မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာ ဗဟုသုတပြည့်ဝပြီး စာဖတ်ရှိန် မြင့်မားစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ စာအုပ်ပြပွဲနှင့်နံရံကပ် စာစောင်ပြသပွဲ ပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလာက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အနာဂတ်မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဘက်စုံထူးချွန် ထက်မြတ်စေရန်၊ လူငယ် နှင့် ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောက်ဆည်မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင်ဒေါ်ခင်ချို (သီတဂူကျောက်ဆည်)က လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး အသိပညာပေး ဟောပြော ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသ ထားသည့် စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပေးပို့သူ- သက်မောင်(ကျောက်ဆည်)

မန္တလေး ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနအသီးသီးမှ အဖြေလွှာများကို စနစ်တကျသိမ်းဆည်း၍ သက်ဆိုင်ရာစာစစ်ဌာနသို့ ပို့ဆောင်ပေးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနအသီးသီးမှ အဖြေလွှာများကို သက်ဆိုင်ရာစာစစ်ဌာနသို့ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ပို့ဆောင်မှုအားစနစ်တကျ ကြပ်မတ်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမရပူရမြို့နယ်၌ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်မင်းကြီးမြတ်စွာဘုရား ဆင်းတုတော်ကြီး၊ ဘုရားပရိဝုဏ်အတွင်းရှိ ဆင်းတုတော်များနှင့် သာသနိကအဆောက်အအုံများကို လိုက်လံကြည့်ရှုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသည့် ဘိလပ်မြေအိတ် ၅၀၀ ကို ဂေါကပအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ လှူဒါန်းပေးအပ်သည်။
ထို့နောက် တောင်လေးလုံးကျောင်းတိုက်သို့သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အားဖူးမြော်၍ ဩဝါဒများခံယူကာ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်အတွင်း ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် တောင်သမန်မယ်ဇယ်လွင်ပြင်ရှိ ဈေးဆိုင်ခန်းများ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများနှင့် တောင်သမန်အင်း ဝန်းကျင်နေရာများသို့လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ကန်တော်ကြီးဝန်းကျင်နှင့် ကန်ပတ်လမ်းနေရာများသို့လည်းကောင်း သွားရောက်၍ အစဉ်အမြဲသန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
MOI

ကျောက်ဆည်၊ဇွန်-၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အရေးစွမ်းရည် မြင့်မားပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာစီစာကုံးရေးသားနည်းသင်တန်းကို ဇွန်(၂၅)ရက်နံနက်(၉)နာရီ အခမဲ့ သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေး က ကျောင်းသားလူငယ်များ တွေးခေါ်မှုစွမ်းရည်မြင့်မားရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ အားလပ်ချိန်များတွင် အချိန်ကိုကောင်းစွာအသုံးချတတ်စေရန်နှင့် ရေးသားမှုစွမ်းရည်မြင့်မားရေး ကောင်းမွန် ပြည့်စုံသည့် စာစီစာကုံး တစ်ပုဒ်ရရှိရန် စာများများဖတ်ပြီး လေ့ကျင့်မှုများပြုလုပ်ထားရန်လိုကြောင်းနှင့် နိဒါန်း၊ စာကိုယ်၊ နိဂုံး စသည့် အင်္ဂါရပ်များနှင့်အညီ အချက်အလက်ရေးသားတင်ပြပုံလှပရန်လိုကြောင်း နိဂုံးသည် ခေါင်းစဉ်နှင့်လျော်ညီသည့် နိဂုံးဖြစ်ရန်လိုကြောင်းရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင် စာရေးဆရာမ ဒေါ်ခင်ချို သီတဂူ(ကျောက်ဆည်)က စာစီစာကုံးရေးသားရာတွင် သရုပ်ဖော်ရေးသားခြင်း၊ အကြောင်းအကျိုး ဖော်ပြ ရေးသားခြင်း၊ အတွေးအခေါ်ဖြင့်ရေးသားဖော်ပြခြင်းစသည့် စာစီစာကုံးရေးသားနည်းများအကြောင်း သင်ကြား ပေးခဲ့သည်။
အခြေခံစာစီစာကုံးရေးသားနည်းသင်တန်းသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၁၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇွန် (၂၅) ရက်နေ့မှ (၂၆) ရက်နေ့ အထိ (၂)ရက်အကြာ စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား/ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်အတွက် အခြေခံ စာစီစာကုံး ရေးသားနည်းများအပြင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းများ ဆက်လက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပေးပို့သူ- သက်မောင်၊ကျောက်ဆည်

ပေကျင်း ဇွန် ၂၄
နားဖာချေးအတွင်းပါဝင်သည့် ဓာတုပစ္စည်းများကို စစ်ဆေးတိုင်းတာခြင်းဖြင့် ပါကင်ဆန်ရောဂါကို ဖော်ထုတ်ပေးနိုင်ဖွယ်ရှိကြောင်း ဇွန် ၂၃ ရက် သတင်းများအရ သိရသည်။
တရုတ် သုတေသနပညာရှင်များ၏ အဆိုအရ ပါကင်ဆန်ရောဂါလူနာများ၏ နားဖာချေးနှင့် ၎င်း ရောဂါမရှိသူများ၏ နားဖာချေးများမှာ ဓာတုဖွဲ့စည်းပုံအရ ကွဲပြားခြားနားကြောင်း သိရသည်။

တရုတ်နိုင်ငံ ကျိကျန်း တက္ကသိုလ်မှ သုတေသနပညာရှင်များသည် ပါကင်ဆန်လူနာ ၁ဝဝ နှင့် ၎င်းရောဂါမရှိသူ ၇၉ ဦးတို့ထံမှ နားဖာချေးနမူနာများကို လေ့လာခဲ့ကြသည်။
လေ့လာမှုမှ ပေါ်ထွက်လာသည့် ရလဒ်များအရ ပါကင်ဆန်လူနာများ၏ နားဖာချေးများထဲတွင် VOC ခေါ် ဓာတုပစ္စည်းအမျိုး လေးမျိုးထိရှိနေသည်ကို တွေ့ရကြောင်း တရုတ်သုတေသန ပညာရှင်များက ပြောကြားသည်။
သို့ဖြစ်ရာ နားဖာချေးအတွင်းရှိ ဓာတုပစ္စည်းများကို စစ်ဆေးခြင်းဖြင့် ပါကင်ဆန်ရောဂါ ရှိ၊ မရှိကို ဖော်ထုတ်ပေးနိုင်ဖွယ်ရှိကြောင်း တရုတ်သုတေသနပညာရှင်များက သုံးသပ်ထားသည်။
ဦးနှောက် အာရုံကြောရောဂါတစ်မျိုးဖြစ်သည့် ပါကင်ဆန် ရောဂါသည် တစ်ကမ္ဘာလုံးအတိုင်း အတာအရ လူပေါင်း ၁ဝ သန်းထိ ခံစားနေကြရပြီး နှစ်စဉ်ရောဂါဖြစ်စဉ်သစ်ပေါင်း ၉ဝဝဝဝ ခန့်ထပ်တိုးနေကြောင်း တရုတ်သုတေသနပညာရှင်များ၏ အဆိုအရသိရသည်။
ကိုးကား : ရတနာပုံသတင်းစာ
Photo: The Independent

ကျောက်ဆည်၊ ဇွန်-၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ်(၅)အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိ စေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ(၁)နာရီက အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေးဟောပြောပွဲတွင် အမှတ်(၅)အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်ဦးက အလိမ္မာစာမှာရှိ၊ ပညာရဲရင့်ပွဲလယ်တင့်၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုး တိုးတက် စေရန် အားလပ်ချိန်များတွင် စာပေများလေ့လာဖတ်ရှုစေရေး အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာပေမြင့်မှ လူမျိုးတင့်မည်၊ ပညာရွှေအိုးလူမခိုး၊ ပညာလိုအိုသည်မရှိနှင့် စာပေဖတ်ရှုခြင်းကြောင့်ရရှိသည့် အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။
အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပေးပို့သူ- စုစုအေး(ကျောက်ဆည်)

တံတားဦး ၊ ဇွန် - ၂၄
တံတားဦး ၊ ဇွန် - ၂၄
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာ အပြင် ပြင်ပစာပေဗဟုသုတများ ပြည့်စုံကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးတို့အတွက်ရည်ရွယ်ပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် လူငယ်စကားဝိုင်းကို ဇွန်လ(၂၃)ရက်နေ့ မွန်းလွဲ(၂)နာရီက တံတားဦးမြို့နယ် သူငယ်တော် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) တွင် ကျင်းပကြောင်းသိရသည် ။
အခမ်းအနားတွင် သူငယ်တော်အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၊ တာဝန်ခံ ကျောင်းအုပ်ဆရာကြီး ဦးရဲဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် လူငယ်များ အချင်းချင်း တိုင်ပင်ညှိနှိုင်း ဆွေးနွေးတတ်စေရန် ၊ လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆို တတ်စေရန် ၊ အတွေးအမြင်များ ကျယ်ပြန့်လာစေရန် ၊ မိမိတို့ သိထားသင့်သော ဗဟုသုတများကို အချင်းချင်း ပြန်လည် မျှဝေတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပပေးခြင်းဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က Moderator အဖြစ်ဆောင်ရွက်ပြီး သူငယ်တော် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) Grade -10 မှ ကျောင်းသား မောင်အောင်မျိုးက လူငယ်နှင့် နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade -7 မှ ကျောင်းသူ မရွှေစင်ထက်က လူငယ်နှင့်ဥပဒေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -10မှ ကျောင်းသား မောင်ကျော်လင်းထွန်းက လူငယ်နှင့်အနာဂတ် ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade - 7 ကျောင်းသူ မအိမွန်ကျော်က လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက မိမိတို့ သိရှိ လိုသည်များကို မေးမြန်းကြရာ လူငယ်စကားဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိနှင့် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား ၊ ကျောင်းသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားပေးကြသည် ။
ထို့နောက် ကျောင်းသား/သူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်းအရာများ၊ ကလေး အလုပ်သမား ပပျောက်ရေးအကြောင်းအရာများနှင့် ကျန်းမာရေးဆိုင်ရာအကြောင်းအရာများ အရောင်အသွေး စုံလင်စွာဖြင့် ပြသထားသော နံရံကပ် ပိုစတာဘုတ် များကိုလည်းကောင်း သုတ ၊ ရသ စာအုပ်စာစောင်များကိုလည်းကောင်း အသီးသီး ပြသထားရာ ဆရာ/မများနှင့် ကျောင်းသား ၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာ ကြကြောင်းသိရသည်။
ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန် မြင့်မားရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့ မွန်းလွဲ (၁) နာရီ က ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပုံပြော၊ကဗျာရွတ်ပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ကျောင်းသား / ကျောင်းသူ များအနေဖြင့် စာပေဖတ်သည့် အလေ့အကျင့်များ ရရှိလာစေရန်နှင့် စဉ်းစားတွေခေါ်မှု မြင့်မားလာစေရေး၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရေး ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့ပြီး ပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၁) အခြေခံပညာကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသား/ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများက ဦးစီးဌာနမှပြသထားသော အရွယ် မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှကာကွယ်ခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်အသိပညာပေး နံရံကပ် စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပေးပို့သူ- သက်မောင်၊ ကျောက်ဆည်

(၂၃-၆-၂၀၂၅) ရက်နေ့၊ ည (၈:၀၀)နာရီ
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၁၅-၆-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၂-၆-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၁၉၉)ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၁.၃၂)ရာခိုင်နှုန်းဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိပါ။

လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား/ သေဆုံးမှုနှင့်စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ (အသက် ၆၀ နှစ်နှင့်အထက်)၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ (ကိုယ်ဝန်ဆောင်ကာလ ၃ လ နှင့်အထက်) ကို ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပါ၍ ကာကွယ်ဆေးထိုးနှံမှု ခံယူကြရန် လိုအပ်ပါသည်။
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသေးစိတ်သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC)
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန

ရောမ ဇွန် ၂၃
Liraglutide အမည်ရှိ ဆီးချိုရောဂါဆေးဝါး တစ်မျိုးသည် ခေါင်းကိုက်ရောဂါကို ကုသရာတွင်လည်း အထောက်အကူပေးနိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များ၏ အဆိုကိုကိုးကား ၍ ဇွန် ၂၂ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။
Liraglutide ဆေးသည် ဦးနှောက်အတွင်းရှိ အရည်ထု ဖိအားကို လျှော့ချပေးခြင်းဖြင့် ခေါင်းကိုက်ဝေဒနာ ခံစားရမှုကြိမ်ရေကို လျှော့ချပေးနိုင်ကြောင်း အီတလီနိုင်ငံ နေယမ်တက္ကသိုလ် မှ သုတေသနပညာရှင်များက ပြောကြားသည်။

အီတလီ သုတေသနပညာရှင်များသည် အဝလွန်မှုပြဿနာနှင့် နာတာရှည် ခေါင်းကိုက်ရောဂါ နှစ်မျိုးလုံးရှိနေသော လူနာ ၂၈ ဦး တို့ကို Liraglutide ဖြင့် သီတင်း ၁၂ ပတ်ကြာ စမ်းသပ်ကုသခဲ့ကြောင်း သိရသည်။
စမ်းသပ်မှုမှ ပေါ်ထွက်လာသည့် ရလဒ်များအရ Liraglutide ဆေးသည် လူနာများတစ်လတာကာလ ခေါင်းကိုက်ဝေဒနာခံစားရသည့် နေ့ရက်ကို ရက်ပေါင်း ၂၀ မှ ကိုးရက်သို့ လျှော့ချပေးနိုင်ခဲ့ ကြောင်း သိရသည်။
ဦးနှောက်အတွင်း Spinal Fluid ခေါ် အရည်ထု၏ ဖိအားမြင့်တက်လာမှုသည် ခေါင်းကိုက်ရောဂါ၏ နောက်ခံအကြောင်းတရားတစ်ရပ် ဖြစ်နိုင်ကြောင်း သုတေသနပညာရှင်များက သုံးသပ်ထားသည်။
Source: ရတနာပုံသတင်းစာ

ဇွန်လ ၂၁ ရက်တွင် ထိုင်းသံရုံးမှကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 2 ၏ Semi Final နှင့် ထိုင်းရိုးရာအစားအစာနှင့် ထိုင်းရိုးရာပစ္စည်းများ ခင်းကျင်းပြသရောင်းချခြင်းတို့ကို ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E Mr. Mongkol Visitstump နှင့် ဖိတ်ကြားထားသော ထိုင်းနိုင်ငံမှ နာမည်ကြီး အနုပညာရှင်များဖြစ်သည့် Film Thanapat ၊ Perth TanponTanpon ၊ Santa Pongsapak တို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဦးစွာ ထိုင်းသံအမတ်ကြီးမှ နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက်၊ ထိုင်းမင်းသား Film Thanapat နှင့် တွေ့ဆုံမေးမြန်းခြင်း၊ Thai Festival 2025 in Yangon ဖွင့်ပွဲအခမ်းအနားပြီးနောက် ထိုင်းရိုးရာအကများနဲ့ ဖျော်ဖြေတင်ဆက်ခဲ့သည်။
ထို့ေနာက် T-Pop Star Challenge Myanmar Season 2 Semi-Finalist (၈)ယောက်၏ ယှဉ်ပြိုင်မှုအပြီးတွင် T-POP Star Challenge Season 1 (2024) Winner Baron Hayne မှ ဖျော်ဖြေခဲ့ကာ ထိုင်းနာမည်ကြီးအနုပညာရှင်များဖြစ်သည့် Perth-Santa ၊ Num Kala တို့မှ ပရိသတ်များကို ဖျော်ဖြေတင်ဆက်ခဲ့သည်။
T-Pop Star Challenge Myanmar Season 2 တွင် ဒိုင်အဖြစ် ထိုင်းနိုင်ငံမှ Dome Jaruwat, Gam Wichayanee, Num Kala တို့အပြင် Special Guest အဖြစ် Perth-Santa, Film Thanapat တို့မှ Semi-Finalists (၈) ဦးအား အကဲဖြတ်အမှတ်ပေးခဲ့ပြီးနောက် T-POP Star Challenge Myanmar Season 2 ရဲ့ Finalists (၃) ဉီးမှာ T3 Naw Sydney, T4 Zea, T8 Chris တို့ဖြစ်သည်။
T-POP Star Challenge Myanmar Season 2 Final အား ဇွန်လ ၂၂ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။
Thai Festival 2025 in Yangon ပွဲတော်ကြီး၌ ထိုင်းအစားအစာများနှင့် အဖျော်ရည်များ၊ အလှကုန်ပစ္စည်းများနှင့် ဖက်ရှင်များ၊ ခရီးသွားဝန်ဆောင်မှုများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုများ၊ ကျန်းမာရေးဆိုင်ရာ ရရှိနိုင်မည့် Package များနှင့် ထိုင်းအနုပညာဆိုင်ရာပစ္စည်းများကို ဆိုင်ခန်းပေါင်း (၆၀) ဝန်းကျင်ဖြင့် ခင်းကျင်းပြသထားသည်။
Popular Myanmar