ဖနွမ်းပင်၊ ကျန်းမာရေး

ဖနွမ်းပင်၊ ကျန်းမာရေး
ကမ္ဘောဒီယားနိုင်ငံ၌ သားအမိနှစ်ဦး သည် H5N1 ကြက်ငှက်တုပ်ကွေးရောဂါပိုးကူးစက်ခံရသောကြောင့် နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရသူ ၁၀ ဦး အထိရှိလာ ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ဇွန်လ ၂၉ ရက်တွင်ထုတ်ပြန်သည်။
နိုင်ငံအနောက်မြောက်ပိုင်း ဆီရမ်ရှိ ပြည်နယ်မှအသက် ၄၆ နှစ်ရှိ မိခင်ဖြစ်သူနှင့် အသက် ၁၆ နှစ်ရှိ သားဖြစ်သူတို့သည် ထိုရောဂါပိုးကူးစက်ခံရခြင်းဖြစ်ကြောင်း၊ ၎င်းတို့နေထိုင်ရာနေရာနှင့်အနီးပတ်ဝန်းကျင်တွင်လည်း နာမကျန်းဖြစ်နေသည့်အပြင် သေဆုံးနေသည့်ကြက်များလည်း ရှိကြောင်း၊ ရောဂါပိုးကူးစက်ခံရသူများသည် ထိုကြက်အသေများနှင့်ထိတွေ့မှုရှိကြောင်း လေ့လာစစ်ဆေးချက်များအရ တွေ့ရှိရသည်ဟု ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုအခါတာဝန်ရှိသူများသည် လူများတွင် ကြက်ငှက်တုပ်ကွေးရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် လိုအပ်သည်များကိုစောင့်ကြည့် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
Ref: Xinhua
Photo - The Star
MWD Daily Newspaper

နယူးယောက် ဇွန် ၂၉
ရုပ်ပိုင်းဆိုင်ရာ တက်ကြွလှုပ်ရှားမှုများသည် တွေးတောဆင်ခြင်နိုင်မှုစွမ်းရည်ကျဆင်းမှုကို တားဆီးပေးနိုင်ကြောင်း အမေရိကန်နိုင်ငံ ဂျော်ဂျီယာတက္ကသိုလ်မှ သုတေသနပညာရှင်များက ဇွန် ၂၈ ရက်တွင် ပြောကြားသည်။
ရုပ်ပိုင်းဆိုင်ရာအရ တက်ကြွလှုပ်ရှားမှုရှိခြင်းကို ကျန်းမာရေးနှင့် ညီညွတ်သည့် ဘဝနေထိုင်မှု ပုံစံအဖြစ် ဆေးပညာရှင်များက အသိအမှတ်ပြုထားသည်။

သို့ရာတွင် အမေရိကန်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ရုပ်ပိုင်းဆိုင်ရာ တက်ကြွလှုပ်ရှားမှုရှိခြင်းသည် တွေးတောဆင်ခြင်နိုင်မှုစွမ်းရည်ကျဆင်းမှုကို တားဆီးနိုင်ကြောင်း သိရသည်။
အမေရိကန်သုတေသနပညာရှင်များသည် အသက် ၅၀ အထက်လူပေါင်း ၁၃၀၀၀ ကျော်တို့၏ အချက်အလက်များကို လေ့လာခဲ့ကြသည်။
လေ့လာချက်မှ ပေါ်ထွက်လာသည့် ရလဒ်များအရ ရုပ်ပိုင်းဆိုင်ရာအရ တက်ကြွလှုပ်ရှားမှုရှိသော သက်ကြီးပိုင်းများ၌ တွေးတောဆင်ခြင်နိုင်မှုစွမ်းရည် ကျဆင်းမှုနှုန်း လျော့ပါးသွားနိုင်သည်ကို တွေ့ရကြောင်း၊ သက်ကြီးပိုင်းများအနေဖြင့် တွေးတောဆင်ခြင်နိုင်မှုစွမ်းရည်ကျဆင်းမှုနှုန်းကို လျှော့ချနိုင်ပါက ဦးနှောက်စွမ်းဆောင်ရည် ထိခိုက်ပျက်စီးမှုရောဂါ Dementia ဖြစ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း သုတေသနပညာရှင်များက သုံးသပ်ထားသည်။
ကိုးကား- ရတနာပုံသတင်းစာ
Photo: MedicalNewsToday

ကျောက်ဆည်၊ ဇွန်- ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး ယမန်နေ့ မွန်းလွဲ (၂) နာရီက လူထု အခြေပြု ဗဟိုဌာနတွင် ၊ ဖေမြင့်ရေးသားသည့် “စိတ်ဓာတ်နှင့်နည်းနာ” စာအုပ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက ကျောင်းသား၊ ကျောင်းသူများအတွက် စာပေဖတ်ရှု့လေ့လာရာတွင် ရရှိမည့် အကျိုးကျေးဇူး များ၊ ဗလငါးတန်ပြည့်စုံရေး သုတ၊ ရသ စာအုပ်စာစောင်များကို ဖတ်ရှုစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အတွင်းရေးမှူး ဒေါ်ခင်ချို(သီတဂူ-ကျောက်ဆည်) က ဖေမြင့်ရေးသားသည့် “စိတ်ဓာတ်နှင့်နည်းနာ” စာအုပ်မှ ကိုယ့်ခရီးလမ်း ဖြောင့်တန်းအောင် ရဲရဲတင်းတင်းသာလုပ်ပါ၊ လူငယ်နှင့်တိုးတက်ကြီးပွားရေး၊ တိကျသေချာဖို့လိုသည်၊ အောင်မြင်မှုအတွက် အဓိကသော့ချက်၊ အောင်မြင်ရေးပညာရှင်တို့၏ လက်စွဲနည်းနာများ စသည့်အကြောင်း အရာများ ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေးပို့သူ- စုစုအေး(ကျောက်ဆည်)

လန်ဒန် ဇွန် ၂၆
အက်စပရင်ဆေးကို နေ့စဉ် သောက်သုံးပေးပါက အူမကြီး ကင်ဆာဖြစ်နိုင်ခြေကို ကာကွယ် နိုင်ကြောင်း ဇွန် ၂၅ ရက် သတင်းများအရ သိရသည်။
အထူးသဖြင့် အက်စပရင်ဆေး နေ့စဉ်သောက်သုံးမှုသည် Lynch Syndrome ခေါ် မျိုးဗီဇဖောက်ပြန်မှုပြဿနာတစ်ရပ် ရှိနေသူများအတွက် အရေးကြီးကြောင်း ဗြိတိန် သုတေသန ပညာရှင်များ က ပြောကြားသည်။

Lynch Syndrome မျိုးဗီဇဖောက်ပြန်မှုပြဿနာသည် အူမကြီးကင်ဆာနှင့် အခြားကင်ဆာ ရောဂါမျိုးအစားများ ဖြစ်နိုင်ခြေ မြင့်တက်နိုင်မှုနှင့် ဆက်စပ်နေသော ပြဿနာဖြစ်ကြောင်း သိရသည်။
သို့ရာတွင် Lynch Syndrome ပြဿနာရှိသူများအနေဖြင့် အက်စပရင်ကို ၇၅ မီလီဂရမ်မှ ၁ဝဝ မီလီဂရမ်ကြား နေ့စဉ်သောက်သုံးပေးပါက အူမကြီးကင်ဆာဖြစ်ပွားမှုကိုကာကွယ်ရာတွင် အထောက်အကူပြုနိုင်သည်ဟု ဗြိတိန်သုတေသနပညာရှင်များက ပြောကြားကြောင်း သိရသည်။
ဗြိတိန် သုတေသနပညာရှင်များ၏ အဆိုအရ Lynch Syndrome ပြဿနာရှိနေသူများသည် အသက် ၅ဝ မပြည့်မီ အူမကြီး ကင်ဆာဖြစ်ပွားနိုင်ခြေ မြင့်တက်လာကြောင်း သိရသည်။
အဆိုပါ မျိုးဗီဇဖောက်ပြန်မှု ပြဿနာရှိနေသူများသည် အူမကြီးကင်ဆာရောဂါအပြင် သားအိမ် ကင်ဆာ၊ မျိုးဥအိမ်ကင်ဆာနှင့် ဆီးကျိတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေများနှင့် ဆက်စပ်လျက်ရှိကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ

Alibaba Group Holding ကုမ္ပဏီက အစာအိမ်ကင်ဆာကို အစောဆုံးအဆင့် မှာပင် ဖော်ထုတ်ပေးနိုင်စေမည့် AI ပုံစံကို ထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။ အစာအိမ်ကင်ဆာ ရှာဖွေရေးလုပ်ငန်းစဉ်မှ ဆင်းသက်လာသော အမည်ဖြစ်သည့် Grape ဟုအမည်ပေးထားသော အဆိုပါ စနစ်သည် နက်ရှိုင်းစွာလေ့လာသင်ယူမှု စနစ်တစ်ခုဖြစ်ပြီး သုံးဖက်မြင် CT Scanဓာတ်ပုံများကို လေ့လာဆန်းစစ်ခြင်းဖြင့် အစာအိမ်ကင်ဆာကို ရှာဖွေဖော်ထုတ်နိုင် ခြင်းဖြစ်သည်။

လက်ရှိအသုံးပြုနေသော အစာအိမ် ကင်ဆာရှာဖွေစစ်ဆေးမှု လုပ်ငန်းစဉ်တွင် အစာအိမ်မှန်ပြောင်းကြည့်သည့် လုပ်ငန်းစဉ်ပါဝင်သည်။ တရုတ်နိုင်ငံ၌ အစာအိမ် မှန်ပြောင်းကြည့်သည့် လုပ်ငန်းစဉ်ကို လုပ်ဆောင်လိုသူမှာ ၃၀ ရာခိုင်နှုန်းမျှသာရှိ ကြောင်း ကျဲကျန်းကင်ဆာဆေးရုံမှ အစာ အိမ်ခွဲစိတ်ဆရာဝန်တစ်ဦးကပြောသည်။
ယခု Alibaba ကုမ္ပဏီကထုတ်ဖော်ပြ သလိုက်သော Grape ပုံစံက ဓာတ်ရောင်ခြည် ကျွမ်းကျင်ပညာရှင်များထက် သာလွန်ကာ တုံ့ပြန်နိုင်မှုအပိုင်းတွင် ၈၅ ဒသမ ၁ ရာခိုင်နှုန်းနှင့် တိကျမှုအပိုင်းတွင် ၉၆ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း တွေ့ရသည်။
တုံ့ပြန်နိုင်စွမ်းဆိုသည်မှာ ရောဂါရှာဖွေ တွေ့ရှိနိုင်စွမ်းကို လည်းကောင်း၊ တိကျမှု ဆိုသည်မှာ ကျန်းမာသောလူနာများတွင် မှားယွင်းသော ဖော်ထုတ်ချက်ကို ရှောင် ရှားနိုင်စွမ်းကို လည်းကောင်း ဆိုလိုခြင်း ဖြစ်သည်။ ဓာတ်ရောင်ခြည်ကျွမ်းကျင် ပညာရှင်များ၏တုံ့ပြန်နိုင်မှုနှင့် တိကျမှု တို့မှာ ၂၁ ဒသမ ၈ ရာခိုင်နှုန်းနှင့် ၁၄ ရာခိုင်နှုန်းစီ အသီးသီးရှိသည်။
ယင်းစနစ်ကို Alibaba ကုမ္ပဏီ၏ ဒါမို အကယ်ဒမီနှင့် ကျဲကျန်းကင်ဆာဆေးရုံ တို့ကပူးပေါင်း တီထွင်လိုက်ခြင်းဖြစ်သည်။
ထိုစနစ်သည် ကမ္ဘာတစ်ဝန်း၌ အစာအိမ် ကင်ဆာရှာဖွေမှုကို အထောက်အကူပြုစေ မည်ဖြစ်ကြောင်း သိရသည်။
MWD Web Portal

ဗီယက်နမ်နိုင်ငံသည် အစိုးရစာသင် ကျောင်းများတွင် တက်ရောက်ပညာသင်ယူနေသော ကျောင်းသားများအားလုံးကို ကျောင်းလခကင်းလွတ်ခွင့်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ယခုနှစ်စက်တင်ဘာလမှစ၍ ကျောင်း သားများအားလုံးအား ကျောင်းလခကင်း လွတ်ခွင့်ပေးမည့်ဥပဒေကို ဗီယက်နမ် အမျိုးသားလွှတ်တော်က ဇွန်လ ၂၆ ရက် တွင်အတည်ပြုလိုက်ခြင်းဖြစ်သည်။
အဆိုပါဥပဒေအရ အသက်သုံးလမှ ခြောက်နှစ်အရွယ်ရှိ မူကြိုကျောင်းသားများအားလုံးနှင့် ပထမတန်းမှ ဒွါဒသမ တန်းအထိတက်ရောက်နေသည့် ကျောင်း သားများအားလုံးသည် ကျောင်းလခ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။

အလားတူ ပုဂ္ဂလိကကျောင်းများတွင် ပညာသင်ယူနေသည့် ကျောင်းသားများအတွက်လည်း အစိုးရကကျောင်းလခများ ပေးမည်ဖြစ်သည်။ ထိုအစီအစဉ်အတွက် ဗီယက်နမ်ဒေါင် ၃၀ ဒသမ ၆ ထရီလီယံ အသုံးပြုသွားမည်ဖြစ်သည်။
Ref: Xinhua
Photo -VN Express

နေပြည်တော် ဇွန် ၂၅
နေပြည်တော် ဇွန် ၂၅
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမျိုးသမီးထုကျန်းမာကြံ့ခိုင်စေရေးနှင့် အမျိုးသမီးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဂျူဒိုလေ့ကျင့်ရေးအားကစားခန်းမ၌ ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအား ကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားသမားများအား လက်ရည်ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် အပြည်ပြည် ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ဂျူဒိုနှင့် ဂျူဂျစ် ဆုပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဂျူဒို(အမျိုးသား/ အမျိုးသမီး) ခေတ္တပြိုင်ပွဲများနှင့် ဝိတ်တန်းအလိုက် တစ်ဦးချင်းအတိုက်ပြိုင်ပွဲများ၊ ဝိတ်တန်းအလိုက် ဂျူဂျစ်ဆုအတိုက်ကစားပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို တစ်ဦးချင်းဆုတံဆိပ်နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
MOI

၂၀၂၆ အမျိုးသမီး အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲပြုလုပ်ရာမှာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဇွန်(၂၉) ရက်၌ စတင်ကျင်းပတော့မည်ဖြစ်တာကြောင့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် မိုးထဲရေထဲ အပြင်းအထန်လေ့ကျင့်ပြင်ဆင်နေကြပြီ ဖြစ်သည်။
ယခုခြေစစ်ပွဲစဉ်တွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် အုပ်စု(ဂ)၌ အိမ်ရှင်မြန်မာအသင်းနှင့်အတူ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်၊ ဗဟိုအာရှအသင်းတစ်သင်းဖြစ်သည့် တက်ခ်မင်နစ္စတန်၊ အရှေ့အလယ်ပိုင်းနိုင်ငံ ဘာရိန်း အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

ယခုခြေစစ်ပွဲသည် အုပ်စုအတွင်း တစ်သင်းတည်းသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည့်အတွက် ပြိုင်ဘက်အသင်း အားလုံးကို အနိုင်ကစားပြီး အိမ်ကွင်း ပရိသတ်အားပေးမှုနှင့် အခွင့်အရေး ယူသွားနိုင်ရန်လိုအပ်ကြောင်း MFFက မြန်မာပရိတ်သတ်အား နှိုးဆော်ထားသည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းသည် AFC Women’s Asian Cup သမိုင်းတလျှောက် ၂၀၀၃၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ၊ ၂၀၂၂ တို့တွင် အာရှဖလား ခြေစစ်ပွဲများကို အောင်မြင်ခဲ့ပြီး နောက်ဆုံးအဆင့်အထိ တက်ရောက်ကစားခွင့် ရရှိခဲ့သည့် သမိုင်းအစဉ်အလာ ရှိခဲ့ဖူးသည်။
အသင်းအနေဖြင့် ဖီဖာအဆင့်သတ်မှတ်ချက်အဆင့် ၅၅ နေရာတွင်ရပ်တည်နေကာ ပြည်တွင်းလိဂ်ကလပ်များရှိ ကစားသမားများဖြင့်အဓိကဖွဲ့စည်းထားသည်။
လက်ရှိမြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် တွေ့ဆုံရမည့် ဘင်္ဂလားဒေရှ့် အသင်းသည် ဖီဖာအဆင့် (၁၂၈)ရှိကာ အင်္ဂလန်သား ပရီမီးယားလိဂ် ကစားသမားဟောင်း နည်းပြ ပီတာဘတ္တလာဖြစ်ပြီး၊ ကစားသမား အားလုံးမှာ ဘင်္ဂလားဒေရှ့် အမျိုးသမီးလိဂ် ပြည်တွင်းကစားသမားများဖြင့်သာ ဖွဲ့စည်းထားသော အသင်းတစ်သင်းဖြစ်သည်။
ဘာရိန်းအမျိုးသမီး လက်ရွေးစင် အသင်းသည် ဖီဖာအဆင့် (၉၂)ဖြင့် အုပ်စုတွင်း မြန်မာအသင်းပြီးပါက ဖီဖာအဆင့် ဒုတိယအမြင့်ဆုံးအသင်းဖြစ်ကာအသင်းကို ပြည်တွင်းနည်းပြ ခါလစ်အလ်ဟာဘင်က တာဝန်ယူကိုင်တွယ်ထားပြီး ကစားသမားများမှာ ဘာရိန်း၊ ဆော်ဒီအာရေဗျ၊ အမေရိကန်အသင်းများရှိ ကစားသမားများကို အခြေခံဖွဲ့စည်းထားသည်။
တာ့ခ်မင်နစ္စတန် အမျိုးသမီးလက်ရွေးစင်အသင်းသည် ဖီဖာအဆင့် ၁၄၁ ဖြစ်ပြီး ပြည်တွင်းနည်းပြ ခါမီလ်မင်ဂါဇို ကတာဝန်ယူထားကာ အသင်းအား ၂၀၁၆ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသမီး အာရှဖလား ခြေစစ်ပွဲစဉ်ကိုယခုနှစ်မှသာ စတင်ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
ပုံစာ- ခြေစစ်ပွဲစဉ်အတွက် မိုးထဲရေထဲ အပြင်းအထန် လေ့ကျင့်ပြင် ဆင်နေသည့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း
Source: Popular Myanmar

လာမည့် ဝါဆိုလပြည့်နေ့မှစတင်၍ ဝါတွင်းကာလအတွင်းရွှေတိဂုံစေတီတော်မြတ်ကြီးတွင် တရားပွဲ၊ သီလခံယူပွဲ နှင့် ဗုဒ္ဓပူဇနိယပွဲတော်များကျင်းပသွားမည် ဖြစ်သည်ဟု သိရသည်။
ကျင်းပရန် စီစဉ်ထားမှုတွင် ဇူလိုင်လ ၉ ရက်( ဝါဆိုလပြည့်နေ့) တွင် ဓမ္မစကြာအခါတော်နေ့အခမ်းအနား၊ ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကို ကျင်းပမည် ဖြစ်သည်။

ဩဂုတ်လ ၈ ရက် (ဝါခေါင်လပြည့်နေ့)တွင် မေတ္တာအခါတော်နေ့အခမ်းအနားနှင့် ပန်းပေါင်း ၈၄,၀၀၀ ပူဇော်ပွဲအခမ်းအနား၊ စက်တင်ဘာလ ၆ ရက် (တော်သလင်းလပြည့်နေ့)၌ ဂရုဓမ္မအခါတော်နေ့အခမ်းအနားကို ကျင်းပမည် ဖြစ်သည်။
ထိုနည်းတူ အောက်တိုဘာလ ၅ ရက်(သီတင်းကျွတ်အဖိတ်နေ့) တွင် သီတင်းကျွတ်မီးထွန်းပွဲတော်အခမ်းအနား၊ အောက်တိုဘာလ ၆ ရက်(သီတင်းကျွတ်လပြည့်)၌ အဘိဓမ္မာ အခါတော်နေ့အခမ်းအနားစသည့် အခမ်းအနားများကို ကျင်းပသွားမည် ဖြစ်သည်ဟု သိရသည်။
ထို့အပြင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့အထိ လပြည့်၊ လကွယ်နှင့် ကြားရက် ဥပုသ်နေ့များတွင် ဘုရားဖူးပြည်သူများအနေဖြင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ သီလခံယူဆောက်တည်နိုင်ရန် သီလခံယူပွဲများစီစဉ်ထားပြီး ရဟန်းရှင်လူ ပြည်သူအများအနေဖြင့် ပါဝင်လှူဒါန်းကုသိုလ်ပြုနိုင်ကြောင်း သိရသည်။

ကျောက်ဆည်၊ဇွန်-၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အရေးစွမ်းရည် မြင့်မားပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာစီစာကုံးရေးသားနည်းသင်တန်းကို ဇွန်(၂၅)ရက်နံနက်(၉)နာရီ အခမဲ့ သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေး က ကျောင်းသားလူငယ်များ တွေးခေါ်မှုစွမ်းရည်မြင့်မားရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ အားလပ်ချိန်များတွင် အချိန်ကိုကောင်းစွာအသုံးချတတ်စေရန်နှင့် ရေးသားမှုစွမ်းရည်မြင့်မားရေး ကောင်းမွန် ပြည့်စုံသည့် စာစီစာကုံး တစ်ပုဒ်ရရှိရန် စာများများဖတ်ပြီး လေ့ကျင့်မှုများပြုလုပ်ထားရန်လိုကြောင်းနှင့် နိဒါန်း၊ စာကိုယ်၊ နိဂုံး စသည့် အင်္ဂါရပ်များနှင့်အညီ အချက်အလက်ရေးသားတင်ပြပုံလှပရန်လိုကြောင်း နိဂုံးသည် ခေါင်းစဉ်နှင့်လျော်ညီသည့် နိဂုံးဖြစ်ရန်လိုကြောင်းရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင် စာရေးဆရာမ ဒေါ်ခင်ချို သီတဂူ(ကျောက်ဆည်)က စာစီစာကုံးရေးသားရာတွင် သရုပ်ဖော်ရေးသားခြင်း၊ အကြောင်းအကျိုး ဖော်ပြ ရေးသားခြင်း၊ အတွေးအခေါ်ဖြင့်ရေးသားဖော်ပြခြင်းစသည့် စာစီစာကုံးရေးသားနည်းများအကြောင်း သင်ကြား ပေးခဲ့သည်။
အခြေခံစာစီစာကုံးရေးသားနည်းသင်တန်းသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၁၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇွန် (၂၅) ရက်နေ့မှ (၂၆) ရက်နေ့ အထိ (၂)ရက်အကြာ စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား/ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်အတွက် အခြေခံ စာစီစာကုံး ရေးသားနည်းများအပြင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းများ ဆက်လက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပေးပို့သူ- သက်မောင်၊ကျောက်ဆည်