဝ၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ကို (၃၄)ကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Ref : Fotmob

MWD Daily Newspaper

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ် ဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ဇွန် ၁၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း​ဒေသကြီးရှိ စစ်ကိုင်းပညာရေးတက္ကသိုလ်စာစစ်ဌာနသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းပညာရေးတက္ကသိုလ်၊ စစ်ကိုင်း​ပညာရေးဒီဂရီကောလိပ်နှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများ၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် ကျောင်းဆောင်၊ စာသင်ဆောင်များကို အဆင့်အလိုက် ဆက်လက်ဆောင်ရွက်ထားမှုအခြေအနေများ၊ ကျောင်းဆောင်သစ်တည်ဆောက်​​​နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနေမှုများကို ကြည့်ရှုအားပေးကာ ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ချမ်းအေးသာစံမြို့နယ် UNITY ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတည်ထောင်သူများ၊ ကျောင်းအုပ်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် မန္တလာတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား မိမိတို့တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ စီမံဆိုင်ရာ၊ သင်ကြားသင်ယူမှုဆိုင်ရာ အရည်အသွေးများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်တို့ကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယနေ့ကျင်းပသည့် စာမေးပွဲတွင် စစ်ကိုင်းဒေသကြီးရှိ ၉ ခရိုင်၊ ၁၃ မြို့နယ်တွင် စာစစ်ဌာန စုစုပေါင်း ၂၅ ခု၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၈၂၀၅ ဦး စာရင်းပေးသွင်းကြပြီး ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်ကို ၈၀၄၀ ဝင်ရောက်ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် ၉၇ ဒသမ ၉၉ ရာခိုင်နှုန်းရှိပြီး မန္တလေးတိုင်းဒေသကြီးရှိ ၁၀ ခရိုင်၊ ၂၅ မြို့နယ်တွင် စာစစ်ဌာန စုစုပေါင်း ၁၀၁ ခု၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၃၄၂၄၁ ဦး စာရင်းပေးသွင်းကြပြီး ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်ကို ၃၃၇၆၁ ဦး ၀င်ရောက်ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် ၉၈ ဒသမ ၆၀ ရာခိုင်နှုန်း ရှိသည်။

တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်ကို နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ စာစစ်ဌာနစုစုပေါင်း ၁၉၅ ခုတို့၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၆၃၆၇၃ ဦး စာရင်းပေးသွင်းကြပြီး ၆၂၇၈၉ ဦး ဝင်ရောက်ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် ၉၈ ဒသမ ၆၁ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

MNP

တစ်နှစ်မှာနှစ်ကြိမ်ထိုးရုံနဲ့ ရာနှုန်းပြည့်နီးပါးထိရောက်တဲ့ ကမ္ဘာ့ပထမဆုံး HIV ကာကွယ်ဆေး

ကုရာနတ္ထိဆေးမရှိဆိုတဲ့စကားဟာ တစ်ခေတ်တစ်ခါတုန်းက သိပ်ကိုကြောက်ဖို့ကောင်းတဲ့စကားပေါ့။ ဘာကြောင့်လဲဆိုရင် HIV ဗိုင်းရပ်ကူးစက်ခံရပြီဆိုရင်   နောက်ဆက်တွဲ အနေနဲ့ဖြစ်ပေါ်လာတဲ့ AIDS ရောဂါဆိုး ကြီးကိုကုသဖို့အတွက် တကယ်ပဲဆေး မရှိတာပါ။ ပြီးရင် ဘာကြောင့်ကူးစက်လို့ ကူးစက်မှန်းမသိပေမယ့် HIV/AIDS ဆို တာနဲ့ကို လူတချို့ရဲ့နှာခေါင်းရှုံ့ခြင်းကို လည်းခံရလေ့ရှိပါတယ်။ အခုတော့ ဒါတွေ ကအတိတ်တွေဖြစ်သွားပါပြီ။

အရင်တုန်းက ကုရာနတ္ထိဆေးမရှိလို့ဆိုထားရာမှာ အခုထိလည်း AIDS ကိုကုသ ဖို့ဆေးမရှိသေးပါဘူး။ ဒါပေမဲ့ HIV ဗိုင်းရပ် ကူးစက်မှုကို အထိရောက်ဆုံးကာကွယ် ပေးနိုင်မယ့် ကာကွယ်ဆေးတစ်မျိုးထွက် ပေါ်လာပါပြီ။ အဲဒီကာကွယ်ဆေးရဲ့အာနိသင်ကလည်း တကယ်ကိုထိရောက်မှုရှိတဲ့အတွက် အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့က အဲဒီဆေးကို အများပြည်သူအသုံးပြုနိုင်တယ်ဆိုတဲ့ အတည်ပြု ထောက်ခံချက်ကို ဇွန်လ ၁၈ ရက်မှာထုတ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။

ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်တဲ့ Gilead Sciences ကုမ္ပဏီက သူတို့ထုတ်လုပ်ထားတဲ့ Yeztugo ဆေးကို  PrEP (pre-exposure prophylaxis) အဖြစ် အရွယ်ရောက်ပြီးသူတွေ၊ ခန္ဓာကိုယ် အလေးချိန် ၃၅ ကီလိုဂရမ်အထက်ရှိတဲ့ ဆယ်ကျော်သက်တွေဆီမှာ အသုံးပြုနိုင်တယ်ဆိုတဲ့ခွင့်ပြုချက်ကို အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့က အတည်ပြုပေးလိုက်ပြီလို့ ထုတ်ပြန်လာပါတယ်။

ဒီကာကွယ်ဆေးက အမေရိကန်နိုင်ငံ ရဲ့ အစားအစာနှင့်ဆေးဝါးကွပ်ကဲမှုအဖွဲ့က အများပြည်သူ အသုံးပြုဖို့ အတည်ပြုပေးလိုက်တဲ့ ကမ္ဘာ့ပထမဆုံးသော HIV ဗိုင်းရပ်ကာကွယ်ဆေးဖြစ်ပါတယ်။ သူက ထိုးဆေးအနေနဲ့လာတာပါ။ တစ်နှစ်ကိုနှစ်ကြိမ်ထိုးရပါမယ်။ ခြောက်လကိုတစ်ကြိမ်ပေါ့။ ထိုးရမယ့်နေရာက ဝမ်းဗိုက်ရဲ့ အရေပြားအောက်ကိုဖြစ်ပါတယ်။ ဆေးထိုးပြီးနောက်  ခြောက်လအတွင်းမှာ ဆေးကိုစုထားတဲ့နေရာအဖြစ်  ထွက်ပေါ်လာစေတာဖြစ်ပါတယ်။ ဒါဟာ PrEP ဆေး အနေနဲ့ အတည်ပြုခဲ့ဖူးတဲ့တခြားဆေးတွေထက် အချိန်အကြာဆုံးတည်ရှိမှုဖြစ်ပါတယ်။

အခုလိုမျိုး  အစားအစာနှင့်ဆေးဝါးကွပ်ကဲမှုအဖွဲ့ရဲ့ အတည်ပြုချက်ရရှိနိုင်စေဖို့အတွက် Gilead Sciences ကုမ္ပဏီက အဆင့် ၃ အကြီးစားလက်တွေ့စမ်းသပ်မှု ကိုလုပ်ဆောင်ခဲ့ရပါတယ်။ ပထမ စမ်းသပ်မှုမှာ အာဖရိကဒေသမှာရှိတဲ့ အမျိုးသမီးငယ်နဲ့မိန်းကလေး ၅၃၀၀ ကျော်ကို စမ်းသပ်ကာကွယ် ဆေးထိုးပေးခဲ့ရာ သူတို့ထဲ ကတစ်ဦးတစ်ယောက်ကမှ HIV ဗိုင်းရပ် ကူးစက်မှုမခံခဲ့ရပါဘူး။ ဒုတိယ စမ်းသပ်မှုကိုတော့ အမေရိကန်နဲ့ HIV ဗိုင်းရပ်ကူးစက်နိုင်ခြေအများဆုံးနိုင်ငံများမှာရှိတဲ့ လိင်တူချစ်သူ အမျိုးသားများနဲ့ လိင်ပြောင်းထားသူများစုစုပေါင်း ၂၁၇၉ ဦးကို စမ်းသပ် ကာကွယ်ဆေးတွေထိုးပေးခဲ့ပါတယ်။ အဲဒီ မှာတော့ နှစ်ဦးကသာ HIV ဗိုင်းရပ်ကူးစက်ခံရတဲ့အတွက် ကာကွယ်ဆေးရဲ့ ထိရောက်အောင်မြင်မှုက  ၉၉  ဒသမ ၉ ရာခိုင် နှုန်းအထိ  ရှိတာကိုတွေ့ရပါတယ်။ ပြောရ မယ်ဆိုရင် HIV ဗိုင်းရပ်ကူးစက်မှုကိုထိရောက်စွာကာကွယ်နိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားမှု အတွက် သမိုင်းဝင် အောင်မြင်မှု နေ့ပင်ဖြစ်ပါတယ်။           

Ref: IE

ကိုထက်

MWD Web Portal

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် Naypyitaw State Academy နှင့် အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူလေ့လာနေမှု လှည့်လည်ကြည့်ရှု

နေပြည်တော် ဇွန် ၁၉

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy ၌ ဆေးပညာမဟာဌာနမှ ဆရာ ဆရာမများနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးပြီး လက်တွေ့ခန်းများ၌ လက်တွေ့ခန်းသုံးပစ္စည်းများ ဖြည့်ဆည်းထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် Naypyitaw State Academy နှင့် နေပြည်တော် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ယူလေ့လာနေမှုနှင့် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ် ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု၍ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံနှုတ်ဆက်ကာ ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်လာအောင် ကြိုးစားအားထုတ်ကြရန်နှင့် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြင်ဆင်လေ့ကျင့်ထားကြရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

အယ်လ်ကိုဟောပါဝင်မှုမရှိသည့် ဘီယာများ သောက်သုံးမှုကြောင့် ဆီးချိုဖြစ်နိုင်ခြေမြင့်လာနိုင်

နယူးယောက် ဇွန် ၁၉

အယ်လ်ကိုဟောပါဝင်ခြင်းမရှိသည့် ဘီယာများသောက်သုံးမှုကြောင့် ဆီးချိုရောဂါဖြစ်နိုင်ခြေမြင့်တက်လာနိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုကို ကိုးကား၍ ဇွန် ၁၈ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။

အမေရိကန်နှင့် ဂျာမနီသိပ္ပံပညာရှင်များ၏ အဆိုအရ အယ်လ်ကိုဟော ပါဝင်ခြင်းမရှိသည့် ဘီယာကို တစ်ရက်လျှင် နှစ်ဘူးထိ သောက်သုံးပါက သွေးတွင်း သကြားဓာတ်ပါဝင်မှုအဆင့် မြင့်တက်လာတတ်ပြီး ပုံစံ-၂ ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သိရသည်။

ထို့ပြင် အယ်လ်ကိုဟောပါဝင်ခြင်းမရှိသော ဘီယာများကြောင့် နှလုံးရောဂါနှင့် ဆက်စပ်နေသော ကိုယ်တွင်း အဆီဓာတ်များဖြစ်ကြသည့် ကိုလက်စထရောနှင့် ထရိုင်ဂလီဆားရိုက်တို့ သွေးအတွင်း ပါဝင်မှုအဆင့် မြင့်တက်လာနိုင်ကြောင်းလည်း သိရသည်။

ထိုနည်းတူ အယ်လ်ကိုဟော ပါဝင်မှုမရှိသည့် ဘီယာများမှာ ကယ်လိုရီပါဝင်မှုအဆင့် မြင့်မားနေသည်ဖြစ်ရာ ၎င်းဘီယာအမျိုးအစားများကြောင့် အဝလွန်နိုင်ခြေ မြင့်တက်လာနိုင်သည်ဟု သုတေသနပညာရှင်များက ပြောကြားကြောင်း သိရသည်။

ဂျာမနီနှင့် အမေရိကန်သုတေသနပညာရှင်များသည် အယ်လ်ကိုဟောပါဝင်မှုမရှိသည့် ဘီယာများ ပုံမှန်သောက်သုံးသည့် လူငယ်အမျိုးသား ၄၄ ဦးတို့ကို လေ့လာပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကား : ရတနာပုံသတင်းစာ

Photo: SportsChosun

နမ်မီးဘီးယားနိုင်ငံ အနောက်မြောက်ပိုင်း၌ ကာလဝမ်းရောဂါကူးစက်ပျံ့နှံ့မှုဖြစ်ပွား

နမ်မီးဘီးယားနိုင်ငံအနောက်မြောက် ပိုင်း၌ ကာလဝမ်းရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေပြီဖြစ်ကြောင်း အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဇွန်လ ၁၉ ရက်တွင် ထုတ်ပြန်သည်။

အိုပူဝိုခရိုင်၌ ကာလဝမ်းရောဂါဖြစ်ပွားသူ ရှစ်ဦးကိုတွေ့ရှိကြောင်း၊ သေဆုံးသူ တစ်ဦးအပါအဝင် ခြောက်ဦးသည် မိသားစုတစ်စုတည်းမှဖြစ်ကြောင်း ကျန်းမာရေး နှင့်လူမှုရေးဝန်ကြီးကသတင်းစာရှင်းလင်း ပွဲ၌ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဒေသတွင်း၌ ကာလဝမ်းရောဂါ ကူးစက်ပျံ့နှံ့မှုတစ်ခုတွေ့လျှင်ပင် ကူးစက်ရောဂါပျံ့နှံ့နေပြီဟုကြေညာနိုင်ကြောင်း ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ကျန်းမာရေးနှင့် လူမှုရေးဝန်ကြီးဌာနအနေဖြင့် အရေးပေါ် စီမံခန့်ခွဲမှုစနစ်ကိုအသက်သွင်းကာ ကဏ္ဍ ပေါင်းစုံမှတာဝန်ရှိသူများနှင့်ပူးပေါင်းမှု များလုပ်ဆောင်နေကြောင်းနှင့် အလျင်အမြန်တုံ့ပြန်ရေးအဖွဲ့များကိုလည်း ရောဂါဖြစ်ပွားသည့်နေရာများသို့ စေလွှတ်ထား ကြောင်းသိရသည်။

Ref: Xinhua

Photo- Namibia Daily News

MWD web portal

​​​​​​​ရင်ခေါင်းဖွင့်စရာမလိုဘဲ နှလုံးအစားထိုးမှုလုပ်နိုင်တဲ့အထိတိုးတက်လာတဲ့ ဆေးဘက်နည်းပညာ

နှလုံးဆိုတာ လူတစ်ဦးအတွက် မရှိမဖြစ်အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။ သို့ပေမယ့်လည်း နှလုံးဆိုတာမျိုးက အကြောင်းရင်းတစ်ခုခုကြောင့်  ပျက်စီးမှုနဲ့ကြုံတွေ့ရနိုင်တဲ့ ကိုယ်တွင်း အင်္ဂါတစ်ခုလည်းဖြစ်ပါတယ်။ ဟိုအရင်တုန်းက နှလုံးပျက်စီးမှုနဲ့ ကြုံတွေ့ရရင် သေဆုံးခြင်းသာရှိပါတယ်။ နောက်ပိုင်းမှာတော့ နှလုံးကိုအစား ထိုးလာနိုင်တဲ့ ဆေးပညာတိုးတက်မှုကြောင့် နှလုံး ပျက်စီးမှုဟာ ပြဿနာကြီးတစ်ခုမဟုတ်တော့ပြန်ပါဘူး။ ဒါပေမဲ့ နှလုံးအစားထိုးဖို့အတွက် ရင်ခေါင်းဖွင့်တာမျိုး၊ ရင်အုံရိုးကိုချိုးရတာမျိုးတွေလုပ်ရပါတယ်။ ဒါက နှလုံးအစားထိုးခွဲစိတ်မှုရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုလို့ပြောရင်မမှာ

နှလုံးဆိုတာ လူတစ်ဦးအတွက် မရှိမဖြစ်အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။ သို့ပေမယ့်လည်း နှလုံးဆိုတာမျိုးက အကြောင်းရင်းတစ်ခုခုကြောင့်  ပျက်စီးမှုနဲ့ကြုံတွေ့ရနိုင်တဲ့ ကိုယ်တွင်း အင်္ဂါတစ်ခုလည်းဖြစ်ပါတယ်။ ဟိုအရင်တုန်းက နှလုံးပျက်စီးမှုနဲ့ ကြုံတွေ့ရရင် သေဆုံးခြင်းသာရှိပါတယ်။ နောက်ပိုင်းမှာတော့ နှလုံးကိုအစား ထိုးလာနိုင်တဲ့ ဆေးပညာတိုးတက်မှုကြောင့် နှလုံး ပျက်စီးမှုဟာ ပြဿနာကြီးတစ်ခုမဟုတ်တော့ပြန်ပါဘူး။ ဒါပေမဲ့ နှလုံးအစားထိုးဖို့အတွက် ရင်ခေါင်းဖွင့်တာမျိုး၊ ရင်အုံရိုးကိုချိုးရတာမျိုးတွေလုပ်ရပါတယ်။ ဒါက နှလုံးအစားထိုးခွဲစိတ်မှုရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုလို့ပြောရင်မမှားဘူးပေါ့။ အခုတော့ ဆေးဘက်နည်းပညာတိုးတက်လာပါပြီ။ နှလုံးကို အစားထိုးခွဲစိတ်မှုလုပ်တဲ့အခါ ရင်ခေါင်းဖွင့်စရာမလို တော့လောက်အောင် နည်းပညာကတိုးတက်လာတာပါ။

နှလုံးအစားထိုးခွဲစိတ်မှုလုပ်တဲ့အခါ အစားထိုးမှုကိုလက်ခံမယ့်လူနာမှာ ရင်ခေါင်းကိုဖွင့်ရပါတယ်။ နှလုံးအဟောင်းကိုထုတ်ထားပြီး သွေးသွင်းစက်နဲ့ အသင့်ပြင်ဆင်စောင့်ဆိုင်းနေရပါတယ်။ အလှူရှင် နှလုံးရောက်လာတဲ့အခါ အဲဒီနှလုံးကိုလက်ခံသူဆီထည့်ပြီး ကောင်းစွာအလုပ်လုပ်ခြင်းရှိ၊ မရှိစောင့်ကြည့်ရပါတယ်။ ပြီးတော့မှသာ ဖွင့်ထားတဲ့ရင်ခေါင်းကိုပြန်ပိတ်ပြီး ခွဲစိတ်မှုကိုအဆုံးသတ်ရတာပါ။ နှလုံးအစားထိုးခွဲစိတ်မှုတစ်ခုလုပ်မယ်ဆိုရင် ပျမ်းမျှအားဖြင့်   အချိန်လေးနာရီကနေ  ခြောက်နာရီကြားကြာမြင့်တတ်ပါတယ်။ ရင်ခေါင်းဖွင့်ခြင်းခံရတဲ့လူနာက အနာကျက်ဖို့အချိန်ယူရပါတယ်။ ဒါကြောင့်လည်း လူနာအနေနဲ့ ထူထူထောင်ထောင်ပြန်ဖြစ်ဖို့ အချိန်တော်တော်လေးစောင့်ရလေ့ရှိတတ်ပါတယ်။ အခုတော့ ဆေးဘက်နည်းပညာတိုးတက်မှုကြောင့် ဒီအခက်အခဲတွေကို လွယ်လင့်တကူကျော်ဖြတ်လာနိုင်ပါပြီ။

အခုတင်ပြပေးမယ့် တိုးတက်လာတဲ့ဆေးဘက်နည်းပညာဆိုတာ စက်ရုပ်နည်းပညာတိုးတက်မှုနဲ့ အတူလိုက်ပါတိုးတက်လာတဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ ဒီနည်းပညာကိုကောင်းစွာအသုံးချပြီး နှလုံးအစားထိုးခွဲစိတ်မှုကိုလုပ်လိုက်နိုင်သူများက အမေရိကန်မှ နှလုံးခွဲစိတ်ဆရာဝန်များဖြစ်ပါတယ်။ သူတို့ ကအသက် ၄၅ နှစ်ရှိအမျိုးသားတစ်ဦးကို စက်ရုပ် နည်းပညာအသုံးပြုပြီး  နှလုံးအစားထိုးခွဲစိတ်မှုလုပ် ပေးလိုက်တာပါ။ အဲဒီအမျိုးသားက ပုံမှန်အလုပ်လုပ် နိုင်ခြင်းမရှိတော့တဲ့နှလုံးနဲ့ အသက်ရှင်နေရသူဖြစ်ပါတယ်။ အခုလိုနှလုံးအစားထိုးခွဲစိတ်မှုမလုပ်ခင်အချိန်အထိ သူ့ရဲ့နှလုံးကပုံမှန်အလုပ်လုပ်နိုင်စေဖို့ စက်ပစ္စည်းများစွာရဲ့အကူအညီကိုရယူထားရသူဖြစ်ပါတယ်။

ဘေလာစိန့်လုဆေးရုံမှ ဒေါက်တာ ကန်းနက်လျောင်ဦးဆောင်တဲ့ နှလုံးခွဲစိတ်ဆရာဝန်များက ခွဲစိတ်ခန်းသုံးစက်ရုပ်ကိုအသုံးပြုပြီး နှလုံးအစားထိုး ခွဲစိတ်မှုကိုလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီခွဲစိတ်မှုမှာ သမားရိုးကျခွဲစိတ်မှုလိုမျိုး ရင်ခေါင်းဖွင့်ခြင်းကို လုပ်ဆောင်ရခြင်းမရှိပါဘူး။ အဲဒီအစား သေးငယ်တဲ့ ခွဲစိတ်ရာလေးတွေကနေတစ်ဆင့် စက်ရုပ်လက်တံလေးတွေက ပျက်စီးနေတဲ့နှလုံးဆီအရောက်သွားပြီး လိုအပ်တဲ့ဖယ်ရှားမှုများလုပ်ကာ ဝမ်းခေါင်းဘက်က နေအဲဒီနှလုံးကိုပြန်ထုတ်ပေးပါတယ်။ ပြီးတဲ့အခါ အလှူရှင်ဆီကနေ ရရှိထားတဲ့နှလုံးကိုပြန်ထည့်ပြီး ခွဲစိတ်မှုကိုအဆုံးသတ်လိုက်တာဖြစ်ပါတယ်။

အခုလိုမျိုး စက်ရုပ်နည်းပညာသုံးပြီး နှလုံးအစား ထိုးခွဲစိတ်မှုကိုလုပ်နိုင်တယ်ဆိုတာ စက်ရုပ်မှာရှိတဲ့ တိကျမှုနဲ့ ဆေးလောကရဲ့အရှုပ်ထွေးဆုံးသောလုပ်ငန်းစဉ်များအနက်တစ်ခုနဲ့အတူ ပေါင်းစပ်လိုက်နိုင်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် လူနာကရင်ခေါင်းဖွင့်စရာမလိုတဲ့အတွက် ခွဲစိတ်မှုကြောင့်ရတဲ့စိတ်ဒဏ်ရာ၊ သွေးဆုံးရှုံးမှုနဲ့ ရောဂါပိုးကူးစက်နိုင်ခြေရှိမှုတို့ကို မထင်ထားလောက်အောင် လျှော့ချပေးလိုက်နိုင်တာကိုလည်း တွေ့ရှိရပါတယ်။

စက်ရုပ်နည်းပညာကိုအသုံးပြုပြီး အသေးစားခွဲစိတ်မှုတွေလုပ်ဆောင်နေတာကြာခဲ့ပါပြီ။ အဲဒီခွဲစိတ်မှုတွေထဲမှာ ဆီးကျိတ်နဲ့ပတ်သက်တဲ့ခွဲစိတ်မှုမှစလို့အဆို့ရှင်ပြုပြင်မှုနဲ့ပတ်သက်တဲ့ခွဲစိတ်မှုအထိပါဝင်ပါတယ်။ ဒါပေမဲ့ အခုလိုမျိုး စက်ရုပ်နည်းပညာအသုံးပြုပြီး နှလုံးတစ်ခုလုံးကို အစားထိုးလဲလှယ်တဲ့ခွဲ စိတ်မှုလုပ်တာက အမေရိကန်ပြည်ထောင်စုမှာပထမဆုံး ဖြစ်ပါတယ်။ စက်ရုပ်နည်းပညာရဲ့ တိုးတက်လာတဲ့ မီလီမီတာအဆင့်ထိတိကျမှုက ဒီလိုမျိုးအကြီးစားခွဲစိတ်မှုမှာတောင်မှ ကြီးမားတဲ့ ခွဲစိတ်ရာတွေလုပ်စရာ မလိုဘဲ ခွဲစိတ်မှုကိုအောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့တာပါ။ ဒီနည်းပညာရဲ့ အောင်မြင်မှုကတော့ နှလုံး အစားထိုးခွဲစိတ်မှုခံယူတဲ့လူနာဟာ ဆေးရုံမှာတစ်လလောက်သာနေပြီး   ဘယ်လိုမျိုးနောက်ဆက်တွဲ ပြဿနာမျိုးမှမရှိဘဲ ဆေးရုံကနေဆင်းခွင့်ရရှိသွား ခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် အခုလိုမျိုးအောင်မြင်မှုက နောင်တစ်ချိန်မှာ ဘယ်လိုမျိုးရှုပ်ထွေးလှပါတယ်ဆိုတဲ့ ခွဲစိတ်မှုပဲလာလာ စက်ရုပ်နည်းပညာကို အသုံးပြုခြင်းအားဖြင့် အလွယ်တကူဖြေရှင်းနိုင်စေမယ့်ကောင်းကျိုးအတွက် အကောင်းဆုံးအကြောင်းရင်းကြီးတစ်ခုဖြစ်လာပါတယ်။